Pages

Saturday 10 March 2012

VVT-i - automobile variable valve timing system

fluid flow-rate ကိုပြောင်းလဲဖို့၊ အသုံးပြုတဲ့၊ "Control Valves" တွေအကြောင်းရေးနေရင်း၊ automobile internal combustion engines တွေမှာ၊ အသုံးပြုတဲ့ inlet နဲ့ exhaust valve control systems တွေ အကြောင်း၊ ရေးပါဦးမယ်။ VVT-i ဆိုတာကတော့၊ ကားတွေရဲ့ internal combustion engines တွေမှာ အသုံးပြုတဲ့၊ 'automobile variable valve timing system' ဖြစ်ပြီး၊ 'variable valve timing with intelligence system' ကို၊ အတိုကောက်ခေါါတာဖြစ်ပါတယ်။ Toyota ကားတွေမှာ၊ VVT-i လို့ခေါါပြီး၊ BMW ကားတွေ မှာတော့ VANOS လို့ခေါါပါတယ်။

VVT-i (variable valve timing with intelligence system) - Toyota ကားတွေမှာ၊ VVT-i စနစ်ကို မသုံးခင်က၊ VVT စနစ်ကိုသုံးခဲ့ပါတယ်။ VVT စနစ်ဟာ၊ 2-stage hydraulically controlled cam phasing system ဖြစ်ပြီး၊ VVT စနစ်ကိုအစောဆုံး သုံးခဲ့တဲ့၊ engine ကတော့ Toyota 4A-GE အင်ဂျင် ဖြစ်ပါတယ်။
  Fig. VVT-i system

VVT-i စနစ်ကို (၁၉၉၆) ခုနှစ်မှာ၊ စတင်အသုံးပြုခဲ့ပါတယ်။ belt, scissor-gear နဲ့ chain အစရှိတဲ့၊ camshaft drive တွေနဲ့ intake camshaft တို့ကြောင့်၊ intake valve အဖွင့်အပိတ် ပြုလုပ်နေစဉ်၊ actuator မှ camshaft position ဆိုတဲ့ cam lobe အနေအထားကို၊ ပြောင်းလဲစေခြင်းဖြစ်ပါတယ်။ exhaust valve closing နဲ့ intake valve opening ကြားကာလ၊ overlap period လို့ခေါါတဲ့ valve timing ကို၊ actuator drive camshaft မှ၊ လိုအပ်သလို ပြောင်းလဲချိန်ညှိပေးတာဖြစ်ပြီး၊ engine efficiency ပိုကောင်းမွန်လာ ပါတယ်။ VVT-i system တွေကို၊ ခွဲခြားကြည့်တဲ့အခါ၊ VVTL-i, Dual VVT-i, VVT-iE နဲ့ Valvematic system ဆိုပြီးတွေ့ရပါတယ်။ 

VVTL-i (Variable valve timing and lift intelligent system) - 2ZZ-GE အင်ဂျင် တတ်ဆင်ထားတဲ့၊ Toyota Celica တွေမှာ (၂၀၀၀) ခုနှစ်ခန့်ကစတင် အသုံးပြုခဲ့ပေမယ့်၊ hydrocarbon emissions နဲ့ပက်သက်ပြီး၊ ပြဌာန်းထားတဲ့ European emission standards တွေထဲမှ၊ 'Euro IV' specifications နဲ့ မကိုက်ညီတဲ့အတွက်၊ VVTL-i စနစ်ကို၊ အသုံးမပြုတော့တာ၊ တွေ့ရပါတယ်။ 2ZZ-GE engine တတ်ဆင်ထားတဲ့၊ Corolla T-Sport (Europe), Corolla Sportivo (Australia), Celica, Corolla XRS, Toyota Matrix XRS နဲ့ Pontiac Vibe GT အစရှိတဲ့၊ Toyota ကားတွေကို၊ ဆက်လက် မထုတ်လုပ်တာ၊ တွေ့ရမှာဖြစ်သလို၊ Lotus Elise ကား မှာတော့ 2ZZ-GE အစား၊ supercharger တတ်ဆင်ထားတဲ့၊ 1ZZ-FE ကိုပြောင်းလဲတတ်ဆင်ပြီး၊ ထုတ်လုပ်တာ၊ တွေ့ရပါတယ်။


Fig. OHV - overhead valve type engine

engine တွေရဲ့ cylinder head ကို၊ camshaft တတ်ဆင်ပုံအနေအထားပေါါမူတည်ပြီး၊ OHV - overhead valve type နဲ့ OHC - overhead cam type ဆိုပြီး၊ ခွဲခြားပါတယ်။ OHV engine တွေ ကို၊ "Pushrod" engine လို့လည်းခေါါကြပါတယ်။ OHV engine မှာ၊ camshaft ကို၊ engine block အတွင်း တတ်ဆင် ထားပြီး၊ lifters, pushrods နဲ့ rocker arms တွေမှတဆင့်၊ inlet နဲ့ exhaust valves တွေကို၊ အဖွင့်နဲ့ အပိတ်အဖြစ်၊ ရွှေ့လျှားစေပါတယ်။ engine head ရဲ့ အပေါါမှာ၊ inlet နဲ့ exhaust valves တွေကို၊ တတ်ဆင်ထားတဲ့အတွက်၊ OHV - overhead valve type အဖြစ်သတ်မှတ်ခြင်းဖြစ်ပါတယ်။
Fig. OHC - overhead cam type/ SOHC - single overhead cam engine


Fig. DOHC - double overhead cam/ Twin cam engine

OHC engine ကို၊ SOHC ဆိုတဲ့၊ single overhead cam နဲ့ DOHC ဆိုတဲ့ double overhead cam type ဆိုပြီး ထပ်မံခွဲခြား ပါတယ်။ DOHC ကို "Twin Cam" လို့လည်း၊ ခေါါပါတယ်။ camshaft ကို cylinder head အပေါါတတ်ဆင်ထားပြီး၊ rocker arms သို့မဟုတ် lifters တွေမှတဆင့်၊ inlet နဲ့ exhaust valves တွေကို၊ အဖွင့်နဲ့အပိတ်အဖြစ်၊ ရွှေ့လျှားစေပါတယ်။ DOHC engine မှာတော့၊ cylinder head အပေါါမှာ၊ camshaft (၂) ချောင်းတတ်ဆင်ထားပြီး၊ rocker arms သို့မဟုတ် lifters တွေမှတဆင့်၊ inlet နဲ့ exhaust valves တွေကို၊ အဖွင့်နဲ့အပိတ်အဖြစ်၊ ရွှေ့လျှားစေပါတယ်။

2ZZ-GE ရဲ့ engine head ဟာ၊ DOHC - dual overhead camshaft head ဖြစ်ပါတယ်။ cylinder တလုံးမှာ intake valve (၂) လုံးနဲ့ exhaust valve (၂) လုံးပါဝင်ပြီး၊ intake နဲ့ exhaust valve တစုံစီကို၊ rocker arm တခုတည်းကိုသုံးပြီး၊ အဖွင့်နဲ့အပိတ်အဖြစ်၊ ရွှေ့လျှားစေပါတယ်။ actuator မှတွန်းတင်တဲ့ အတွက်၊ rocker arm ဟာ၊ အထက်နဲ့အောက် up and down movement အဖြစ်၊ ရွှေ့လျားပါတယ်။ engine ရဲ့ rpm ပြောင်းလဲတဲ့အခါ၊ engine oil pressure လည်းအပြောင်းအလဲဖြစ်ပေါါပါတယ်။ engine oil pressure အပြောင်းအလဲကြောင့်၊ differential pressure ဖြစ်ပေါါလာပါတယ်။ differential pressure တန်ဖိုးတခုကို၊ set point အနေနဲ့သတ်မှတ်ကာ၊ actuator ကို activated ဖြစ်စေပါတယ်။ cylinder unit တလုံးအတွက်၊ cam lobe (၂) ခု သုံးထားပြီး၊ engine ရဲ့ lower rpm မှာ၊ cam lobe (၁) ခုကို၊ actuator မှ၊ operate လုပ်စေသလို၊ high rpm မှာ အခြား cam lobe တခုကို၊ operate လုပ်စေခြင်း ဖြစ်ပါတယ်။


Fig. VVTL-i system

rocker arm မှာ၊ spring တတ်ဆင်ထားတဲ့၊ slipper follower ပါဝင်ပါတယ်။ slipper follower ကြောင့် high rpm cam lobe ဟာ၊ low rpm မှာ၊ freely move အနေနဲ့ အထက်အောက်ရွှေ့လျှားနိုင်ပါတယ်။ အင်ဂျင်ဟာ (6000 ~ 7000) rpm အောက်မှာ၊ လည်ပတ်နေစဉ်၊ low rpm cam lobe ဟာ၊ rocker arm နဲ့ valves တွေကို၊ အလုပ်လုပ်စေပါတယ်။ အင်ဂျင်ဟာ (7000 rpm) ထက်ကျော်သွားတဲ့အခါ၊ 'lift engagement point' ကိုရောက်သွားပါတယ်။ 'lift engagement point' မှာ ECU - engine control unit ဟာ၊ OCV လို့ခေါါတဲ့ oil control valve သို့မဟုတ် oil pressure switch သို့မဟုတ် actuator ကို၊ activated ဖြစ်စေပြီး၊ slipper follower အောက်မှ၊ sliding pin ကို တွန်းလိုက်ပါတယ်။ slipper-follower ရဲ့ movements ကြောင့်၊ rocker arm ဟာ၊ high rpm cam lobe နဲ့အတူ၊ အထက်နဲ့အောက် up and down movement အဖြစ်၊ ရွှေ့လျားပါတယ်။ လိုက်ပါလှုပ်ရှားပါတယ်။ 'lift engagement point' အောက်ကို၊ rpm ပြန်ကျသွားစဉ် မှာတော့၊ low rpm cam lobe နဲ့ လိုက်ပါ ရွှေ့လျားပါတယ်။ VVTL-i စနစ်ဟာ intake valve အဖွင့်အပိတ် timing ကို၊ rpm အပေါါမူတည်ပြီး၊ adjust လုပ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ Honda VTEC ကားတွေမှာလည်း၊ VVTL-i စနစ်ကို အသုံးပြုထားတာတွေ့ရပါတယ်။

Dual VVT-i (Dual Variable valve timing and intelligent system) - intake နဲ့ exhaust valve အဖွင့်အပိတ်၊ အထက်နဲ့အောက် up and down movement (၂) မျိုးစလုံးအတွက် timing ကို၊ adjusted လုပ်ပေးတဲ့စနစ်ဖြစ်ပြီး၊ Toyota Altezza 3S-GE အင်ဂျင်တွေမှာ၊ (၁၉၉၈) ခုနှစ်ကတည်းက၊ စတင်အသုံးပြုခဲ့ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Toyota နဲ့ Lexus models ကားတွေရဲ့ ဆလင်ဒါ (၆) လုံး V6 နဲ့ ဆလင်ဒါ (၈) လုံး V8 အင်ဂျင်တွေမှာ၊ Dual VVT-i ကို တတ်ဆင်ထားတာတွေ့ရပါတယ်။ intake နဲ့ exhaust valve အဖွင့်အပိတ် valve timing (၂) ခု စလုံးကို၊ engine rpm နဲ့ lubricating oil pressure ပေါါမူတည်ပြီး၊ adjusted လုပ်တဲ့အတွက်၊ engine start နဲ့ stop မှာ၊ minimum compression နဲ့ အင်ဂျင်လည်ပတ်ပါတယ်။


Fig. Toyota 2GR-FSE engine with dual VVT-i

Dual VVT-i engine တွေမှာ၊ အင်ဂျင်လည်ပတ်ခြင်းဟာ၊ unnoticeable အနေနဲ့ သတိမပြုမိ နိုင်လောက်အောင်၊ ငြိမ်သက်လွန်းတာတွေ့ရပါတယ်။ အင်ဂျင်ကို light-off temperature အနေနဲ့ နှိုးလို့ရစေဖို့၊ catalytic converter ကို၊ fast heating အတွက်သုံးထားသလို၊ catalytic converter အုပ်ထားတဲ့အတွက်၊ hydrocarbon emissions ကိုလည်းလျှော့ကျစေပါတယ်။ ပုံမှန် internal combustion engines တွေရဲ့ inlet နဲ့ exhaust valves တွေဟာ၊ cam lobes နဲ့ တိုက်ရိုက် ထိတွေ့ပြီးမှ၊ အဖွင့်နဲ့အပိတ် opening and closing ကိုဆောင်ရွက်ပါတယ်။

fixed timing အဖြစ်၊ ကြိုတင် ချိန်ညှိထားတဲ့အတွက်၊ intake valve ဟာ exhaust valve မပိတ်ခင်၊ slightly open အနေနဲ့၊ အနည်းငယ် ကြိုပွင့်နေပါတယ်။ ကြိုပွင့်နေတဲ့ overlap period မှာ၊ intake stroke cylinder ရဲ့အတွင်းကို၊ လောင်စာဆီ fuel နဲ့ လေ ကိုသွင်းပါတယ်။ 'valve overlap' timing ဟာ၊ fixed အဖြစ်၊ ပုံသေရှိနေတာဖြစ်ပြီး၊ fuel/ air mixture အနေနဲ့ ကုန်စင်အောင်လောင်ကျွမ်းနိုင်ခြင်း မရှိတဲ့ အတွက်၊ fuel wasted ဆိုတဲ့၊ လောင်စာ ဆုံးရှုံးမှု ဖြစ်ပေါါပါတယ်။ engine အတွင်း၊ ကုန်စင်အောင်လောင်ကျွမ်းနိုင်ခြင်း မရှိတဲ့ လောင်စာတွေဟာ၊ exhaust stroke မှတဆင့်၊ အပြင်လေထု အတွင်းထွက်သွားတဲ့အခါ hydrocarbon emissions အဖြစ် ထွက်သွားမှာဖြစ်သလို၊ engine ရဲ့ power output ကို လည်း၊ စွမ်းရည်ပြည့် efficient အနေနဲ့ မရရှိနိုင်တာ၊ တွေ့ရပါတယ်။

valve အဖွင့်နဲ့အပိတ် lift timing ကို၊ variable အနေနဲ့ လိုအပ်သလို၊ ပြောင်းလဲနိုင်မယ်ဆိုလျှင် overlap period ကိုလည်းလိုအပ်သလို၊ အတိုး အလျှော့လုပ်နိုင်မှာဖြစ်ပါတယ်။ engine rpm အတိုးအလျှော့ အပေါါမူတည်ပြီး၊ intake valve timing ကို cam lobe မှတဆင့်၊ adjusted လုပ်တဲ့အခါ၊ combustion chamber အတွင်းမှာ fuel နဲ့ လေဟာ၊ ရောစပ်ပြီး အကုန်အစင်လောင်ကျွမ်း နိုင်တဲ့အတွက်၊ fuel wasted မဖြစ်ပေါါတော့သလို၊ engine ရဲ့ efficiency လည်းတက်လာပါတယ်။ တခါ exhaust valve timing ကိုပါ၊ engine rpm အတိုးအလျှော့ အပေါါမူတည်ပြီး၊ cam lobe မှတဆင့်၊ adjusted လုပ်တဲ့အခါ၊ အကုန်အစင်လောင်ကျွမ်းပြီးသား fuel တွေကြောင့် hydrocarbon emissions ပါလျှော့ကျသွားပြီး၊ internal combustion engines တွေကြောင့်ဖြစ်ပေါါတဲ့၊ လေထုညစ်ညမ်းမှု air pollution ပါလျှော့ကျသွားမှာ ဖြစ်ပါတယ်။

VVT-iE ( Variable valve timing - intelligent by electric motor System) - Lexus ကားတွေမှာ၊ တတ်ဆင်အသုံးပြုတဲ့ variable valve timing system ဖြစ်ပါတယ်။ VVT-iE စနစ်ကို၊ 2007MY Lexus LS 460 model ကားတွေရဲ့ 1UR engine မှာ၊ (၂၀၀၇) ခုနှစ်ကတည်းက စတင် အသုံးပြုခဲ့ပါတယ်။


Fig. Toyota UR engine

VVTi-E ဟာ၊ camshaft အပြင် actuator spins နဲ့ electric motor တို့ကို၊ တတ်ဆင်ထားတဲ့၊ စနစ် ဖြစ်ပါတယ်။ engine rpm အပေါါမူတည်ပြီး၊ လိုက်ပါလည်ပတ်မယ့်၊ control shaft တို့ပါဝင်ပါတယ်။ control shaft ဟာ၊ actuator spins နဲ့ electric motor တို့တတ်ဆင်ထားတဲ့၊ shaft ဖြစ်ပါတယ်။ Dual VVT-i စနစ်လို၊ intake နဲ့ exhaust camshaft အပြင်၊ control shaft ကိုပါ၊ တတ်ဆင်ထားတဲ့အတွက် 'Triple VVT-i' စနစ်လို့လည်း၊ ခေါါကြပါသေးတယ်။ fixed timing နဲ့ လည်ပတ်ဖို့ လိုအပ်တဲ့အခါ၊ actuator motor ဟာ၊ camshaft ရဲ့ speed နဲ့အတူ၊ လည်ပတ်နေမှာဖြစ်ပါတယ်။ overlap period ပိုမြန်ဖို့ လိုအပ်တဲ့အခါ၊ valve timing လည်းပိုမြန်ဖို့လိုလာမှာဖြစ်ပြီး၊ actuator motor ရဲ့ speed ဟာ၊ camshaft ရဲ့ speed ထက်ပိုပြီးလည်ပတ် ပါတယ်။ အလားတူ overlap period နှေးဖို့၊ လိုအပ်တဲ့အခါ၊ valve timing လည်းနှေးဖို့လိုအပ်လာပြီး၊ actuator motor ရဲ့ speed ဟာ၊ camshaft ရဲ့ speed ထက်နှေးကာ၊ လည်ပတ်ပါတယ်။ actuator motor နဲ့ camshaft တို့အကြားမှ၊ speed ကွာဟမှုအပေါါမူတည်ပြီး၊ mechanism arrangement မှ၊ valve အဖွင့်နဲ့အပိတ် lift timing ကို၊ variable အနေနဲ့ လိုအပ်သလို၊ ပြောင်းလဲပေးပါတယ်။

VVEL (Variable valve event and lift system) - Toyota engines တွေရဲ့ VVTi-E ဆိုတဲ့၊ Variable Valve Timing - intelligent by Electric motor System ကို၊ Nissan engines တွေမှာ VVEL - Variable Valve Event and Lift System လို့ခေါါပြီး၊ Skyline Coupe (Infiniti G37) model ကားတွေရဲ့ VQ37VHR V6 engine မှာ၊ (၂၀၀၇) ခုနှစ်မှ၊ စတင်အသုံးပြုခဲ့ပါတယ်။ internal combustion engines တွေမှာအစဉ်အလာအရတတ်ခဲ့တဲ့ conventional intake camshaft ကို အသုံးမပြုတော့တာတွေ့ရမှာဖြစ်ပါတယ်။ valves တွေ အထက်အောက်ရွေ့လျှားစေမယ့် cam lobes တွေကို၊ camshaft မှာ၊ fixed အနေနဲ့၊ အသေတတ်ဆင်ထားခြင်းမရှိပဲ၊ pivoted အနေနဲ့ အရှင် အထက်အောက်ရွှေ့လျှားနိုင်အောင် တတ်ဆင်ထားပါတယ်။ conventional cam lobes တွေဟာ၊ camshaft နဲ့အတူ၊ လိုက်ပါလည်ပတ်ပေမယ့်၊ VVEL ဆိုတဲ့ Variable Valve Event and Lift System မှာ၊ တတ်ဆင်ထားတဲ့ cam lobes တွေကတော့၊ reciprocally အနေနဲ့ အထက်နဲ့အောက်၊ swings up and down အတက်အဆင်းလုပ်ပါတယ်။


Fig. Nissan VVEL system

VVEL camshaft မှာ eccentric cam ကို၊ fixed အနေနဲ့ တတ်ဆင်ထားပါတယ်။ camshaft နဲ့ eccentric cam, link A, rocker arm, link B အစရှိတဲ့၊ mechanism arrangement တွေကြောင့်၊ cam lobe မှာ reciprocating movement ပေါါပေါက်လာပြီး၊ inlet နဲ့ exhaust valves တွေကို၊ အဖွင့်နဲ့အပိတ် အဖြစ်၊ ရွှေ့လျှားစေပါတယ်။ actuator motor ရဲ့ rpm ပေါါ မူတည်ပြီး၊ eccentric control shaft ဟာ လည်ပတ်ပါတယ်။ engine rpm ဟာ 'lift engagement point' ကိုရောက်သွားတဲ့အခါ၊ pivoted rocker arm ရဲ့ position ပြောင်းလဲသွားပါတယ်။ rocker arm position ပြောင်းလဲသွားတဲ့အတွက်၊ link A နဲ့ B တို့ရဲ့ အနေအထားလည်း၊ ပြောင်းလဲသွားပြီး၊ pivoted cam lobes ရဲ့ swing angle လည်း ပြောင်းလဲပါတယ်။ cam lobes ရဲ့ swing angle ပြောင်းလဲခြင်းကြောင့်၊ valve အဖွင့်နဲ့အပိတ် lift timing လည်းလိုက်ပါပြောင်းလဲ ပါတယ်။

Valvetronic - Nissan engines တွေရဲ့ VVEL - Variable Valve Event and Lift System ကို၊ BMW engines တွေမှာတော့၊ Valvetronic system လို့ခေါါ ပါတယ်။ valvetronic system မှာ၊ electric motor, eccentric shaft နဲ့ valve တလုံးစီ အတွက်၊ intermediate rocker arm တခုစီပါဝင်ပါတယ်။ 



Fig. BMW Valvetronic system

intermediate rocker arm မှာ၊ roller bearing ကို တတ်ဆင်ထားပါတယ်။ eccentric shaft ကတော့ intermediate rocker arm ကို၊ အပေါါမှဖိထားပါတယ်။ 'lift engagement point' ကို engine rpm ရောက်သွားတဲ့အခါ၊ electric motor ရဲ့ actuator မှ၊ တွန်းလိုက်တဲ့အတွက် eccentric shaft လည်သွားပြီး၊ eccentric shaft ဟာ၊ intermediate rocker arm ကိုပိုပြီး၊ ဖိချ လိုက်လိုက်ခြင်းကြောင့်၊ valve ပိုပြီးပွင့်ပါတယ်။ electric actuators တွေကိုအသုံးပြုထားတဲ့၊ VVTi-E, VVEL နဲ့ Valvetronic အစရှိတဲ့၊ variable valve timing systems တွေဟာ၊ engine ရဲ့ low rpm, high rpm နဲ့ lower temperature condition တွေမှာ၊ response နဲ့ accuracy ပိုကောင်းသလို၊ fuel consumption နဲ့အတူ၊ hydrocarbon emissions ကိုလည်းလျှော့ကျစေပါတယ်။

Valvematic - Nissan engine ရဲ့ VVEL system နဲ့ BMW engine ရဲ့ Valvetronic system တွေကို အတုယူကာ၊ (၂၀၀၈) ခုနှစ်မှစပြီး၊ Toyota engine တွေမှာ၊ Valvematic system ကို စတင် အသုံးပြုခဲ့ပါတယ်။ valvematic system ဟာ၊ variable valve timing - intelligent by electric motor System ဆိုတဲ့၊ VVT-iE နဲ့ valve lift mechanism တို့ကို၊ ပေါင်းစပ် အသုံးပြုတဲ့ စနစ်ဖြစ်ပါတယ်။ VVT-iE စနစ်ဟာ valve opening timing ကို၊ variable အနေနဲ့ လိုအပ်သလို၊ ပြောင်းလဲပေးတာဖြစ်ပြီး၊ valve lift mechanism ကတော့၊ valve opening distance ဆိုတဲ့၊ valve lift distance ကို၊ လိုအပ်သလို၊ ပြောင်းလဲပေးပါတယ်။ cylinder unit တိုင်းမှာ၊ actuating arrangement ဆိုတဲ့ valve lift mechanism တွေတတ်ဆင်ထားတဲ့၊ intermediate shaft တွေပါဝင်ပါတယ်။ valve lift mechanism အဖြစ်၊ cylinder unit တိုင်းမှာ၊ roller bearings နဲ့၊ finger followers (၂) ခုစီတတ်ဆင်ထားပါတယ်။ 


Fig. Toyota Valvematic system


Fig. Valve lift mechanism - finger followers and roller bearing member

intermediate shaft ရဲ့ internal gear threads တွေကြောင့် roller member တွေနဲ့ finger followers တွေဟာ intermediate shaft နဲ့အတူလိုက်ပါလှုပ်ရှား ပါတယ်။ valve lift mechanism မှ roller member နဲ့ finger followers တွေရဲ့ gear threads တွေဟာ၊ ဆန့်ကျင်ဖက်၊ opposite direction အနေနဲ့ရှိနေပါတယ်။ roller member နဲ့ finger followers တွေဟာ၊ intermediate shaft လည်ပတ်တဲ့ အခါ၊ swivels အနေနဲ့ တခုနဲ့တခု moving either apart or closer together ဆိုသလို၊ ဝေးသွားလိုက် နီးလာလိုက်အနေအထားမျိုး၊ ဆန့်ကျင်ဖက် directions တွေနဲ့၊ လှုပ်ရှားခြင်းဖြစ်ပါတယ်။ 


Fig. Low lift


Fig. High lift 

အထက်မှာဖော်ပြထားတဲ့၊ ပုံမှာ intermediate shaft မှတဆင့်၊ camshaft ဟာ valve ကို ရွှေ့လျားစေတာတွေ့ရမှာဖြစ်ပါတယ်။ camshaft ဟာ၊ intermediate shaft ရဲ့ roller member နဲ့ အတူထိတွေ့လည်ပတ်ပြီး၊ finger followers တွေကို၊ movement အနေနဲ့ ရွှေ့လျှားစေပါတယ်။ finger followers နဲ့ roller member တို့ဟာ၊ narrow angle အနေနဲ့ rocker arm ကို ဖိချတဲ့အတွက်၊ valve lift ဟာ၊ low lift အနေနဲ့ အနည်းငယ်သာပွင့်မှာဖြစ်ပါတယ်။ finger follower ရဲ့ angle ဟာ၊ wide angle အနေနဲ့ ကြီးမားလာတဲ့အခါ၊ roller rocker arm ကို ပိုပြီး ဖိချတဲ့အတွက်၊ valve lift ဟာ၊high lift အနေနဲ့ ပိုပွင့်မှာဖြစ်ပါတယ်။ 

valvematic system မှာ၊ valve အဖွင့်နဲ့အပိတ် lift timing ကို၊ actuator နဲ့ချိတ်ဆက်ထားတဲ့ intermediate shaft မှ ချိန်ညှိပေးသလို၊ valve lift ပ မာဏကိုတော့ finger followers တွေမှ၊ ချိန်ညှိပေးပါတယ်။ ပထမဆုံးအသုံးပြုတဲ့ 2.0-liter Valvematic engines တွေမှာ၊ valve lift ပ မာဏကို (0.97mm ~ 11mm) အတွင်း၊ adjustment အနေနဲ့၊ ပြောင်းလဲချိန်ညှိပေးတာတွေ့ရ ပါတယ်။ engine ရဲ့ load ပေါါမူတည်ပြီး၊ throttle butterfly အနေနဲ့ လိုအပ်သလောက်သာ၊ valve ကိုပွင့်စေတဲ့အတွက်၊ fuel consumption ကိုလျှော့ချနိုင်ပါတယ်။ engine ရဲ့ load ပေါါ မူတည်ပြီး၊ top end power ကိုလိုအပ်တဲ့  အခါ၊ high lift အနေနဲ့၊ ပွင့်စေပါတယ်။ VVTL-i, Dual VVT-i နဲ့ VVT-iE အစရှိတဲ့ VVT-i system တွေကို အသုံးပြုထားတဲ့၊ cylinder volume metric ပမာဏ 2.0 liter တနည်းအားဖြင့် 2000 cc engines တွေမှာ၊ top end power အနေနဲ့ 143 hp အထိရရှိပေမယ့်၊ valvematic system ကိုအသုံးပြုထားတဲ့ 2.0 liter engine မှာတော့၊ top end power ကို 158 horsepower အထိရရှိတာတွေ့ရ ပါတယ်။

Multiair (electro-hydraulic variable valve actuation system) - BMW Valvetronic, Nissan VVEL နဲ့ Toyota Valvematic အစရှိတဲ့၊ system တွေ မှာသုံးထားတဲ့ components တွေအစား၊ electrohydraulic components တွေကို သုံးထားတဲ့ Variable valve timing and lift intelligent system ကို၊ (၂၀၀၉) ခုနှစ်မှာ၊ FIAT ရဲ့ 1.4 FIRE engine မှာ၊ စတင်အသုံးပြုခဲ့ပြီး၊ Multiair system လို့ခေါါပါတယ်။ Multiair system ကို၊ SOHC ဆိုတဲ့၊ single overhead cam engine တွေမှာ၊ တတ်ဆင် အသုံးပြုပါတယ်။ အပိုပါဝင်လာတဲ့၊ additional electrohydraulic components တွေဟာ၊ bulky mechanism အနေနဲ့၊ head အပေါါ၊ စုပြုံပြီးရှိနေခြင်းကြောင့်၊ space နေရာကျဉ်းသွားပြီး၊ intake camshaft ကိုတတ်ဆင်လို့မရတဲ့အတွက်၊ single overhead cam ကိုသာအသုံးပြုခြင်းဖြစ်ပါတယ်။ 


Fig. FIAT Multiair system

Multiair system မှာ၊ roller rockers, hydraulic pistons, hydraulic chamber နဲ့ hydraulic valve actuator တို့ပါဝင်ပါတယ်။ hydraulic chamber မှာ electronic-controlled solenoid valve ကို တတ်ဆင်ထားပြီး၊ engine lubricating oil ကို hydraulic fluid အဖြစ်၊ ပြန်လည်အသုံးပြုပါတယ်။ Multiair system မှာ single camshaft ရဲ့ exhaust cam lobes တွေဟာ၊ ပုံမှန်သမရိုးကျ conventional way နဲ့သာ၊ exhaust valve အဖွင့်နဲ့အပိတ် lift timing ကိုဆောင်ရွက်ပါတယ်။

valve timing အတွက်၊ intake cam lobe ကို၊ long opening duration အဖြစ်၊ ချိန်ထားပါတယ်။ engine ဟာ high rpm နဲ့ လည်ပတ်စဉ်၊ intake valve ဟာ၊ early opening lift timing နဲ့စောစောပွင့်မှာ ဖြစ်သလို၊ solenoid valve လည်းပိတ်နေပါတယ်။ solenoid valve ဟာ၊ de-energised အနေနဲ့ ပိတ်နေတဲ့အတွက်၊ hydraulic chamber အတွင်းသို့၊ fluid ဝင်ရောက်လာခြင်း မရှိပဲ၊ hydraulic piston မှ valve actuator အတွင်းသို့သာ၊ တိုက်ရိုက်စီးဆင်းသွားပြီး၊ valve actuator မှ၊ intake valve ကို high lift အနေနဲ့၊ ပွင့်စေပါတယ်။

Fig. Multi events

engine rpm ကျသွားတဲ့အခါ၊ solenoid valve ဟာ၊ energized ဖြစ်ကာပွင့်သွားပြီး၊ hydraulic chamber အတွင်းကို၊ fluid ဝင်ရောက်လာပါတယ်။ valve actuator အတွင်းသို့ fluid ဝင်ရောက် လာခြင်းမရှိတော့တဲ့ အတွက်၊ rebound spring ရဲ့အားကြောင့် intake valve ဟာ၊ early closing lift timing အနေနဲ့စောစော ပိတ်မှာဖြစ်ပြီး  ပြန်ပွင့်တဲ့အခါ low lift အနေနဲ့သာ ပွင့်မှာဖြစ်ပါတယ်။ exhaust valve နဲ့ inlet valve တို့၊ အဖွင့်နဲ့အပိတ် အကူးအပြောင်း over lap period အတွင်း၊ intake valve ဟာ၊ early closing lift timing အနေနဲ့စောစောပိတ်ပြီး၊ late valve opening အနေနဲ့ နောက်ကျပြီးမှပွင့်တဲ့အတွက်၊ engine ရဲ့ combustion chamber အတွင်းမှာ၊ တပိုင်းတစ partial vacuum ဖြစ်ပေါါနေပါတယ်။ valve ဟာ၊ low valve lift အနေနဲ့ အနည်းငယ်သာပွင့်နေစဉ်၊ partial vacuum area အတွင်းကို၊ intake air stream ဟာ၊ turbulence အနေနဲ့ အရှိန်မြှင့်ပြီး၊ ဝင်ရောက်လာပါတယ်။၊ combustion chamber အတွင်းမှာ turbulence ဖြစ်ပေါါမှုကြောင့်၊ air/ fuel mixture ပိုမိုကောင်းမွန်သွားပြီး၊ fuel ဟာ အကုန်အစင်လောင်ကျွမ်းသွားတဲ့အတွက်၊ ဆုံးရှုံးမှု wasted မရှိတော့သလို၊ hydrocarbon emissions ကိုလည်းလျှော့ကျစေပါတယ်။

engine rpm ကို၊ အနည်းငယ်ထပ်မံကျဆင်းစေပြီး၊ partial-load operation အဖြစ်၊ မောင်းနှင်တဲ့ အခါမှာလည်း၊ intake valve ဟာ၊ early closing lift timing အနေနဲ့စောစောပိတ်ကာ၊ လိုသလောက် intake air ပမာဏကိုသာပေးပို့ပါတယ်။ variable cam phasing နဲ့ compromised cam timing တွေကို သုံးထားတဲ့၊ အခြား engines တွေမှာတော့၊ intake stroke မှ၊ intake air ဟာ back-flow အနေနဲ့၊ ပြန်လည် စီးဆင်းခြင်းမရှိနိုင်တာ၊ တွေ့ရမှာဖြစ်သလို၊ SOHC ဆိုတဲ့၊ single overhead cam engine တွေမှာတော့၊ intake air volume ပမာဏ၊ များတဲ့အခါ၊ back-flow အနေနဲ့ စီးဆင်းနိုင်ပါတယ်။ SOHC ဆိုတဲ့၊ single overhead cam ကိုသုံးထားတဲ့ Multiair engine တွေကို၊ low-rpm acceleration နဲ့ မောင်းနှင်တဲ့အခါ၊ intake air volume ပမာဏ၊ ပိုမိုလိုအပ်လာမှာဖြစ်ပြီး၊ အနီးဆုံး intake stroke မှ၊ back-flow အနေနဲ့၊ intake manifold သို့ပြန်မစီးနိုင်အောင်၊ intake valve ရဲ့၊ early closing lift timing မှတားဆီးပေးပါတယ်။

Multiair system ကို၊ Uniair system လို့လည်းခေါါပါတယ်။ electro-hydraulic variable valve actuation system ဖြစ်တဲ့၊ Multiair system ဟာ၊ engine အတွင်းဝင်ရောက်လာတဲ့ intake air ကို၊ control အနေနဲ့၊ လိုအပ်သလိုထိမ်းချုပ်ပေးတဲ့စနစ်ဖြစ်ပြီး၊ petrol engines တွေမှာသာမက၊ diesel engines တွေမှာပါ၊ တတ်ဆင်အသုံးပြုကြပါတယ်။ Alfa Romeo MiTo မှာ တတ်ဆင်ထားတဲ့ 1.4 JTB engine ဟာ၊ top end power အနေနဲ့ 155 PS (114 kW; 153 hp), 230 N·m (170 lb·ft) ရှိပြီး၊ fuel consumption အနေနဲ့၊ 100 kilometres တိုင်းမှာ၊ 6.5 litres သုံးစွဲပါတယ်။ 1.4 JTB engine မှာ၊ Multiair system ကိုတတ်ဆင်လိုက်တဲ့အခါ၊ top end power အနေနဲ့ 170 PS (125 kW; 168 hp), 250 N·m (180 lb·ft) အထိ တိုးကာ ရရှိလာပြီး၊ fuel consumption အနေနဲ့၊ 100 kilometres တိုင်းမှာ 6.0 L သာ၊ သုံးစွဲပါတယ်။ air/ fuel mixture ပိုမိုကောင်းမွန်လာတဲ့အတွက်၊ top end power တက်လာ သလို၊ fuel consumption ကျဆင်းသွားခြင်းဖြစ်ပါတယ်။

cylinder ရဲ့ volume metric ပမာဏခြင်းတူပြီး၊ ပုံမှန် traditional သမရိုးကျ petrol engine တွေနဲ့ Multiair system ကို သုံးထားတဲ့၊ engine ကို နှိုင်းယှဉ်ကြည့်တဲ့အခါ၊ power အနေနဲ့၊ (10 %), torque အနေနဲ့ (15 %) ပိုမိုရရှိပြီး၊ CO2 emissions ကို (10 %) နဲ့ NOx emission ကို (60 %) အထိလျှော့ချနိုင်တာ၊ တွေ့ရပါတယ်။ 1.4 L Multiair engine ဟာ၊ "Best New Engine of 2010" ဆုကိုရခဲ့သလို၊ Multiair system ကိုသုံးထားတဲ့၊ Fiat TwinAir 875 cc two-cylinder engine ဟာလည်း၊ "Best New Engine of 2011" ဆုကိုရခဲ့ပါတယ်။ ကားတွေရဲ့ internal combustion engines တွေကို ထုတ်လုပ်ရာမှာ၊ fuel consumption ပမာဏကို၊ အနည်းဆုံးသုံးပြီး၊ top end power အများဆုံးနဲ့ hydrocarbon emission အနည်းဆုံးထုတ်လွှင့်တဲ့၊ engines တွေကိုပဲ၊ ထုတ်လုပ်ဖို့ကြိုးစားကြပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Valvetronic, VVEL, Valvematic နဲ့ Multiair အစရှိတဲ့၊ system တွေအပြင်၊ piezoelectric controlled hydraulic actuator "Camless" system ကို၊ အသုံးပြုတဲ့ internal combustion engines တွေကို စမ်းသတ်ထုတ်လုပ်နေကြပါတယ်။



Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 


1 comment:

  1. ကျေးဇူးအထူးတင်ရှိပါတယ်ကိုထွန်းရေ....မထင်မှတ်ဘဲဒီအင်္ဂျင်အကြောင်းတွေ့လိုက်ရတာ....

    ReplyDelete