Pages

Sunday 24 July 2011

Refrigeration System

ဒီ post ကတော့၊ ဦးရီးထွန်း Refrigeration System နဲ့ပက်သက်လို့၊ ရေးခဲ့တာဖြစ်ပြီး၊ မြန်မာအင်ဂျင်နီယာ ဖိုရမ် http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

Vapor compression cycle refrigeration system နဲ့ Vapor absorption cycle refrigeration system ဆိုပြီး ၂ မျိုးရှိတဲ့အနက်က၊ သဘော်တွေမှာ Vapor compression cycle refrigeration system ကိုသာ သုံးပါတယ်။ အဓိက အစိတ်အပိုင်းတွေအနေနဲ့ Compressor, Condenser, Thermostatic Expansion Valve နဲ့ Evaporator Unit တို့ပါဝင်ပြီး၊  

၂၀၁၂ နောက်ပိုင်းက စလို့၊ NH3 အမိုးနီးယား (R - 717) နဲ့ လက်ရှိသုံးနေတဲ့ Halo-methane ဟေလို မီသိန်းအုပ်စုမှ Tri-chlorofluorocarbon R - 12, Chlorodifluomethane R - 22 စတဲ့ အိုဇုန်းလွှာကို ထိခိုက်စေမယ့် Refrigerant တွေကိုအသုံးမပြုဖို့ MARPOL Annex VI Regulation for the Prevention of Air Pollution from Ships ဆိုတဲ့ဥပဒေကို ပြဌာန်းထားပါတယ်။ သက်ဆိုင်ရာ Classification Societies တွေက၊ စစ်ဆေးပြီး CFC - Chlorofluorocarbon Free Refrigerant တွေကိုသာသုံးကြောင်း IAPP - International Air Pollution Prevention Certificate ကိုထုတ်ပေးပါတယ်။ 


 ၁။ Undercharging of Refrigeration System

System ထဲမှာ Refrigerant မလုံလောက်တဲ့အခါ၊ Compressor ရဲ့ Suction နဲ့ Discharge Pressure မူလကထက် ကျနေတာကို တွေ့ရမှာဖြစ်သလို Compressor ကိုမောင်းနှင်တဲ့ Motor ရဲ့ Ampere ဟာ လည်း၊ ကျနေပါလိမ့်မယ်။ Compressor ဟာဆက်တိုက် မရပ်မနားမောင်းနေပြီး Condenser ရဲ့ Liquid sight glass ကိုကြည့်လိုက်ရင်၊ Large vapor bubbles လေးတွေထနေတာတွေ့ရမှာဖြစ်သလို၊ Liquid Level ဟာလည်း မူလကထက်လျှော့နေတာကို၊ တွေ့ရမှာပါ။

Compressor ရဲ့ shaft seal နဲ့ Flange couplings တွေ၊ System မှ Valve gland တွေကနေ၊ Leak ဖြစ် တတ်သလို၊ Expansion valve ရဲ့ Strainer ပိတ်နေတဲ့အခါမျိုးနဲ့ Filter drier ပိတ်နေတဲ့အခါ မျိုးတွေမှာ၊ အထက်ကလက္ခဏာတွေပြပြီး၊ အအေးခန်းအတွက် လိုချင်တဲ့ Temperature ကိုမရတော့နိုင်တော့ပါ ဘူး။

Compressor ရဲ့ Shaft Seal က Leak ဖြစ်ရင်သိသာပါတယ်။ Compressor Oil ပါအပြင်ကို ယိုထွက် လာ တာမို့ ဆီ စလေးတွေတွေ့ရပါတယ်။ Refrigeration Compressor တွေကို 12000 Running Hours မှာ Completed Overhauling လုပ်သင့်ပြီး၊ ပုံမှန် Maintenance လုပ်ကာသုံးရင်တော့ Shaft Seal Leak ဖြစ် ခဲတာတွေ့ရပါတယ်။

Refrigeration Compressor တွေမှာ Compressor Lubricating အတွက်သတ်မှတ်ထားတဲ့ Compressor Oil ကိုသာသုံးသင့်ပြီး၊ Compressor ခြင်းအတူတူမို့ Air Compressor မှာသုံးတဲ့၊ Compressor Oil ကို အလွယ်တကူ သုံးလိုက်တာမျိုး မလုပ်သင့်ပါဘူး။

Refrigerant Leakage တွေအတွက်၊ Detection Method တွေ၊ Detector ပစ္စည်းကရိယာတွေ အမျိုးမျိုး ရှိပေမယ့် တုံးတယ်ပဲဆိုဆို ကိုထွန်းကတော့ ဆပ်ပြာရည်အမြှုတ်နဲ့ Joint တွေ၊ Valve Gland တွေ ပေါါကို လိုက်အုပ်ပြီး၊ Leakage ရှာရတာကိုပဲ စိတ်ချပြီးအားရပါတယ်။ ဘယ်နေရာတွေက Leak ဖြစ်မလဲဆိုတာ ကတော့ System ဟာသူ့ဘာသာအလိုအလျှောက် ထပြီး Leak ဖြစ်တာမျိုးမဟုတ်ပဲ၊ မိမိ ကိုင်တွယ်အဖွင့် အပိတ်လုပ်တဲ့ အစိတ်အပိုင်းတွေ နဲ့ Valve တွေရဲ့ Gland တွေကပဲစိမ့်ထွက်တတ်တာမို့ တရားခံ ကတော့ မိမိ ကိုယ်တိုင်ပါပဲ။

Valve တွေကို အဖွင့်အပိတ်လုပ်ရင် Gland Lock nut ကို အရင်ဆုံး အရစ်တစ်ဝက်လောက်လျှော့ ပြီးမှ၊ တွေ့ကရာ Hand Tools တွေ၊ အထူးသဖြင့် Marine Engineer များကိုယ်နဲ့မကွာ၊ အလွယ် တကူ ဆောင်ထားတတ်တဲ့ Adjustable Spanner ကိုမသုံးပဲ၊ သတ်မှတ်ထားတဲ့ Tools ကိုသာအသုံးပြုပြီး၊ အဖွင့်အပိတ်လုပ်သင့်ပါတယ်။

နောက်တခါပြန်ပိတ်ရင်လည်း အရပ်အခေါါ ပိုက်သရက်ဆီးလ် ဆိုတဲ့ Teflon Seal Tape ကိုသုံးလို့Valve Cap လေးကို Tight လုပ်ကာ အုပ်ထားသင့်ပါတယ်။ Teflon Seal Tape, Hand Tools စတဲ့ ပစ္စည်းလေးတွေကိုလည်း Refrigeration Compressor Compartment အခန်းထဲမှာ၊ သတ်သတ်မှတ်မှတ် ချိတ်ကာ သိမ်းဆည်းထားသင့်ပါတယ်။

ဒီနေရာမှာကြုံလို့ System Pump Down လုပ်တာလေးကိုဆွေးနွေးခဲ့ပါ့မယ်။ System ကိုရပ်ရင် Pump Down လုပ်တာလို့ခေါါပြီး၊ Refrigerant တွေကို Liquid အနေနဲ့ Condenser ထဲမှာ Store သိမ်းဆည်း တာပါ။ Condenser Out Let Valve ကိုပိတ်ပြီး၊ Compressor ကိုမောင်းတဲ့အခါ၊ System ထဲက၊ Refrigerant တွေဟာ Compressor မှ Suction လုပ်ခြင်းကြောင့် တစုတဝေးတည်း ပြန်လာပြီး၊ Compressor Discharge မှတစ်ဆင့် Condenser ထဲမှာ စုမိပါတယ်။

Compressor ဟာမောင်းနေရင်း Suction Pressure ပါကျလာပြီး၊ Suction Low Pressure Trip နဲ့ ရပ် ပါလိမ့်မယ်။ Suction Low Pressure Trip ကို 2.2 ~2.8 Kg/ sq. cm လောက်မှာ Setting လုပ်ထားပေ မယ့် Pump Down လုပ်တဲ့အခါ Suction Pressure Switch ကို By Pass လုပ်ကာ မောင်းတာမို့၊ 1 Kg/ sq.cm အောက်အထိလောက်ရောက်အောင်မမောင်းသင့်ပါဘူး။

အခန့်မသင့်ရင် Compressor Damage ဖြစ်တတ်သလို၊ Compressor ရဲ့ Suction စုတ်အားကြောင့် ပြင်ပမှလေတွေ System ထဲကိုဝင်တတ်ပါတယ်။ Condenser ရဲ့ Liquid Level Sight Glass ထဲမှာ လိုချင် တဲ့ Level အထိရောက်လာရင်၊ Compressor ကိုရပ်ကာ Suction Valve တွေ၊ Discharge Valve တွေနဲ့ အကယ်၍ Condenser မှာ Inlet Valve ရှိခဲ့ရင်၊ Condenser Inlet Valve ကိုပါပိတ်လို့၊ Valve Cap တွေ နဲ့ ဖုံးကာ Tight လုပ်ပြီး၊ Liquid Level Sight Glass မှာ စုထားတဲ့ level ကို၊ Marking ပေးမှတ် ထားသင့် ပါတယ်။ System ကိုပြန်မောင်းရင် လဲ Suction & Discharge Valve တွေကိုရုတ်တရက် Fully Open ဖွင့်ကာမမောင်းသင့်ပါဘူး။

၃ လ ကိုတစ်ခါလောက်တော့ Expansion Valve ရဲ့ ကြေးဇကာ Strainer လေးကိုဖြုတ်လို့၊ သန့်ရှင်းရေး လုပ်သင့်ပါတယ်။ မီးနဲ့ အပူပေးလိုက်ရင် ဇကာလေးထဲက အမှန်အမွှားတွေ ကွာကျ သွားပါတယ်။ Filter Dryer ဆိုတာကတော့ Condenser ရဲ့ Out Let မှာရှိပြီး၊ Liquid ကိုစစ်ပေးတာပါ။ ၆ လတစ်ခါလောက် လဲသင့်ပြီး၊ အသစ်လဲလှယ်လိုက်တဲ့ရက်ကို Filter Body မှာ ရေးမှတ်ထားသင့်ပါတယ်။ အသစ်လဲတဲ့အခါ Direction မမှားဖို့ သတိထားသင့်သလို၊ ပုံမှန်ကောင်းနေတဲ့ Liquid Filter Dryer တစ်လုံးကို လက်နဲ့ စမ်းကြည့်ရင် နွေးနေတာ တွေ့ရပါလိမ့်မယ်။

၂။ Overcharge of Refrigeration System

Overcharge ဖြစ်ရခြင်းကတော့၊ မအေးဘူး ဆိုပြီး၊ မအေးရခြင်းအကြောင်းရင်းတွေကို မရှာပဲ စေတနာပို ကာ Refrigerant တွေထပ်ကာ၊ ထပ်ကာ ဖြည့်ရာကနေ စပါတယ်။ အသိသာဆုံးက Condenser ရဲ့ Liquid Level Sight Glass မှာ မူလရှိနေတဲ့ Level ထက်မြင့် နေတာကိုတွေ့ရမှာပါ။ ထို့အတူ Discharge Pressure Gauge မှာမူလထက် Discharge Pressure တက်နေတာတွေ့ရမှာဖြစ်ပြီး၊ အရမ်းများရင်တော့ Compressor ဟာ Discharge High Pressure Trip နဲ့ရပ်တတ်ပါတယ်။ တစ်ခါတစ်ရံ Compressor Suction မှာ ရေခဲ Icing ဖြစ်နေတာမျိုးကိုလည်း တွေ့တတ်ပါတယ်။

Discharge Pressure High ဖြစ်ရခြင်းတွေမှာ၊ Overcharge ကြောင့်ဖြစ်တတ်သလို၊ တစ်ခါတစ်ရံမှာတော့ System ထဲကို လေ ရောက်နေ တဲ့ အခါမျိုး Air in the system နဲ့ Expansion Valve Orifice ရဲ့ ချွတ်ယွင်းမှု ကြောင့်လည်းဖြစ်တတ်ပါတယ်။

၃။ Moisture in the System

လေထဲမှာပါရှိနေတဲ့ ရေခိုးရေငွေ့ Moisture ဟာ၊ System ထဲကိုဝင်သွားရင် Expansion Valve ကို၊ အနှောက်အယှက်ပေးကာ Freeze ဖြစ်စေပါတယ်။ Expansion Valve ကပ် ကာ (Freeze ဖြစ်ကာ) ပုံမှန် အလုပ်မလုပ်ရင် System မှာ Undercharging ဖြစ်နေတဲ့ လက္ခဏာမျိုး ကိုပြတတ်ပါတယ်။ Moisture ဟာ System ကို Corrosion ဖြစ်စေသလို၊ Compressor Lubricating Oil နဲ့ ရောသွားတဲ့အခါ၊ Compressor ရဲ့ အစိတ်အပိုင်းတွေကိုပျက်စီးစေနိုင်ပါတယ်။

၎။ Air in the System

System ထဲမှာ လေဝင်နေရင် အသိသာဆုံးအချက်က၊ Compressor ဟာမူလထက် ပူနေပြီး၊ Discharge Pressure လဲတက်လာပါတယ်။ Condenser ရဲ့ Liquid Level Sight Glass ကိုကြည့်ရင် air bubbles လေပူပေါင်းလေးတွေ ပလုံစီထနေတာကိုတွေ့ရမှာဖြစ်သလို၊ အကယ်၍ Condenser မှာ၊ Refrigerant Condensing Pressure Gauge တတ်ဆင်ထားရင်၊ Pressure ဟာ မူလထက် မြင့်နေတာကို လည်း တွေ့နိုင်ပါတယ်။ အအေးခန်းအတွက် လိုချင်တဲ့ Temperature ကိုမရတော့နိုင်တော့ပဲ၊ Compressor ဟာ မရပ်မနားလည်နေပါလိမ့်မယ်။

Refrigerant ကို Charge လုပ်ရင်းနဲ့ System ထဲကို လေ ပါရောနှောဝင်တတ်ပြီး၊ အထူးသဖြင့် Atmospheric Pressure ထက်နိမ့်တဲ့ Tri-chlorofluorocarbon R - 12 Refrigerant ကိုသုံးထားသော Refrigeration System တွေမှာအဖြစ်များလေ့ရှိပါတယ်။ System ထဲမှာဝင်နေတဲ့ လေ ကိုထုတ်တဲ့ နည်းကလေးကိုလည်း သိသလောက် ဆွေးနွေးပါ့မယ်။

အရင်ဆုံး System ကို၊ Pump Down လုပ်ကာ၊ လေ နဲ့ Refrigerant တွေကို၊ Condenser ထဲမှာစု Collect လုပ်ရပါတယ်။ Refrigerant တွေဟာ Condenser ထဲမှာ Condensed ဖြစ်ကာ Liquid အနေနဲ့ ရှိနေမှာ ဖြစ်ပြီး၊ လေ ကတော့ Condensed မဖြစ်ပဲ၊ Condenser အပေါါပိုင်း၊ Liquid Refrigerant တွေရဲ့ အထက်မှာ ရှိနေမှာဖြစ်ပါတယ်။ Refrigerant အိုးအလွတ် Empty Bottle အလွတ်တစ်လုံးနဲ့ Condenser ရဲ့အပေါါ Purging Line က၊ Valve ကို Hose နဲ့ဆက်ပြီး၊ လေ ကို Collect လုပ်ယူနိုင်ပါတယ်။ Purge လုပ်ပြီး၊ Liquid Level Sight Glass ကိုစစ်ဆေးကြည့်ကာ Refrigerant နည်းနေတယ်ထင်ရင်တော့ ထပ်ပြီး Charge လုပ်သင့်ပါတယ်။

၅။ Oil in the Refrigeration System

Compressor ရဲ့ Shaft Seal ကလည်းမယိုပဲ၊ Leak မဖြစ်ပဲ Compressor Lubricating Oil တွေလျှော့ သွားတယ်၊ ပျောက်သွားတယ်ဆိုရင်တော့ System ထဲကို ဆီ ရောက်နေပြီလို့ သိနိုင်ပါတယ်။ Compressor Lubricating Oil ဆီ ဟာ System ထဲမှာလှည့်ပတ်နေရင်း Evaporator Coil တွေရဲ့ အတွင်းဘက်မျက်နှာပြင်နံရံ Internal Surface မှာ Insulation အနေနဲ့ရှိနေတာမို့ အအေးခန်းအတွက် လိုချင်တဲ့ Temperature ကိုမရတော့နိုင်တော့ပါဘူး။ ဒါ့အပြင် Compressor ရဲ့ Suction မှာ လည်း ရေခဲတွေ အုံနေတတ်ပါတယ်။

Compressor ရဲ့ Discharge နဲ့ Condenser Inlet ကြားက၊ Oil Separator အလုပ်မလုပ်တော့ တဲ့အခါ မျိုး၊ System ထဲမှာ Blockage ပိတ်ဆို့နေပြီး ဆီဟာ Compressor ဆီကို ပြန်မလာနိုင်တဲ့ အခါမျိုး၊ Compressor ရဲ့ Piston Ring အထူးသဖြင့်၊ Oil Scrapper Ring ကျိုးနေတဲ့အခါမျိုး၊ Compressor ရဲ့ Cylinder Liner စားနေတဲ့ worn out liner condition အခါမျိုးတွေ နဲ့ Compressor may take high capacity current during starting ဆိုတဲ့ Compressor အထ သိပ်နှေးတဲ့အခါမျိုးတွေမှာ System ထဲကို ဆီရောက်တတ်ပါတယ်။

Flooding of Refrigerant in the System

ဖြစ်ခဲပေမယ့် ဖြစ်တတ်တာမို့ တစ်လက်စာတည်းရေးခဲ့ပါရစေ။ Flooding of Refrigerant ဖြစ်ရင်၊ Evaporator မှာ ရေတွေခဲနေတတ်ပြီး၊ Overcharge ရဲ့လက္ခဏာမျိုးပြတတ်ပါတယ်။ Thermostatic Expansion Valve ရဲ့ Setting ဟာ၊ သုံးမယ့် Refrigerant အမျိုးအစားပေါါမူတည်ပြီး Factory Set လုပ်ထားသလို၊ တစ်ချို့ Expansion Valve တွေကတော့ လိုအပ်သလို၊ Manually Adjusted လုပ်ပေးရ ပါတယ်။

အဲဒီ့ Adjustment မှားတဲ့အခါမျိုး faulty or incorrectly adjusted၊ မအေးဘူးဆိုပြီး Factory Set Adjustment ကိုမလိုအပ်ပဲ incorrectly adjusted လုပ်မိတာမျိုး နဲ့ Solenoid valve တွေမလုံတဲ့အခါမျိုး Solenoid valve leakage တွေမှာဖြစ်တတ်ပါတယ်။

Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
ပုံကို Google ကနေရှာဖွေကူးယူပါတယ်။

No comments:

Post a Comment