Pages

Friday 27 May 2011

AIS Automatic Identification System

ဒီ post ကို၊ မြန်မာအင်ဂျင်နီယာဖိုရမ် http://myanmarengineer.org/ မှ၊ ကူးယူဖော်ပြပါတယ်။

AIS Automatic Identification System ကို၊ သဘော်တွေရဲ့ သွားလာမောင်းနှင်ရာလမ်းကြောင်း Track ကို၊ ခြေရာခံနိုင်ဖို့ နဲ့ Traffic Congestion ရေလမ်းကြောင်းကျပ်တဲ့  နေရာတွေမှာ၊ မတော်တဆ တိုက်မှုတွေ ကို ရှောင်ရှားနိုင် စေဖို့ရည်ရွယ်ကာ၊ တတ်ဆင်အသုံးပြုပါတယ်။

ဆိပ်ကမ်းအနီးတစ်ဝိုက်ရေပြင်တွေနဲ့ ပင်လယ်ပြင်တွေမှာ၊ သဘော်တွေရဲ့ မောင်းနှင်သွားလာမှုဟာ ဟိုးအရင်ကာလတွေထက်စာရင် ပိုမိုများပြားလာပြီး၊ Lack of Information of the Nearby Ship ဆိုတဲ့ မိမိသဘော်ရဲ့အနီးတစ်ဝိုက်မှာ သွားလာခုတ်မောင်းနေတဲ့၊ သဘော်တွေရဲ့ သတင်းအချက်အပြည့်အစုံကို ရရှိနိုင်စွမ်းနည်းပါးမှု နှင့် Misguiding Instructions from Port Authorities ဆိုတဲ့ သက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်များရဲ့ မှားယွင်းစွာလမ်းညွှန်မှုတွေကြောင့် မတော်တဆ တိုက်မှုတွေ ဖြစ်ပေါါလေ့ ရှိပါတယ်။ ယနေ့ခေါါတ်ကာလမှာ သဘော်ပိုင်ရှင် တွေအနေနဲ့လည်း၊ မိမိသဘော် မှာသယ်ဆောင်သွားတဲ့ Cargo ကုန်တွေနဲ့ ပက်သက်ပြီး၊ မောင်းနှင်ရာလမ်းကြောင်းတွေကို၊  Track ခြေရာခံနိုင်ဖို့ ပိုမိုလိုအပ်လာ ပါတယ်။

AIS ဆိုတဲ့ Automatic Identification System ဟာ၊ Ship Particulars ဆိုတဲ့မိမိသဘော်ရဲ့ အချက် အလက်တွေကို၊ Electronically အီလက်ထရောနစ်သတင်းအချက်များအဖြစ်မှ Radio Wave Frequency အဖြစ်ပြောင်းလဲကာ မိမိသဘော်ရဲ့ အနီးတစ်ဝိုက်မှာ သွားလာခုတ်မောင်းနေတဲ့၊ သဘော်တွေ နဲ့ Coastal Authorities လို့ခေါါတဲ့အနီးဆုံးကမ်းခြေမှ၊အာဏာပိုင် အဖွဲ့အစည်းများထံသို့ အလိုအလျှောက် ပေးပို့ ပါတယ်။
 
အသုံးပြုတဲ့ Radio Wave Frequency ဟာ၊ VHF Very High Frequency ဖြစ်ပြီး၊ AIS ဟာ Transmitters အဖြစ်လည်းကောင်း Receivers အဖြစ်လည်းကောင်း ဆောင်ရွက်ပါတယ်။ မိမိသဘော်ရဲ့ အချက် အလက်တွေကို၊ Transmitter အနေနဲ့ ပေးပို့ပြီး၊ မိမိသဘော်ရဲ့ အနီးတစ်ဝိုက်မှာ သွားလာ နေတဲ့၊ သဘော်တွေထံမှ လက်ခံရရှိတဲ့ အချက် အလက်တွေကို၊ Receiver အနေနဲ့ Display Unit မှာဖော်ပြ ပါတယ်။


တစ်ခါ Satellite ဂြိုလ်တုမှတစ်ဆင့် GPS Global Positioning System မှာ လက်ခံရရှိတဲ့ သဘော် တည်နေရာ Position နဲ့ သက်ဆိုင်တဲ့ အချက် အလက်တွေကို၊ AIS ရဲ့ Display Unit မှာ ဖော်ပြပါတယ်။
Channel တစ်ခုတည်းနဲ့ အချက်အလက်တွေကိုပေးပို့နိုင်သလို၊ အရံ Channel သို့မဟုတ် Secondary Channel မှတစ်ဆင့်၊ Interference or Loss of Information ဆိုတဲ့ အနှေက်အယှက် သို့မဟုတ် အချက်အလက်များပျောက်ဆုံးမှုတွေကိုလည်း၊ တားဆီးပေးထားနိုင်ပါတယ်။

အချိန်နဲ့တစ်ပြေးညီ၊ ထုတ်လွှင့်လက်ခံနေတဲ့ အချက်အလက်တွေမှာ သဘော်နာမည် Ship Name, Call Sign သဘော်ရဲ့အခေါါသက်ေတ, Speed သွားနှုံး, Position တည်နေရာ၊, Direction လမ်းကြောင်း, Rate of turn ကွေ့ရင်လည်း ကွေ့တဲ့နှုံး, Destination ဦးတည်ရာ စတဲ့အချက်အလက်တွေအပြင်၊ သဘော်ရဲ့ Length အလျား, Breadth ဗျက်အကျယ်, Tonnage တန်ချိန်, နဲ့ Draft ရေစူး စတဲ့အချက်အလက်များ ပါဝင်ပါတယ်။

သဘော်တိုင်းမှာ AIS တွေတတ်ဆင်ထားတာမို့၊ Channels တွေ Congestion ကျပ်ကုန်မှာလား လို့မေးစရာ ရှိပါတယ်။ AIS တွေမှာ Channel Slots တွေအနေနဲ့ အရည်အတွက်အားဖြင့် ၂၂၅၀ ခု ပါဝင်ပြီး၊ ၂၆့၆ မီလီစက္ကန့်အတွင်းမှာ Load ကို Channel Slots တစ်ခုမှအခြားတစ်ခုဆီသို့ချက် ခြင်း အလိုအလျှောက်ပြောင်းလဲကာ၊ ထုတ်လွှင့်လက်ခံနိုင်စွမ်းရှိတဲ့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

ပုံတွေကို google ကနေရှာဖွေကူးယူပါတယ်။
Post credit to : ဦးရီးထွန်း http://myanmarengineer.org/

Thursday 26 May 2011

NAVTEX Navigational Telex System

ဒီ post ကို၊ မြန်မာအင်ဂျင်နီယာဖိုရမ် http://myanmarengineer.org/ မှ၊ ကူးယူဖော်ပြပါတယ်။

ကုန်သွယ်ရေကြောင်းလောကမှာ တတ်ဆင်အသုံးပြုတဲ့ Navtex Receiver တွေဟာ၊ ရေကြောင်း သွားလာရေး နဲ့ ပက်သက်တဲ့၊ Meteorological warnings and forecasts ဆိုတဲ့ မိုးလေဝသဆိုင်ရာ သတိပေးချက်များ၊ ခန့်မှန်းချက်များ ကိုလက်ခံပေးတဲ့၊ Communication Equipment တစ်မျိုးပဲ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဒေသအလျှောက် အလိုအလျှောက်ထုတ်လွှင့်ပေးနေတဲ့ MSI လို့ခေါါတဲ့ Marine Safety Information တွေကို၊ NBDP Narrow Band Direct Printing သို့မဟုတ် Radio Telex အနေနဲ့လက်ခံရယူကာ၊ သတင်းအချက်အလက်များကို အလိုအလျှောက် Print Out ထုတ်ပေးတဲ့ စက်ကလေး ဖြစ်ပါတယ်။



တစ်ကယ်တော့ NAVTEX ဟာ၊ ဒေသအလျှောက် အလိုအလျှောက်ထုတ်လွှင့်ပေးနေတဲ့ MSI လို့ခေါါတဲ့ Marine Safety Information တွေသာ အဓိကလက်ခံနိုင်ဖို့ ရည်ရွယ် တည်ဆောက် ထားတာမို့၊ GMDSS Global Maritime Distress and Safety System အတွက်အသုံးပြုတဲ့၊ Communication Equipment တွေလို မဟုတ်ပဲ၊ ထုတ်လွှင့်ရာ ကမ်းခြေမှရေမိုင် ၂၀၀ မှ ၃၀၀ အတွင်းမှာသာ၊ လက်ခံနိုင် ပါတယ်။


NAVTEX Receiver အတွက်၊ အသုံးပြုတဲ့ Frequency ဟာ၊ Telex ကြေးနန်းစနစ်အတွက် အသင့်တော်ဆုံး ဖြစ်တဲ့၊ 490 ~ 518 KHz အတွင်းက MF Medium Frequency ဖြစ်ပါတယ်။ NAVTEX Receiver ဟာ၊ သတင်းအချက်အလက်တွေကို၊ အဆက်မပြတ် လက်ခံပြီး၊ အချိန်နဲ့ တစ်ပြေးညီ Print Out လုပ်ပေးနေကာ၊ Mediterranean Sea မြေထဲပင်လယ်၊ North Sea မြောက်ပင်လယ်၊ နဲ့ Coastal Area တွေ မှာ အသုံးပိုကျပြီး၊ လက်ခံရရှိတဲ့ သတင်းအချက်အလက်တွေအတွက်၊  အခကြေးငွေ ပေးစရာ မလို သလို၊ Antenna လေးတတ်ရုံ နဲ့ Meteorological warnings and forecasts တွေကို ရရှိနေမှာ ဖြစ်သလို၊ ဈေးနှုံးအရလည်း သက်သာတာမို့ ပျက်သွားရင်လည်း အသစ်တစ်လုံးကို၊ အစားထိုးလဲ လှယ်ရုံ ပါပဲ။





NAVTEX Receiver မှ၊ Print Out ကိုဖတ်ကြည့်ရင်၊ Subject Indicators လို့ခေါါတဲ့ A,B,C ....စတဲ့၊ အက္ခရာ သက်ေတလေးတွေနဲ့၊ အစပျိုးထားတာတွေကိုတွေ့ရမှာဖြစ်ပြီး၊ A ဆိုရင် Navigational Warnings, B ဆိုရင် Meteorological Warnings, C ဆိုရင် Ice Reports, D ဆိုရင် Search & Rescue Information, E ဆိုရင် Meteorological Forecasts, F ဆိုရင် Pilot Service Messages, G ဆိုရင် Decca Messages , H ဆိုရင် Loran Messages, I ဆိုရင် Omega messages, J ဆိုရင် Satnav Messages, K ဆိုရင် Other Electronic Navaid Messages, L ဆိုရင် Additional Navigational Messages, V ဆိုရင် Special Services, W ဆိုရင် အဂ်လိပ်ဘာသာစကားမဟုတ်ပဲ အခြားဘာသာစကားနဲ့ လက်ခံရရှိတဲ့ Special Services, X နဲ့ Y ဟာလည်း Special Services လို့သတ်မှတ်နိင်ပြီး၊ Z ဆိုတာကတော့၊ ဘာမှလက်ခံရရှိထားခြင်းမရှိလို့ သတ်မှတ်နိုင်ပါတယ်။

Decca, Loran နဲ့ Omega Message တွေဟာ၊ Electronic Navigational Aids တွေနဲ့ပက်သက်ပြီး၊ J ဟာ Satellite Navigation နဲ့ပက်သက်တဲ့၊ Massage တွေဖြစ်ပါတယ်။ တစ်ကယ်တော့၊ Navtex Receiver လေးတွေဟာ၊ ဈေးသက်သာပေမယ့် Accurate အရမ်းတိကျပါတယ်။ ဒါပေမယ့် ကမ်းခြေ နဲ့ ရေမိုင် ၃၀၀ အကွာထက်ပိုကာ သုံးလို့မရတဲ့အကြောင်း၊ ကိုဖော်ပြလိုက်ပါတယ်။

Post credit to : ဦးရီးထွန်း http://myanmarengineer.org/