Pages

Wednesday 28 March 2012

Control Valves (၁၃) - Self-acting actuation - Self-acting Temperature Controls

self-acting temperature control valves တွေမှာ၊ required temperature ကို၊ sensor adjustment, actuator adjustment နဲ့ remote adjustment ဆိုပြီး၊ ခွဲခြား ချိန်ညှိ နိုင်တာတွေ့ရပါတယ်။ control valve နဲ့ sensor တို့ကို၊ တတ်ဆင်တဲ့အခါ၊ နေရာအကျယ်အဝန်းအရ accessible အနေနဲ့ လိုအပ်သလို၊ ချိန်ညှိနိုင်ဖို့ ခွဲခြားတတ်ဆင်ထားခြင်းဖြစ်ပါတယ်။


Fig. Sensor adjustment type temperature control valve
  

Fig. Actuator adjustment type temperature control valve


Fig. Remote adjustment type temperature control valve

sensor adjustment type ဟာ အသုံးများတဲ့၊ self-acting temperature control configuration ဖြစ်ပါတယ်။ actuator adjustment type မှာတာ့ actuator end နေရာမှ၊ required temperature ကို ချိန်ညှိနိုင်ပြီး၊ အရွယ်အစားအနေနဲ့ 1" (DN25) ရှိတဲ့ temperature control valves တွေမှာ တတ်ဆင် အသုံးပြုလေ့ရှိပါတယ်။ remote adjustment type ဟာ၊ required temperature ကို control valve actuator နဲ့ sensor တို့ကြား၊ နေရာတခုမှ ချိန်ညှိပေးခြင်းဖြစ်ပါတယ်။

Capillaries - အလျှား 10 meters နှင့် အထက်ရှည်တဲ့အခါ၊ accuracy effect အနည်းငယ်နဲ့၊ control မှာ အနှောက်အယှက်ဖြစ်ပေါါတတ်ပါတယ်။ အလျှားရှည်တဲ့အတွက်၊ capillary fluid ရဲ့ amount ပမာဏလည်း များလာပြီး၊ ambient temperature ကြောင့် အပြောင်းအလဲပေါါပေါက်နိုင်ပါတယ်။ ပတ်ဝန်းကျင်မှ ambient temperature changes အပြောင်းအလဲများတဲ့အခါ၊ required temperature setting ကိုထိခိုက်နိုင်ပြီး၊ capillary ကို အပူကာ lagging တွေနဲ့ပတ်ကာ ဖုံးအုပ်ကာကွယ်ထားသင့် ပါတယ်။

Pockets - 'thermowell' လို့ခေါါတဲ့ pockets တွေကို၊ pipework နဲ့ vessels တွေမှာတတ်ဆင်ထားလေ့ ရှိပြီး၊ pocket အတွင်း sensor တတ်ဆင်ထားတဲ့အတွက်၊ control medium ကို drain အနေနဲ့ဖောက်ချဖို့၊ မလိုအပ်တော့ပဲ sensor ကို အလွယ်တကူလဲလှယ်နိုင်ပါတယ်။ heat load အပြောင်းအလဲမြန်တဲ့ applications တွေမှာတော့၊ pocket ကြောင့် system response နှေးသွားနိုင်တဲ့အတွက်၊ conducting medium နဲ့ တိုက်ရိုက်ထိတွေ့နိုင်မယ့်နေရာကို၊ အတိအကျရွေးချယ်တတ်ဆင်မှသာ၊ sensor မှာလက်ခံ ရရှိမယ့် heat transfer အပူ ကူးပြောင်းမှုလည်း၊ မြန်လာမှာဖြစ်ပါတယ်။

pockets တွေကို mild steel, copper, brass နဲ့ stainless steel pocket ဆိုပြီးတွေ့ရသလို၊ conducting medium အမျိုးအစားပေါါ မူတည်ပြီး၊ ရွေးချယ်အသုံးပြုပါတယ်။ corrosive applications တွေအတွက်၊ glass pockets တွေကိုအသုံးပြုသလို၊ special applications တချို့မှာ အလျှား 1 meter ခန့် ရှည်တဲ့၊ pockets တွေကို အသုံးပြုကြပါတယ်။ အလျှားရှည်တဲ့၊ pockets တွေကိုတတ်ဆင်တဲ့အခါ၊ required temperature adjustment အတွက်၊ sensor end နေရာမှာ၊ adjustment တတ်ဆင်ထားတဲ့၊ sensor adjustment type ကိုအသုံးမပြုပဲ၊ actuator adjustment သို့မဟုတ် remote adjustment type တို့ကိုသာ၊ အသုံးပြုကြပါတယ်။

High limit cut-out device - industrial process applications အဖြစ်အသုံးပြုထားတဲ့ self-acting temperature control system မှာ overheat ဖြစ်ပြီး product spoilage အနေနဲ့၊ ပြင်ပသို့ယိုစိမ့် ထွက်လာခြင်းကို တားဆီးဖို့၊ health and safety regulations တွေအရ၊ overheat protection system ကိုထည့်သွင်းတတ်ဆင်ဖို့လိုအပ်တဲ့အခါ၊ high limit cut-out device ကို၊ အသုံးပြုပါတယ်။ high limit cut-out device ဟာ process မှာ overheating အနေနဲ့ အနေနဲ့ အပူချိန်တက်လာတဲ့အခါ၊ heating medium အတွင်းမှ၊ flow ကို shut off အဖြစ် တားဆီးလိုက်မှာဖြစ်ပါတယ်။ 

  
Fig. High limit cut-out unit with fail-safe control system

high limit cut-out device ကို၊ self-acting control system မှတဆင့် အလုပ်လုပ်စေပြီး၊ fail-safe control system လို့လည်းခေါါပါတယ်။ pre-set high limit temperature ကိုကျော်လွန် သွားတဲ့အခါ၊ compressed spring ကို၊ releases လုပ်လိုက်ပြီး၊ high limit cut-out unit မှတဆင့် isolating valve ကို၊ shut off အဖြစ်ပိတ်စေပါတယ်။ fail-safe actuator unit မှ၊ control valve ကိုတိုက်ရိုက်ပိတ်ခြင်း မဟုတ်ပဲ၊ high limit cut-out unit အတွင်းမှ shuttle mechanism မှသာ၊ ပိတ်စေခြင်းဖြစ်ပါတယ်။ temperature ဟာ set point အောက်မှာရှိနေစဉ်၊ shuttle mechanism အနေနဲ့ dormant အဖြစ် လှုပ်ရှားမှုမရှိသလို၊ high limit temperature ကိုကျော်လွန်သွားပြီးမှသာ၊ activation အနေနဲ့ shuttle လှုပ်ရှားပါတယ်။

shuttle ဟာ direction အနေနဲ့ ဟိုဖက်ဒီဖက်၊ နှစ်ဖက်စလုံးသို့ ရွှေ့လျှားနိုင်ပါတယ်။ high limit temperature မှာ fail-safe actuator ကြောင့်၊ high limit cut-out unit အတွင်းမှ shuttle ရွှေ့လျှားပြီး၊ actuator မှတဆင့် spring ကို releases လုပ်ခြင်းဖြင့်၊ valve ကို၊ snap shut အဖြစ်ပိတ်ခြင်း ဖြစ်တဲ့ အတွက်၊ အပူချိန်ဟာ set temperature အောက်သို့ပြန်ကျသွားတဲ့ အခါ၊ shuttle ကို reset ပြန်လုပ်နိုင် ပါတယ်။ shuttle ကို reset လုပ်ဖို့အတွက်၊ small lever ကိုတတ်ဆင်ထားသလို၊ shuttle ရွှေ့လျှားမှု အတွက် micro-switch ကဲ့သို sensor တခုခုကို၊ တတ်ဆင်ပြီး alarm and monitoring system မှာဖော်ပြအသိပေးနိုင်ပါတယ်။ ဒါ့အပြင် fail-safe actuator unit နဲ့ ဆက်သွယ်ထားတဲ့၊ capillary damaged ကြောင့် fluid တွေ ယိုစိမ့်ထွက်သွားတဲ့အခါ၊ shuttle ဟာ အခြား direction တခု ဖက်သို့၊ ရွှေ့လျှားသွားပြီး၊ spring ကို releases လုပ်ခြင်းဖြင့်၊ valve ကို၊ snap shut အဖြစ်ပိတ်စေပါတယ်။ 


Fig. High limit cut-out arrangement on heat exchanger

high limit cut-out unit တွေကို၊ control valve နဲ့ တွဲဖက်အသုံးပြုသလို၊ control valve နဲ့ ခွဲခြား တတ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။ heating applications တွေမှာ high limit cut-out unit နဲ့ self-acting temperature control valve တို့ကို၊ series အနေအထားဖြင့်တတ်ဆင်ပါတယ်။ high limit cut-out unit ကို၊ control valve ရဲ့ အဝင်ဖက် upstream နေရာမှာ တတ်ဆင်ခြင်း ဖြစ်ပြီး၊ control valve နဲ့ အနီးစပ်ဆုံး တတ်ဆင်ဖို့လိုပါတယ်။ normal operation အခြေအနေမှာ high limit cut-out unit ဟာ၊ အမြဲတမ်း ပွင့်နေမှာဖြစ်ပြီး၊ harbor dirt တွေဟာ high limit cut-out unit ရဲ့ vale seat မှာကပ်နေနိုင်တဲ့အတွက်၊ high limit cut-out unit အဝင် upstream နေရာမှာ၊ strainer ကိုတတ်ဆင်ထားပါတယ်။

cooling applications တွေမှာတော့၊ normally-open type high limit cut-out unit valves တွေနဲ့ normally-open type self-acting temperature control valves တွေကို၊ parallel အနေအထားဖြင့် တတ်ဆင်ပါတယ်။


Fig. Typical self-acting 2-port temperature control valves

 2-port temperature control valves တွေကို၊ normally open medium capacity valve, normally open low capacity valve, reverse acting medium capacity valve, reverse acting high capacity valve, bellow balanced valve, double seated valve နဲ့ double seated reverse acting valve ဆိုပြီးတွေ့ရပါတယ်။ 2-port temperature control valves တွေကို high limit cut-out unit valve အဖြစ်၊ အသုံးပြုတဲ့အခါ၊ heating systems တွေအတွက်၊ normally open type ကိုအသုံးပြုပြီး၊ cooling systems တွေအတွက်၊ normally closed type ကို အသုံးပြုပါတယ်။ တခါတရံ application requirements တွေအရ၊ Three-port valves တွေကိုလည်း၊ တတ်ဆင်အသုံးပြုနိုင်ပါတယ်။ double seated valves တွေဟာ tight shut-off အနေနဲ့ မပိတ်နိုင်တဲ့အတွက်၊ high limit cut-out unit မှာ တတ်ဆင်အသုံးပြုလို့မရသလို၊ ball shaped plug type valves တွေဟာလည်း၊ closing operation မှာ seat ပျက်စီးနိုင်တဲ့အတွက်၊ အသုံးမပြုတာ၊ တွေ့ရပါတယ်။

Self-acting temperature control ancillaries - self-acting temperature control system မှာ ancillaries အဖြစ်၊ win sensor adapter, manual actuator နဲ့ spacer တွေကို၊ ထည့်သွင်းတတ်ဆင်ကြ ပါတယ်။ self-acting temperature control system မှာ ancillaries တွေအဖြစ်၊ win sensor adapter, manual actuator နဲ့ spacer တွေကို၊ ထည့်သွင်းတတ်ဆင်ကြပါတယ်။ self-acting temperature control valve ကို၊ manual isolation facility နဲ့ တွဲဖက်အသုံးပြုတဲ့အခါ၊ twin sensor adapter ကို တတ်ဆင် အသုံးပြုပါတယ်။

Fig. Twin sensor adapter

Fig. Manual actuator

Fig. Spacer

twin sensor adapters တွေကို၊ 2-port self-acting temperature control valves တွေမှာသာမက၊ 3-port self-acting temperature control valves တွေမှာပါတတ်ဆင် အသုံးပြုနိုင်ပါတယ်။ adapter ကို အသုံးပြုတဲ့အတွက်၊ သီးခြား separate valves တွေထည့်သွင်းတတ်ဆင်ဖို့၊ မလိုအပ်တော့ပေမယ့်၊ adapter မှတဆင့် high limit cut-out unit အနေနဲ့ အသုံးမပြု နိုင်တာကိုလည်း၊ တွေ့ရပါတယ်။ control setting ကိုအသုံးမပြုပဲ၊ manual shutdown အနေနဲ့ ပိတ်ဖို့အတွက်၊ manual actuator တွေကို တတ်ဆင်လေ့ရှိပြီး၊ twin sensor adapter နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ control valve နဲ့ temperature control system တွေကို၊ maximum 350° C ခန့်ရှိပြီး အပူချိန်မြင့်မားလွန်းတဲ့ higher temperature applications တွေမှာ အသုံးပြုတဲ့ အခါ၊ spacer ကို valve နဲ့ system ကြားမှာတတ်ဆင်လေ့ရှိပါတယ်။

Typical environments and applications - dirty and hazardous areas တွေဖြစ်တဲ့ ညစ်ညမ်းပြီး၊ မီးလောင်မှုနဲ့ ပေါက်ကွဲမှုဘေးအန္တရာယ် အလွယ်တကူ၊ ပေါါပေါက်နိုင်တဲ့နေရာတွေမှာ၊ electrical နဲ့ pneumatic actuation control valves တွေကိုမသုံးပဲ၊ self-acting actuation control valves တွေကိုသာ၊ တတ်ဆင်အသုံးပြုကြပါတယ်။ self-acting actuation control valves တွေဟာ၊ storage နဲ့ constant load applications တွေမှာ၊ accuracy အနေနဲ့တိကျပေမယ့်၊ variable load applications တွေမှာတော့၊ အနီးစပ်ဆုံး accuracy ကိုသာ၊ ရရှိနိင်စေတာတွေ့ရပါတယ်။

Reference and image credit to : Steam Engineering Tutorials,

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

Tuesday 27 March 2012

Control Valves (၁၂) - Self-acting actuation - Self-acting Temperature Controls

control valves တွေကိုခွဲခြားကြည့်လျှင်၊ pneumatic actuation, Electric actuation, hydraulic actuation နဲ့ self-acting actuation ဆိုပြီး၊ တွေ့ရမှာဖြစ်ပါတယ်။ အထက်မှာ pneumatic actuation နဲ့ electric actuation control valves တွေကိုဖော်ပြခဲ့ပြီး၊ self-acting actuation control valves တွေကို၊ ဆက်လက်ဖော်ပြပါဦးမယ်။ self-acting actuation control valves တွေ ကို self-acting temperature control valves နဲ့ self-acting pressure control valves ဆိုပြီး၊ တွေ့ရပါတယ်။ control valves တွေရွှေ့လျှားဖို့၊ pneumatic, electric နဲ့ hydraulic အစရှိတဲ့၊ ပြင်ပမှ power ကိုပေးသွင်းစရာ မလိုပဲ၊ self-powered နဲ့သာ၊ အလုပ်လုပ်ပြီး၊ sensor, capillary tubing နဲ့ actuator တို့ပါဝင်ပါတယ်။ self-acting control valves တွေကို liquid filled system control valves နဲ့ vapor tension system control valves ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။

Self-acting Temperature Controls - temperature sensitive fluid ကို၊ အပူပေးတဲ့အခါ expand အနေနဲ့ကျယ်ပြန့်သွားမှာ ဖြစ်သလို၊ အအေးပြန်ခံတဲ့၊ အခါမှာလည်း contract အနေနဲ့၊ ကျုံ့သွားမှာပါတယ်။ self-acting temperature control မှာ၊ sensor နဲ့ capillary အတွင်းဖြည့်ထားတဲ့၊ temperature sensitive fluid ဟာ၊ temperature တက်လာတဲ့အခါ၊ expand အနေနဲ့ ကျယ်ပြန့်လာပါတယ်။


Fig. Expansive action of the liquid fill when heat is applied to the sensor

expansion နဲ့ contraction တို့ကြောင့်၊ ပေါါပေါက်လာတဲ့ force ဟာ capillary မှတဆင့်ဖြတ်သန်းကာ၊ control valve ကို၊ အဖွင့်နဲ့အပိတ် opening or closing အဖြစ်၊ ရွှေ့လျှားစေပါတယ်။ sensor မှာ ဖြစ်ပေါါတဲ့ temperature changes နဲ့ actuator movement တို့ဟာ၊ တခုနဲ့တခု linear relation အနေနဲ့၊ ဆက်သွယ်နေတဲ့အတွက်၊ self-acting temperature control system ကို 'proportional control' အဖြစ် သတ်မှတ်နိုင်ပါတယ်။ heating သို့မဟုတ် cooling အနေနဲ့၊ အသုံးပြုမယ့် application အပေါါမူတည်ပြီး၊ set point ရဲ့ အပေါါဖက် above နဲ့ အောက်ဖက် below မှာ၊ full range proportional band ဖြစ်ပေါါပါတယ်။

self-acting heating control system တခုမှာ၊ proportional band ဟာ (5° C) မှာရှိပြီး၊ set point အနေနဲ့ (70° C) မှာရှိခဲ့လျှင်၊ control valve ဟာ၊ (70° C) မှာ၊ fully closed 'ပိတ်' မှာဖြစ်ပြီး၊ (65° C) မှာ fully open 'ပွင့်' မှာဖြစ်ပါတယ်။ အလားတူ cooling control set အနေနဲ့ (70° C) မှာ ရှိခဲ့လျှင်၊ control valve ဟာ၊ (70° C) မှာ၊ fully open 'ပွင့်' မှာဖြစ်ပြီး၊ (65° C) မှာ fully closed 'ပိတ်' မှာဖြစ်ပါတယ်။

proportional band ဟာ၊ control valve ရဲ့ size အရွယ်အစားပေါါမူတည်ပြီး၊ ပြောင်းလဲပါတယ်။ အရွယ်အစားကြီးမားတဲ့ larger valves တွေ မှာ၊ ကျယ်ပြန့်တဲ့ larger P-bands တွေ ရှိပါတယ်။ တတ်ဆင်အသုံးပြုတဲ့ control valve ဟာ၊ အရွယ်အစားကြီးမားတဲ့ valve ဖြစ်ခဲ့လျှင်၊ valve orifice ရဲ့ အရွယ်အစားလည်းကြီးမားမှာဖြစ်သလို၊ flow ကို၊ too large changes အနေနဲ့ပြောင်းလဲစေနိုင်ပါတယ်။ modulating အနေနဲ့ လုပ်ဆောင်ခြင်းမဟုတ်ပဲ၊ on/ off function နဲ့ လုပ်ဆောင်ပါတယ်။

To lower the set temperature - adjustment knob ကို၊ clockwise အနေနဲ့လှည့်တဲ့အခါ၊ piston ဟာ sensor အတွင်းသို့ ပိုမို ဝင်ရောက်မှာ ဖြစ်သလို၊ sensor အတွင်း liquid fill ဧရိယာရဲ့ space ဟာလည်း၊ ပိုမိုလျှော့နည်းသွားမှာဖြစ်ပါတယ်။ liquid fill ဧရိယာရဲ့ space နည်းသွားတဲ့ အခါ၊ lower temperature မှာ၊ control valve ကိုပိတ်နိုင်ပြီး၊ set temperature ဟာလည်းလျှော့နည်းသွားပါတယ်။ dial-type adjustments အနေနဲ့ screwdriver အသုံးပြုကာလှည့်ရတဲ့၊ self-acting temperature controls sensors တွေမှာလည်း၊ clockwise အနေနဲ့လှည့်တဲ့အခါ၊ set temperature လည်းလျှော့နည်း သွားမှာဖြစ်ပါတယ်။

To raise the set temperature - self-acting temperature control sensors တွေမှာ၊ adjustment knob ကို၊ anticlockwise အနေနဲ့ လှည့်တဲ့အခါ၊ piston ဟာ sensor အတွင်းမှ အပြင်ဖက်သို့ပိုမို၊ ထွက်လာပြီး၊ liquid fill ဧရိယာရဲ့ space ဟာလည်း၊ ပိုလာမှာဖြစ်ပါတယ်၊ sensor မှာ higher temperature ရရှိမှသာ၊ space အတွင်း sufficiently expand အနေနဲ့ liquid ကျယ်ပြန့်လာပြီး၊ control valve ပိတ်မှာ ဖြစ်သလို၊ set temperature ဟာလည်း၊ မြင့်မားမှာဖြစ်ပါတယ်။

Protection against high temperatures - control system မှာ rupturing မဖြစ်စေဖို့၊ sensor ရဲ့ piston အတွင်းမှာ၊ disc springs တွေ ကိုတတ်ဆင်ထား ပါတယ်။ တခါတရံ control valve leaking, incorrect adjustment နဲ့ additional heat source စတဲ့ အခြေအနေတွေကြောင့်၊ အပူချိန်ဟာ set temperature ထက်ပိုပြီး၊ temperature overrun အဖြစ်ရှိနေတတ်ပါတယ်။ temperature overrun ဖြစ်ပေါါကာ၊ ceased အနေနဲ့ ပြန်ငြိမ်သွားတဲ့အခါ disc springs တွေဟာ၊ မူလ position သို့ရွှေ့လျှားသွားပြီး၊ control system ကို normal အခြေအနေမှာ ရှိနေစေဖို့ ထိမ်းပေးမှာဖြစ်ပါတယ်။ control type အပေါါမူတည်ပြီး၊ set temperature ရဲ့ အထက်၊ ( 30° C ~ 50° C) အတွင်းမှ၊ temperature ကို၊ temperature overrun အဖြစ်သတ်မှတ်ပါတယ်။

Vapor tension system control valve - အပူပေးတဲ့အခါ၊ vapor အဖြစ်၊ အလွယ်တကူ အငွေ့ပျံနိုင်မယ့် liquid ကို၊ sensing system အတွင်းမှာ၊ အသုံးပြုထားတဲ့ control valve ကို vapor tension system control valve အဖြစ်သတ်မှတ်ပါတယ်။ ရေ, methyl alcohol နဲ့ benzene တို့ဟာ၊ အပူပေးတဲ့အခါ၊ vapor အဖြစ်၊ အလွယ်တကူ အငွေ့ပျံနိုင်တဲ့၊ liquid တွေဖြစ်ပါတယ်။ တနည်းအားဖြင့် boiling temperature လို့ခေါါတဲ့၊ saturation temperature နိမ့်ပြီး၊ vapor အဖြစ်အလွယ်တကူ၊ အသွင်ပြောင်းသွားမယ့် liquid တွေလို့ ဆိုနိုင်ပါတယ်။

sensor temperature မြင့်တက်လာတဲ့အခါ၊ liquid အတွင်းမှ vapor ဟာ၊ expand ဖြစ်လာပြီး၊ sensor နဲ့ capillary system အတွင်းမှာလည်း၊ pressure မြင့်တက်လာပါတယ်။ တိုးလာတဲ့ increasing pressure ဟာ၊ capillary အဆုံးမှာရှိတဲ့ bellow သို့မဟုတ် diaphragm assembly ပေါါကို၊ သက်ရောက်ပါတယ်။ vapor tension system ဟာ fluid နဲ့အတူ unique pressure/ temperature saturation အနေနဲ့ increasing pressure ကိုရရှိစေပါတယ်။


Fig. Vapor tension temperature control system


Fig. Vapor pressure curve for water

fluids ဆိုတာကတော့ liquid နဲ့ gases တွေကို၊ ခေါါဆိုခြင်းဖြစ်သလို၊ liquid ကို saturation temperature ရောက်တဲ့ အထိ၊ အပူပေးတဲ့အခါ၊ vapor ဖြစ်ပေါါလာပါတယ်။ liquid နဲ့ vapor တို့ရဲ့ pressure နဲ့ boiling temperature ဟာဆက်သွယ်နေပါတယ်။ sensor အတွင်းမှာ ရေကို liquid အနေနဲ့ ဖြည့်ထားပြီး၊ saturation temperature ရောက်တဲ့အထိအပူပေးတဲ့အခါ၊ ဖြစ်ပေါါလာမယ့် saturation curve ကို၊ ဥပမာဖြစ်၊ ဖော်ပြထားပါတယ်။ curve ရဲ့ အောက်ခြေ bottom မှ scale ကိုကြည့်လျှင်၊ temperature 5° C ပြောင်းလဲတိုင်း၊ pressure အနေနဲ့ 0.18 bar ခန့်သာပြောင်းလဲတာ၊ တွေ့ရမှာ ဖြစ်သလို၊ temperature ဟာ 150° C ခန့်၊ ရောက်သွားတဲ့ အခါမှာတော့ 5° C တိုးတိုင်း၊ 0.65 bar ခန့် pressure တိုးလာတာ၊ တွေ့ရမှာဖြစ်ပါတယ်။

curve ရဲ့ အပေါါ၊ top end နားနီးလာတဲ့အခါ၊ pressure တိုးနှုံးမြန်လာတဲ့အတွက် control valve ဟာ၊ ကြီးမားတဲ့ greater amount ဖြင့်၊ ပိုမိုရွှေ့လျှားပါတယ်။ valve ဟာ fully open position မှ fully closed position အဖြစ်၊ ပြန်ပိတ်တဲ့ အခါ၊ sensing system မှာ၊ saturation curve ရဲ့ bottom end အောက်ခြေနဲ့ နီးလာတိုင်း၊ top end ထက်ပိုပြီးမြင့်တဲ့ greater temperature ရရှိမှသာ၊ မြင့်မားတဲ့ greater amount pressure ရရှိနိုင်မှာဖြစ်ပါတယ်။

vapor tension control system ဟာ top end range အတွင်းမှာသာ၊ control အနေနဲ့ အသုံးပြုသင့်တဲ့ system ဖြစ်ပါတယ်။ vapor tension control valves တွေမှာ stem seal အဖြစ်၊ mechanical seal ကိုအသုံးပြုကြပါတယ်။ mechanical seal ဟာ loose အနေနဲ့ ချောင်သွားတဲ့အခါ၊ ယိုစိမ့်မှု leakage ဖြစ်ပေါါတတ်သလို၊ too tight အနေနဲ့ ကြပ်လွန်းလျှင်လည်း၊ spindle friction ကြောင့်၊ valve stick အနေနဲ့ control application ကိုအနှောက်အယှက်၊ ပေးတတ်ပါတယ်။ vapor tension control valves တွေမှာ၊ valve ရဲ့ stem မှတဆင့် vapor ယိုစိမ့်မှု leakage ဖြစ်ပေါါတတ်တဲ့အတွက်၊ bellows sealing mechanism ကိုထည့်သွင်းထားလေ့ရှိပါတယ်။

Liquid filled system control valve - liquid filled system မှာအသုံးပြုတဲ့အခါ၊ incompressible liquid တွေဟာ၊ compressible vapor တွေနဲ့မတူပဲ၊ temperature နဲ့ valve movement ဟာ၊ linear relationship အနေနဲ့ လိုက်ပါပြောင်းလဲပါတယ်။ valve movement ဟာ temperature changes နဲ့ truly proportional အဖြစ် တိုက်ရိုက်အချိုးကျပြောင်းလဲသလို၊ stem seal အဖြစ် frictionless valve seal တွေကိုအသုံးပြုပါတယ်။ liquid filled system control valves တွေကို၊ 'Liquid self-acting temperature control valves' လို့ခေါါပါတယ်။ 'Liquid self-acting temperature control valves' တွေကို self-acting temperature control system မှာ တတ်ဆင်တဲ့အခါ၊ Normally open two-port valve, Normally closed two-port valve နဲ့ Three-port mixing or diverting valve ဆိုပြီး၊ ခွဲခြားအသုံးပြုပါတယ်။

Normally open two-port control valves တွေကို၊ heating applications တွေအတွက်၊ အသုံးပြု ပါတယ်။ valve ရဲ့ အဖွင့် open position ကို၊ spring မှဆောင်ရွက်ပေးပြီး၊ sensor မှာ temperature မြင့်တက်လာတဲ့အခါ၊ liquid ဟာ expand ဖြစ်ကာ၊ valve ကိုပိတ်စေပါတယ်။ Normally closed two-port control valves တွေကိုတော့ cooling applications တွေမှာ၊ အသုံးပြုပါတယ်။ valve ကို၊ spring held အနေနဲ့ closed position ဖြင့်ပိတ်ထားပြီး၊ sensor မှာ temperature မြင့်တက်လာတဲ့အခါ၊ liquid ဟာ expand ဖြစ်ကာ၊ valve ပွင့်သွားပါတယ်။
 d = Diameter of valve orifice (mm)
ΔP = Differential pressure (bar)

Fig. Required closing force on the valve plug

self-acting control valve ပိတ်ဖို့၊ closing force လိုအပ်ပြီး၊ required closing force ဟာ၊ valve plug အပေါါမှာသက်ရောက်ပါတယ်။ valve orifice area နဲ့ differential pressure ΔP တို့ကြောင့် required closing force ကိုရရှိလာပါတယ်။ two-port steam valves တွေမှာ၊ differential pressure ΔP ဟာ၊ valve အဝင် upstream absolute steam pressure ကြောင့်ပေါါပေါက်လာခြင်းဖြစ်ပါတယ်။ two-port water valves တွေမှာတော့၊ maximum pump gauge pressure ထဲမှ pump နဲ့ valve inlet ကြား၊ pipeline တလျှောက်မှာ ဖြစ်ပါါတဲ့ pressure loss ကိုနှုတ်ခြင်းဖြင့် differential pressure ΔP ကို ရရှိပါတယ်။ valve orifice diameter ရဲ့ နှစ်ထပ်ကိန်းနဲ့၊ required closing force တို့ဟာ၊ တိုက်ရိုက် အချိုးကျပြီး၊ valve ရဲ့ အရွယ်အစား ကြီးမားလာတာနဲ့အမျှ၊ required closing force ပိုမိုလိုအပ်မှာ ဖြစ်ပါတယ်။

Bellow balanced valve - အရွယ်အစားကြီးမားတဲ့ valves တွေကို၊ liquid filled system control valve အဖြစ်အသုံးပြုတဲ့ အခါ၊ sensing system မှတိုက်ရိုက် actuation အနေနဲ့ တိုက်ရိုက် အသုံးမပြုတာတွေ့ရ ပါတယ်။ လုံလောက်တဲ့ required closing force ကိုရရှိဖို့ bellow သို့မဟုတ် double seat arrangement အစရှိတဲ့၊ balancing mechanism တွေတတ်ဆင်ထားတဲ့ Bellow balanced valves, Double-seated control valves နဲ့ Fixed bleed control valves တွေကိုသာ၊ Liquid filled system control valve အနေနဲ့ အသုံးပြုပါတယ်။ 


Fig. Two-port, normally open, bellows balanced valve

balancing bellow မှာ valve plug area နဲ့ အရွယ်အစားတူ၊ same effective area ရှိတဲ့ seat orifice ကိုတတ်ဆင်ထားပါတယ်။ valve stem ရဲ့ အလယ်ဗဟို center မှ အပေါက်ဖောက်ပြီး၊ valve housing နဲ့ bellow housing တို့ကို၊ balance tube ဖြင့်ဆက်သွယ်ထားပါတယ်။ valve housing မှ upstream pressure ဟာ၊ balance tube မှတဆင့် bellow housing အတွင်းသို့၊ ဝင်ရောက်ပြီး၊ valve plug area နဲ့ အရွယ်အစားတူ၊ same effective area ရှိတဲ့ seat orifice မှာ pressurized အနေနဲ့ သက်ရောက်နေ ပါတယ်။ bellow housing မှ seat orifice ဟာ၊ counteract forces acting ဖြင့် valve housing အတွင်းရှိ valve plug အပေါါကို၊ သက်ရောက်ပါတယ်။ valve plug မှာသက်ရောက်နေတဲ့ differential pressure ΔP ကြောင့်ပေါါပေါက်လာတဲ့ force နဲ့ bellow housing မှ seat orifice မှာသက်ရောက်နေတဲ့ differential pressure ΔP ကြောင့်ပေါါပေါက်လာတဲ့ force တန်ဘိုးတို့ဟာ၊ တူညီပြီး၊ တခုနဲ့တခု ဆန့်ကျင်ဖက်လားရာ opposite directions တွေနဲ့ သက်ရောက်နေတဲ့အတွက်၊ ကြေပျက်သွားပါတယ်။

sensor temperature မြင့်တက်လာတဲ့အခါ၊ liquid ဟာ expand ဖြစ်ကာ sensor နဲ့ capillary system အတွင်းမှာလည်း၊ pressure မြင့်တက်လာတဲ့အတွက်၊ seat orifice မှာ သက်ရောက်နေတဲ့ differential pressure နဲ့ ပေါင်းစပ်ပြီး၊ valve ပိတ်စေနိုင်မယ့်၊ required closing force ရရှိလာပါတယ်။ ပုံမှန် normal balancing bellows အဖြစ်၊ phosphor bronze ကို၊ သုံးထားပြီး၊ higher pressure နဲ့ higher temperature applications တွေအတွက်၊ stainless steel ကို၊ အသုံးပြုလေ့ရှိပါတယ်။

Double-seated control valve - မြင့်မားတဲ့ higher differential pressure မှာ၊ valve ကိုပိတ်နိုင်တဲ့ အတွက်၊ high capacity flow မှာ၊ tight shut-off အနေနဲ့ ပိတ်ဖို့လိုအပ်တဲ့အခါ၊ double-seated control valves တွေကိုအသုံးပြုကြပါတယ်။ valve plug (၂) ခုကို control valve ရဲ့ common spindle မှာ တတ်ဆင်ထားပြီး၊ valve seat (၂) ခု အပေါါထိုင်စေပါတယ်။ differential pressure ဟာ seat တခုပေါါနဲ့ plug တခုပေါါသက်ရောက်နေတဲ့အတွက်၊ force acting ဟာ၊ balanced အနေနဲ့ညီမျှနေပါတယ်။


Fig. Double seated (normally closed) self-acting control valve  

double-seated control valve ရဲ့ component parts တွေမှာ manufacturing tolerances တွေရှိတဲ့ အတွက်၊ tight shut-off ကိုအပြည့်အဝရရှိဖို့မလွယ်သလို၊ valve အောက်ခြေ၊ lower valve plug နဲ့ seat အရွယ်အစားကို၊ valve ရဲ့ အပေါါဖက် upper counterpart valve plug နဲ့ seat အရွယ်အစား ထက်သေးငယ်ပြီး၊ တတ်ဆင်ထားပေမယ့်လည်း၊ tight shut-off ကို အပြည့်အဝ မရရှိနိုင်တာ၊ တွေ့ရ ပါတယ်။ ဒါ့အပြင် valve ကိုလိုအပ်သလို၊ ပြုပြင်ထိမ်းသိမ်းရာမှာ plug assembly တခုလုံးကို၊ valve body ရဲ့အပြင်ဖက်သို့ထုတ်ပြီး၊ servicing လုပ်လို့ မဖြစ်နိုင်သလို၊ high limit safeguard အနေနဲ့ အသုံးမပြုကြတာကိုလည်း၊ တွေ့ရပါတယ်။

Fixed bleed control valve - normally closed valves တွေကို၊ fully shut အနေနဲ့ ပိတ်လိုက်တဲ့အခါ၊ valve အတွင်းမှ၊ သေးငယ်တဲ့ small amount flow ထွက်သွားစေဖို့၊ internal fixed bleed hole ကိုထည့်သွင်းထားလေ့ရှိပါတယ်။ RA ဆိုတဲ့ reverse acting ရရှိဖို့၊ bleed hole ကိုအသုံးပြုထားတဲ့ normally closed self-acting control valves တွေကို၊ fixed bleed control valve လို့ခေါါပါတယ်။ ဒါ့အပြင် fixed bleed control valves တွေကို၊ reverse acting control valve လို့လည်း၊ ခေါါကြပါတယ်။ 


Fig. Normally closed fixed bleed control valve  


Fig. Engine or compressor cooling system

reverse acting control valves တွေကို၊ စက်ရုံအလုပ်ရုံသုံး industrial used engine တွေဖြစ်တဲ့ stationary engines တွေနဲ့ air compressor တွေမှာ၊ coolant ဆိုတဲ့ cooling water ရဲ့ flow ကို၊ control လုပ်ဖို့ အသုံးပြုကြပါတယ်။ reverse acting control valve ကို၊ coolant ရဲ့ upstream မှာ တတ်ဆင်ထားပြီး၊ engines သို့မဟုတ် air compressor ရဲ့ coolant အထွက်၊ downstream မှာတော့၊ sensor ကိုတတ်ဆင်ထားပါတယ်။ engines သို့မဟုတ် air compressor မှ၊ ထွက်လာတဲ့ coolant ဟာ၊ set point temperature ထက်ပိုတဲ့အခါ၊ control valve ပွင့်သွားပြီး၊ coolant ပေးသွင်းမှာဖြစ်သလို၊ required set temperature ရောက်သွားတဲ့အခါ၊ control valve ပိတ်သွားမှာဖြစ်ပါတယ်။ control valve ပိတ်သွားတဲ့ အတွက် coolant ဟာ ဆက်လက်မစီးဆင်းတော့ပဲ၊ engines သို့မဟုတ် air compressor မှာ၊ temperature ပြန်လည်မြင့်တက်လာမှာဖြစ်ပါတယ်။ အကယ်၍ downstream sensor ဟာ၊ မြင့်တက် လာတဲ့ temperature rise ကို၊ အကြောင်းတစုံတခုကြောင့် detecting မလုပ်နိုင်ခဲ့လျှင်၊ engines သို့မဟုတ် air compressor ဟာ overheat အဖြစ်၊ အပူလွန်သွားတဲ့ အခြေအနေသို့၊ ရောက်သွား နိုင်ပါတယ်။

control valve မှာ၊ fixed diameter bleed hole ထည့်သွင်းထားတဲ့အခါ၊ valve ပိတ်နေပေမယ့်လည်း၊ cooling water အနည်းငယ်စီးဆင်းနေပါတယ်။ coolant ရှိနေတဲ့အတွက်၊ required set temperature ကိုရောက်ဖို့၊ အချိန်ပိုကြာလာမှာဖြစ်သလို၊ valve အဖွင့်အပိတ်ပြုလုပ်ရတဲ့၊ အကြိမ်အရည်အတွက်လည်း နည်းသွားပါတယ်။ reverse acting control valves တွေမှာ၊ fusible device ကိုတတ်ဆင်ထားပါတယ်။ အကယ်၍ sensor အလုပ်မလုပ်တဲ့အခါ၊ downstream မှ၊ coolant ဟာ၊ အပူချိန်တက်လာပြီး၊ excess heat ကြောင့် valve အတွင်းမှ fusible device ဟာ အရည်ပျော်သွားမှာဖြစ်ပါတယ်။ fusible device အရည်ပျော်သွားတဲ့အခါ၊ spring tension မရှိတော့တဲ့အတွက်၊ valve plug ဟာ၊ seat ပေါါမှကြွသွားပြီး၊ valve ပွင့် သွားပါတော့တယ်။ fusible device ကို၊ safety device အဖြစ်သတ်မှတ်နိုင်ပြီး၊ melted အဖြစ် အရည်ပျော်သွားတဲ့အခါ၊ အသစ်နဲ့လဲလှယ်အစားထိုးနိုင်ပါတယ်။

Three-port control valves - self-acting control systems တွေမှာ၊ two-port control valves တွေကိုအသုံးပြုသလို၊ three-port control valves တွေဖြစ်တဲ့၊ self-acting piston type three-port control valves တွေနဲ့ self-contained three port control valves တွေကိုလည်း၊ အသုံးပြုပါတယ်။ electric နဲ့ pneumatic actuators တွေကို၊ တတ်ဆင်အသုံးပြုစရာမလိုတဲ့ mixing နဲ့ diverting water applications တွေမှာ၊ self-acting piston type three-port control valves တွေကို၊ တတ်ဆင်ကြပါတယ်။


Fig. Self-acting piston type three-port control valve


Fig. Self-acting piston type three-port control valve used in a mixing application
  

Fig. Self-acting piston type three-port control valve used in a diverting application

piston type three-port control valves တွေ ကို heating အတွက်သာမက၊ air chillers တွေနဲ့ air conditioning applications မှ pumped circuits တွေရဲ့ cooling applications တွေ မှာလည်း၊ အသုံးပြုကြပါတယ်။ mixing နဲ့ diverting applications တွေမှာ constant volume port 'O' ကို၊ common outlet အဖြစ်အသုံးပြုပြီး၊ အသုံးပြုမယ့် applications ပေါါမူတည်ပြီး၊ valve တတ်ဆင်ပုံသာ ကွာခြားပါတယ်။

Self-contained three port control valve - integral temperature sensing device ကို valve အတွင်း ထည့်သွင်းတတ်ဆင်ထားတဲ့၊ three port control valves တွေကို၊ self-contained three port control valve အဖြစ်သတ်မှတ်ပါတယ်။ integral temperature sensing device ကိုအသုံးပြုထားတဲ့အတွက်၊ sensor သို့မဟုတ် external temperature controller တတ်ဆင်အသုံးပြုဖို့ မလိုအပ်တော့တာ၊ တွေ့ရပါတယ်။


Fig. Self contained three-port control valve reducing fire tube corrosion


Fig. Self-contained three-port valves used to control water and oil cooling systems on an air compressor

self-contained three port control valve ကို၊ Low Temperature Hot Water (LTHW) boiler ရဲ့ corrosion control နဲ့ air compressor ရဲ့ cooling system တို့မှာတတ်ဆင် အသုံးပြုပုံအား၊ ဥပမာ အဖြစ်ဖော်ပြထားပါတယ်။


Reference and image credit to : Steam Engineering Tutorials,

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

Saturday 24 March 2012

Happy Birthday Thomas Tun Thu

  
သောမတ်စ်ကလေး (၄) နှစ် ပြည့်ပါပြီ။ ပျှော်ရွှင်စရာ နေ့ရက်တွေကို၊  ဖေဖေ၊ မေမေ တို့နဲ့အတူ  အမြဲတမ်းရယူပိုင်ဆိုင်နိုင်ပါစေလို့ 'ဒူဒူကြီး' ဘလောဂ်ဝိုင်းတော်သားတွေမှ၊ ဆုတောင်းပေးလိုက်ပါတယ်။

Friday 23 March 2012

Operation of Servo-valve in a hydraulic actuator (၂)

servo systems တွေကိုခွဲခြားကြည့်တဲ့အခါ၊ load positioning servo system, velocity servo system နဲ့ force servo system ဆိုပြီးတွေ့ရပါတယ်။ applications တွေပေါါ မူတည်ပြီး၊ servo systems တွေ ကွဲပြားပေမယ့်၊ flapper nozzle type နဲ့ jet pipe type servo-valve (၂) မျိုးထဲမှ၊ တမျိုးကိုအဓိက main component အဖြစ်တတ်ဆင် အသုံးပြုရပါတယ်။ jet pipe type servo-valve မှာ spool ရွှေ့လျှားမှု ဖြစ်ပေါါစေဖို့၊ jet pipe ကိုအသုံးပြုထားပြီး၊ torque motor အလုပ်လုပ်ပုံကတော့ ၊ flapper nozzle type servo-valve အလုပ်လုပ်ပုံနဲ့ တူပါတယ်။

Jet pipe servo-valve - jet pipe ဟာ hydraulic fluid moving ကြောင့်ပေါါပေါက်လာတဲ့ kinetic energy ကို၊ static pressure အဖြစ်ပြောင်းလဲပေး ပါတယ်။ servo-valve ရဲ့ receiver block မှာ အပေါက် hole (၂) ခုပါဝင်ပြီး၊ jet pipe ဟာ၊ hole (၂) ခုရဲ့ center အလယ်ဗဟိုမှာရှိနေတဲ့အခါ၊ servo ဆိုတဲ့ spool ရဲ့ ဟိုဖက်ဒီဖက် both end မှာ သက်ရောက်နေမယ့် hydraulic pressure တွေ၊ ညီမျှနေပါတယ်။ receiver hole တခုဖက်ဆီသို့၊ jet pipe လည်ပတ်ကာရွှေ့လျှားသွားတဲ့အခါ၊ receiver hole ရဲ့ hydraulic pressure ဟာ၊ jet pipe နဲ့ ဝေးသွားတဲ့ receiver hole ရဲ့ hydraulic pressure ထက် ပိုများလာမှာဖြစ်ပါတယ်။ တနည်းအားဖြင့် servo ဆိုတဲ့ spool မှာ pressure unbalanced condition တခုပေါါပေါက်လာခြင်း ဖြစ်ပါတယ်။ 


Fig. Jet pipe centered position and Jet pipe rotate to right side position


Fig. Bernoulli's equation

'Bernoulli’s equation' ကို၊ သုံးပြီး၊ jet pipe ရဲ့ rotational movement ကြောင့်ဖြစ်ပေါါလာမယ့် stagnation pressure (Ps) ကို တွက်ယူနိုင်ပါတယ်။ stagnation pressure ဟာ၊ hydraulic fluid ရဲ့ အလယ် midstream မှာဖြစ်ပေါါမယ့် maximum fluid pressure ဖြစ်ပါတယ်။ jet stream ဟာ၊ receiver block ရဲ့ အလယ်ဗဟိုကို၊ သက်ရောက်နေစဉ်၊ spool ရဲ့ ဟိုဖက်ဒီဖက် both end မှာ သက်ရောက်နေမယ့် hydraulic pressure တွေ၊ ညီမျှနေတဲ့အတွက်၊ (Δp = 0) အနေနဲ့၊ differential pressure ဖြစ်ပေါါခြင်း မရှိနိုင်တာ၊ တွေ့ရပါတယ်။ jet pipe ဟာ၊ receiver block ရဲ့ ညာဖက် 'right side' ကိုရွှေ့လျှားသွားတဲ့ အခါ၊ jet stream ကြောင့် ညာဖက် receiver hole မှာ hydraulic fluid pressure မြင့်တက်လာပြီး၊ ဘယ်ဖက် left side မှာရှိနေတဲ့ receiver hole မှာတော့ pressure ကျဆင်းသွားပါတယ်။ differential pressure 'Δp' ပေါါပေါက်လာခြင်းဖြစ်သလို၊ jet pipe ရဲ့ ရွှေ့လျှားမှု အကွာအဝေးဟာ၊ သေးငယ်လွန်းပေမယ့် differential pressure ဟာ jet pipe travel range နဲ့ linear relation အနေနဲ့ တိုက်ရိုက် အချိုးကျပါတယ်။


Fig. Jet pipe servo-actuator

jet pipe ရဲ့ nozzle diameter နဲ့ receiver hole diameters တွေဟာ၊ relationship အနေနဲ့ ဆက်သွယ်မှု ရှိသလို၊ jet pipe nozzle ရဲ့ performance လို့ခေါါတဲ့ optimization ဟာလည်း၊ servo-valve အတွက် အရေးကြီးပါတယ်။ 'maximum L = 2 Dn' ဆိုတဲ့ nozzle နဲ့ receiver hole အကွာအဝေးဆက်သွယ်ချက် အရ၊ အကွာအဝေး အများဆုံးအကွာအဝေး maximum 'L' ဟာ၊ receiver hole diameter ထက်၊ (၂) ဆ ခန့်သာ ရှိသင့်ပါတယ်။ nozzle နဲ့ receiver hole တို့ဟာ၊ တတ်နိုင်သမျှ အနီးကပ်ဆုံး၊ အကွာအဝေးမှာ ရှိတဲ့အခါ၊ optimization ပိုမိုကောင်းမွန်တာ၊ တွေ့ရပါတယ်။ optimization ကောင်းမွန်မှသာ၊ actuator chamber 'A' နဲ့ 'B' တို့အပေါါ တလှည့်စီသက်ရောက်မယ့် hydraulic pressure 'P1' နဲ့ 'P2' တို့ကိုလည်း၊ maximum pressure အနေနဲ့ ရရှိနိုင်ပါတယ်။ Jet pipe servo-valve ရဲ့ spool မှာ differential pressure 'Δp' သက်ရောက်နေစဉ်၊ stabilizing force ရရှိဖို့၊ Flapper nozzle servo-valve တွေကဲ့သို့၊ feed back spring wire သို့မဟုတ် linear variable differential transducer တွေကိုတတ်ဆင် အသုံးပြုပါတယ်။

jet pipe servo-valve ရဲ့ receiver block hole diameter ဟာ၊ ကြီးမားပါတယ်။ hole diameter ကြီးမားတဲ့ အတွက်၊ hydraulic fluid မှာ ရောနှောပါဝင်နေတဲ့ အမှုန်၊ အနည်နဲ့ အညစ်အကြေးတွေကြောင့် contamination ရှိနေပေမယ့်၊ jet pipe servo-valve ရဲ့ servo operation ကို၊ ထိခိုက်နိုင်ခြင်း မရှိတာတွေ့ရပါတယ်။ jet pipe orifices ဆိုတဲ့ jet pipe nozzles တွေရဲ့ diameter ဟာ၊ flapper nozzle diameter ထက်၊ ပိုကြီးပါတယ်။ jet pipe nozzle diameter ကြီးမားတဲ့အတွက် jet pipe servo-valve မှာ leakage flow ဆိုတဲ့၊ internal leakage ဖြစ်ပေါါတတ်သလို၊ flapper nozzle servo-valve မှာတော့ flapper nozzle diameter သေးငယ်တဲ့အတွက်၊ hydraulic fluid contamination ကြောင့်၊ ပိတ်ဆို့တတ် ပါတယ်။ flapper nozzle ပိတ်ဆို့တဲ့အခါ၊ spool ဟာ direction တဖက်တည်းကိုသာရွှေ့လျှားပြီး၊ အခြားတဖက်ကို မရွှေ့နိုင်ပဲ၊ ရပ်နေတတ်ပါတယ်။

Servo - spool ကို၊ hydraulic fluid pressure ပေးသွင်းပြီး၊ ဟိုဖက်ဒီဖက် လိုအပ်သလိုရွှေ့လျှားစေခြင်းကို 'servo movement' အဖြစ် သတ်မှတ်ပါတယ်။ servo movement ရရှိစေဖို့ အသုံးပြုတဲ့ spool ဟာ rod တခုနဲ့ ဆက်ထားတဲ့ lands (၂) ခုပါဝင်တဲ့ spool ဖြစ်ပြီး၊ bushing လို့ခေါါတဲ့ outer sleeve အတွင်းမှာရွှေ့လျှားပါတယ်။ sleeve မှာ hydraulic fluid စီးဝင်နိုင်ဖို့ flow port တွေဖောက်ထားပြီး၊ spool နဲ့ outer sleeve တို့ကို၊ ပေါင်းစပ်ကာ 'servo' လို့ခေါါပါတယ်။ 'servo' ဟာ၊ hydraulic paths ရဲ့ actuation component တခုဖြစ်ပါတယ်။ spool ရဲ့ position ရွှေ့လျှားမှုဟာ၊ valve အတွင်း ဖြတ်သန်းစီးဆင်းသွားမယ့် hydraulic fluid ရဲ့ flow area ပေါါမူတည်ပါတယ်။ flow area ကို control လုပ်ခြင်းဖြင့်၊ spool ရဲ့ position ရွှေ့လျှားပြောင်းလဲမှု ဖြစ်ပေါါပါတယ်။ open/ closed ဆိုတဲ့ 'two position solenoid controlled', applied current ကိုလိုအပ်သလိုပြောင်းလဲပေးတဲ့ 'proportional solenoid controlled' နဲ့ 'mechanical lever controlled' အစရှိတဲ့ နည်းလမ်းတွေကိုသုံးပြီး၊ flow area ကို control လုပ်ကြပါတယ်။  


Fig. Basic servo


Fig. Servo flow characteristic equation

'Servo flow characteristic equation' လို့ခေါါတဲ့ 'Turbulent orifice flow equation' အရ၊ valve spool position 'Xv' ဟာ၊ flow cross-sectional area 'Av' နဲ့ဆက်သွယ်နေပါတယ်။ flow cross sectional area ကြောင့် valve spool position ဖြစ်ပေါါပါတယ်။ servo ရဲ့ flow rate ကိုတော့၊ outlet flow area မှ controlled လုပ်ပြီး၊ outlet flow area ဟာ၊ inlet flow area ထက်သေးငယ်ပါတယ်။ 


Fig. Servo lapping  

bushing လို့ခေါါတဲ့ outer sleeve အတွင်းမှာ spool တည်ရှိနေပုံ အနေအထားကို 'lapped' လို့ခေါါပါတယ်။ spool တည်ရှိနေပုံ အနေအထားအပေါါမူတည်ပြီး၊ servo တွေကို zero lapped servo, over lapped servo နဲ့ under lapped servo အဖြစ်ခွဲခြား၊ သတ်မှတ်ပါတယ်။ 'zero lapped servo' ရဲ့ land width အကျယ်နဲ့ flow port တွေရဲ့ width ဟာတူညီပါတယ်။ land width နဲ့ port width တူညီနေတဲ့အတွက်၊ outlet မှာ zero flow position ဖြစ်ပေါါနေပြီး၊ tightest control အနေနဲ့ တိကျမှုရှိတဲ့ high precision servo-valves တွေအဖြစ်၊ အသုံးပြုပါတယ်။ 'over lapped servo' မှာတော့ land width ဟာ flow port width ထက်ပိုကြီးပါတယ်။ spool ရွှေ့လျှားတဲ့အခါ ပေါါပေါက်လာမယ့် flow area vs pressure curve ဆိုတဲ့ flow area နဲ့ pressure ဆက်သွယ်ချက်မှာ၊ dead-band အနေနဲ့တွေ့နိုင်ပါတယ်။ minimum spool movement ဟာ overlap dimension နဲ့ညီမျှပြီး၊ spool ရွှေ့လျှားပြီးမှသာ outlet flow စီးဆင်းပါတယ်။ overlapped servo တွေရဲ့'noise' factors tolerant ဟာကြီးမားပါတယ်။ 'noise' factors tolerant ကြီးမားတဲ့အတွက်၊ တိကျတဲ့ control accuracy ရရှိနိုင်မှု ကျဆင်းသွားပါတယ်။ under lapped servo ရဲ့ land width ဟာ၊ port width ထက်ငယ်တဲ့အတွက်၊ spool position အကုန်လုံးမှာ၊ outlet flow စီးဆင်းနေပါတယ်။ outlet flow ကြိုတင်ရှိနေတဲ့အတွက်၊ control response ပိုမြန်တာ၊ တွေ့ရပါတယ်။


Fig. Flow rate behavior 

'Turbulent orifice flow equation' အရ၊ servo port ရဲ့ flow area ကို၊ 'A (Xv)' အဖြစ် သတ်မှတ်ပါတယ်။ flow area ဟာ valve တည်ဆောက်ပုံ type ပုံသဏ္ဍန်နဲ့ spool position တို့ အပေါါမူတည်ပါတယ်။ differential pressure Δp ဟာ၊ constant အနေနဲ့တည်ငြိမ်နေတဲ့အခါ၊ flow rate နဲ့ flow area တို့ဟာ၊ proportionally varies အနေနဲ့ တိုက်ရိုက် အချိုးကျပြောင်းလဲနေမှာ ဖြစ်ပါတယ်။ flow area ဟာ constant အနေနဲ့ အပြောင်းအလဲမရှိတဲ့အခါမှာတော့၊ flow rate နဲ့ differential pressure Δp တို့ဟာ၊ square root varies ဆိုတဲ့ နှစ်ထပ်ကိန်းရင်းဆက်သွယ်ချက်နဲ့ လိုက်ပါပြောင်းလဲနေပါတယ်။


Fig. Effects of valve lapping on flow

အပေါါမှာဖော်ပြထားတဲ့ 'flow curve' ဟာ၊ differential pressure Δp ဟာ၊ constant အနေနဲ့ တည်ငြိမ်နေတဲ့အခြေအနေမှာ၊ servo မှ sleeve port အတွင်းသို့ဝင်ရောက်လာမယ့် hydraulic fluid ရဲ့ controlled flow နဲ့ valve position တို့ရဲ့ဆက်သွယ်ချက်ဖြစ်ပါတယ်။ zero lapped spool မှာ curve ဟာ controlled flow နဲ့ valve position တို့ရဲ့ origin point ကိုတဖြောင့်တည်း ဖြတ်သန်းသွားတာ၊ တွေ့ရ ပါတယ်။ overlapped servo မှာ၊ flow ဟာ zero အနေနဲ့ ရှိနေပြီး၊ sufficiently moved အနေနဲ့ spool ရွှေ့လျှားသွားမှ flow စတင် စီးဆင်းပါတယ်။ under lapped valve မှာတော့ flow ဟာ servo ရဲ့ directions (၂) ဖက်စလုံးသို့စီးနေပြီး၊ spool စတင်ရွှေ့လျှားတဲ့အခါ၊ zero flow အနေနဲ့ ရပ်တန့် သွားပါတယ်။ spool စတင်ရွှေ့လျှားခြင်းကို load စတင် ထမ်းဆောင်ခြင်းအဖြစ်၊ သတ်မှတ်နိုင်ပြီး၊ zero flow အနေနဲ့ servo မှ hydraulic fluid စီးဆင်းခြင်းမရှိတဲ့အခြေအနေကို၊ 'null' position လို့ခေါါပါတယ်။ spool ဟာ null position ကိုကျော်လွန်သွားတာနဲ့ လျှင်မြန်စွာရွှေ့လျှားသွားပြီး၊ sleeve ရဲ့ outlet port ကို အလျှင်အမြန်ပိတ်လိုက်ပါတယ်။


Fig. Flow rate behavior for a two position servo


Fig. Mechanically positioned servo

open/ closed ဆိုတဲ့ 'two position solenoid controlled' servo တွေမှာ၊ spool မရွှေ့လျှားခင် minimum flow area 'Amin' မှာ၊ zero flow အနေနဲ့ servo မှ hydraulic fluid စီးဆင်းခြင်း မရှိပဲ၊ spool ရွှေ့လျှားမှုကြောင့် maximum flow area 'Ama' ကို၊ 100 mili-seconds အောက်အချိန်တိုလေး အတွင်းမှာ၊ ချက်ခြင်းရရှိနိုင်ပါတယ်။ 'mechanical lever controlled' ဆိုတဲ့ mechanically positioned servo တွေမှာတော့၊ flow area ဟာ၊ mechanically input force 'F' နဲ့ ညီမျှပါတယ်။ တနည်းအားဖြင့် mechanically input force အပေါါမှာတိုက်ရိုက်မှီခိုပြီး၊ flow area ပြောင်းလဲတယ်လို့၊ ဆိုနိုင်ပါတယ်။


Fig. Spool grooves servo

spool outer diameter နဲ့ bushing လို့ခေါါတဲ့ sleeve ရဲ့ inner diameter အကြားသေးငယ်တဲ့၊ small clearance နေရာလေးမှာ မညီညာတဲ့ unequal pressure ဖြစ်ပေါါတတ်ပြီး၊ 'lateral force' လို့ခေါါပါတယ်။ lateral force ဟာ spool ရွှေ့လျှားမှုအပေါါအနှောက်အယှက်ပေးတတ်ပြီး၊ 'hydraulic lock' ဖြစ်ပေါါစေတတ်ပါတယ်။ lateral force ပမာဏကြီးမားတဲ့အခါ၊ applied hydraulic pressure ကို ပိုမိုပေးသွင်းပေမယ့်၊ servo ဟာ၊ ရွှေ့လျှားခြင်းမရှိပဲ ရပ်တန့်နေတတ်ပါတယ်။ spool ရဲ့ outer diameter မှ minor machining tolerances တွေကြောင့်၊ spool periphery လို့ခေါါတဲ့ external surface မှာ varying leakage flow အနည်းငယ် ရှိနေရာမှတဆင့်၊ unequal pressure ပေါါပေါက်ပြီး၊ lateral force ဖြစ်ပေါါလာတာကိုလည်း၊ တွေ့ရတတ်ပါတယ်။ spool outer diameter မှာ၊ machined grooves တွေ ပြုလုပ်ပြီး၊ lateral force ကိုလျှော့ချနိုင်ပါတယ်။ lands တွေပေါါမှာ grooves တွေ ပြုလုပ်ထားတဲ့အခါ၊ spool periphery မှာ equalized pressure ရရှိနိုင်ပါတယ်။

Reference and Image credit to : http://www.daerospace.com/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.  

Wednesday 21 March 2012

Operation of Servo-valve in a hydraulic actuator (၁)

hydraulic systems တွေကို open loop system နဲ့ closed loop system ဆိုပြီးခွဲခြားသတ်မှတ်ပါတယ်။ open loop system ဆိုတာကတော့၊ အသုံးပြုပြီး cycle ရဲ့ အဆုံးမှာ၊ unpressurized fluid return အနေနဲ့ hydraulic tank သို့၊ hydraulic fluid ပြန်လာတဲ့ system ဖြစ်ပါတယ်။ pump-inlet နဲ့ motor-return တို့ကြားမှာ directional valve တလုံး ခံထားပြီး၊ hydraulic tank နဲ့ ဆက်သွယ်ထားပါတယ်။ closed loop system မှာတော့၊ အသုံးပြုပြီး cycle ရဲ့အဆုံးမှာ၊ closed pressurized loop တခုအတွင်း hydraulic fluid ရှိနေပြီး၊ hydraulic tank သို့၊ return အနေနဲ့  ပြန်မလာတဲ့ system ဖြစ်ပါတယ်။ closed loop system မှ hydraulic pump-inlet နဲ့ hydraulic motor-return line တို့ကိုတိုက်ရိုက် ဆက်သွယ်ထားပါတယ်။
Fig. Open loop system and closed loop system

electrical signal ကိုသုံးကာ၊ valve spool ရဲ့ position လိုအပ်သလို ပြောင်းလဲရွှေ့လျှားစေနိုင်တဲ့ hydraulic valves တွေကို၊ servo-valves လို့ခေါါပြီး၊ flapper nozzle type နဲ့ jet pipe type ဆိုပြီးတွေ့ရ ပါတယ်။ closed loop control system တွေမှာ တိကျတဲ့ accurate position control လိုအပ်တဲ့အခါ၊ servo-valve ကို command sensor, feedback sensor တွေအပါအဝင် analog သို့မဟုတ် digital controllers တွေနဲ့ တွဲဖက် အသုံးပြုပါတယ်။ hydraulic actuators တွေနဲ့ hydraulic motors တွေကို၊ control လုပ်ရန် servo-valve တွေကို အသုံးပြုခြင်းဖြစ်ပါတယ်။ servo-valve ကို hydraulic actuator နဲ့ combination အဖြစ်တွဲဖက်အသုံးပြုတဲ့အခါ၊ servo-actuator လို့ခေါါပါတယ်။ servo-valve ကို low power electrical signal ပေးသွင်းရုံနဲ့၊ actuator သို့မဟုတ် motorကို၊ တိကျတဲ့ accurate position ဖြင့်ရွှေ့လျှားစေပါတယ်။ servo-valves တွေမှာ၊ torque motor, flapper nozzle သို့မဟုတ် jet pipe နဲ့ spools တွေပါဝင်ပါတယ်။ 


Fig. Cut way view for flapper nozzle type 2-stage servo-valve

Fig. Cross section view for flapper nozzle type 2-stage servo-valve

actuator သို့မဟုတ် motor ကို တိကျတဲ့ accurate position ဖြင့်ရွှေ့လျှားစေဖို့ servo valves တွေဟာ၊ ပထမအဆင့် 'Stage 1' နဲ့ ဒုတိယအဆင့် 'Stage 2' ဆိုပြီး၊ အဆင့် (၂) ဆင့်နဲ့ အလုပ်လုပ်ပါတယ်။ တခါတရံ တတိယအဆင့် 'Stage 3' ထည့်သွင်းထားတဲ့ servo valves တွေကိုလည်း တွေ့ရတတ်ပါတယ်။ ပထမ အဆင့် 'Stage 1' အနေနဲ့ hydraulic pressure amplification ကို၊ flapper nozzle သို့မဟုတ် jet pipe နဲ့ spools တို့မှဆောင်ရွက်ပေးပါတယ်။ low power electrical signal ကြောင့်၊ flapper nozzle သို့မဟုတ် jet pipe ဟာရွှေ့လျှားပြီး၊ differential pressure 'Δp' ဖြစ်ပေါါလာပါတယ်။ 'Δp' ကြောင့် spool ရွှေ့လျှားပြီး၊ spool မှ Δp ကို amplification အဖြစ်၊ pressure တိုးစေကာ၊ actuator သို့မဟုတ် motor သို့ သက်ရောက်စေပါတယ်။ spool မှ actuator သို့မဟုတ် motor သို့ hydraulic pressure တိုက်ရိုက် သက်ရောက်စေခြင်းဟာ၊ ဒုတိယအဆင့် 'Stage 2' ဖြစ်ပါတယ်။ တတိယအဆင့် 'Stage 3' ထည့်သွင်းထားတဲ့ servo valves တွေမှာတော့ additional spool ကိုတတ်ဆင်ထားပြီး၊ spool ကြောင့်ပေါါပေါက်လာတဲ့ ဒုတိယအဆင့် 'Stage 2' မှ hydraulic pressure ကို additional spool သို့  သက်ရောက်စေပါတယ်။ additional spool valve မှာ သက်ရောက်တဲ့ pressure မှတဆင့် actuator သို့မဟုတ် motor သို့ပေးသွင်းခြင့်ဖြင့်၊ servo system ကိုဆောင်ရွက်စေပါတယ်။

servo-valve မှာ hydraulic pressure inlet နဲ့ torque motor အတွက်၊ electrical input တို့ပါရှိပါတယ်။ electrical input current ဟာ flapper position ကို controlled လုပ်ပါတယ်။ စီးဝင်လာတဲ့ electrical input current ရဲ့ (+) positive သို့မဟုတ် (-) negative ပမာဏပေါါမူတည်ပြီး flapper ရွှေ့လျှားပါတယ်။ flapper ရွှေ့လျှားမှုမှတဆင့် servo-valve အတွင်းမှ၊ spool ရွှေ့လျားပြီး၊ actuator ရဲ့chambers 'A' နဲ့ 'B' တို့အတွင်းမှ hydraulic pressure ကို၊ controlled လုပ်ပါတယ်။ spool ရွှေ့လျားတဲ့အခါ၊ servo-valve ရဲ့ port တွေမှာ အဖွင့်အပိတ် ဖြစ်ပေါါကာ၊ hydraulic pressure ကို actuator ရဲ့ တဖက်အခြမ်းအတွင်းသို့ စီးဆင်းစေပါတယ်။ actuator ရဲ့ အခြားတဖက် အခြမ်းအတွင်းမှ hydraulic fluid ကိုတော့၊ servo-valve အတွင်းသို့ return အနေနဲ့ ပြန်လည်၊ စီးဝင်စေပါတယ်။ 

Flapper nozzle servo-valve - electromagnetic torque motor ဟာ flapper ကိုရွှေ့လျှားစေပြီး၊ motor မှာ၊ ဖြစ်ပေါါလာတဲ့ torque ဟာ၊ ပေးသွင်းတဲ့ applied current နဲ့ proportionally တိုက်ရိုက် အချိုးကျပါတယ်။ applied current အနေနဲ့ သေးငယ်တဲ့၊ mili-ampere range ပမာဏ အတွင်းမှာသာ၊ ပေးသွင်းပါတယ်။ torque motor မှာ၊ magnetically permeable armature (၁) ခု ပါဝင်ပြီး၊ coil (၂) ခုကို armature winding အနေနဲ့ပတ်ထားပါတယ်။ armature ဟာ flapper piece ရဲ့အစိတ်အပိုင်းဖြစ်သလို၊ permanent magnets (၂) ခုအကြားမှာ တတ်ထားပါတယ်။ applied current ကို armature coil သို့ပေးသွင်းတဲ့အခါ၊ armature မှာ၊ magnetic flux တွေပေါါပေါက်လာပါတယ်။ permanent magnets တွေရဲ့ magnetic poles တွေကြားမှာ၊ ပေးသွင်းတဲ့ applied current ရဲ့ direction အရ၊ armature မှ magnetic poles တွေရှိနေပါတယ်။ permanent magnets တွေဟာ၊ armature မှာဖြစ်ပေါါတဲ့ magnetic poles ရဲ့ direction ပေါါမူတည်ပြီး၊ direction မတူတဲ့အခါ attraction အနေနဲ့ ဆွဲယူမှာဖြစ်သလို၊ direction တူတဲ့အခါ repelling အနေနဲ့ တွန်းကန်မှာ ဖြစ်ပါတယ်။

permanent magnets တွေရဲ့ attraction နဲ့ repelling ကြောင့်၊ armature ဟာ၊ torque တန်ဖိုးပမာဏ တခုနဲ့ လည်ပတ်သွားပါတယ်။ armature လည်ပတ်တဲ့အခါ၊ flapper လည်းရွှေ့လျှားပါတယ်။ လည်ပတ်သွားတဲ့ armature ကို၊ permanent magnets တွေဟာ position တခုမှာ lock အနေနဲ့ ပုံသေ ရှိနေစေပြီး၊ applied current ပမာဏထပ်မံတိုးမြှင့်မှသာ၊ armature ဟာ နောက်ထပ် position တခုသို့ ဆက်လက်လည်ပတ်မှာဖြစ်ပါတယ်။ flapper ဟာ၊ armature မှာသက်ရောက်တဲ့ magnetic flux တွေကြောင့်၊ lock အနေနဲ့ position တခုမှာ ပုံသေ ရှိနေတဲ့အပြင်၊ nozzles တွေမှာရှိနေတဲ့ hydraulic flow forces, flapper hinge point ရဲ့ friction force တို့ အပါအဝင်၊ flapper နဲ့ spool တို့ကို ဆက်သွယ်ပေးထားတဲ့ feed back spring wire ရဲ့ forces တွေကြောင့်၊ torque balance အနေနဲ့ တည်ငြိမ်နေမှာဖြစ်ပါတယ်။ flapper နဲ့ spool တို့ကို feed back spring wire နဲ့ချိတ်ဆက်ထားတဲ့အတွက်၊ servovalve မှာ stability ကို ပိုမိုရရှိနိုင်သလို၊ valve ရဲ့ performance လည်းပိုကောင်းမွန်လာပါတယ်။

အကယ်၍ applied current ရဲ့ direction ကိုပြောင်းလဲပြီး၊ ပေးသွင်းလိုက်တဲ့အခါ၊ armature ဟာမူလ permanent magnet မှ၊ အခြား permanent magnet တခုထံသို့ reverse direction ဖြင့်လည်ပတ်ကာ၊ ရွှေ့လျှားသွားမှာဖြစ်ပါတယ်။ armature ရဲ့ လည်ပတ်မှုကြောင့် flipper ဟာ၊ nozzle တခုနဲ့ ပိုမိုနီးကပ်သွားပြီး၊ အခြား nozzle တခုနဲ့ ပိုဝေးသွားပါတယ်။ flipper ဟာ၊ nozzle တခုနဲ့ ပိုမိုနီးကပ်သွားတဲ့အခါ၊ flipper နဲ့ nozzle အကြားမှ hydraulic fluid ရဲ့ flow area ဟာ ကျဉ်းသွားပြီး၊ အခြားတဖက်မှာတော့ flow area ကျယ်သွားမှာဖြစ်ပါတယ်။ armature ဟာ၊ (~ 0.01 radius) ပမာဏခန့်သာရှိတဲ့ အလွန်သေးငယ်တဲ့ angle နဲ့သာ direction of rotation အဖြစ်၊ လည်ပတ်သလို၊ flipper နဲ့ nozzle တို့ကြားမှ gap အကွာအဝေး 'G' ဟာလည်း (0.002 ~ 0.003) inches ခန့်သာ ရှိပါတယ်။

 
Fig. Flapper nozzle servo-actuator

'G' ဆိုတဲ့ flipper နဲ့ nozzle တို့ကြားမှ gap အကွာအဝေးကြီးမားခဲ့လျှင်၊ armature ဟာ direction of rotation အနေနဲ့၊ ဆက်လက် မလည်ပတ်နိုင်တော့တဲ့အပြင်၊ flipper မှာရှိနေတဲ့ torque balance forces တွေကြောင့် latch အနေနဲ့ ကန့်လန့် အတားအဆီးတခုလို၊ ဖြစ်သွားတတ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ 'Flapper nozzle servo-actuator' မှာ၊ nozzle ရဲ့ အဝင် inlet ဟာ orifices inlet (၂) ခုဖြစ်ပြီး၊ 'Q1' နဲ့ 'Q2' အဖြစ်သတ်မှတ်ပါတယ်။ nozzle ရဲ့ အထွက် outlet (၂) ခုကို 'n1' နဲ့ 'n2' အဖြစ် သတ်မှတ်သလို၊ flapper နဲ့ spool တို့ကို ဆက်သွယ်ပေးထားတဲ့ feed back spring wire ကိုတော့၊ nozzle ရဲ့ back pressure 'n3' အဖြစ်သတ်မှတ်ပါတယ်။ nozzle inlet orifice 'Q1' နဲ့ 'Q2' တို့ဟာ၊ flapper ရဲ့ ရွှေ့လျှားမှုပေါါမူတည်ပြီး hydraulic pressure နဲ့ volume အပြောင်းအလဲကို၊ ဆောင်ရွက်ပေးပါတယ်။ 


Fig. Flapper nozzle

flapper နဲ့ nozzle တို့ဟာ linear relation ဖြင့်ဆက်စပ်နေပြီး၊ flapper နဲ့ nozzle တို့ကြားမှာပေါါပေါက် လာမယ့် circumferential area ဟာ၊ nozzle diameter ထက်သေးငယ်ပါတယ်။ nozzle တို့ကြားမှ circumferential area ဟာ၊ flow control area ဖြစ်ပါတယ်။ ဒါ့အပြင် flapper ရဲ့ သေးငယ်တဲ့ ရွှေ့လျှားမှု movement မှတဆင့်၊ accurate control ကို ရရှိစေတဲ့အတွက်၊ torque motor ရဲ့ materials, windings နဲ့ overall design features တွေဟာလည်း၊ အရေးကြီးပါတယ်။ flapper ရဲ့ movement ကြောင့် ဖြစ်ပေါါ လာတဲ့ accurate control ဟာ pilot spool သို့၊ သက်ရောက်ပြီး၊ pilot spool ရဲ့ မှတဆင့်၊ actuator ကို၊ actual control အနေနဲ့ ရွှေ့လျှားစေမှာဖြစ်ပါတယ်။ pilot spool ရဲ့ ဟိုဖက်၊ ဒီဖက် both sides (၂) ဖက် စလုံးမှာ၊ flapper နဲ့ nozzles တို့ရဲ့ control pressure acting သက်ရောက်ပါတယ်။ flapper ဟာ အလယ်ဗဟို neutral position မှာရှိနေစဉ်၊ ဟိုဖက်၊ ဒီဖက် nozzle flow areas တွေဟာ ညီမျှနေမှာ ဖြစ်သလို၊ nozzle ရဲ့ အထွက် outlet pressures 'Pn1' နဲ့ 'Pn2' တို့ဟာလည်း၊ ညီမျှနေမှာဖြစ်ပါတယ်။ nozzle ရဲ့ အဝင် inlet မှ flow areas တွေ ညီမျှနေခြင်းနဲ့ inlet nozzle pressures တွေ ညီမျှနေခြင်းကလည်း၊ neutral position မှာရှိနေတဲ့ flapper ကိုပိုမိုတည်ငြိမ်စေပါတယ်။

flipper ဟာ၊ nozzle 'n1' နဲ့ ပိုမိုနီးကပ်သွားတဲ့အခါ၊ nozzle ရဲ့ အထွက် outlet flow area ကျဆင်းသွားပြီး၊ outlet pressures 'Pn1' မြင့်တက်လာပါတယ်။ တချိန်တည်းမှာပဲ nozzle 'n2' ရဲ့ outlet flow area မြင့်တက်သွားပြီး၊ outlet pressures 'Pn2' ကျဆင်းသွားပါတယ်။ မတူညီတဲ့ outlet pressures 'Pn1' နဲ့ outlet pressures 'Pn2' တို့ကြောင့် differential pressure 'Δp' ပေါါပေါက်လာပြီး၊ "(differential pressure Δp = Pn1 – Pn2)" အရ spool ဟာ၊ outlet pressures နည်းတဲ့ nozzle 'n2' ဖက် အခြမ်းသို့၊ ရွှေ့သွားပါတယ်။ high pressure fluid ဟာ၊ actuator chamber 'PA' အတွင်းသို့စီးဝင်လာပြီး၊ actuator chamber 'PB' အတွင်းမှ fluid ကတော့ return အနေနဲ့ servo-valve အတွင်းသို့ ပြန်လည် စီးဆင်းသွားပါတယ်။ flapper ဟာ nozzle 'n1' ဖက်သို့ရွှေ့သွားစဉ်၊ feed back spring wire မှ၊ neutral position သို့ပြန်လည်ဆွဲယူပါတယ်။


Fig. Fiber-optic force sensor

flapper system မှာ stabilizing force ရရှိဖို့ တတ်ဆင်ထားတဲ့၊ spring wire အစား linear variable differential transducer တွေကိုလည်း feed back အဖြစ်၊ တတ်ဆင်အသုံးပြုပါတယ်။ 'Hall effect' sensor သို့မဟုတ် piezoelectric sensor နဲ့ fiber-optic force sensor အစရှိတဲ့ linear variable differential transducer တွေရဲ့ output signal ဟာ၊ armature သို့ ပေးသွင်းနေတဲ့ applied current ကို၊ control လုပ်ပြီး stabilizing ရရှိဖို့၊ ဆောင်ရွက်ပေးနိုင်ပါတယ်။


Reference and Image credit to : http://www.daerospace.com/, http://www.valvehydraulic.com/, http://robotics.case.edu/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

Saturday 10 March 2012

VVT-i - automobile variable valve timing system

fluid flow-rate ကိုပြောင်းလဲဖို့၊ အသုံးပြုတဲ့၊ "Control Valves" တွေအကြောင်းရေးနေရင်း၊ automobile internal combustion engines တွေမှာ၊ အသုံးပြုတဲ့ inlet နဲ့ exhaust valve control systems တွေ အကြောင်း၊ ရေးပါဦးမယ်။ VVT-i ဆိုတာကတော့၊ ကားတွေရဲ့ internal combustion engines တွေမှာ အသုံးပြုတဲ့၊ 'automobile variable valve timing system' ဖြစ်ပြီး၊ 'variable valve timing with intelligence system' ကို၊ အတိုကောက်ခေါါတာဖြစ်ပါတယ်။ Toyota ကားတွေမှာ၊ VVT-i လို့ခေါါပြီး၊ BMW ကားတွေ မှာတော့ VANOS လို့ခေါါပါတယ်။

VVT-i (variable valve timing with intelligence system) - Toyota ကားတွေမှာ၊ VVT-i စနစ်ကို မသုံးခင်က၊ VVT စနစ်ကိုသုံးခဲ့ပါတယ်။ VVT စနစ်ဟာ၊ 2-stage hydraulically controlled cam phasing system ဖြစ်ပြီး၊ VVT စနစ်ကိုအစောဆုံး သုံးခဲ့တဲ့၊ engine ကတော့ Toyota 4A-GE အင်ဂျင် ဖြစ်ပါတယ်။
  Fig. VVT-i system

VVT-i စနစ်ကို (၁၉၉၆) ခုနှစ်မှာ၊ စတင်အသုံးပြုခဲ့ပါတယ်။ belt, scissor-gear နဲ့ chain အစရှိတဲ့၊ camshaft drive တွေနဲ့ intake camshaft တို့ကြောင့်၊ intake valve အဖွင့်အပိတ် ပြုလုပ်နေစဉ်၊ actuator မှ camshaft position ဆိုတဲ့ cam lobe အနေအထားကို၊ ပြောင်းလဲစေခြင်းဖြစ်ပါတယ်။ exhaust valve closing နဲ့ intake valve opening ကြားကာလ၊ overlap period လို့ခေါါတဲ့ valve timing ကို၊ actuator drive camshaft မှ၊ လိုအပ်သလို ပြောင်းလဲချိန်ညှိပေးတာဖြစ်ပြီး၊ engine efficiency ပိုကောင်းမွန်လာ ပါတယ်။ VVT-i system တွေကို၊ ခွဲခြားကြည့်တဲ့အခါ၊ VVTL-i, Dual VVT-i, VVT-iE နဲ့ Valvematic system ဆိုပြီးတွေ့ရပါတယ်။ 

VVTL-i (Variable valve timing and lift intelligent system) - 2ZZ-GE အင်ဂျင် တတ်ဆင်ထားတဲ့၊ Toyota Celica တွေမှာ (၂၀၀၀) ခုနှစ်ခန့်ကစတင် အသုံးပြုခဲ့ပေမယ့်၊ hydrocarbon emissions နဲ့ပက်သက်ပြီး၊ ပြဌာန်းထားတဲ့ European emission standards တွေထဲမှ၊ 'Euro IV' specifications နဲ့ မကိုက်ညီတဲ့အတွက်၊ VVTL-i စနစ်ကို၊ အသုံးမပြုတော့တာ၊ တွေ့ရပါတယ်။ 2ZZ-GE engine တတ်ဆင်ထားတဲ့၊ Corolla T-Sport (Europe), Corolla Sportivo (Australia), Celica, Corolla XRS, Toyota Matrix XRS နဲ့ Pontiac Vibe GT အစရှိတဲ့၊ Toyota ကားတွေကို၊ ဆက်လက် မထုတ်လုပ်တာ၊ တွေ့ရမှာဖြစ်သလို၊ Lotus Elise ကား မှာတော့ 2ZZ-GE အစား၊ supercharger တတ်ဆင်ထားတဲ့၊ 1ZZ-FE ကိုပြောင်းလဲတတ်ဆင်ပြီး၊ ထုတ်လုပ်တာ၊ တွေ့ရပါတယ်။


Fig. OHV - overhead valve type engine

engine တွေရဲ့ cylinder head ကို၊ camshaft တတ်ဆင်ပုံအနေအထားပေါါမူတည်ပြီး၊ OHV - overhead valve type နဲ့ OHC - overhead cam type ဆိုပြီး၊ ခွဲခြားပါတယ်။ OHV engine တွေ ကို၊ "Pushrod" engine လို့လည်းခေါါကြပါတယ်။ OHV engine မှာ၊ camshaft ကို၊ engine block အတွင်း တတ်ဆင် ထားပြီး၊ lifters, pushrods နဲ့ rocker arms တွေမှတဆင့်၊ inlet နဲ့ exhaust valves တွေကို၊ အဖွင့်နဲ့ အပိတ်အဖြစ်၊ ရွှေ့လျှားစေပါတယ်။ engine head ရဲ့ အပေါါမှာ၊ inlet နဲ့ exhaust valves တွေကို၊ တတ်ဆင်ထားတဲ့အတွက်၊ OHV - overhead valve type အဖြစ်သတ်မှတ်ခြင်းဖြစ်ပါတယ်။
Fig. OHC - overhead cam type/ SOHC - single overhead cam engine


Fig. DOHC - double overhead cam/ Twin cam engine

OHC engine ကို၊ SOHC ဆိုတဲ့၊ single overhead cam နဲ့ DOHC ဆိုတဲ့ double overhead cam type ဆိုပြီး ထပ်မံခွဲခြား ပါတယ်။ DOHC ကို "Twin Cam" လို့လည်း၊ ခေါါပါတယ်။ camshaft ကို cylinder head အပေါါတတ်ဆင်ထားပြီး၊ rocker arms သို့မဟုတ် lifters တွေမှတဆင့်၊ inlet နဲ့ exhaust valves တွေကို၊ အဖွင့်နဲ့အပိတ်အဖြစ်၊ ရွှေ့လျှားစေပါတယ်။ DOHC engine မှာတော့၊ cylinder head အပေါါမှာ၊ camshaft (၂) ချောင်းတတ်ဆင်ထားပြီး၊ rocker arms သို့မဟုတ် lifters တွေမှတဆင့်၊ inlet နဲ့ exhaust valves တွေကို၊ အဖွင့်နဲ့အပိတ်အဖြစ်၊ ရွှေ့လျှားစေပါတယ်။

2ZZ-GE ရဲ့ engine head ဟာ၊ DOHC - dual overhead camshaft head ဖြစ်ပါတယ်။ cylinder တလုံးမှာ intake valve (၂) လုံးနဲ့ exhaust valve (၂) လုံးပါဝင်ပြီး၊ intake နဲ့ exhaust valve တစုံစီကို၊ rocker arm တခုတည်းကိုသုံးပြီး၊ အဖွင့်နဲ့အပိတ်အဖြစ်၊ ရွှေ့လျှားစေပါတယ်။ actuator မှတွန်းတင်တဲ့ အတွက်၊ rocker arm ဟာ၊ အထက်နဲ့အောက် up and down movement အဖြစ်၊ ရွှေ့လျားပါတယ်။ engine ရဲ့ rpm ပြောင်းလဲတဲ့အခါ၊ engine oil pressure လည်းအပြောင်းအလဲဖြစ်ပေါါပါတယ်။ engine oil pressure အပြောင်းအလဲကြောင့်၊ differential pressure ဖြစ်ပေါါလာပါတယ်။ differential pressure တန်ဖိုးတခုကို၊ set point အနေနဲ့သတ်မှတ်ကာ၊ actuator ကို activated ဖြစ်စေပါတယ်။ cylinder unit တလုံးအတွက်၊ cam lobe (၂) ခု သုံးထားပြီး၊ engine ရဲ့ lower rpm မှာ၊ cam lobe (၁) ခုကို၊ actuator မှ၊ operate လုပ်စေသလို၊ high rpm မှာ အခြား cam lobe တခုကို၊ operate လုပ်စေခြင်း ဖြစ်ပါတယ်။


Fig. VVTL-i system

rocker arm မှာ၊ spring တတ်ဆင်ထားတဲ့၊ slipper follower ပါဝင်ပါတယ်။ slipper follower ကြောင့် high rpm cam lobe ဟာ၊ low rpm မှာ၊ freely move အနေနဲ့ အထက်အောက်ရွှေ့လျှားနိုင်ပါတယ်။ အင်ဂျင်ဟာ (6000 ~ 7000) rpm အောက်မှာ၊ လည်ပတ်နေစဉ်၊ low rpm cam lobe ဟာ၊ rocker arm နဲ့ valves တွေကို၊ အလုပ်လုပ်စေပါတယ်။ အင်ဂျင်ဟာ (7000 rpm) ထက်ကျော်သွားတဲ့အခါ၊ 'lift engagement point' ကိုရောက်သွားပါတယ်။ 'lift engagement point' မှာ ECU - engine control unit ဟာ၊ OCV လို့ခေါါတဲ့ oil control valve သို့မဟုတ် oil pressure switch သို့မဟုတ် actuator ကို၊ activated ဖြစ်စေပြီး၊ slipper follower အောက်မှ၊ sliding pin ကို တွန်းလိုက်ပါတယ်။ slipper-follower ရဲ့ movements ကြောင့်၊ rocker arm ဟာ၊ high rpm cam lobe နဲ့အတူ၊ အထက်နဲ့အောက် up and down movement အဖြစ်၊ ရွှေ့လျားပါတယ်။ လိုက်ပါလှုပ်ရှားပါတယ်။ 'lift engagement point' အောက်ကို၊ rpm ပြန်ကျသွားစဉ် မှာတော့၊ low rpm cam lobe နဲ့ လိုက်ပါ ရွှေ့လျားပါတယ်။ VVTL-i စနစ်ဟာ intake valve အဖွင့်အပိတ် timing ကို၊ rpm အပေါါမူတည်ပြီး၊ adjust လုပ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ Honda VTEC ကားတွေမှာလည်း၊ VVTL-i စနစ်ကို အသုံးပြုထားတာတွေ့ရပါတယ်။

Dual VVT-i (Dual Variable valve timing and intelligent system) - intake နဲ့ exhaust valve အဖွင့်အပိတ်၊ အထက်နဲ့အောက် up and down movement (၂) မျိုးစလုံးအတွက် timing ကို၊ adjusted လုပ်ပေးတဲ့စနစ်ဖြစ်ပြီး၊ Toyota Altezza 3S-GE အင်ဂျင်တွေမှာ၊ (၁၉၉၈) ခုနှစ်ကတည်းက၊ စတင်အသုံးပြုခဲ့ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Toyota နဲ့ Lexus models ကားတွေရဲ့ ဆလင်ဒါ (၆) လုံး V6 နဲ့ ဆလင်ဒါ (၈) လုံး V8 အင်ဂျင်တွေမှာ၊ Dual VVT-i ကို တတ်ဆင်ထားတာတွေ့ရပါတယ်။ intake နဲ့ exhaust valve အဖွင့်အပိတ် valve timing (၂) ခု စလုံးကို၊ engine rpm နဲ့ lubricating oil pressure ပေါါမူတည်ပြီး၊ adjusted လုပ်တဲ့အတွက်၊ engine start နဲ့ stop မှာ၊ minimum compression နဲ့ အင်ဂျင်လည်ပတ်ပါတယ်။


Fig. Toyota 2GR-FSE engine with dual VVT-i

Dual VVT-i engine တွေမှာ၊ အင်ဂျင်လည်ပတ်ခြင်းဟာ၊ unnoticeable အနေနဲ့ သတိမပြုမိ နိုင်လောက်အောင်၊ ငြိမ်သက်လွန်းတာတွေ့ရပါတယ်။ အင်ဂျင်ကို light-off temperature အနေနဲ့ နှိုးလို့ရစေဖို့၊ catalytic converter ကို၊ fast heating အတွက်သုံးထားသလို၊ catalytic converter အုပ်ထားတဲ့အတွက်၊ hydrocarbon emissions ကိုလည်းလျှော့ကျစေပါတယ်။ ပုံမှန် internal combustion engines တွေရဲ့ inlet နဲ့ exhaust valves တွေဟာ၊ cam lobes နဲ့ တိုက်ရိုက် ထိတွေ့ပြီးမှ၊ အဖွင့်နဲ့အပိတ် opening and closing ကိုဆောင်ရွက်ပါတယ်။

fixed timing အဖြစ်၊ ကြိုတင် ချိန်ညှိထားတဲ့အတွက်၊ intake valve ဟာ exhaust valve မပိတ်ခင်၊ slightly open အနေနဲ့၊ အနည်းငယ် ကြိုပွင့်နေပါတယ်။ ကြိုပွင့်နေတဲ့ overlap period မှာ၊ intake stroke cylinder ရဲ့အတွင်းကို၊ လောင်စာဆီ fuel နဲ့ လေ ကိုသွင်းပါတယ်။ 'valve overlap' timing ဟာ၊ fixed အဖြစ်၊ ပုံသေရှိနေတာဖြစ်ပြီး၊ fuel/ air mixture အနေနဲ့ ကုန်စင်အောင်လောင်ကျွမ်းနိုင်ခြင်း မရှိတဲ့ အတွက်၊ fuel wasted ဆိုတဲ့၊ လောင်စာ ဆုံးရှုံးမှု ဖြစ်ပေါါပါတယ်။ engine အတွင်း၊ ကုန်စင်အောင်လောင်ကျွမ်းနိုင်ခြင်း မရှိတဲ့ လောင်စာတွေဟာ၊ exhaust stroke မှတဆင့်၊ အပြင်လေထု အတွင်းထွက်သွားတဲ့အခါ hydrocarbon emissions အဖြစ် ထွက်သွားမှာဖြစ်သလို၊ engine ရဲ့ power output ကို လည်း၊ စွမ်းရည်ပြည့် efficient အနေနဲ့ မရရှိနိုင်တာ၊ တွေ့ရပါတယ်။

valve အဖွင့်နဲ့အပိတ် lift timing ကို၊ variable အနေနဲ့ လိုအပ်သလို၊ ပြောင်းလဲနိုင်မယ်ဆိုလျှင် overlap period ကိုလည်းလိုအပ်သလို၊ အတိုး အလျှော့လုပ်နိုင်မှာဖြစ်ပါတယ်။ engine rpm အတိုးအလျှော့ အပေါါမူတည်ပြီး၊ intake valve timing ကို cam lobe မှတဆင့်၊ adjusted လုပ်တဲ့အခါ၊ combustion chamber အတွင်းမှာ fuel နဲ့ လေဟာ၊ ရောစပ်ပြီး အကုန်အစင်လောင်ကျွမ်း နိုင်တဲ့အတွက်၊ fuel wasted မဖြစ်ပေါါတော့သလို၊ engine ရဲ့ efficiency လည်းတက်လာပါတယ်။ တခါ exhaust valve timing ကိုပါ၊ engine rpm အတိုးအလျှော့ အပေါါမူတည်ပြီး၊ cam lobe မှတဆင့်၊ adjusted လုပ်တဲ့အခါ၊ အကုန်အစင်လောင်ကျွမ်းပြီးသား fuel တွေကြောင့် hydrocarbon emissions ပါလျှော့ကျသွားပြီး၊ internal combustion engines တွေကြောင့်ဖြစ်ပေါါတဲ့၊ လေထုညစ်ညမ်းမှု air pollution ပါလျှော့ကျသွားမှာ ဖြစ်ပါတယ်။

VVT-iE ( Variable valve timing - intelligent by electric motor System) - Lexus ကားတွေမှာ၊ တတ်ဆင်အသုံးပြုတဲ့ variable valve timing system ဖြစ်ပါတယ်။ VVT-iE စနစ်ကို၊ 2007MY Lexus LS 460 model ကားတွေရဲ့ 1UR engine မှာ၊ (၂၀၀၇) ခုနှစ်ကတည်းက စတင် အသုံးပြုခဲ့ပါတယ်။


Fig. Toyota UR engine

VVTi-E ဟာ၊ camshaft အပြင် actuator spins နဲ့ electric motor တို့ကို၊ တတ်ဆင်ထားတဲ့၊ စနစ် ဖြစ်ပါတယ်။ engine rpm အပေါါမူတည်ပြီး၊ လိုက်ပါလည်ပတ်မယ့်၊ control shaft တို့ပါဝင်ပါတယ်။ control shaft ဟာ၊ actuator spins နဲ့ electric motor တို့တတ်ဆင်ထားတဲ့၊ shaft ဖြစ်ပါတယ်။ Dual VVT-i စနစ်လို၊ intake နဲ့ exhaust camshaft အပြင်၊ control shaft ကိုပါ၊ တတ်ဆင်ထားတဲ့အတွက် 'Triple VVT-i' စနစ်လို့လည်း၊ ခေါါကြပါသေးတယ်။ fixed timing နဲ့ လည်ပတ်ဖို့ လိုအပ်တဲ့အခါ၊ actuator motor ဟာ၊ camshaft ရဲ့ speed နဲ့အတူ၊ လည်ပတ်နေမှာဖြစ်ပါတယ်။ overlap period ပိုမြန်ဖို့ လိုအပ်တဲ့အခါ၊ valve timing လည်းပိုမြန်ဖို့လိုလာမှာဖြစ်ပြီး၊ actuator motor ရဲ့ speed ဟာ၊ camshaft ရဲ့ speed ထက်ပိုပြီးလည်ပတ် ပါတယ်။ အလားတူ overlap period နှေးဖို့၊ လိုအပ်တဲ့အခါ၊ valve timing လည်းနှေးဖို့လိုအပ်လာပြီး၊ actuator motor ရဲ့ speed ဟာ၊ camshaft ရဲ့ speed ထက်နှေးကာ၊ လည်ပတ်ပါတယ်။ actuator motor နဲ့ camshaft တို့အကြားမှ၊ speed ကွာဟမှုအပေါါမူတည်ပြီး၊ mechanism arrangement မှ၊ valve အဖွင့်နဲ့အပိတ် lift timing ကို၊ variable အနေနဲ့ လိုအပ်သလို၊ ပြောင်းလဲပေးပါတယ်။

VVEL (Variable valve event and lift system) - Toyota engines တွေရဲ့ VVTi-E ဆိုတဲ့၊ Variable Valve Timing - intelligent by Electric motor System ကို၊ Nissan engines တွေမှာ VVEL - Variable Valve Event and Lift System လို့ခေါါပြီး၊ Skyline Coupe (Infiniti G37) model ကားတွေရဲ့ VQ37VHR V6 engine မှာ၊ (၂၀၀၇) ခုနှစ်မှ၊ စတင်အသုံးပြုခဲ့ပါတယ်။ internal combustion engines တွေမှာအစဉ်အလာအရတတ်ခဲ့တဲ့ conventional intake camshaft ကို အသုံးမပြုတော့တာတွေ့ရမှာဖြစ်ပါတယ်။ valves တွေ အထက်အောက်ရွေ့လျှားစေမယ့် cam lobes တွေကို၊ camshaft မှာ၊ fixed အနေနဲ့၊ အသေတတ်ဆင်ထားခြင်းမရှိပဲ၊ pivoted အနေနဲ့ အရှင် အထက်အောက်ရွှေ့လျှားနိုင်အောင် တတ်ဆင်ထားပါတယ်။ conventional cam lobes တွေဟာ၊ camshaft နဲ့အတူ၊ လိုက်ပါလည်ပတ်ပေမယ့်၊ VVEL ဆိုတဲ့ Variable Valve Event and Lift System မှာ၊ တတ်ဆင်ထားတဲ့ cam lobes တွေကတော့၊ reciprocally အနေနဲ့ အထက်နဲ့အောက်၊ swings up and down အတက်အဆင်းလုပ်ပါတယ်။


Fig. Nissan VVEL system

VVEL camshaft မှာ eccentric cam ကို၊ fixed အနေနဲ့ တတ်ဆင်ထားပါတယ်။ camshaft နဲ့ eccentric cam, link A, rocker arm, link B အစရှိတဲ့၊ mechanism arrangement တွေကြောင့်၊ cam lobe မှာ reciprocating movement ပေါါပေါက်လာပြီး၊ inlet နဲ့ exhaust valves တွေကို၊ အဖွင့်နဲ့အပိတ် အဖြစ်၊ ရွှေ့လျှားစေပါတယ်။ actuator motor ရဲ့ rpm ပေါါ မူတည်ပြီး၊ eccentric control shaft ဟာ လည်ပတ်ပါတယ်။ engine rpm ဟာ 'lift engagement point' ကိုရောက်သွားတဲ့အခါ၊ pivoted rocker arm ရဲ့ position ပြောင်းလဲသွားပါတယ်။ rocker arm position ပြောင်းလဲသွားတဲ့အတွက်၊ link A နဲ့ B တို့ရဲ့ အနေအထားလည်း၊ ပြောင်းလဲသွားပြီး၊ pivoted cam lobes ရဲ့ swing angle လည်း ပြောင်းလဲပါတယ်။ cam lobes ရဲ့ swing angle ပြောင်းလဲခြင်းကြောင့်၊ valve အဖွင့်နဲ့အပိတ် lift timing လည်းလိုက်ပါပြောင်းလဲ ပါတယ်။

Valvetronic - Nissan engines တွေရဲ့ VVEL - Variable Valve Event and Lift System ကို၊ BMW engines တွေမှာတော့၊ Valvetronic system လို့ခေါါ ပါတယ်။ valvetronic system မှာ၊ electric motor, eccentric shaft နဲ့ valve တလုံးစီ အတွက်၊ intermediate rocker arm တခုစီပါဝင်ပါတယ်။ 



Fig. BMW Valvetronic system

intermediate rocker arm မှာ၊ roller bearing ကို တတ်ဆင်ထားပါတယ်။ eccentric shaft ကတော့ intermediate rocker arm ကို၊ အပေါါမှဖိထားပါတယ်။ 'lift engagement point' ကို engine rpm ရောက်သွားတဲ့အခါ၊ electric motor ရဲ့ actuator မှ၊ တွန်းလိုက်တဲ့အတွက် eccentric shaft လည်သွားပြီး၊ eccentric shaft ဟာ၊ intermediate rocker arm ကိုပိုပြီး၊ ဖိချ လိုက်လိုက်ခြင်းကြောင့်၊ valve ပိုပြီးပွင့်ပါတယ်။ electric actuators တွေကိုအသုံးပြုထားတဲ့၊ VVTi-E, VVEL နဲ့ Valvetronic အစရှိတဲ့၊ variable valve timing systems တွေဟာ၊ engine ရဲ့ low rpm, high rpm နဲ့ lower temperature condition တွေမှာ၊ response နဲ့ accuracy ပိုကောင်းသလို၊ fuel consumption နဲ့အတူ၊ hydrocarbon emissions ကိုလည်းလျှော့ကျစေပါတယ်။

Valvematic - Nissan engine ရဲ့ VVEL system နဲ့ BMW engine ရဲ့ Valvetronic system တွေကို အတုယူကာ၊ (၂၀၀၈) ခုနှစ်မှစပြီး၊ Toyota engine တွေမှာ၊ Valvematic system ကို စတင် အသုံးပြုခဲ့ပါတယ်။ valvematic system ဟာ၊ variable valve timing - intelligent by electric motor System ဆိုတဲ့၊ VVT-iE နဲ့ valve lift mechanism တို့ကို၊ ပေါင်းစပ် အသုံးပြုတဲ့ စနစ်ဖြစ်ပါတယ်။ VVT-iE စနစ်ဟာ valve opening timing ကို၊ variable အနေနဲ့ လိုအပ်သလို၊ ပြောင်းလဲပေးတာဖြစ်ပြီး၊ valve lift mechanism ကတော့၊ valve opening distance ဆိုတဲ့၊ valve lift distance ကို၊ လိုအပ်သလို၊ ပြောင်းလဲပေးပါတယ်။ cylinder unit တိုင်းမှာ၊ actuating arrangement ဆိုတဲ့ valve lift mechanism တွေတတ်ဆင်ထားတဲ့၊ intermediate shaft တွေပါဝင်ပါတယ်။ valve lift mechanism အဖြစ်၊ cylinder unit တိုင်းမှာ၊ roller bearings နဲ့၊ finger followers (၂) ခုစီတတ်ဆင်ထားပါတယ်။ 


Fig. Toyota Valvematic system


Fig. Valve lift mechanism - finger followers and roller bearing member

intermediate shaft ရဲ့ internal gear threads တွေကြောင့် roller member တွေနဲ့ finger followers တွေဟာ intermediate shaft နဲ့အတူလိုက်ပါလှုပ်ရှား ပါတယ်။ valve lift mechanism မှ roller member နဲ့ finger followers တွေရဲ့ gear threads တွေဟာ၊ ဆန့်ကျင်ဖက်၊ opposite direction အနေနဲ့ရှိနေပါတယ်။ roller member နဲ့ finger followers တွေဟာ၊ intermediate shaft လည်ပတ်တဲ့ အခါ၊ swivels အနေနဲ့ တခုနဲ့တခု moving either apart or closer together ဆိုသလို၊ ဝေးသွားလိုက် နီးလာလိုက်အနေအထားမျိုး၊ ဆန့်ကျင်ဖက် directions တွေနဲ့၊ လှုပ်ရှားခြင်းဖြစ်ပါတယ်။ 


Fig. Low lift


Fig. High lift 

အထက်မှာဖော်ပြထားတဲ့၊ ပုံမှာ intermediate shaft မှတဆင့်၊ camshaft ဟာ valve ကို ရွှေ့လျားစေတာတွေ့ရမှာဖြစ်ပါတယ်။ camshaft ဟာ၊ intermediate shaft ရဲ့ roller member နဲ့ အတူထိတွေ့လည်ပတ်ပြီး၊ finger followers တွေကို၊ movement အနေနဲ့ ရွှေ့လျှားစေပါတယ်။ finger followers နဲ့ roller member တို့ဟာ၊ narrow angle အနေနဲ့ rocker arm ကို ဖိချတဲ့အတွက်၊ valve lift ဟာ၊ low lift အနေနဲ့ အနည်းငယ်သာပွင့်မှာဖြစ်ပါတယ်။ finger follower ရဲ့ angle ဟာ၊ wide angle အနေနဲ့ ကြီးမားလာတဲ့အခါ၊ roller rocker arm ကို ပိုပြီး ဖိချတဲ့အတွက်၊ valve lift ဟာ၊high lift အနေနဲ့ ပိုပွင့်မှာဖြစ်ပါတယ်။ 

valvematic system မှာ၊ valve အဖွင့်နဲ့အပိတ် lift timing ကို၊ actuator နဲ့ချိတ်ဆက်ထားတဲ့ intermediate shaft မှ ချိန်ညှိပေးသလို၊ valve lift ပ မာဏကိုတော့ finger followers တွေမှ၊ ချိန်ညှိပေးပါတယ်။ ပထမဆုံးအသုံးပြုတဲ့ 2.0-liter Valvematic engines တွေမှာ၊ valve lift ပ မာဏကို (0.97mm ~ 11mm) အတွင်း၊ adjustment အနေနဲ့၊ ပြောင်းလဲချိန်ညှိပေးတာတွေ့ရ ပါတယ်။ engine ရဲ့ load ပေါါမူတည်ပြီး၊ throttle butterfly အနေနဲ့ လိုအပ်သလောက်သာ၊ valve ကိုပွင့်စေတဲ့အတွက်၊ fuel consumption ကိုလျှော့ချနိုင်ပါတယ်။ engine ရဲ့ load ပေါါ မူတည်ပြီး၊ top end power ကိုလိုအပ်တဲ့  အခါ၊ high lift အနေနဲ့၊ ပွင့်စေပါတယ်။ VVTL-i, Dual VVT-i နဲ့ VVT-iE အစရှိတဲ့ VVT-i system တွေကို အသုံးပြုထားတဲ့၊ cylinder volume metric ပမာဏ 2.0 liter တနည်းအားဖြင့် 2000 cc engines တွေမှာ၊ top end power အနေနဲ့ 143 hp အထိရရှိပေမယ့်၊ valvematic system ကိုအသုံးပြုထားတဲ့ 2.0 liter engine မှာတော့၊ top end power ကို 158 horsepower အထိရရှိတာတွေ့ရ ပါတယ်။

Multiair (electro-hydraulic variable valve actuation system) - BMW Valvetronic, Nissan VVEL နဲ့ Toyota Valvematic အစရှိတဲ့၊ system တွေ မှာသုံးထားတဲ့ components တွေအစား၊ electrohydraulic components တွေကို သုံးထားတဲ့ Variable valve timing and lift intelligent system ကို၊ (၂၀၀၉) ခုနှစ်မှာ၊ FIAT ရဲ့ 1.4 FIRE engine မှာ၊ စတင်အသုံးပြုခဲ့ပြီး၊ Multiair system လို့ခေါါပါတယ်။ Multiair system ကို၊ SOHC ဆိုတဲ့၊ single overhead cam engine တွေမှာ၊ တတ်ဆင် အသုံးပြုပါတယ်။ အပိုပါဝင်လာတဲ့၊ additional electrohydraulic components တွေဟာ၊ bulky mechanism အနေနဲ့၊ head အပေါါ၊ စုပြုံပြီးရှိနေခြင်းကြောင့်၊ space နေရာကျဉ်းသွားပြီး၊ intake camshaft ကိုတတ်ဆင်လို့မရတဲ့အတွက်၊ single overhead cam ကိုသာအသုံးပြုခြင်းဖြစ်ပါတယ်။ 


Fig. FIAT Multiair system

Multiair system မှာ၊ roller rockers, hydraulic pistons, hydraulic chamber နဲ့ hydraulic valve actuator တို့ပါဝင်ပါတယ်။ hydraulic chamber မှာ electronic-controlled solenoid valve ကို တတ်ဆင်ထားပြီး၊ engine lubricating oil ကို hydraulic fluid အဖြစ်၊ ပြန်လည်အသုံးပြုပါတယ်။ Multiair system မှာ single camshaft ရဲ့ exhaust cam lobes တွေဟာ၊ ပုံမှန်သမရိုးကျ conventional way နဲ့သာ၊ exhaust valve အဖွင့်နဲ့အပိတ် lift timing ကိုဆောင်ရွက်ပါတယ်။

valve timing အတွက်၊ intake cam lobe ကို၊ long opening duration အဖြစ်၊ ချိန်ထားပါတယ်။ engine ဟာ high rpm နဲ့ လည်ပတ်စဉ်၊ intake valve ဟာ၊ early opening lift timing နဲ့စောစောပွင့်မှာ ဖြစ်သလို၊ solenoid valve လည်းပိတ်နေပါတယ်။ solenoid valve ဟာ၊ de-energised အနေနဲ့ ပိတ်နေတဲ့အတွက်၊ hydraulic chamber အတွင်းသို့၊ fluid ဝင်ရောက်လာခြင်း မရှိပဲ၊ hydraulic piston မှ valve actuator အတွင်းသို့သာ၊ တိုက်ရိုက်စီးဆင်းသွားပြီး၊ valve actuator မှ၊ intake valve ကို high lift အနေနဲ့၊ ပွင့်စေပါတယ်။

Fig. Multi events

engine rpm ကျသွားတဲ့အခါ၊ solenoid valve ဟာ၊ energized ဖြစ်ကာပွင့်သွားပြီး၊ hydraulic chamber အတွင်းကို၊ fluid ဝင်ရောက်လာပါတယ်။ valve actuator အတွင်းသို့ fluid ဝင်ရောက် လာခြင်းမရှိတော့တဲ့ အတွက်၊ rebound spring ရဲ့အားကြောင့် intake valve ဟာ၊ early closing lift timing အနေနဲ့စောစော ပိတ်မှာဖြစ်ပြီး  ပြန်ပွင့်တဲ့အခါ low lift အနေနဲ့သာ ပွင့်မှာဖြစ်ပါတယ်။ exhaust valve နဲ့ inlet valve တို့၊ အဖွင့်နဲ့အပိတ် အကူးအပြောင်း over lap period အတွင်း၊ intake valve ဟာ၊ early closing lift timing အနေနဲ့စောစောပိတ်ပြီး၊ late valve opening အနေနဲ့ နောက်ကျပြီးမှပွင့်တဲ့အတွက်၊ engine ရဲ့ combustion chamber အတွင်းမှာ၊ တပိုင်းတစ partial vacuum ဖြစ်ပေါါနေပါတယ်။ valve ဟာ၊ low valve lift အနေနဲ့ အနည်းငယ်သာပွင့်နေစဉ်၊ partial vacuum area အတွင်းကို၊ intake air stream ဟာ၊ turbulence အနေနဲ့ အရှိန်မြှင့်ပြီး၊ ဝင်ရောက်လာပါတယ်။၊ combustion chamber အတွင်းမှာ turbulence ဖြစ်ပေါါမှုကြောင့်၊ air/ fuel mixture ပိုမိုကောင်းမွန်သွားပြီး၊ fuel ဟာ အကုန်အစင်လောင်ကျွမ်းသွားတဲ့အတွက်၊ ဆုံးရှုံးမှု wasted မရှိတော့သလို၊ hydrocarbon emissions ကိုလည်းလျှော့ကျစေပါတယ်။

engine rpm ကို၊ အနည်းငယ်ထပ်မံကျဆင်းစေပြီး၊ partial-load operation အဖြစ်၊ မောင်းနှင်တဲ့ အခါမှာလည်း၊ intake valve ဟာ၊ early closing lift timing အနေနဲ့စောစောပိတ်ကာ၊ လိုသလောက် intake air ပမာဏကိုသာပေးပို့ပါတယ်။ variable cam phasing နဲ့ compromised cam timing တွေကို သုံးထားတဲ့၊ အခြား engines တွေမှာတော့၊ intake stroke မှ၊ intake air ဟာ back-flow အနေနဲ့၊ ပြန်လည် စီးဆင်းခြင်းမရှိနိုင်တာ၊ တွေ့ရမှာဖြစ်သလို၊ SOHC ဆိုတဲ့၊ single overhead cam engine တွေမှာတော့၊ intake air volume ပမာဏ၊ များတဲ့အခါ၊ back-flow အနေနဲ့ စီးဆင်းနိုင်ပါတယ်။ SOHC ဆိုတဲ့၊ single overhead cam ကိုသုံးထားတဲ့ Multiair engine တွေကို၊ low-rpm acceleration နဲ့ မောင်းနှင်တဲ့အခါ၊ intake air volume ပမာဏ၊ ပိုမိုလိုအပ်လာမှာဖြစ်ပြီး၊ အနီးဆုံး intake stroke မှ၊ back-flow အနေနဲ့၊ intake manifold သို့ပြန်မစီးနိုင်အောင်၊ intake valve ရဲ့၊ early closing lift timing မှတားဆီးပေးပါတယ်။

Multiair system ကို၊ Uniair system လို့လည်းခေါါပါတယ်။ electro-hydraulic variable valve actuation system ဖြစ်တဲ့၊ Multiair system ဟာ၊ engine အတွင်းဝင်ရောက်လာတဲ့ intake air ကို၊ control အနေနဲ့၊ လိုအပ်သလိုထိမ်းချုပ်ပေးတဲ့စနစ်ဖြစ်ပြီး၊ petrol engines တွေမှာသာမက၊ diesel engines တွေမှာပါ၊ တတ်ဆင်အသုံးပြုကြပါတယ်။ Alfa Romeo MiTo မှာ တတ်ဆင်ထားတဲ့ 1.4 JTB engine ဟာ၊ top end power အနေနဲ့ 155 PS (114 kW; 153 hp), 230 N·m (170 lb·ft) ရှိပြီး၊ fuel consumption အနေနဲ့၊ 100 kilometres တိုင်းမှာ၊ 6.5 litres သုံးစွဲပါတယ်။ 1.4 JTB engine မှာ၊ Multiair system ကိုတတ်ဆင်လိုက်တဲ့အခါ၊ top end power အနေနဲ့ 170 PS (125 kW; 168 hp), 250 N·m (180 lb·ft) အထိ တိုးကာ ရရှိလာပြီး၊ fuel consumption အနေနဲ့၊ 100 kilometres တိုင်းမှာ 6.0 L သာ၊ သုံးစွဲပါတယ်။ air/ fuel mixture ပိုမိုကောင်းမွန်လာတဲ့အတွက်၊ top end power တက်လာ သလို၊ fuel consumption ကျဆင်းသွားခြင်းဖြစ်ပါတယ်။

cylinder ရဲ့ volume metric ပမာဏခြင်းတူပြီး၊ ပုံမှန် traditional သမရိုးကျ petrol engine တွေနဲ့ Multiair system ကို သုံးထားတဲ့၊ engine ကို နှိုင်းယှဉ်ကြည့်တဲ့အခါ၊ power အနေနဲ့၊ (10 %), torque အနေနဲ့ (15 %) ပိုမိုရရှိပြီး၊ CO2 emissions ကို (10 %) နဲ့ NOx emission ကို (60 %) အထိလျှော့ချနိုင်တာ၊ တွေ့ရပါတယ်။ 1.4 L Multiair engine ဟာ၊ "Best New Engine of 2010" ဆုကိုရခဲ့သလို၊ Multiair system ကိုသုံးထားတဲ့၊ Fiat TwinAir 875 cc two-cylinder engine ဟာလည်း၊ "Best New Engine of 2011" ဆုကိုရခဲ့ပါတယ်။ ကားတွေရဲ့ internal combustion engines တွေကို ထုတ်လုပ်ရာမှာ၊ fuel consumption ပမာဏကို၊ အနည်းဆုံးသုံးပြီး၊ top end power အများဆုံးနဲ့ hydrocarbon emission အနည်းဆုံးထုတ်လွှင့်တဲ့၊ engines တွေကိုပဲ၊ ထုတ်လုပ်ဖို့ကြိုးစားကြပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Valvetronic, VVEL, Valvematic နဲ့ Multiair အစရှိတဲ့၊ system တွေအပြင်၊ piezoelectric controlled hydraulic actuator "Camless" system ကို၊ အသုံးပြုတဲ့ internal combustion engines တွေကို စမ်းသတ်ထုတ်လုပ်နေကြပါတယ်။



Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.