Pages

Tuesday 27 December 2011

Photoelectric sensor (၃)

Retro-reflective sensors တွေမှာ၊ emitter နဲ့ receiver တို့ကို၊ sensor housing တခုထဲမှာ အထက်နဲ့အောက် အနေအထားတတ်ဆင် ထားပါတယ်။ emitter မှထုတ်လွှင့်လိုက်တဲ့ light beam ဟာ၊ reflector ကိုသွားထိပြီးမှ၊ receiver သို့ပြန်သွားပါတယ်။ တနည်းအားဖြင့် sensing object ကိုထိတွေ့ပြီးမှ၊ reflector ရဲ့ မျက်နှာပြင်ကိုထပ်မံထိတွေ့ကာ၊ ပြန်လင်းတန်းအဖြစ်၊ receiver သို့သွားတယ်လို့ ဆိုနိုင်ပါတယ်။ receiver မှလက်ခံရရှိမယ့် reflective light beam ရဲ့ ligh intensity ဟာကျသွားပြီး၊ intensity အပြောင်းအလဲကို၊ detect လုပ်ပါတယ်။






Fig. Retro-reflective sensor

sensing distance အနေနဲ့ စင်တီမီတာအကွာအဝေးအနည်းငယ်မှ၊ (၁၀) မီတာအကွာဝေးတွေအထိ၊ အသုံးပြုနိုင်ပါတယ်။ sensing object ရဲ့ အရောင်နဲ့ အစောင်းအနေအထား angle တွေဟာ၊ light beam ကိုအနှောက်အယှက်မပေးသလို၊ အလင်းတန်းဟာ transparent ဆိုတဲ့၊ အလင်းပေါက်အရာဝထ္တုအတွင်း၊ ဝင်ရောက်ပြီးမှ၊ reflected light beam အဖြစ်၊ အလင်းပြန်တဲ့အတွက်၊ transparent sensing object တွေကိုပါ၊ detect လုပ်နိုင်ပါတယ်။ ဒါပေမယ့် mirrored finished လို့ခေါါတဲ့၊ မှန်လို shiny surface objects တွေကိုတော့၊ detect မလုပ်နိုင် တာတွေ့ရပါတယ်။ အဲဒီအခါ polarization filters တွေကို၊ ထည့်သွင်းအသုံးပြုကြပါတယ်။





Fig. Polarized retro-reflective sensor

emitter မှ၊ ထုတ်လွှင့်လိုက်တဲ့ light beam ဟာ shiny object နဲ့ထိတွေ့ပြီး၊ reflector မှတဆင့်၊ receiver သို့၊ reflected light အနေနဲ့ ပြန်လာတဲ့အခါ၊ phase pattern ပြောင်းလဲသွားတဲ့အတွက်၊ polarization filters တွေကို၊ ထည့်သွင်း အသုံးပြုခြင်းလို့ ဆိုနိုင်ပါတယ်။ polarized retro-reflective sensors တွေကို၊ short distance sensing အတွက် အသုံးပြုလေ့ရှိပြီး၊ reflector အဖြစ် corner cube reflectors တွေကိုသုံးတဲ့အခါ၊ parallel axis အနေနဲ့ အလင်းပြန်တဲ့အခါ၊ ပြန်လင်းတန်းရဲ့ အလမ်းပြန်မှုစွမ်းရည်ပိုမိုကောင်းမွန်လာတာတွေ့ရပါတယ်။



Fig. Diffuse-reflective sensor

Diffuse-reflective sensors တွေမှာ၊ emitter နဲ့ receiver တို့ကို၊ sensor housing တခုထဲမှာ အထက်နဲ့အောက် အနေအထား တတ်ဆင် ထားပေမယ့်၊ Retro-reflective sensors တွေလို၊ reflector တတ်ဆင်ထားခြင်းမရှိပါဘူး။ emitter မှထုတ်လွှင့်လိုက်တဲ့ light beam ဟာ၊ sensing object ကိုထိတွေ့ပြီး၊ ပြန်လင်းတန်းအဖြစ်၊ receiver သို့တိုက်ရိုက် အလင်းပြန်သွားပါတယ်။ light beam ဟာ object နဲ့ထိတွေ့စဉ်၊ light intensity မြင့်တက်သွားပြီး၊ intensity အပြောင်း အလဲကို၊ detect လုပ်ခြင်းဖြစ်ပါတယ်။ sensing object ရဲ့ color နဲ့ surface smoothness တို့ဟာ၊ reflected light ရဲ့ intensity နဲ့ operating stability တို့အပေါါမှာ၊ သက်ရောက်မှုရှိပါတယ်။




Reference : Marine Electrical & Automation Course - (ဦးခင်မောင်ဦး၊ အချိန်ပိုင်း ကထိက၊ စက်မှုဌာန၊ ရေကြောင်းပညာသိပ္ပံကျောင်း), Technical Guide - OMRON Industrial Automation, Australia,

Image credit to : http://www.omron.com.au/, http://www.prothermind.com/, http://www.automation.com/, http://www.sensorsmag.com/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Sunday 25 December 2011

စက်ာပူ North - South MRT လမ်းအပိုင်း လျှပ်စစ်ဓါတ်အားစနစ်ပြတ်တောက်မှု (၁)

စက်ာပူက MRT လို့ခေါါတဲ့ လျှပ်စစ်ရထားတွေမှာ၊ ရထားမောင်းနှင်ဖို့ လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားကို၊ power rail လို့ခေါါတဲ့ third rail မှတဆင့်ရယူပါတယ်။ ရထားဘီးတွေဟာ rail လို့ခေါါတဲ့ သံလမ်းပေါါ မှာမောင်းနှင်တာဖြစ်ပြီး၊ သံလမ်းဘေးမှာ သံလမ်းနဲ့အပြိုင်တတ်ဆင်ထားတဲ့ third rail မှာ၊ DC high voltage ကိုလွှတ်ထားပါတယ်။ third rail ကို protective cover နဲ့ အပေါါမှဖုံးအုပ်ထားသလို၊ ရထားမှာ တတ်ဆင်ထားတဲ့ collector shoe ဟာ၊ third rail ရဲ့ အောက်ပိုင်းမှ conductive surface နဲ့ ထိနေပြီး၊ လျှပ်စစ်ဓါတ်အားကိုရယူပါတယ်။ ရထားတွဲတတွဲ မှာ ရှေ့နောက် ဘယ်ညာ၊ collector shoe (၄) ခု ပါဝင်ပါတယ်။






Fig. Third rail and collector shoe

Third rail အစိတ်အပိုင်းတနေရာရာမှာ အကြောင်းတစုံကြောင့်၊ dialoged လို့ခါါတဲ့ နေရာရွေ့သွားမှု ဖြစ်ပေါါခဲ့ရင်၊ Third rail ရဲ့ conductive surface နဲ့ထိကာပွတ်တိုက်နေတဲ့ collector shoe ပျက်စီးကာ၊ ရထားရဲ့ လျှပ်စစ်ဓါတ်အား စနစ်ပြတ်တောက်သွားတတ်ပါတယ်။ အလားတူ collector shoe ဟာ၊ dialoged ဖြစ်နေခဲ့မယ်ဆိုရင်၊ Third rail ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။








စက်ာပူက North - South MRT လမ်းအပိုင်းမှာဖြစ်ပေါါခဲ့တဲ့၊ ရထားရဲ့ လျှပ်စစ်ဓါတ်အားစနစ် ပြတ်တောက်မှုကို၊ စစ်ဆေးကြည့်တဲ့အခါ၊ third rail နဲ့ collector shoes တွေပျက်စီးနေတာ ကို၊ တွေ့ရသလို၊ ပျက်စီးရခြင်း အကြောင်းရင်းကိုတော့ ဆက်လက်ရှာဖွေနေဆဲလို့၊ သိရပါတယ်။ လျှပ်စစ်ရထားတွေရဲ့ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံတွေအကြောင်းကို၊ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

third rail ကို၊ claw လို့ခေါါတဲ့ metal grip မှ၊ ညှပ်ထားပြီး၊ ရထားသံလမ်းအဆက်တွေမှာ ရထားက ခုန်တိုင်း၊ အလိုက်သင့်ထိမ်းပေးထားပါတယ်။ တနည်းအားဖြင့် third rail ရဲ့ alignment မှန်စေဖို့၊ claw မှထိမ်းပေးထားတယ်လို့ ဆိုနိုင်ပြီး၊ foundation bracket မှာ၊ bolts နဲ့ nuts ကိုသုံးကာ၊ အထိုင်ချထား ပါတယ်။ claw ရဲ့ metal piece assembly တွေ၊ အထိုင်ရွှေ့သွားပြီး၊ လုံလောက်တဲ့ tension မရှိတော့တဲ့ အခါ၊ third rail ကို secured position အနေနဲ့ သေသေခြာခြာညှပ်မထားနိုင်တော့သလို၊ third rail ဟာ၊ နေရာရွေ့သွား နိုင်ပါတယ်။ third rail မှာ dialoged ဖြစ်ရင်၊ third rail ရဲ့ conductive surface နဲ့ထိကာပွတ်တိုက်နေတဲ့ collector shoe တွေပါ၊ နေရာရွှေ့ကာ၊ ရထားရဲ့ လျှပ်စစ်ဓါတ်အားစနစ် ပြတ်တောက်သွားမှာဖြစ်ပါတယ်။



SMRT ရဲ့ ပဏာမလေ့လာစစ်ဆေးချက်တွေအရ၊ လုံလောက်တဲ့ tension မရှိတော့တဲ့ claws တွေကို၊ cable ties တွေနဲ့တုတ်ထားတယ်လို့၊ သိရပါတယ်။ claw ရဲ့ foundation brackets မှ bolts နဲ့ nuts တွေ ကို၊ ပြန်ကျပ်လို့ပါတယ်။ tension မရှိတော့တဲ့ claw ရဲ့ အစိတ်အပိုင်းတွေကိုတော့၊ ပြန်ပြင်လို့မရတဲ့ အတွက်၊ claw ရဲ့ metal piece assembly တခုလုံးကို၊ အစားထိုးအသစ်လဲရမှာဖြစ်ပါတယ်။

ညဘက် ရထားတွေမမောင်းချိန် ရထားလမ်းတလျှောက်၊ စစ်ဆေးပြီး၊ claw အသစ်တွေနဲ့ အစားထိုး လဲလှယ်နေသလို၊ dialoged ဖြစ်နေတဲ့ claws တွေကို အကုန်မလဲနိုင်ခင်မှာတော့၊ ရထားတွေနှေးနေဦး မယ်လို့ သိရပါတယ်။ claws တွေ dialoged ဖြစ်ရတဲ့အကြောင်းရင်းကို၊ စစ်ဆေးနေစဉ်မှာပဲ ဒူဒူကြီး တို့လို နောက်တတ်တဲ့ သူတွေမှ၊ formula one ပြိုင်ကားပြိုင်ပွဲတွေလုပ်လို့ claws တွေ dialoged ဖြစ်တာ တို့၊ construction project တွေက၊ pile တွေရိုက်လို့ claw ရဲ့ metal piece assembly တွေ၊ အထိုင်ရွှေ့သွားတာတို့၊ ဆိုပြီးပြောကြပါတယ်။


SMRT ရဲ့ ရထားလမ်းတွေမှာ claw ဆိုတဲ့ metal piece assembly ကို၊ တခုနဲ့တခု (၆ ဒသမ ၃) မီတာ အကွာအဝေးထားပြီး၊ တတ်ထားတာဖြစ်ပါတယ်။ North - South နဲ့ East West လမ်းအပိုင်းတွေမှာ ပြုတ်ထွက်နေတဲ့ claws တွေနဲ့ နေရာရွှေ့နေတဲ့ claws တွေ၊ စုစုပေါင်း (၂၁) ခုတွေ့တယ်လို့၊ စစ်ဆေးချက်တွေ အရ၊ သိရပါတယ်။



ရထားသံလမ်းဆိုတဲ့ train rail ရဲ့ အောက်မှာ cast-in-situ concrete elements ဖြစ်တဲ့၊ floating slab တွေတတ်ထားပါတယ်။ slab ရဲ့ အောက်မှာ longitudinal အနေအထားနဲ့ resilient bearings တွေ တတ်ထားပါတယ်။ ရထားခုတ်မောင်းရာ မှ ပေါါပေါက်လာတဲ့ vibration ကို၊ အနား ပတ်ဝန်းကျင်မှ အဆောက်အဦတွေ အပေါါ မသက်ရောက်စေဖို့၊ resilient bearings တွေဟာ shock absorber လို အလုပ်လုပ်ပြီး၊ လျှော့ချပေးတဲ့အတွက် floating slab လို့ခေါါပါတယ်။ တကယ်လို့ slab အောက်မှ bearing တွေ၊ ပုံမှန် အလုပ်မလုပ်တဲ့အခါ၊ ရထားလမ်းမှာ vibration ဖြစ်ပေါါလာပြီး claws တွေ၊ dialoged ဖြစ်နိုင်ပါတယ်။


Reference and image credit to : MRT N-S Line Breakdown, The New Paper, December, 17, 2011, The Strait Times, December, 23, 2011. 


Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Saturday 17 December 2011

Limit switches , proximity switches တွေနဲ့ simple pneumatic engine control system

ဆောင်းပါးဆန်ဆန် post တွေပဲရေးမိတဲ့အခါ၊ ငြီးငွေ့လာတဲ့အတွက်၊ လုပ်ရင်းကိုင်ရင်း နဲ့ တွေ့လာတာလေး ကို၊ ပေါ့ပေါ့ပါးပါး ရေးပါဦးမယ်။ ဇတ်အစနိဒါန်းကတော့ normally close 3/4 way pneumatic solenoid valve တလုံးက၊ လေအဆက် မပြတ် ယိုနေခြင်းပါပဲ။ DC 24 V ဝင်လာပြီး၊ coil energized ဖြစ်တဲ့အခါ၊ open position သို့ ပြောင်းပေး ပါတယ်။ pneumatic valves တွေမှာ exhaust ပါတဲ့အတွက်၊ valve ရဲ့ function တခုနဲ့ တခုပြောင်းတဲ့ အခါ၊ valve block အတွင်းမှ၊ လေအကျန်ကို exhaust အနေနဲ့ရှင်းထုတ် ပါတယ်။ open position အပြောင်း မှာ၊ exhaust function ဖြစ်ပေါါပေမယ့်၊ exhaust ဟာရပ်မသွားပဲ၊ leakage အဖြစ် လေအဆက်မပြတ် ထွက်နေပါတယ်။




Fig. 3/ 2 way (NC) pneumatic solenoid, 0 ~ 10 Bar, DC 24 V, 4.5 W




Fig. Engine control system

လေ အဆက်မပြတ်ယိုစိမ့်ထွက်နေတဲ့၊ solenoid ဟာ engine ရဲ့ speed control solenoid ဖြစ်ပါတယ်။ solenoid မှ ရလာတဲ့ maximum 7.0 bar ခန့်ရှိတဲ့၊ control air ကို၊ speed control handle မှတဆင့်၊ အနည်းအများပြောင်းလဲပေးကာ၊ governor boost air အနေနဲ့၊ governor သို့ပေးပို့ပါတယ်။ boost air အနည်းအများအပေါါမူတည်ပြီး၊ governor ဟာ fuel rack တွေကို၊ အတွန်းအဆွဲ ပြုလုပ်ပါတယ်။ engine ရဲ့ idle speed ဟာ၊ 420 rpm ဖြစ်ပြီး၊ maximum rpm ကတော့ 650 rpm ဖြစ်ပါတယ်။

fuel racks တွေ ရဲ့ ရွှေ့လျှားမှုကြောင့် cylinder unit တခုစီ မှာရှိတဲ့၊ fuel pump တလုံးချင်းမှတဆင့်၊ fuel injector တခုစီကို fuel ဆိုတဲ့၊ လောင်စာဆီ ကို၊ ပမာဏအနေနဲ့ အနည်း နဲ့ အများပေးပို့ပြီး၊ engine ရဲ့ speed ကိုပြောင်းလဲယူပါတယ်။ speed control handle ဟာ၊ boost air ကို control လုပ်သလို၊ engine နဲ့ ချိတ်ဆက်ထားတဲ့ transmission gear box ကိုလည်း၊ ahead နဲ့ astern ဆိုပြီး၊ ဘယ်လည်၊ ညာလည် လိုအပ်သလို၊လည်ပတ်စေပါတယ်။

engine ကို စတင်နှိုးပြီးတဲ့အခါ၊ idle speed 420 rpm နဲ့ engine room control မှ၊ bridge control သို့ selector switch နဲ့ပြောင်းယူပါတယ်။ engine room မှ bridge ပေါါကို၊ DC 24 V signal ရောက်သွားတဲ့ အခါ၊ alarm အနေနဲ့ အချက်ပေးပါတယ်။ alarm ကို reset လုပ်ခြင်းဟာ engine room မှ ပေးပို့လာတဲ့ DC 24 V signal ကို bridge control signal အဖြစ် လက်ခံခြင်းဖြစ်ပါတယ်။ DC 24 V signal ကို ရရှိပြီးတဲ့ အခါ၊ selector switch မှတဆင့် DC 24 V supply ကို၊ speed control solenoid သို့ပေးပို့ပါတယ်။ solenoid activated ဖြစ်တဲ့ အခါ၊ control air ဟာ၊ natural position အနေအထားမှာရှိနေတဲ့ speed control handle သို့ရောက်ရှိသွားပါတယ်။

natural position မှာရှိနေတဲ့ speed control handle ကို၊ ahead position အဖြစ်ရှေ့ကိုတွန်းလိုက်တဲ့ အခါ၊ solenoid မှတဆင့်ရောက်နေတဲ့ control air ကို boost air အဖြစ်၊ ဖွင့်ပေးလိုက်ပါတယ်။ boost air ဟာ governor ရဲ့ actuator ကိုတွန်းတဲ့ အတွက်၊ governor linkages တွေမှ တဆင့်၊ fuel rack ကို၊ တွန်းပါတယ်။ တနည်းအားဖြင့် engine rpm ကိုမြှင့်ယူခြင်းလို့ ဆိုနိုင်ပါတယ်။ တချိန်တည်းမှာ speed control handle ကို၊ ahead position အဖြစ်ရှေ့ကိုတွန်းလိုက်တဲ့အခါ၊ handle မှ cam knot ဟာ၊ ahead limit switch ကိုသွားထိတဲ့ အတွက်၊ limit switch မှတဆင့် transmission and reduction gear box မှ၊ ahead solenoid သို့ DC 24 V power signal ရောက်သွားပါတယ်။

engine room မှာရှိတဲ့ air regulating unit မှ၊ control air ဟာ၊ gear box ရဲ့ ahead solenoid အဝင်မှာရှိနေပြီး၊ signal ဝင်လာတဲ့ အခါ၊ solenoid valve ပွင့်သွားပါတယ်။ control air ဟာ၊ solenoid valve မှတဆင့်ဖြတ်သန်းကာ၊ clutch reversing servo cylinder ကိုတွန်းလိုက် တဲ့ အတွက်၊ gear box ဟာ ahead position နဲ့စတင်လည်ပတ်ပါတယ်။ gear box ဟာ propeller shaft နဲ့ intermediate shaft မှတဆင့် ဆက်ထားတဲ့အတွက်၊ gear box လည်တာနဲ့ propeller ပါလည်ပတ်ပြီး၊ သဘော်ကို ရှေ့သို့ ရွှေ့ လျှားစေပါတယ်။ gear box ahead position မှာရှိနေကြောင်းကိုလည်း၊ engine room မှ gear box ရဲ့ clutch servo cylinder မှာတတ်ထားတဲ့ limit switch မှ တဆင့်၊ bridge မှာ အသိပေးဖော်ပြပါတယ်။ propeller စလည်တာနဲ့ engine ဟာ load ကိုစထမ်းပါတယ်။ load စထမ်းတဲ့အခါ engine rpm ဟာ ရုတ်တရက်လျှော့ကျသွားပြီး၊ governor ရဲ့ response ကြောင့် အချိန်အနည်းငယ်အတွင်းမှာပဲ၊ မူလ engage လုပ်စဉ်မှာရှိတဲ့ rpm သို့၊ ပြန်ရောက်လာပါတယ်။

သဘော်ကို နောက်သို့ဆုတ်တဲ့အခါ၊ speed control handle ကို natural position သို့၊ ပြန်ပို့ပြီး၊ astern position အနေနဲ့ နောက်သို့ ဆွဲယူပါတယ်။ handle မှ cam knot ဟာ၊ astern limit switch ကို သွားထိ တဲ့အတွက်၊ limit switch မှတဆင့် transmission and reduction gear box မှ၊ astern solenoid သို့ DC 24 V power signal ရောက်သွားပြီး၊ လေဟာ clutch reversing servo cylinder မှတဆင့် gear box ကို၊ astern position နဲ့စတင်လည်ပတ်စေပါတယ်။ ahead သို့မဟုတ် astern position မှာ engage လုပ်ပြီးတဲ့ အခါ၊ engine ဟာမူလ engage လုပ်စဉ်မှာရှိတဲ့ rpm ကိုပြန်ရောက်လာပြီး၊ speed control handle မှ တဆင့် boost air ကို၊ ပိုမိုပေးသွင်းကာ၊ rpm ကိုမြှင့်ယူသလို၊ boost air ကိုလျှော့ချခြင်းဖြင့် rpm ကိုလျှော့ချနိုင်ပါတယ်။

လေ အဆက်မပြတ်ယိုစိမ့်ထွက်နေတဲ့၊ speed control solenoid ကြောင့် governor ရဲ့ actuator မှာ၊ လေ လုံလောက်စွာမရတဲ့အခါ၊ governor linkages တွေမှ တဆင့်၊ fuel rack ကို၊ မတွန်းနိုင်တော့သလို engine ရဲ့ rpm ကိုလည်း၊ မြှင့်ယူလို့မရတော့ပဲ၊ engine ဟာမူလ engage လုပ်စဉ်မှာရှိတဲ့ rpm မှာသာ လည်ပတ်နေပါတော့တယ်။

solenoid ရဲ့ Maker ဟာ၊ FESTO ဖြစ်ပြီး၊ connection port တွေရဲ့ အရွယ်အစားဟာ၊ quarter လို့ခေါါတဲ့ 1/4 inch အရွယ်အစားဖြစ်ပါတယ်။ 0 ~ 10 Bar, DC 24 V, 4.5 W , 3/ 2 way (NC) pneumatic solenoid ဖြစ်ပြီး၊ SMC, BURKERT, NABCO, PARKER အစရှိတဲ့ maker brand တွေမှ၊ အမျိုးအစား တူ solenoid တလုံးနဲ့ အလွယ်တကူ အစားထိုးလဲလှယ်လို့ရပါတယ်။

အရေးရယ်အကြောင်းရယ်ဆို သုံးလို့ရအောင်၊ ဆောင်ထားတဲ့ ပစ္စည်းတွေအထဲမှ၊ အဆင်သင့်ရှိနေတဲ့ BURKERT solenoid တလုံးနဲ့ အစားထိုးလဲလှယ်ပြီး၊ engine ကိုစမ်းတဲ့အခါ၊ maximum boost air ကိုပေးပေမယ့် rpm တက် မလာပါဘူး။ fuel racks တွေဟာ normal position မှာပဲရှိနေသလို၊ governor response ကြောင့်လို့ယူဆပြီး၊ droop နဲ့ governor linkage တွေကို၊ adjust လုပ်ကြည့်တဲ့၊ အခါမှာလည်း rpm တင်လို့မရတာတွေ့ရပါတယ်။ 





Fig. Fuel injection and valve timing

ပြသနာတခုခုဖြစ်လာရင် တောတွေးတောင်တွေး၊ ပေါက်ကရတွေးဆိုတဲ့ nonsense တွေကို၊ အဓိကထား ကာ စဉ်းစားတတ်တဲ့ အကျင့်ကြောင့် load မထမ်းတာဟာ၊ fuel timing မမှန်လို့ဆိုပြီး စတွေးပါတော့ တယ်။ စကားမပြောတတ်တဲ့ စက်တွေဟာ၊ တရားခံ ဆိုပြီး၊ 'ငယ်တဲ့အမှုကိုကြီးစေ၊ ကြီးတဲ့အမှုကို ရှင်းမရစေ' အနေအထားကို၊ ဆွဲသွင်းတာပါ။ မကြာသေးခင်ကမှ၊ engine ကို inspection လုပ်ရင်း၊ camshaft bearing clearance တွေကို၊ cylinder unit တခုခြင်းအတွက်၊ ကိုယ်တိုင်တိုင်းထားတာမို့ timing မမှန်ဘူးလို့ တွေးမိတာလည်းဖြစ်ပါတယ်။




Fig. Inspection and replacement of camshaft bearing





Fig. Camshaft bearing & Cam knob

cam shaft bearing clearance reading တွေဟာ မူလရှိရမယ့် limit range ဖြစ်တဲ့၊ 0.07 ~ 0.13 mm clearance reading မှာမရှိတော့ပဲ 1 mm အထက်ကိုရောက်နေသလို၊ cam knobs တွေဟာလည်း၊ pitting & wear down ဆိုသလို၊ အချိုင့်တွေနဲ့ ပွန်းစားနေတာတွေကို၊ တွေ့ရပါတယ်။ clearance များတဲ့ အပြင်၊ cam knob တွေပါမကောင်းတော့တဲ့အတွက်၊ fuel timing မမှန်တော့သလို၊ exhaust valve နဲ့ inlet valve တွေရဲ့ အဖွင့်အပိတ် timing တွေပါ၊ မမှန်တော့ပဲ၊ valve spring တွေပါ ခဏခဏကျိုးကာ၊၊ LO လို့ခေါါတဲ့ lubrication oil pressure ပါကျနေတဲ့ engine ဖြစ်ပါတယ်။ 
LO pressure ကျတာကို၊ stand by LO pump နဲ့အတူတွဲမောင်းရင်း၊ ထိန်းထားတာအတော်ကြာပါပြီ။ budget အနေအထားအရ၊ လာမယ့် ဇွန်လလောက်မှ၊ Dock တင်ရင်း completed overhauling လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ No. 1 နဲ့ No. 3 unit တွေရဲ့ cylinder liner ဟာ၊ maximum wear down limit ကိုရောက်နေသလို၊ No. 2 နဲ့ No.5 unit တွေရဲ့ piston pin clearance ဟာလည်း၊ maximum limit ထက်ပိုနေတဲ့ engine ဖြစ်တဲ့အတွက်၊ နောက်ထပ် (၆) လလောက်အသုံးခံစေဖို့၊ နေ့တိုင်းမေတ္တာ ပို့နေရတဲ့ engine ဖြစ်ပါတယ်။

သဘော်ဆက်ထွက်ဖို့၊ မထွက်ဖို့နဲ့ ပက်သက်ပြီး၊ ဆုံးဖြတ်ချက်တခုခုကို၊ အတိအကျပေးရယ့်၊ အခြေအနေ ကို ရောက်သွားပါပြီ။ Ideal speed နဲ့သာ မောင်းလို့ရတဲ့သဘော်ဟာ၊ ကုန်အပြည့်တင်ပြီး၊ ထွက်မယ်ဆိုရင်၊ ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးလာတဲ့အခါ wind speed ဆိုတဲ့ လေတိုက်နှုံးနဲ့ current speed ဆို တဲ့၊ ရေစီးကြောင်းတို့ကို တောင့်ခံထားဖို့၊ မလွယ်သလို အန္တရာယ်လည်းများပါတယ်။ 'ဘာလေးဘာ နဲ့ ရီနှစ်ရီ' ဆိုတဲ့၊ သဘော်သားစကားအရ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ နဲ့ ဖော်ဖော်ဝါရီလ တွေမှာ၊ တောင်တရုပ်ပင်လယ်မှာ မြူးတဲ့ မုန်တိုင်းတွေကြောင့်၊ ဒီ speed နဲ့ ဆက်ထွက်ဖို့ ဆိုတာ၊ တကယ့်ကို စွန့်စားရမယ့် ကိစ္စဖြစ်ပါတယ်။

main engine rpm indicator ကိုငေးကြည့်ရင်း၊ engine မှာ taco-generator နဲ့ magnetic pick-up တို့ တတ်ထားတာ သတိရမိပါတယ်။ engine အကြီးတွေမှာ techo-generator ဟာ engine နဲ့လိုက်ပါ လည်ပတ်ရင်း၊ out put voltage ထုတ်ပေးကာ၊ ရလာတဲ့ voltage signal ကို engine rpm indicating အတွက်အသုံးပြုလေ့ရှိပါတယ်။



Fig. Timing gear

magnetic pick up sensor ကိုတော့ speed relay နဲ့တွဲကာ၊ over speed protection တွေအတွက် အသုံးပြုလေ့ရှိပါတယ်။ ဒီ engine ရဲ့ timing gear case cover မှာ၊ proximity switch ဖြစ်တဲ့၊ magnetic pick-up sensor တတ်ထားတဲအတွက့်၊ safety protection system malfunction ဖြစ်ပြီး၊ rpm တင်မရ တာလားရယ်လို့၊ တွေးမိပါတော့တယ်။ 

စက်ခန်းထဲဆင်းကာ၊ main engine alarm & monitoring panel ကိုသွားကြည့်တဲ့အခါ၊ over speed နဲ့ပက်သက်ပြီး၊ panel မှာ၊ indicating အနေနဲ့တတ်ဆင်ထားတာ မရှိပေမယ့်၊ panel အတွင်းမှ speed relay မှာ၊ မီးအနီလေးလင်းနေတာကိုတွေ့ရပါတယ်။ တဆက်တည်းမှာ governor မှာ wire ကြိုး ဝင်သွားတာကိုသတိရမိပါတယ်။ emergency stop နဲ့ LO low pressure, cooling water high temperature အစရှိတဲ့ engine ရဲ့ safety system အတွက်၊ shutdown အဖြစ်၊ governor ထဲမှာ integrated built in stop solenoid ကိုတတ်ထားပြီး၊ governor အတွင်းမှ stop solenoid energized ဖြစ်တဲ့အခါ၊ fuel rack ကို '0' position အထိဆွဲချကာ၊ engine ကိုရပ်လိုက်မယ်ဆိုပြီး၊ တွေးမိပါတယ်။




Fig. Governor, Fuel link and Fuel limiter

အဲဒီအခါ၊ proximity switch နဲ့ speed relay ဟာ၊ over speed trip အနေနဲ့ engine ကို၊ မရပ်ပဲ၊ speed limit အဖြစ်၊ arrangement တခုခုနဲ့ rpm ကိုလျှော့ချမယ်လို့၊ ဆက်တွေးမိပါတယ်။ governor နဲ့ ဆက်ထားတဲ့၊ common fuel link ရဲ့ အဆုံးကိုသွားကြည့်တဲ့အခါ၊ တွေးထင်မိတဲ့အတိုင်း fuel limiter arrangement ကိုတွေ့ရပါတော့တယ်။ engine ဟာ 100 % maximum rpm 650 ရဲ့ + 15 % ဖြစ်တဲ့ 747 rpm ကျော်သွားတာနဲ့၊ magnetic pick up မှပေးပို့တဲ့ signal အရ၊ speed relay မှတဆင့်၊ fuel limiter ကို activated ဖြစ်ပေါါစေပါတယ်။ 

fuel limiter ဟာ solenoid တလုံးသာဖြစ်ပါတယ်။ over speed limit ကိုရောက်တဲ့အခါ speed relay မှ DC 24 V signal ကို၊ solenoid သို့ပေးပို့ပြီး၊ solenoid ရဲ့ plunger မှတဆင့် common fuel link ကို၊ အောက်သို့တွန်းချခြင်းဖြင့် rpm ကိုလျှော့ချမှာဖြစ်ပါတယ်။ 'fuel limiter တွေအများစုရဲ့ plungers တွေဟာ၊ activated ဖြစ်ပြီးလျှင်၊ main engine alarm & monitoring panel မှ reset လုပ်ရုံနဲ့ မူလနေရာကိုအလိုအလျှောက်ပြန်ဝင်သွားလေ့မရှိပဲ၊ manually reset အနေနဲ့ လူကိုယ်တိုင်သွားပြီး၊ ပြန်တွန်းတင်ပေးဖို့လိုတယ် ' ဆိုတဲ့၊ ငယ်ဆရာတဦးရဲ့ အမှာစကားကို သတိရမိသလို၊ သဘော်သားဘဝက ကြုံခဲ့ဖူးတဲ့ SULZER, AKASAKA UEC, PIELSTICK နဲ့ DIHATSU အင်ဂျင်တွေမှာလည်း၊ emergency stop စမ်းပြီးတိုင်း၊ fuel rack ကိုတွန်းထုတ်တဲ့ solenoid ကို၊ manually reset လုပ်ပေးခဲ့ရတာကို ပြန်သတိရမိပါတယ်။ 

fuel limiter မှ plunger ကိုအတွင်းသို့  ပြန်တွန်းတင်ပေးပြီး၊ engine ကိုနှိုးကာ rpm အတိုးအလျှော့ စမ်းကြည့်တဲ့အခါ၊ လိုသလိုအတိုးအလျှော့လုပ်နိုင်တာကိုတွေ့ရသလို၊ governor response ရဲ့ response ဟာ ကောင်းမွန်တာကို၊ တွေ့ရပါတယ်။ speed control solenoid မှာ air leakage ဖြစ်တဲ့အခါ၊ bridge control အနေနဲ့ engine rpm ကိုတင်မရတဲ့အတွက်၊ လူကိုယ်တိုင်သွားပြီး governor ကို manual increase/ decrease အနေနဲ့၊ engine ကို မောင်းခဲ့ကြပါလိမ့်မယ်။

manually အတိုးအလျှော့မှာအချိန်အဆအမှားအယွင်းတခုခုကြောင့်၊ မမျှော်လင့်ပဲ over speed ဖြစ်ကာ၊ fuel limiter activated ဖြစ်သွားပုံရပါတယ်။ fuel limiter activated ဖြစ်ပြီး၊ rpm တင်မရတော့တာကို၊ မူလက speed control solenoid valve မှာ၊ air leakage ဖြစ်တာနဲ့ ရောထွေးမိသလို၊ control system ရဲ့ drawings တွေကို၊ အစအဆုံးမဖတ်ခဲ့တဲ့အတွက်၊ engine rpm အတိုးအလျှော့ ကိစ္စမှာ၊ အဖြေရှာမရဖြစ်ခဲ့ရ ပါတော့တယ်။

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

Photoelectric sensor (၂)




Fig. Through-beam Sensor

Through-beam Sensors တွေမှာ၊ emitter နဲ့ receiver တို့ကို၊ မျက်နှာခြင်းဆိုင်တတ်ဆင်ထားပါတယ်။ sensing object ဟာ၊ emitter မှထုတ်လွှင့်တဲ့ emitting light ဆိုတဲ့ light beam ကိုဖြတ်သန်းတဲ့ အခါ၊ receiver မှာလက်ခံရရှိမယ့် light beam ရဲ့ light intensity amount လျှော့ကျသွားပြီး၊ light intensity amount လျှော့ကျသွားခြင်းမှတဆင့် detect လုပ်ခြင်းဖြစ်ပါတယ်။ emitter နဲ့ receiver တို့အကြားမှာ object မရှိတဲ့အချိန်မှာ၊ switch ON တဲ့၊ through-beam sensor မျိုးကို၊ Light Switching လို့ သတ်မှတ် ပြီး၊ emitter နဲ့ receiver တို့အကြားမှာ object ရှိနေစဉ်၊ switch ON တဲ့၊ through-beam sensor မျိုးကို၊ Dark Switching လို့သတ်မှတ်ပါတယ်။




Fig. Slot through-beam sensor (or) Self contained through-beam sensor

application အမျိုးအစားပေါါမူတည်ပြီး၊ emitter နဲ့ receiver တို့ကို၊ integrated အနေနဲ့ နေရာယူမှုကို ခြုံ့ကာ၊ object ကို detect လုပ်တဲ့ Slot through-beam sensor သို့မဟုတ် Self contained through-beam sensors တွေကိုလည်း၊ တွေ့ရပါတယ်။ through-beam sensors တွေကို၊ long sensing distances ranging အနေနဲ့ အသုံးပြုနိုင်သလို၊ sensing object path changes တနည်းအားဖြင့် sensing object တခုနဲ့တခု အကွာအဝေး အပြောင်းအလဲရှိခဲ့လျှင်လည်း၊ sensor မှာ effect မဖြစ်ပေါါတဲ့အတွက်၊ stable operation အနေနဲ့ အသုံးပြုနိုင်ပါတယ်။
 


Fig. L-shaped through-beam sensor



Fig. Dynamic optical window through-beam sensor

ဒါ့အပြင် application အပေါါမူတည်ပြီး၊ Self contained through-beam sensor တွေကို၊ L-shaped sensors တွေနဲ့ Dynamic optical window sensors တွေအဖြစ်အသုံးပြုတာ၊ တွေ့ရပါတယ်။


Reference : Marine Electrical & Automation Course - (ဦးခင်မောင်ဦး၊ အချိန်ပိုင်း ကထိက၊ စက်မှုဌာန၊ ရေကြောင်းပညာသိပ္ပံကျောင်း), Technical Guide - OMRON Industrial Automation, Australia,
Image credit to : http://www.omron.com.au/, http://www.prothermind.com, http://www.processonline.com.au/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Wednesday 14 December 2011

Photoelectric sensor (၁)

Photoelectric Sensors တွေကို၊ sensing method ဆိုတဲ့ အလုပ်လုပ်ပုံအရ၊ through-beam sensor, retro-reflective sensor, diffuse-reflective sensor, distance-settable sensor နဲ့ limited-reflective sensor ဆိုပြီးခွဲခြားနိုင်သလို၊ တည်ဆောက်ပုံအရ Built-in amplifier sensor, Separated amplifier sensor နဲ့ Optical fiber sensor ဆိုပြီးခွဲခြားနိုင်ပါတယ်။ Photoelectric Sensors တွေမှာ အလင်းတန်းဆိုတဲ့ light beam ထုတ်ပေးမယ့် Emitter နဲ့ light beam ကိုလက်ခံမယ့် Receiver တို့ပါဝင်ပါတယ်။



Fig. Photoelectric Sensors



Fig. Through-beam Sensor



Fig. Retro-reflective Sensor



Fig. Diffuse-reflective Sensor

emitter မှထုတ်လွတ်လိုက်တဲ့ emitted light ဟာ sensing object နဲ့ထိတွေ့တဲ့အခါ၊ interrupted သို့မဟုတ် reflected ဖြစ်ပေါါပြီး၊ light beam မှာ အပြောင်းအလဲဖြစ်ပေါါပါတယ်။ light changes ဆိုတဲ့၊ light beam ရဲ့ အပြောင်းအလဲကို receiver မှလက်ခံရယူပြီး၊ electrical output အဖြစ်ပြောင်းလဲပေး ပါတယ်။



Fig. Light Source Color and Type

photoelectric sensors တွေမှာ၊ light source အဖြစ်၊ မျက်စေ့မှမမြင်နိုင်တဲ့ အနီအောက်ရောင်ခြည် လို့ခေါါတဲ့၊ infrared light နဲ့ မျက်စေ့မှ မြင်နိုင်တဲ့ အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် အစရှိတဲ့၊ visible light တွေကိုအသုံးပြုပါတယ်။

photoelectric sensors တွေဟာ၊ magnetic နဲ့ ultrasonic sensing methods တွေကိုအသုံးပြုတဲ့၊ sensors တွေနဲ့မတူပဲ၊ long sensing distance အကွာအဝေးတွေအတွက်ပါ၊ အသုံးပြုနိုင်ကိုတွေ့ရ ပါတယ်။ ဥပမာအနေနဲ့ ဖော်ပြရရင်၊ Through-beam Sensors တွေဟာ (၁၀) မီတာအအကွာအဝေးမှာရှိတဲ့၊ object ကို၊ detect လုပ်နိုင်ပါတယ်။ ဒါ့အပြင် photoelectric sensors တွေဟာ၊ object interrupts သို့မဟုတ် reflects light မှတဆင့်၊ operate လုပ်တဲ့ အတွက်၊ metals တွေသာမက glass, plastic, wood နဲ့ liquid အစရှိတဲ့၊ objects တွေ ကိုပါ၊ detect လုပ်နိုင်ပါတယ်။ detect လုပ်တဲ့အခါ အလင်းရောင်ရဲ့ သွားနှုံးကြောင့် response time အနေနဲ့လျှင်မြန်သလို၊ object နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိတဲ့အတွက်၊ non-contact sensors တွေအဖြစ်သတ်မှတ်နိုင်ပါတယ်။

ဒါ့အပြင် resolution မြင့်မားပြီး၊ အလွန်သေးငယ်တဲ့ spot beam တွေကိုထုတ်လွှင့်နိုင်တဲ့အတွက်၊ အရွယ်အစားသေးငယ်တဲ့၊ objects တွေကို၊ precise position detection အနေနဲ့ sense လုပ်နိုင်ပါတယ်။ ဒါ့အပြင် object မှ reflect သို့မဟုတ် absorb လုပ်လိုက်တဲ့၊ အလင်းရောင်ရဲ့ လှိုင်းအလျှား ဆိုတဲ့ wavelength ကိုပါတိုင်းတာနိုင်တဲ့အတွက်၊ color detection တနည်းအားဖြင့် အရောင်အမျိုးအစားကိုပါ ခွဲခြားနိုင်ပါတယ်။ Photoelectric sensors တွေဟာ၊ light beam မှာဖြစ်ပေါါတဲ့၊ Rectilinear Propagation, Refraction, Reflection နဲ့ Polarization တို့မှ တဆင့်၊ detect လုပ်ပါတယ်။



Fig. Rectilinear Propagation

light beam ဟာ၊ လေထု သို့မဟုတ် ရေအတွင်းမှ၊ ဖြတ်သန်းသွားတဲ့အခါ၊ straight line အနေနဲ့သာ ဖြတ်သန်းသွားပါတယ်။ objects နဲ့ ထိတွေ့စဉ် light beam ရဲ့အပြင်ဖက်မှာ slit ဖြစ်ပေါါလာပြီး၊ 'Rectilinear Propagation' လို့ခေါါပါတယ်။ တနည်းအားဖြင့် straight line မှကွဲထွက်သွားတယ်လို့ ဆိုနိုင်ပါတယ်။ transverse နဲ့ longitudinal wave တွေမှာ၊ slit ဆိုတဲ့ Rectilinear Propagation ဖြစ်ပေါါ ပါတယ်။ through-beam sensors တွေဟာ Rectilinear Propagation မှ တဆင့် detect လုပ်ပါတယ်။



Fig. Refraction

light beam ဟာ၊ objects နဲ့ ထိတွေ့တဲ့အခါ၊ obliquely တနည်းအားဖြင့် စွေစောင်းသွားပြီး၊ Refraction လို့ခေါါတဲ့၊ အလင်းယိုင်မှု ဖြစ်ပေါါလာ ပါတယ်။ light beam ဟာ၊ objects ကိုကျော်လွန်သွားသွားတာ နဲ့ straight line အနေနဲ့ပြန်လည်ဖြစ်ပေါါလာပြီး၊ photoelectric sensors တွေဟာ၊ refractive index ခြားနားမှုမှ တဆင့်၊ detect လုပ်ပါတယ်။

ဒါ့အပြင် photoelectric sensors တွေဟာ၊ Reflection ဆိုတဲ့အလင်းပြန်မှုမှတဆင့် detect လုပ်ပါတယ်။ reflections တွေကိုခွဲခြားကြည့်ရင် regular reflection. retro-reflection နဲ့ diffuse reflection ဆိုပြီးတွေ့ရပါတယ်။ glass နဲ့ mirror တို့လို flat surface objects တွေအပေါါ၊ light beam ကျရောက်တဲ့ အခါ reflection ဖြစ်ပေါါလာပြီး၊ flat surface အပေါါကျရောက်တဲ့ light beam ရဲ့ အစောင်းဒီဂရီ angle နဲ့ reflected light beam လို့ခေါါတဲ့ ပြန်လင်းတန်းရဲ့ အစောင်းဒီဂရီ angle တို့ဟာတူညီကျပြီး၊ regular reflection လို့ခေါါပါတယ်။



Fig. Regular reflection, Retro-reflection and Diffuse reflection

tube တခုရဲ့ corner ကဲ့သို့၊ objects တွေအပေါါ၊ light beam ကျရောက်တဲ့အခါ၊ corner မှာ 3-reflected surface အနေနဲ့ အလင်းပြန်မှု ဖြစ်ပေါါလာပါတယ်။ object corner မှာကျရောက်တဲ့ light beam ရဲ့ အစောင်းဒီဂရီ angle နဲ့ ပေါါပေါက်လာတဲ့၊ reflected light beams တွေရဲ့ အစောင်းဒီဂရီ angle တွေဟာ၊ တခုနဲ့တခု perpendicular အနေအထားနဲ့၊ ထောင့်မှန်ကျကာ အလင်းပြန်ပါတယ်။ reflected light beam ဟာ၊ မူလ light beam လာရာ emitter ဆီသို့၊ အလင်းပြန်ပြီး retro-reflection လို့ခေါါပါတယ်။

paper လို၊ matte surface တနည်းအားဖြင့် အရောင်တောက်ပမှုမရှိတဲ့၊ objects တွေအပေါါ၊ light beam ကျရောက်တဲ့အခါ၊ reflected light ဟာ၊ scattering light အဖြစ် အရပ်မျက်နှာအားလုံးသို့ ဦးတည်တဲ့ direction တွေနဲ့ ခွဲထွက်သွားပြီး၊ diffuse reflection လို့ခေါါပါတယ်။

အလင်းတန်းဆိုတဲ့ light beam ဟာ၊ တနေရာမှတနေရာသို့ wave form အနေနဲ့၊ ကူးသန်းသွားတာဖြစ်ပြီး၊ horizontally လားရာအနေအထား နဲ့ရော၊ vertically လားရာအနေအထားနဲ့ပါ၊ oscillates လုပ်ကာ၊ ကူးသန်းသွားတာဖြစ်ပါတယ်။ photo electric sensors တွေမှာ၊ LED ဆိုတဲ့ light emitting diodes တွေ ကို၊ lighting source အနေနဲ့ အသုံးပြုထားပါတယ်။ LED lights တွေမှ၊ ထုတ်လွှင့်တဲ့ light beam ဟာ၊ horizontally နဲ့ vertical direction တွေနဲ့ oscillates လုပ်ပြီး၊ polarized light လို့ခေါါပါတယ်။ polarized light beam မှာ polarizing filter လို့ခေါါတဲ့ optical filter တခုကို၊ တတ်ဆင်ပြီး ဖြတ်သန်းစေတဲ့အခါ၊ light beam မှ oscillation တွေကို၊ constrain တနည်းအားဖြင့် ဖိသိပ်လိုက်တဲ့အတွက်၊ direction တဖက် တည်းမှာသာ၊ oscillation ဖြစ်ပေါါတဲ့ polarized light beams တွေအဖြစ်ပြောင်းလဲ သွားပါတယ်။



Fig. Polarization of Light

polarized light beam တွေဟာ၊ vertical direction အနေနဲ့သာ oscillates လုပ်ပါတယ်။ polarized light beam ကို horizontal polarizing filter မှာထပ်မံဖြတ်သန်းစေတဲ့အခါ၊ vertical oscillations တွေ ကို၊ perpendicular direction အနေနဲ့ ထပ်မံဖိသိပ်တဲ့အတွက်၊ light beam ဟာ filter ဖောက်မထွက် နိုင်တော့တာကိုတွေ့ရပြီး၊ vertical polarizing filter ကိုဖြတ်သန်းစေမှသာ၊ pass light beam အနေနဲ့၊ ဖောက်ထွက် နိုင်တာကို၊ တွေ့ရပါတယ်။

photoelectric sensors တွေဟာ၊ lighting source အနေနဲ့ pulse modulated light အမျိုးအစားနဲ့၊ non-modulated အမျိုးအစား lights တွေကိုအသုံးပြုပါတယ်။ emitter မှ fixed interval အနေနဲ့ repeatedly အနေနဲ့ထပ်ကာထပ်ကာ အချိန်တခုကိုခြားပြီး၊ အလင်းရောင်ထုတ်လွှင့်ခြင်းကို၊ pulse modulated light emission လို့ခေါါပါတယ်။



Fig. Pulse Modulated light



Fig. Non-modulated Light

object ဟာ အလွန်အလှမ်းဝေးတဲ့ အဝေးမှာရှိနေခဲ့ရင်၊ emitter မှ ထုတ်လွှင့်ပေးနေတဲ့၊ light beam အတွင်းကို၊ coherent light တွေအပါ အဝင်၊ အခြား external light တွေဟာ interference အနေနဲ့ ဝင်ရောက်လာပြီး၊ အနှောက်အယှက်ပေးနိုင်ပါတယ်။ emission cycle ကို specified range တခု အတွင်းမှာ၊ pulse modulated light emission အနေနဲ့ အလင်းရောင်ကို ထုတ်လွှင်တဲ့အခါ၊ light interference ကို တားဆီးနိုင်ပြီး၊ Mutual Interference Protection လို့ခေါါပါတယ်။ object ဟာ short sensing distance အကွာဝေးဆိုတဲ့၊ နီးကပ်စွာတည်ရှိနေပြီး၊ external light interferences တွေမရှိနိုင်တဲ့၊ application တွေမှာတော့၊ specific intensity ရှိတဲ့၊ non-modulated lights တွေကို အသုံးပြုပါတယ်။



Reference : Marine Electrical & Automation Course - (ဦးခင်မောင်ဦး၊ အချိန်ပိုင်း ကထိက၊ စက်မှုဌာန၊ ရေကြောင်းပညာသိပ္ပံကျောင်း), Technical Guide - OMRON Industrial Automation, Australia, http://library.thinkquest.org/
Image credit to : http://www.omron.com.au/,

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Monday 12 December 2011

Proximity sensor (၃)

Proximity sensors တွေကို၊ အသုံးပြုမယ်ဆိုရင်၊ sensing objects တွေဟာ၊ measuring basic performance လို့ခေါါတဲ့၊ specified shape နဲ့ dimension သို့မဟုတ်၊ ထင်ရှားသိသာပြီး၊ တိကျတဲ့ ပုံသဏ္တွန်နဲ့ အရွယ်အစားရှိတဲ့၊ objects တွေဖြစ်ဖို့လိုပါတယ်။ sensor ဟာ sensing objects တွေရဲ့ specified movement သို့မဟုတ် သတ်မှတ်ထားတဲ့၊ ရွှေ့လျှားမှုအတွင်း၊ reference position မှ operation distance လို့ခေါါတဲ့ reset distance အကွာအဝေးအတွင်းမှာသာ၊ detect လုပ်ပါတယ်။





Fig. Reset distance



Fig. Set distance

sensing object ရဲ့ reference surface မှ၊ transit position distance အကွာအဝးကို၊ set distance လို့ခေါါပါတယ်။ set distance အတွင်းမှာ၊ temperature နဲ့ voltage တို့ရဲ့ effect မရှိဖို့လိုသလို၊ set distance အကွာအဝေးဟာ၊ normal rated distance အကွာအဝေး ရဲ့ (70 ~ 80 %) အကွာအဝေးခန့်ရှိ ပါတယ်။



Fig. Time response



Fig. Frequency response

proximity sensor တွေမှာ response time ဆိုတာလည်းရှိပါတယ်။ sensing object ဟာ၊ sensing area အတွင်းရောက်ရှိလာပြီး၊ sensor activates ဖြစ်စေဖို့၊ time interval တခု လိုအပ်ပါတယ်။ proximity sensor activates ဖြစ်စေတဲ့ point ဟာ၊ t1 ဖြစ်ပြီး၊ sensor 'ON' ပါတယ်။ sensing object ဟာ၊ sensing area အတွင်းမှထွက်သွားပြီး၊ sensor output ရဲ့ 'OFF' ဖြစ်သွားတဲ့ point ဟာ၊ t2 ဖြစ်ပါတယ်။ sensing object ဟာ အဆက်မပြတ်၊ sensing area အတွင်းရောက်ရှိလာတဲ့အခါ၊ sensor ရဲ့ output per second ကိုတိုင်းတာပြီး၊ တနည်းအားဖြင့် frequency response ကိုတိုင်းတာခြင်းဖြစ်ပါတယ်။



Fig. Shielded sensor



Fig. Unshielded sensor

proximity sensors တွေကို၊ Shielded sensor နဲ့ Unshielded sensor ဆိုပြီး၊ တွေ့ရပါတယ်။ shielded sensor ရဲ့ metal coil ကို၊ metal နဲ့ဖုံးအုပ်ထားပြီး၊ magnetic flux ဟာ၊ sensor ရဲ့ရှေ့မှသာ ထွက်ပေါါ ပါတယ်။ shielded sensors တွေကို၊ metal mounting မှာတိုက်ရိုက် မြှုတ်နှံပြီး၊ တတ်ဆင်နိုင်ပါတယ်။ unshielded sensors တွေမှာတော့ metal coil ကို၊ metal နဲ့ ဖုံးအုပ်ထားခြင်းမရှိပဲ၊ magnetic flux ဟာ၊ sensor မှ ကျယ်ပြန့်စွာဖြင့်၊ ဖြန့်ကားထွက်ပါတယ်။ အနီးအနားမှာ magnetic objects သို့မဟုတ် surrounding metal objects တွေရှိတဲ့အခါ၊ sensor အပေါါမှာ သက်ရောက်နိုင်တဲ့  အတွက်၊ mounting location ကိုရွေးချယ်တတ်ဆင်ဖို့လိုအပ်ပါတယ်။

proximity sensors တွေကိုအသုံးပြုပြီးတိုင်းတာတဲ့အခါ၊ sensing object ရဲ့ position နဲ့ direction အရ၊ sensing object distance အကွာ အဝေးတွေကို၊ Perpendicular sensing distance, Horizontal sensing distance နဲ့ Grooved sensing distance ဆိုပြီး၊ ခွဲခြားသတ်မှတ် ထားတာတွေ့ရပါတယ်။



sensing object ဟာ၊ radical direction အနေနဲ့ရွှေ့လျှားတဲ့အခါ၊ reference surface သို့မဟုတ် sensing surface မှ၊ အကွာအဝေးကို၊ Perpendicular sensing distance လို့ခေါါပါတယ်။ sensing object ဟာ၊ parallel movement နဲ့ ရွှေ့လျှားတဲ့အခါ၊ reference surface သို့မဟုတ် sensing surface မှ၊ အကွာ အဝေးကို၊ Horizontal sensing distance လို့ခေါါပါတယ်။ horizontal sensing distance ဟာ၊ transit position ဆိုတဲ့ reference surface မှ၊ အကွာ အဝေးပေါါမူတည်ပြီး၊ operating point track လို့ လည်းခေါါပါတယ်။ sensor ကို၊ groove အတွင်းမှာထည့်ထားပြီး၊ တဲ့အခါ၊ reference surface သို့မဟုတ် sensing surface မှ insertion distance အကွာအဝေး ကို၊ Grooved sensing distance လို့ခေါါပါတယ်။


proximity sensors တွေရဲ့ output ကို၊ NPN transistor output, PNP transistor output နဲ့ Polarity/ Non-polarity - non-contact output ဆိုပြီး၊ (၃) မျိုးခွဲခြားနိုင်ပါတယ်။ NPN transistor output sensors တွေကိုတော့၊ PLC အပါအဝင်အခြားမည်သည့် counters တွေနဲ့ မဆို၊ အလွယ်တကူ တွဲဖက် အသုံးပြုနိုင်ဖို့ထုတ်လုပ်ထားပါတယ်။ PNP transistor output sensors တွေကိုတော့၊ သက်ဆိုင်ရာ applications အလိုက်၊ တွဲဖက်အသုံးပြုနိုင်ဖို့၊ primarily built in အနေနဲ့သီးသန့် ထုတ်လုပ်ကြပါတယ်။
DC 2-wire Polarity non-contact output sensors တွေဟာ၊ DC output ကိုထုတ်ပေးပြီး၊ A 2-wire Non-polarity/ non-contact output sensors တွေကတော့၊ AC output ကို ထုတ်ပေးပါတယ်။




Fig. Output Configuration

output configuration အနေနဲ့၊ NO (normally open), NC (normally closed) နဲ့ NO/NC switchable ဆိုပြီးခွဲခြားနိုင်ပါသေးတယ်။ sensing area ထဲကို object ရောက်ရှိတဲ့အခါ၊ output switching element ဟာ 'ON' သွားရင်၊ NO (normally open) sensor လို့ သတ်မှတ်ပြီး၊ sensing area ထဲမှာ၊ object မရှိတဲ့အခါမှ၊ output switching element ဟာ 'ON' သွားရင်၊ NC (normally closed) sensor လို့ သတ်မှတ်နိုင်ပါတယ်။ NO သို့မဟုတ် NC operation ကို၊ output switching element မှတဆင့်၊ လိုအပ် သလိုရွေးချယ်အသုံးပြုနိုင်တဲ့ sensor ကိုတော့၊ NO/ NC switchable sensor အဖြစ်သတ်မှတ် ပါတယ်။


Reference : Marine Electrical & Automation Course - (ဦးခင်မောင်ဦး၊ အချိန်ပိုင်း ကထိက၊ စက်မှုဌာန၊ ရေကြောင်းပညာသိပ္ပံကျောင်း) , Technical Guide - OMRON Industrial Automation, Australia, 
Image credit to : http://www.omron.com.au/.

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Sunday 11 December 2011

Proximity sensor (၂)

Inductive proximity sensors တွေဟာ၊ magnetic loss ကို detect လုပ်ပါတယ်။ sensor မှ magnetic field ဟာ၊ object ရဲ့ conductive surface အပေါါသက်ရောက်တဲ့အခါ၊ eddy currents ကြောင့် magnetic loss ဖြစ်ပေါါပါတယ်။ တနည်းအားဖြင့် sensor ရဲ့ detection coil မှ၊ AC magnetic field ကို ထုတ်ပေးပြီး၊ metallic object တွေကို detect လုပ်တဲ့အခါ၊ eddy currents ကြောင့်၊ detection coil မှာ၊ impedance အပြောင်းအလဲဖြစ်ပေါါခြင်းကို detect လုပ်တယ်လို့ဆိုနိုင်ပါတယ်။






Fig. Inductive proximity sensor

Inductive proximity sensors တွေမှာ၊ sensing object နဲ့ sensor ဟာ transformer ကဲ့သို့၊ အလုပ်လုပ် ပါတယ်။ Aluminum-detecting Sensor တွေကလွဲလို့၊ အခြား metal detecting sensors အားလုံးဟာ၊ impedance အပြောင်းအလဲကို၊ detect လုပ်ပြီး၊ Aluminum-detecting Sensor တွေမှာတော့၊ phase component ဆိုတဲ့ detection coil မှ frequency အပြောင်းအလဲကို၊ detect လုပ်ပါတယ်။ Aluminum အပါအဝင်၊ သတ္တုအားလုံးကို detect လုပ်နိုင်စေဖို့၊ coil မှာ voltage induced ဖြစ်စေတဲ့၊ eddy current အပြောင်းအလဲအချိန်အတိုင်းအတာ တနည်းအားဖြင့် 'time changes' ကိုသာ၊ detect ကာ၊ pulse-response sensors တွေအဖြစ်၊ ပြောင်းလဲထုတ်လုပ်လာတာတွေ့ရပါတယ်။

Capacitive Proximity Sensors တွေကတော့၊ sensor နဲ့ object ကြားမှ capacitance တန်ဘိုးပြောင်းလဲခြင်း ကို၊ detect လုပ်ပါတယ်။ တနည်းအားဖြင့် sensing object ရဲ့ size အရွယ်အစားနဲ့ distance အကွာအဝေးပြောင်းလဲမှုမှပေါါပေါက်လာတဲ့၊ capacitance တန်ဘိုးပြောင်းလဲခြင်းကို၊ detect လုပ်တယ်လို့ဆိုနိုင်ပါတယ်။







Fig. Capacitive Proximity Sensor

parallel plate (၂) ခုကြားမှ capacitance တန်ဘိုးပြောင်းလဲခြင်းကို၊ detect လုပ်တဲ့အခါ၊ imaginary ground အနေနဲ့ ground ချထားတယ်လို့ယူဆရတဲ့၊ object ဟာ measuring plate ဖြစ်ပြီး၊ sensor surface ကတော့ sensing plate ဖြစ်ပါတယ်။ capacitive proximity sensors တွေဟာ metals တွေ အပြင်၊ resin နဲ့ ရေ တို့လို object တွေကိုပါ၊ detect လုပ်နိုင်ပါတယ်။





Fig. Magnetic Proximity Sensor

Magnetic Proximity Sensors တွေမှာတော့၊ reed switch တွေကိုအသုံးပြုထားပါတယ်။ reed switch ဟာ၊ magnetic field အနည်းအပြောင်းအလဲပေါါမူတည်ပြီး၊ on/ off function အပြောင်းအလဲ ကို၊ ဆောင်ရွက်ပေးပါတယ်။ object မှာ magnetic ကိုတတ်ဆင်ထားပြီး၊ object ရဲ့ ရွှေ့လျှား လှုပ်ရှားမှုကြောင့် magnetic field အနည်းအများအပြောင်းအလဲဖြစ်ပေါါမှုကတဆင့်၊ reed switch မှာ on/ off function အပြောင်းအလဲဖြစ်ပေါါပါတယ်။





Fig. Separate Amplifier Proximity Sensor and parallel movement application


Fig. Sensing Distance vs. Display Characteristics

sensing object ဟာ၊ proximity switch ရဲ့ sensing surface နဲ့ parallel အနေအထားနဲ့ ရွှေ့လျှားမှုမျိုး ဖြစ်ခဲ့လျှင်၊ high degree of precision လို့ခေါါတဲ့ တိုင်းတာမှုမှာပိုမိုတိကျစေဖို့ Separate Amplifier Proximity Sensor တွေကိုအသုံးပြုကြပါတယ်။ Separate Amplifier Proximity Sensors တွေမှာ sensor နဲ့ object တို့ရဲ့ specified distances အပေါါမူတည်ပြီး၊ FP လို့ခေါါတဲ့၊ Fine Positioning setting တွေကို သတ်မှတ်ထားပါတယ်။ desired distance ပေါါမူတည်ပြီး၊ FP လို့ခေါါတဲ့ sensing distance ကိုရွေးချယ် တတ်ဆင်ရပါတယ်။ Fine Positioning setting အနေနဲ့ 0.3, 0.6 နဲ့ 0.9 mm အကွာအဝေးတွေအဖြစ် သတ်မှတ်ထားလေ့ရှိပါတယ်။



Fig. Effects of Sensing Object Size and Material

ဒါ့အပြင် object ရဲ့ အရွယ်အစားနဲ့ material အမျိုးအစား ပေါါမူတည်ကာ sensor အမျိုးအစားအလိုက်၊ allowable leeway for detection ဆိုပြီး sensing distance သတ်မှတ်ထားပါတယ်။ 2-wire Proximity Sensors တွေကို၊ limit switches, micro-switches တွေနဲ့၊ အခြား contact-type switches တွေနဲ့ တွဲဖက် အသုံးပြုတဲ့အခါ၊ electrical switch တွေရဲ့ contacts တွေအကပ်အခွာပြုလုပ်ခြင်းမှ၊ ပေါါပေါက်လာတဲ့ leakage current ဟာ၊ proximity sensor မှ transistors နဲ့အခြား components တွေအပေါါ၊ သက်ရောက်မှုရှိပါတယ်။

speaking ဆိုတဲ့ leakage current ဟာ၊ proximity sensor ကိုပါသက်ရောက်တဲ့အတွက်၊ တွဲဖက် အသုံးပြုမယ့် switches တွေရဲ့ load အပေါါမူတည်ပြီး၊ ခံနိုင်ရည်ရှိမယ့် sensors တွေကိုရွေးချယ်တတ်ဆင် ရပါတယ်။ proximity sensors တွေမှာ၊ Leakage Current Characteristics ကိုဖော်ပြထားလေ့ရှိပါတယ်။ electrical switch တွေရဲ့ contacts တွေအကပ်အခွာပြုလုပ်တဲ့အခါ၊ Residual Voltage ရှိနေတတ်ပြီး၊ residual voltage ဟာ၊ leakage current ကဲ့သို့၊ proximity sensor မှ transistors နဲ့အခြား components တွေအပေါါ၊ သက်ရောက်မှုရှိပါတယ်။


Reference :  Marine Electrical & Automation Course - (ဦးခင်မောင်ဦး၊ အချိန်ပိုင်း ကထိက၊ စက်မှုဌာန၊ ရေကြောင်းပညာသိပ္ပံကျောင်း) ,Technical Guide - OMRON Industrial Automation, Australia,, http://en.wikipedia.org
Image credit to : http://www.omron.com.au/. http://electronics-diy.presstoday.net, http://www.pc-control.co.uk/, http://www.azosensors.com/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.