Pages

Monday 29 August 2011

Safety Valve's Lifting & Re-seating

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀၀) ကျော်ကာလကတည်းက၊ တရုပ်လူမျိုးတွေဟာ၊ Cauldrons လို့ခေါါတဲ့၊ သတ္တု အိုးတွေရဲ့အဖုံးမှာ hinged lids တွေတတ်ဆင်ပြီး၊ အစားအသောက်ချက်ပြုတ်ခဲ့တဲ့ အထောက်အထားတွေ ကိုတွေ့ခဲ့ရပါတယ်။ တနည်းအားဖြင့် Safety valves တွေရဲ့ အစလို့ဆိုနိုင်ပါတယ်။ (၁၄) ရာစုလောက် မှာတော့၊ ဥရောပမှ ဓါတုဗေဒပညာရှင်တွေဟာ Pressurized vessels တွေမှာ၊ conical plugs တွေနဲ့ compressed spring တွေကို၊ တတ်ဆင်ပြီး Safety valve အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။

(၁၉) ရာစုအစမှာ သဘော်တွေနဲ့ မီးရထား စက်ခေါင်း boiler တွေမှာ၊ faulty safety devices တွေကြောင့်၊ မကြာခဏ explosion တွေပေါါပေါက်ခဲ့ရာက ၊ safety relief valves တွေနဲ့ ပက်သက်ပြီး၊ အာရုံစိုက်ကာ တီထွင်မှုတွေပြုလုပ်ခဲ့ပါတယ်။

(၁၈၄၈) ခုနှစ်မှာ၊ Charles Retchie ဆိုသူက၊ valve accumulation chamber ရဲ့၊ compression surface မှတဆင့် narrow overpressure margin အတွင်းမှာ၊ ချက်ခြင်းပွင့်နိုင်မယ့် safety valve ကိုတီထွင်ခဲ့ပါ တယ်။ အဲဒီကတဆင့် Safety valve သို့မဟုတ် safety relief valve တီထွင်ထုတ်လုပ်မှုတိုးတက်လာခဲ့ပြီး၊ ယနေ့ခေါါတ်မှာတော့ safety valves တွေဟာ၊ boiler နဲ့ air vessel လို၊ pressurized vessel တွေအတွက်၊ over pressurized ကြောင့် explosion ကို၊ ကာကွယ်ဖို့မဖြစ်မနေထည့်သွင်းတတ်ဆင်ရတဲ့ safety device တခုဖြစ်လာတာကိုတွေ့ရပါတယ်။


Fig. Typical safety valves

over pressurized ဖြစ်ပေါါမှုကိုအလိုအလျှောက်လျှော့ချပေးတဲ့ safety devices တွေနဲ့ပက်သက်ပြီး၊ သတ်မှတ်ထားတဲ့၊ အခေါါ အဝေါါအသုံးအနှုံးတွေဟာလည်း၊ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Europe အခေါါ အဝေါါအရ 'safety valve' ဟာ၊ US အခေါါအဝေါါမှာ၊ 'safety relief valve' သို့မဟုတ် 'pressure relief valve' ဖြစ်ပါတယ်။ တခါ US အခေါါအဝေါါအရ 'safety valve' ဆိုတဲ့အသုံးအနှုံးဟာ၊ Europe အခေါါအဝေါါ မှာ၊ full-lift type safety valve ကိုဆိုလိုတာဖြစ်ပါတယ်။

European standard EN ISO 4126-1 အရ၊ "Safety valve" ကို၊ pressurized vessel မှာ မူလသတ်မှတ် ထားတဲ့ safe pressure ထက်ကျော်လွန်တဲ့အခါ၊ self activated ပြင်ပအထောက်အကူမပါပဲ၊ self activated opening အလိုအလျှောက်ပွင့်ကာ၊ pressure ကိုလျှော့ချပြီး၊ normal pressure ကိုပြန်ရောက် သွားတဲ့ အခါ self activated closing အလိုအလျှောက်ပြန်ပိတ်သွားတဲ့ valve လို့သတ်မှတ်ထားပါတယ်။

ASME / ANSI PTC25.3 standards အရ "Safety valve" ကို၊ Pressure relief valve, Safety valve, Relief valve နဲ့ Safety relief valve ဆိုပြီးခွဲခြားသတ်မှတ်ထားပါတယ်။

Pressure relief valve - safety valves, relief valves နဲ့ safety relief valves တွေကိုစုပေါင်းခေါါဝေါါ သုံးစွဲတဲ့၊ အသုံးအနှုံးဖြစ်ပါတယ်။ spring-loaded valve ဖြစ်ပြီး၊ excess pressure ကိုထုတ်ပေးစဉ်ပွင့်ကာ၊ normal pressure condition မှာပြန်ပိတ်ပါတယ်။ rapid-opening လို့ခေါါတဲ့၊ 'pop' action နဲ့ ရုတ်တရက် အလိုအလျှောက်ပွင့်နိုင်သလို၊ proportional  increase pressure ရဲ့ opening pressure ကိုကျော်လွန် သွားတဲ့အခါ၊ proportional increase over opening pressure action နဲ့ အလိုအလျှောက်ပွင့်တဲ့ valve အမျိုးအစားတွေဖြစ်ပြီး၊ compressible နဲ့ incompressible fluids တွေအတွက်အသုံးပြုပါတယ်။

Safety valve - pressure relief valve ဖြစ်ပြီး၊ inlet static pressure နဲ့ အလုပ်လုပ်ကာ၊ rapid opening သို့မဟုတ် pop action နဲ့ရုတ်တရက်ပွင့်ပါတယ်။ steam နဲ့ air services application တွေ၊ တနည်းအား ဖြင့် compressible gases တွေနဲ့ပက်သက်ပြီးသုံးသလို၊ process applications တွေအတွက်လည်း အသုံး ပြုပါတယ်။

Relief valve - inlet static pressure ဟာ၊ proportional increase ဖြစ်လာပြီး၊ opening pressure ထက်ကျော်လွန်တဲ့အခါ proportional increase over opening pressure action နဲ့ ပွင့်သွားမယ့်၊ safety device လို့သတ်မှတ်နိုင်ပါတယ်။ capacities နဲ့ thermal expansion duty နည်းတဲ့၊ liquid systems တွေ၊ တနည်းအားဖြင့် incompressible fluids တွေ အတွက်သုံးသလို၊ pumped systems တွေမှာလည်း pressure overspill protection devices တွေ အဖြစ်၊ အသုံးပြုပါတယ်။

Safety relief valve - liquid or incompressible fluid system မှာ၊ pressure ဟာ proportional increase ဖြစ်လာပြီး၊ opening pressure ထက်ကျော်လွန်တဲ့အခါ proportional increase over opening pressure action နဲ့ ပွင့်သွားမယ့်၊ valve မျိုးဖြစ်ပြီး၊ compressible gas system မှာတတ်ဆင်အသုံးပြုတဲ့ အခါ၊ safety valve လို rapid opening သို့မဟုတ် pop action နဲ့ ပွင့်မှာဖြစ်ပါတယ်။

ASME / ANSI Standard အရ၊ အသုံးအနုံးအခေါါအဝေါါတွေအရ Safety valve ဟာ၊ inlet static pressure နဲ့ အလုပ်လုပ်ကာ၊ rapid opening သို့မဟုတ် pop action နဲ့ ပွင့်တဲ့ valve လို့သတ်မှတ်နိုင်ပြီး၊
compressible gases တွေအတွက်၊ အသုံးပြုပါတယ်။ Relief valve ဟာ proportional increase over opening pressure action နဲ့ပွင့်တဲ့ valve လို့သတ်မှတ်နိုင်ပြီး၊ incompressible fluids တွေအတွက်၊ အသုံးပြုပါတယ်။

Safety valve ရဲ့ rapid opening သို့မဟုတ် pop action နဲ့ Relief valve ရဲ့ proportional increase over opening pressure action (၂) မျိုးပေါင်းစပ်ထားတဲ့၊ valve ကို Safety relief valve လို့ ခေါါပြီး၊ Safety valve, Relief valve နဲ့ Safety relief valve တွေအားလုံးကို စုပေါင်းပြီး၊ Pressure relief valve တွေအဖြစ်သတ်မှတ်ထားပါတယ်။


 Fig. Typical spring loaded safety valve

spring loaded safety valve တွေဟာ 'standard' တနည်းအားဖြင့်၊  'conventional' အသုံးများတဲ့၊ safety valve တွေဖြစ်ပြီး၊ self-acting device မှတဆင့် overpressure protection ကိုဆောင်ရွက်ပေးပါတယ်။ right angle pattern valve body ကိုတည်ဆောက်ထားပြီး၊ basic elements တွေအနေနဲ့ valve inlet connection သို့မဟုတ် nozzle တို့ပါဝင်ပြီး၊ pressure-containing system နဲ့အတူတတ်ဆင်ထားပါတယ်။ discharge piping system ပေါါမူတည်ပြီး out let connection ကို၊ flanged သို့မဟုတ် screwed connection အဖြစ်တွေ့ရပါတယ်။

compressed air systems မှာအသုံးပြုတဲ့ safety valve တွေမှာတော့၊ outlet connection မပါပဲ၊ over pressure fluid ကို atmosphere အတွင်းသို့ directly vented အနေနဲ့၊ release စွန့်ထုတ်ပါတယ်။


Fig. Full-nozzle safety valve

valve inlet လို့ခေါါတဲ့ approach channel ကို၊ full-nozzle နဲ့ semi-nozzle type ဆိုပြီးခွဲခြားထားပါတယ်။ full-nozzle type valve inlet ကို၊ ''wetted' inlet tract form ပုံစံတည်ဆောက်ထားတာဖြစ်ပြီး၊ corrosive fluid applications တွေမှာ၊ အသုံးပြုပါတယ်။


Fig. Semi-nozzle safety valve

semi-nozzle type မှာ၊ valve seat လို့ခေါါတဲ့ valve body seating ring ကိုထည့်သွင်းတတ်ဆင်ထားပါ တယ်။ safety valve မလုံတော့တဲ့အခါ၊ full nozzle type တွေလို၊ valve တခုလုံးအစားထိုးလဲလှယ်ဖို့မလိုပဲ၊ valve seat ကိုအလွယ်တကူလဲလှယ်နိုင်ပါတယ်။

carbon steel နဲ့ပြုလုပ်ထားတဲ့ spring ကို၊ bonnet လို့ခေါါတဲ့ spring housing arrangement အတွင်းမှာ တတ်ဆင်ထားပါတယ်။ spring မှ၊ nozzle seat အပေါါမှာရှိတဲ့  disc ကို closing force နဲ့ "ဖိ" ထားပါ တယ်။ rapid opening လို့ခေါါတဲ့ pop type safety valve တွေမှာ၊ valve disc အတွက်၊ shroud ပါဝင် ပါတယ်။ pressure increased ဖြစ်လာတဲ့အခါ၊ shroud ဟာ၊ disc holder သို့မဟုတ် huddling chamber မှတဆင့် rapid opening action ကိုဖြစ်ပေါါစေပြီး၊ disc ကို "တွန်းမ" လိုက်မှာဖြစ်ပါတယ်။ spring ရဲ့ closing force လို့ခေါါတဲ့ compression force ကို၊ spring adjuster နဲ့ အတိုးအလျှော့ ပြုလုပ်နိုင်ပါတယ်။

Safety valve discharge capacity  နဲ့ပက်သက်ပြီး၊ design ကိုတွက်ယူတဲ့အခါ၊  Flow သို့မဟုတ် bore area, curtain area နဲ့ discharge လို့ခေါါတဲ့၊ orifice area အစရှိတဲ့အချက် (၃) ချက်ကိုအခြေခံပါတယ်။



Flow area ဟာ၊ inlet နဲ့ valve seat ကြား၊ minimum cross-sectional area ဖြစ်ပါတယ်။ 'd' ဟာ Flow area ရဲ့ diameter ဖြစ်ပါတယ်။



valve seat ပေါါမှ၊ disc ဟာအပေါါါကိုကြွသွားတဲ့အခါ၊ ပေါါပေါက်လာမယ့် cylindrical သို့မဟုတ် conical discharge opening area ကို၊ Curtain area လို့ခေါါပြီး၊ 'd1' ဟာ curtain area ရဲ့ diameter ဖြစ်ပါတယ်။


 Fig. discharge area

valve အတွင်းမှ၊ fluid ဖြတ်သန်းစီးဆင်းသွားမယ့် area ဟာ၊ discharge area ဖြစ်ပြီး၊ flow နဲ့ curtain area အရွယ်အစားတို့ ထက်သေးငယ်ပါတယ်။ valve discharge capacity ပိုကောင်းစေဖို့၊ curtain area ကိုမထည့်ပဲ၊ flow area ကိုသာအဓိကထားတည်ဆောက်ထားတဲ့ valve တွေကို၊ full lift valves တွေ
လို့ ခေါါ ပါတယ်။ full lift valves တွေဟာ၊ low lift နဲ့ high lift valves တွေထက်၊ discharge capacity ပိုမိုကောင်းမွန်ပါတယ်။

DIN Standard conventional safety valve တွေနဲ့ ASME Standard conventional safety valves တွေ မှာ၊ ထည့်သွင်းတတ်ဆင်ထားတဲ့၊ principal elements တွေတူညီပေမယ့်၊ design ပိုင်းအရ၊ အနည်းငယ် ကွဲလွဲတာကိုလည်းတွေ့ရပါတယ်။ DIN Standard valve တွေရဲ့၊ design ဟာရိုးရှင်းပြီး၊ fixed skirt သို့မဟုတ် hood လို့ခေါါတဲ့၊ ပုံစံမျိုးတည်ဆောက်ထားပါတယ်။

ASME Standard valves တွေရဲ့ design ဟာအနည်းငယ်ရှုပ်ထွေးပြီး၊ adjustable blow-down ring နဲ့ fine-tune adjustable blow-down rings တွေကို၊ တတ်ဆင်ထားပါတယ်။ blow-down value ကိုအတိ အကျရစေဖို့၊ adjustable blow-down ring ကိုတတ်ဆင်ထားတာဖြစ်ပြီး၊ overpressure ကိုအတိအကျ တိုင်းတာနိုင်ဖို့၊ fine-tune adjustable blow-down rings ကိုတတ်ဆင်ထားတာဖြစ်ပါတယ်။

orifice area ဟာ၊ valve inlet နဲ့ outlet connection အရွယ်အစား၊ valve center line dimension နဲ့ face dimensions အရွယ်အစားတို့အပေါါမူတည်ပါတယ်။ European origin conventional safety valves တွေမှာ၊ valve တွေရဲ့ nominal size ခြင်းတူပေမယ့်၊ dimensions တွေကွဲပြားမှုကြောင့် orifice area တွေမတူညီတာကိုတွေ့ရပါတယ်။ valve body မှာရေးသားထားတဲ့ သက်ေတကိုဖတ်ပြီး inlet နဲ့ out let ကိုအတိအကျပြောနိုင်ပေမယ့်၊ orifice size ကိုတော့အတိအကျမပြောနိုင်ပါဘူး။

ASME standard conventional safety valves တွေမှာတော့၊ center line to face dimensions တွေနဲ့ orifice sizes တွေကို၊ API Recommended Practice - 526 အရ၊ သတ်မှတ်ထားတဲ့အတိုင်း၊ အတိအကျ ထုတ်လုပ်ထားတာကိုတွေ့ရပါတယ်။ ဥပမာ 2 J 3 လို့ရေးထားရင်၊ inlet ဟာ 2", orifice ဟာ standard 'J'  size နဲ့ outlet ဟာ၊ 3" ဆိုပြီး သိနိုင်ပါတယ်။

safety valves အမျိုးအစားတွေကွဲပြားပေမယ့် basic operation အနေနဲ့ကတော့ Lifting နဲ့ Re-seating ဆိုပြီး၊ (၂) မျိုးသာရှိပါတယ်။

Lifting
inlet static pressure ဟာမြင့်တက်လာပြီး၊ safety valve ရဲ့ set pressure အထက်ကိုရောက်လာတဲ့အခါ၊ seat ပေါါမှ disc ဟာကြွတက်လာသလို၊ အပေါါမှ spring compression fore လည်း increase မြင့်လာ ပါတယ်။ inlet static pressure ဟာဆက်ပြီးမြင့်တက်မှသာ disc ကို၊ lift "အပေါါသို့' တွန်းတင်ပြီး၊ significant flow အနေနဲ့ valve မှထွက်သွားနိုင်မှာဖြစ်ပါတယ်။ တနည်းအားဖြင့် additional pressure အနေနဲ့ ထပ်တိုးဖို့ လိုအပ်ပြီး၊ valve ဟာ၊ rated capacity အရ discharge လုပ်မှာဖြစ်ပါတယ်။ additional pressure ကို overpressure လို့ခေါါပါတယ်။


Fig. Typical disc and shroud arrangement used on rapid opening safety valves

particular application တွေအရ၊ compressed air နဲ့ steam အပါအဝင် compressible fluids တွေ အတွက်၊ overpressure ကို ( 3 % ~ 10 % ) နဲ့ in-compressible liquids တွေအတွက်၊ ( 10 % ~ 25 % ) လို့သတ်မှတ်ထားပါတယ်။ သေးငယ်တဲ့ small overpressure ကြောင့်၊ valve ဟာ full opening နဲ့အတူ rapid opening action ကိုပါဆောင်ရွက်စေဖို့၊ disc arrangement အပေါါမူတည်ပါတယ်။ shroud တနည်းအားဖြင့် control chamber သို့မဟုတ် huddling chamber, skirt တို့နဲ့ disc တို့ရဲ့ arrangement ဟာအရေးကြီးပါတယ်။


 Fig. Opening force

chamber ထဲမှ fluid ရဲ့ pressure ဟာ၊ shroud လို exposed area အပေါါတိုက်ရိုက်သက်ရောက်နေပါ တယ်။ (F = P x A) ဆိုတဲ့ပုံသေနည်းအရ၊ fluid ရဲ့ pressure (P) ဟာ၊ တိုက်ရိုက်ထိတွေ့နေတဲ့ exposed area (A) ပေါါမူတည်ပြီး၊ lifting force (F) အဖြစ်၊ proportionally တိုက်ရိုက်အချိုးနဲ့ မြင့်တက် ပါတယ်။ opening force အနေနဲ့ incremental increase တိုးသထက်တိုးလာတာဖြစ်ပါတယ်။


Fig. Shroud's reverse direction reaction force

အဲဒီအချိန်မှာ အပေါါမှဖိထားတဲ့ spring compression force ဟာလည်းမြင့်တက်လာ ပါတယ်။ အောက်မှ တွန်းတဲ့ opening force ဟာ၊ အပေါါမှဖိထားတဲ့ spring force ထက်ပိုသွားတဲ့အခါ၊ disc ဟာ rapid opening action နဲ့ ရုတ်တရက်ပွင့်သွားပါတော့တယ်။ တချိန်တည်းမှာပဲ shroud ဟာ flow ကို reverses direction အနေနဲ့ reaction force တခုဖြစ်ပေါါစေပြီး၊ opening force သို့မဟုတ် lift ကို enhance ထပ်တိုးစေပါတယ်။

incremental increase opening force နဲ့ shroud ကြောင့်ရလာတဲ့ reaction force (၂) ခုပေါင်း ဟာ၊ သေးငယ်တဲ့ over pressure limit မှာ၊ designed lift ကိုရရှိစေပါတယ်။ compressible fluids တွေ ရဲ့ rapid expansion ရုတ်တရက်ရုန်းကန်ထွက်နိုင်တဲ့ ဂုဏ်သတ္တိကြောင့်၊ lower pressure area ပေါါမှာ ကျရောက်တဲ့၊ fluid volume ပမာဏကြီးမားလာတဲ့အခါ၊ rapid action ကိုရရှိတာဖြစ်ပါတယ်။ in-compressible liquids တွေမှာတော့ proportional increase နှေးတဲ့အတွက်၊ overpressure limit ဟာ၊ ပိုများပါတယ်။

Re-seating
pressure ဟာ normal operating conditions ရောက်သွားတာနဲ့ valve ပြန်ပိတ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် disc area နဲ့  fluid ဟာတိုက်ရိုက်ထိတွေ့ နေသေးတာမို့၊ original set pressure ရဲ့ အောက် ကိုရောက်မှ၊ seat ပေါါပြန်ထိုင်ပါတယ်။ original set pressure ရဲ့ အောက်အမှတ်ကို၊ re-seating pressure လို့ခေါါပါတယ်။ set pressure နဲ့  re-seating pressure တို့ကြားမှာ disc ဟာ seat မထိုင်သေး တဲ့အခြေအနေကို၊ 'blow-down' condition အဖြစ်သတ်မှတ်ပါတယ်။ တနည်းအားဖြင့် set pressure နဲ့ re-seating pressure တို့ခြားနားချက်ဟာ၊ 'blow-down' pressure ဖြစ်ပါတယ်။


Fig. Relationship between pressure and lift for a typical safety valve

'blow-down' pressure ကို၊ set pressure နဲ့ နှိုင်းယှဉ်ဖော်ပြပါတယ်။ compressible fluids တွေရဲ့ 'blow-down' pressure ဟာ၊  set pressure ရဲ့ ( 10 %) ခန့်ရှိပြီး၊ in-compressible liquids တွေရဲ့ 'blow-down' pressure ကတော့ ( 20 %) ခန့်ရှိပါတယ်။ pressure ဟာ potentially hazardous situation ရောက်လာတဲ့အခါ၊ shroud မှ၊ rapid opening နဲ့ small blow-down action ကိုဆောင် ရွက်ပေးပါတယ်။ တနည်းအားဖြင့် overpressure ကိုအမြန်ဆုံးလျှော့ချပေးခြင်းနဲ့ excessive quantities pressure ကို pressurized vessel ထဲမှာထိမ်းထားခြင်းနဲ့အတူ၊ disc ရုတ်တရက်ပြန်ပြီး lift မဖြစ်စေဖို့ ထိမ်းထားခြင်းတို့ကိုဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။


Fig. Blow-down rings on an ASME type safety valve

ASME Standard safety valves တွေမှာ၊ overpressure နဲ့ blow-down requirements တို့အတွက်၊ lower blow-down (nozzle) ring ကို၊ မရှိမဖြစ်ထည့်သွင်းတတ်ဆင်ထားပါတယ်။ upper blow down ring ကတော့ huddling chamber အတွက်ဖြစ်ပြီး၊ factory set ဖြစ်ပါတယ်။

lower blow-down ring ဟာ၊ appropriate code performance requirements တွေအရ factory set ဖြစ်ပေမယ့်လိုအပ်သလို၊ adjust လုပ်နိုင်ပါတယ်။ lower blow-down ring ကို top position အထိ adjust လုပ်ကြည့်ရင်၊ overpressure value ကို minimizing value အထိရရှိနိုင်ပြီး၊ disc ပြန်ထိုင်ဖို့ အချိန်ပိုကြာ တာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် huddling chamber ကြီးမားသွားခြင်းလို့ပြောနိုင်ပါတယ်။ တခါ lower blow-down ring ကို၊ lower position အနေ နဲ့ adjust လုပ်ကြည့်ရင်၊ overpressure value ပမာဏကိုတိုးနိုင်ပြီး၊ blow-down value ကိုလျှော့ချနိုင်ပါတယ်။


Fig. Standards relating to safety valves

Boiler နဲ့ Pressure vessel တွေအတွက်၊ အသုံးများတဲ့ Safety valve standard အချို့ကိုဖော်ပြလိုက်ပါ တယ်။

Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
Reference and image credit to : Spirax Sarco USA - Steam engineering tutorials, http://en.wikipedia.org, http://www.SpiraxSarco.com, Google

Saturday 27 August 2011

Oil Fired Drum Type Water Tube Boiler Steam Quality

Main Propulsion System ကို၊ Internal Combustion Engine တွေတတ်ဆင်အသုံးပြုတဲ့၊ Motor Ship လို့ခေါါတဲ့၊ သဘော်တွေမှာ Exhaust gas heat exchangers မှတဆင့်၊ steam ကိုထုတ်ယူနိုင်ပါတယ်။ Internal Combustion Engine ဖြစ်တဲ့ Main Engine လည်ပတ်မောင်းနှင်ရာမှ၊ ထွက်ပေါါလာတဲ့ Exhaust Gases တွေကို၊ Exhaust gas heat exchanger ထဲမှဖြတ်သန်းစေပြီး၊ Steam ကိုထုတ်ယူတာမို့ Exhaust gas boiler လို့လည်းခေါါကြပါတယ်။


Fig. Generator engine exhaust gas economizer

Generator engine capacity ကြီးမားတဲ့၊ သဘော်တွေမှာ၊  Main engine မှ Exhaust gas ကိုသာမက၊ Generator မှ၊  Exhaust Gases တွေကိုပါအသုံးပြုကြပါတယ်။




Fig.  Exhaust gas heat exchanger/ Exhaust gas boiler/ Economizer

Main Engine လည်ပတ်မောင်းနှင်ချိန်မှာ၊ Auxiliary Boiler ဖြစ်တဲ့ Oil fired boiler ကို၊ အသုံးမပြုပဲ Exhaust gas heat exchanger မှတဆင့်၊ steam ထုတ်ယူတဲ့အခါ လောင်စာကိုချွေတာနိုင်တာမို့ Economizer လို့လည်းခေါါကြပါတယ်။

Economizer လို့ခေါါကြတဲ့၊ Exhaust gas boiler သို့မဟုတ် Exhaust gas heat exchanger ဟာ၊ သာမန် heat exchanger တွေလိုပဲ၊ Tube banks တွေတတ်ဆင်ထားပြီး၊ Feed water ရေ ကိုဖြတ်သန်းစေပါတယ်။ Tube တွေရဲ့အပြင်ဖက်မှာ၊ Hot exhaust gas တွေဖြတ်သန်းပြီး၊ ရေ ကို Steam အဖြစ်ပြောင်းလဲရယူပါ တယ်။


Fig. Economizer

Steam ကိုထုတ်ယူတဲ့အခါ၊ Moisture ရေခိုးရေငွေ့တွေပါဝင်နေသေးတဲ့ Wet steam အနေနဲ့သာ ထုတ်ယူ နိုင်ပြီး၊ ရေခိုးရေငွေ့ကင်းစင်တဲ့  Dry steam ရစေဖို့၊ Super heater ကိုဖြတ်သန်းဖို့လိုပါတယ်။ Economizer ရဲ့ Super heater ဟာလည်း၊ Exhaust gas ကိုအသုံးပြုပြီး၊ Dry steam ကိုထုတ်ပေးပါတယ်။

Feed pump မှ၊ Boiler drum အတွင်းကို ရေဖြည့်သွင်းပေးပြီး၊ Feed water line မှာ Pre-heater ကိုတတ် ဆင်ထားပါတယ်။ Steam ကိုလက်ခံဖို့နဲ့ Separation process တို့ကို၊ Boiler မှဆောင်ရွက်ပေးပါတယ်။ တနည်းအားဖြင့် Boiler ကို Steam receiver အနေနဲ့ အသုံးပြုခြင်းဖြစ်ပါတယ်။ သဘော်ဟာ ပင်လယ်ပြင် မှာခုတ်မောင်းသွားလာစဉ် Auxiliary Boiler ဖြစ်တဲ့ Oil fire boiler ကိုရပ်ထားပြီး၊ Exhaust gas boilers မှတဆင့် Steam ကိုထုတ်ယူပါတယ်။
 

Fig. Submerged steam coil in cargo tank

သဘော်တွေမှာ Steam ကိုယေဘုယျအားဖြင့် အပူပေးဖို့အသုံးပြုပါတယ်။ အထူးသဖြင့် စက်မောင်းဆီ Fuel တွေကို၊ အပူပေးပြီးအသုံးပြုရတဲ့အတွက်၊ Fuel Tank တွေအတွင်းရှိ၊ Heating coil တွေအတွင်းကို၊ Steam ပေးပို့ရပါတယ်။ Product Tankers နဲ့ Crude oil carrier ဆိုတဲ့၊ သဘော်တွေ မှာတော့ တင်ဆောင် တဲ့ Cargo အမျိုးအစားအလိုက် အပူပေးဖို့လိုအပ်ပါတယ်။ အဲဒီအခါ Cargo tank တွေ အတွင်းမှ Heating coil တွေအတွင်းကို၊ Steam ပေးပို့ပြီးအပူပေးပါတယ်။ 

အပူပေးတဲ့ အခါ၊ Submerged steam coils ဆိုတဲ့ Tank တွေရဲ့အောက်ခြေမှာ Steam coil တွေကို တတ်ဆင်အပူပေးတဲ့ နည်းလမ်းနဲ့၊ Steam jackets ဆိုတဲ့ နံရံမှာ Steam line တွေတတ်ဆင်အပူပေးတဲ့ နည်းလမ်းဆိုပြီး (၂) မျိုးရှိပါတယ်။

Submerged steam coils
Crude oil, Edible oils, Tallow နဲ့ Molasses အစရှိတဲ့ Cargo တွေဟာ၊ Ambient temperatures မှာစေး ပျစ်နေပါတယ်။ တနည်းအားဖြင့် Viscosity မြင့်မားပါတယ်။ Steam နဲ့အပူပေးကာ၊ Viscosity ကျဆင်းသွား မှ၊ Cargo pump တွေနဲ့ Discharge လုပ်လို့ရပါတယ်။ တတ်ဆင်မယ့် Steam coil ရဲ့ အရွယ်အစား ကိုရွေးချယ်ဖို့၊ Heat transfer area ကို


ဆိုတဲ့၊ ပုံသေနည်းနဲ့၊ တွက်ယူပါတယ်။ Heat transfer area ကိုတွက်ယူတဲ့အခါ U ဆိုတဲ့ Heat transfer coefficient တန်ဘိုး၊ တနည်းအားဖြင့် Steam coil တွေမှရမယ့်၊ Heat emission rate ကိုမှန်ကန်စွာရွေး ချယ်ဖို့အရေးကြီးပါတယ်။


Fig. Heat emission rate for steam coils submerged in water


Fig. Heat emission rate for steam coils submerged miscellaneous liquids


Fig. Nominal surface areas of steel pipes per meter length


Fig. Valve pressure drop

တကယ်တော့ Steam ကိုInitial supply စလွှတ်တဲ့အခါ၊ Control valve မှ CPD - Critical pressure drop ကြောင့် Upstream absolute pressure ရဲ့ (58 %) ကိုသာ Steam coil တွေမှာလက်ခံရရှိပါတယ်။


Fig. Steam coils in a rectangular tank 

Steam coil တွေကို၊ Steam manifold နဲ့  Condensate manifold တို့ကြားမှာ၊ အလျှားလိုက်အပြိုင်နေရာ ချထားလေ့ရှိပါတယ်။ Steam ဟာ အပူပေးစဉ် heat loss ကြောင့် condensate ဖြစ်သွားတာမို့၊ Condensate manifold ကို အနိမ့်ပိုင်းမှာတတ်ဆင်ထားပါတယ်။ Condensate ကို Steam trap သို့မဟုတ် Pump trap သို့အလွယ်တကူစီးဆင်းစေဖို့၊ Drain line ကို Condensate manifold ရဲ့အောက်ခြေ bottom မှာထည့်သွင်းတတ်ဆင်ထားပါတယ်။ ထပ်မံဝင်ရောက်လာတဲ့ Steam flow ဟာ၊ Condensate တွေကို coil ထဲမှတွန်းထုတ်မှာဖြစ်ပါတယ်။

Tank အတွင်း Steam coil design နဲ့ Layout နေရာချထားမှုဟာ၊ အပူပေးမယ့် Process fluid အမျိုး အစားပေါါမူတည်ပြီးကွဲပြားပါတယ်။ Corrosive solution အမျိုးအစား Process fluid တွေဟာ Steam coil connection တွေရဲ့ Lining နဲ့ Packing တွေကိုစားသွားနိုင်တဲ့အတွက်၊ Coil In let နဲ့ Out let connection တွေကို၊ Tank အပြင်မှာပဲတတ်ဆင်ထားပါတယ်။ Lead covered steel, Copper နဲ့ Titanium alloy လို၊ Corrosion resistant material Steam coil တွေကိုအသုံးပြုလေ့ရှိပါတယ်။

Steam coil တွေကို Tank အတွင်း၊ Inlet မှ out let အထိ၊ တဖြည်းဖြည်းခြင်းနှိမ့်ကာ၊ တတ်ဆင်ထားတာမို့၊ condensate ဟာ tank bottom မှာရှိနေမှာဖြစ်ပါတယ်။ Steam In let နဲ့ Out let connection ဟာ Tank အပြင်မှာ တနည်းအားဖြင့် main deck လို၊ Tank ထက် အမြင့်မှာရှိနေတဲ့အတွက်၊ condensate တွေကို၊ Tank အပြင်မှ Steam traps တွေကတဆင့် Drain လုပ်လို့မရနိုင်ပါဘူး။ အဲဒီအခါ rising discharge pipe လို Arrangement တွေကိုသုံးပြီး၊ condensate ကိုဖယ်ထုတ်ယူပါတယ်။


Fig. Rising discharge pipe arrangement

Rising discharge arrangement မှာ Seal နဲ့ Small bore dip pipe တို့ကိုတတ်ဆင်အသုံးပြုပါတယ်။ Seal arrangement ဟာ condensate အနည်းငယ်ကိုစုယူပြီး၊ water seal အနေနဲ့ဆောင်ရွက်ပေးသလို၊ steam locking ဖြစ်ပေါါမှုကိုလည်းတားဆီးပေးပါတယ်။ water seal မရှိခဲ့ရင်၊ steam ဟာ pipe bottom မှ condensate တွေကိုသယ်ယူသွားပြီး၊ riser မှာတတ်ဆင်ထားတဲ့ steam trap ကိုပိတ်စေမှာဖြစ်ပါတယ်။ condensate level မြင့်တက်လာတဲ့အခါ၊ temporary water seal ဖြစ်ပေါါလာပြီး၊ riser ရဲ့အောက်ခြေ နဲ့ steam trap တို့ကြားမှာ၊ locked steam အနေနဲ့ထိမ်းထားပါတယ်။ locked steam ဟာ condenses ဖြစ်လာတဲ့အခါ၊  steam trap ဟာပွင့်သွားပြီး၊ water slug ကို riser မှတဆင့်အပေါါကို တွန်းပို့ကာ discharge လုပ်ပ်ပါတယ်။

water seal မရှိတော့တာနဲ့ steam ဟာ ပြန်လည်ဝင်လာပြီး၊ riser မှတဆင့်အပေါါကိုတက်ကာ၊ steam trap ကိုပြန်ပိတ်စေပါတယ်။ dip pipe ရဲ့ bore တနည်းအားဖြင့် အချင်း ဟာသေးငယ်တဲ့အတွက်၊ steam ပမာဏအနည်းငယ်သာဝင်ရောက်ပြီး၊ riser ကို locked steam အနေနဲ့အပေါါအထိတက်ကာ ပိတ်ပေးပါ တယ်။ Rising discharge process ဖြစ်ပေါါမှုဟာ steam coil အတွင်း steam အဆက်မပြတ်စီးဆင်းနေစဉ် ဖြစ်ပေါါတဲ့အတွက်အလွန်လျှင်မြန်ပါတယ်။ သဘော် Main deck ပေါါမှာလမ်းလျှောက်သွားနေစဉ်၊ Steam trap မှ၊ condense steam တွေထွက်လာ တဲ့အခါမှ၊ water seal မှတဆင့် discharge လုပ်လိုက်တာကို သိနိုင်ပါတယ်။

Inert gas plant တွေရဲ့ Deck seal unit မှ၊ Wet type deck seal အလုပ်လုပ်ပုံနဲ့အခြေခံအားဖြင့် တူတာ ကိုတွေ့ရမှာဖြစ်ပါတယ်။ Wet type deck seal မှာ sealing water ကို permanently ဖြည့်ထားတာဖြစ်ပြီး၊ Inert gas တွေကို sealing water အတွင်းဖြစ်သန်းစေပြီးမှ၊ ရောပါလာတဲ့ ရေကို demister pad နဲ့စစ်ယူ တာဖြစ်ပါတယ်။ Rising discharge arrangement မှာတော့၊ water seal ဟာ temporary seal ဖြစ်ပြီး၊ locked steam အနေနဲ့ တွန်းပို့လုပ်တဲ့ condensate ကို steam trap မှ discharge လုပ်တာဖြစ်ပါတယ်။


Fig. Side hung coils arrangement
 
တချို့ product တွေဟာ deposit တွေပါဝင်ပြီး၊ Tank အောက်ခြေမှာ အနယ်ထိုင်လေ့ရှိပါတယ်။ deposit တွေများလာတဲ့အခါ Tank bottom မှ Steam coil တွေကိုဖုံးအုပ်လာပြီး၊ Heat transfer ကို ကျဆင်းစေပါတယ်။ Deposit ဖြစ်ပေါါနိုင်တဲ့ Product တွေကိုအပူပေးတဲ့အခါ Tank ဘေးနံရံတွေမှတဆင့်
အပူပေးတဲ့ Side hung coil arrangement တွေကိုတတ်ဆင်အသုံးပြုလေ့ရှိပါတယ်။


Fig. Jacketed vessel arrangement

တခါတရံမှာ အပူပေးမယ့် vessel တခုလုံးကို Steam coil တွေနဲ့ အပြင်မှ၊ ဖုံးအုပ်အပူပေးတဲ့ Arrangement မျိုးကိုလည်းအသုံးပြုလေ့ရှိပြီး၊ Jacketed vessel arrangement လို့ခေါါပါတယ်။ Heat losses မဖြစ်ပေါါစေဖို့ Steam Jacket တွေအပေါါမှ၊ ထပ်မံဖုံးအုပ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။


Fig. Heat emission rate for Jacket vessel

Steam coil တွေဟာ Submerged steam coils arrangements နဲ့ Jacket vessel arrangement တို့မှာ Heat emission rate တနည်းအားဖြင့် Overall heat transfer coefficient တို့မတူတာကိုတွေ့ရပါတယ်။ သဘော်တွေရဲ့ Tank တွေအတွင်းမှ Product cargo တွေကိုအပူပေးတဲ့အခါ၊ Heating surface area ကြီး မားတဲ့အတွက်၊ Submerged steam coils arrangements နဲ့ Side hung arrangements တွေကိုသာ တတ်ဆင်အသုံးပြုကြပါတယ်။

Steam Quality 

အသုံးပြုတဲ့ Steam ဟာ Correct quantity လုံလောက်တဲ့ပမာဏရှိခြင်း၊ Temperature နဲ့ Pressure မှန်ကန်ခြင်း၊ Air လေ နဲ့ In-condensatable gases အငွေ့မပျံနိုင်တဲ့ဓါတ်ငွေ့တွေပါဝင်မှုမရှိခြင်း နဲ့ Dry and Clean ဆိုတဲ့ခြောက်သွေ့သန့်ရှင်းခြင်း စတဲ့အချက်တွေနဲ့ပြည့်စုံရမှာဖြစ်ပါတယ်။ Correct quantity လုံလောက်တဲ့ Steam ပမာဏရှိပြီး၊ Temperature နဲ့ Pressure မှန်ကန်မှသာ Sufficient heat flow ကို ရရှိပြီး၊ Heat transfer လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ 

System ကို start-up လုပ်စဉ်၊ steam pipes တွေနဲ့ equipment တွေအတွင်းကို၊ Air လေ နဲ့ In-condemnable gases တွေဝင်ရောက်တတ်ပါတယ်။ System ထဲမှာ Pure steam အပြည့်ဖြည့်ပြီး၊ shutdown လုပ်ထားပေမယ့် Condense အငွေ့ပျံပြီး၊ Resultant vacuum ကြောင့်ပြင်ပလေ နဲ့ gases တွေ ကို ဆွဲသွင်းတတ်ပါတယ်။ Steam ရောနေတဲ့အခါ၊ လေ နဲ့ gases တွေဟာ heat transfer surface မှာရှိနေ မှာဖြစ်ပြီး၊ insulation သို့မဟုတ် heat transfer barrier အနေနဲ့ အပူကူးပြောင်းမှုစွမ်းရည်ကိုကျစေပါ တယ်။

System အတွင်း Steam ဝင်ရောက်လာတဲ့အခါ၊ လေ နဲ့ gases တွေကို Drain point တွေသို့ တွန်းထုတ် မှာဖြစ်ပြီး၊ Remote point လို့ခေါါတဲ့ Steam in let နဲ့ အဝေးဆုံး Drain point အထိတွန်းထုတ်နိုင် တာတွေ့ ရပါတယ်။ ပြင်ပလေ နဲ့ gases တွေအလွယ်တကူထွက်နိုင်ဖို့ Steam traps တွေရဲ့ Air venting capacity ကောင်းမွန်ဖို့လိုသလို၊ Remote points တွေမှာလည်း Automatic air vents တွေတတ်ဆင်ထား
ဖို့ လိုအပ်ပါတယ်။

Steam Traps
Steam trap အမျိုးအစားတွေကို Primary categories အနေနဲ့၊  Mechanical, Thermostatic နဲ့  Thermodynamic trap ဆိုပြီးတွေ့နိုင်ပါတယ်။ အသုံးများတဲ့ Steam traps တွေကတော့၊ Inverted bucket steam trap, Float steam trap, Thermostatic steam trap နဲ့ thermodynamic disc steam trap တို့ဖြစ်ပြီး၊ Application ပေါါမူတည်ပြီး၊ ရွေးချယ်တတ်ဆင်ရပါတယ်။ 


Fig. Steam Trap application guide


Fig. Float thermostatic steam trap


Fig. Traditional thermo-dynamic steam trap

Application အနေနဲ့ Canteen equipment, Oil transfer & Storage, Hospital equipment, Industrial dryer, Laundry equipment, Presses, Process equipment, Space heating equipment, Steam mains နဲ့ Tanks and vats ဆိုပြီး၊ အုပ်စုတွေခွဲခြားထားတဲ့အထဲက၊ သဘော်တွေမှာ၊ Oil transfer & Storage, Steam mains နဲ့ Tanks and vats တို့အတွက်၊ ရွေးချယ်တတ်ဆင်သင့်တဲ့ Steam trap တွေ ကို၊ ဖော်ပြထားပါတယ်။

Steam Strainer
လေဟာ Boiler feed water ထဲမှာလည်းပါဝင်နေတတ်ပါတယ်။ Boiler make-up water နဲ့ Condensate တို့ဟာ Feed tank မှ Exposed atmosphere အနေနဲ့ ပေးသွင်းတာဖြစ်လို့၊ Nitrogen, Oxygen နဲ့ Carbon dioxide တို့ပျော်ဝင်နေပါတယ်။ Boiler feed water ကို အပူပေးတဲ့အခါ၊ Gas တွေအနေနဲ့ Steam မှာရော ပါသွားပြီး၊ System အတွင်းဝင်ရောက်လာပါတော့တယ်။

Atmospheric air မှာ Nitrogen (78 %), Oxygen (21 %) နဲ့ Carbon dioxide (0.03 %) ပါဝင်ပါ တယ်။ Solubility လို့ခေါါတဲ့ ရေမှာပျော်ဝင်နိုင်မှုမှာ Oxygen ဟာ Nitrogen ထက် (၂) ဆခန့်ပိုပြီး၊ Carbon dioxide ကတော့ Oxygen ထက် အဆ (၃၀) ခန့်ပိုပါတယ်။ Boiler feed water မှာ Oxygen နဲ့ Carbon dioxide တို့ပိုမိုပျော်ဝင်နေပြီး၊ Boiler နဲ့ Piping ဆိုတဲ့ Steam system ကို Corrosion ဖြစ်စေ ပါတယ်။ Feed tank မှာ Temperature 80°C အောက်ကို မကျအောင် ထိမ်းထားမှသာ၊ Oxygen နဲ့ Carbon dioxide တွေဟာ၊ Atmosphere ထဲကိုထွက်သွားမှာဖြစ်ပါတယ်။

Steam pipe တွေရဲ့ အတွင်းနံရံတွေမှာ၊ Carbonate deposit တွေနဲ့ Rust တွေဟာ၊ Scale အလွှာအနေနဲ့ ဖြစ်ပေါါနေတတ်ပါတယ်။ Scale ဟာ Heat transfer barrier အနေနဲ့ အပူကူးပြောင်းမှုကိုကျဆင်းစေပါ တယ်။ Water treatment မှားယွင်းဆောင်ရွက်မှုတွေနဲ့ Boiler water droplets impurities တွေ ကြောင့် လည်းပေါါပေါက်တတ်ပါတယ်။ ဒါ့အပြင် Piping initially installed စတင်တတ်စဉ်စဉ်က၊ Welding slag တွေနဲ့ Excess jointing material တွေဟာ၊ System ထဲမှာကျန်နေခဲ့ပြီး၊ Dirt တွေအနေနဲ့ ရှိနေတတ် ပါတယ်။ Scale နဲ့ Rust fragments တွေဟာ၊ Pipe bend အကွေးနေရာတွေမှာ Erosion rate ကို မြင့်မားစေသလို၊ Steam traps တွေနဲ့ Valves တွေရဲ့ Orifices တွေကိုလည်း၊ ပိတ်ဆို့စေတတ်ပါတယ်။


Fig. Strainer

Fragments တွေကို၊  Pipeline strainer တတ်ဆင်ပြီးဖယ်ထုတ်နိုင်ပါတယ်။ Strainer တွေကို Steam trap, Flow-meter, Pressure reducing valve နဲ့ Control valve တွေရဲ့ Upstream မှာ တတ်ဆင်ရ ပါတယ်။ Condensate ငွေ့ရည်ဖွဲ့ခြင်းမဖြစ်စေဖို့နဲ့ Water-hammer မဖြစ်ပေါါစေဖို့၊  Strainers ကို Steam lines sides ဘေးတိုက်အနေအထားနဲ့ တတ်ဆင်ထားပါတယ်။ ဘေးတိုက်တတ်ဆင်တဲ့အခါ Strainer screen area နဲ့ Steam flow အများဆုံးထိတွေ့နိုင်မှာဖြစ်ပါတယ်။

Water-hammer
Steam ဟာ Piping system မှာ Heat losses ဖြစ်ရာမှ၊ Condense အငွေ့ပျံပြီ၊ Condensate ငွေ့ရည်ဖွဲ့ ကာ၊ Piping system wall မှာ Droplets တွေအဖြစ်ရှိနေတတ်ပါတယ်။ Steam flow မှတွန်းလိုက်တဲ့ အ တွက် Droplets တွေဟာ၊ Film အလွှာပါးလေးအနေနဲ့ဖွဲ့တည်လာပြီး၊ Pipe အောက်ခြေမှာစုနေပါတယ်။ Film ဟာ အလွှာပါးအဆင့်ကနေ၊ အခြား Droplets တွေနဲ့စုမိရာက၊ Water slug အနေနဲ့ ဖွဲ့တည်လာပါ တယ်။ Water slug ဟာ 25 - 30 m/ s Steam velocity အလျှင်နဲ့ အတူ Piping system ထဲမှာရွှေ့လျား ပါတယ်။  


Fig. water slug

Water slug တွေဟာ Dense ထူထပ်သိပ်သည်းပြီး၊ Incompressible ဆိုတဲ့ ဖိပ်လို့မရတဲ့အနေအထားမျိုး ဖွဲ့စည်းနေတာဖြစ်ပြီး၊ Steam ရဲ့တွန်းအားကြောင့် High velocity မြင့်မားတဲ့အလျှင်နဲ့ရွှေ့လျှားရာမှ၊ Kinetic energy ဖြစ်ပေါါလာပါတယ်။ ရွှေ့လျှားလာတဲ့ water slug တွေဟာ၊ Piping system ရဲ့ Bend အကွေးနေရာတွေနဲ့ T joint နေရာတွေကိုရောက်တဲ့အခါ၊ Obstruction အတားအဆီး အနေနဲ့ ကြုံတွေ့ရ ပါတယ်။ အဲဒီအခါ Kinetic energy မှ Pressure energy အဖြစ်ပြောင်းလဲသွားပြီး၊ Pressure shock ကို ဖြစ်ပေါါစေပါတယ်။ Water slug တွေကြောင့် Obstruction အတားအဆီးနေရာတွေမှာပေါါပေါက်တဲ့ Pressure shock ဟာ၊ Noise နဲ့ Vibration ကိုပါဖြစ်ပေါါစေပြီး၊ Water-hammer လို့ခေါါကြပါတယ်။


Fig. Potential sources of water-hammer 

Water hammer ဟာ Steam piping system နဲ့  Fitting တွေကိုထိခိုက်ပျက်စီးနိုင်စေတဲ့အပြင်၊ အခန့် မသင့်ပါက Explosive effect နဲ့  အတူ Hazardous situation ဘေးအန္တရာယ်ရှိစေတတ်ပါတယ်။ Condensate တွေကို Steam piping system ရဲ့ Low point အနိမ့်နေရာတွေမှ၊ ဖယ်ထုတ်နိုင်ပါတယ်။ ဒါ့အပြင် Water slugs တွေကိုလည်း၊ valves နဲ့ pipe fittings တွေရဲ့ downstream အထွက်နေရာတွေမှ တဆင့်၊ ဖယ်ထုတ်နိုင်ပါတယ်။

Steam Separator
Feed water treatment လုပ်တဲ့အခါ၊ Incorrect chemical တွေကိုအသုံးပြုမိရာကတဆင့်၊ boiler feed water မှာ chemical တွေနဲ့ အခြားသော materials တွေပါဝင်သွားပြီး၊ heat transfer surfaces တွေမှာ deposits တွေအနေနဲ့ရှိနေတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ deposits တွေများလာပြီး၊ Plant efficiency ကိုကျဆင်းစေပါတယ်။ ဒါ့အပြင် Boiler ကိုမီးထိုးတဲ့အခါ၊ Tubes တွေအတွင်း deposits တွေ ရှိနေတာမို့၊ Heat looses တွေကိုဖြစ်ပေါါစေသလို၊ Dry steam အနေနဲ့လည်းမရရှိနိုင်တာကိုတွေ့ရပါတယ်။


Fig. Steam separator

Deposits တွေကြောင့် Steam ဟာ၊ Moisture droplets တွေနဲ့ Wet စိုစွတ်နေတတ်ပါတယ်။ Wet steam အနေနဲ့ရရှိလာတဲ့ Steam ကို Baffles plate တွေခံထားတဲ့ Steam separator မှာဖြတ်သန်းစေပြီး၊ Moisture droplets တွေနဲ့ လေအပါအဝင် In-condensable gas တွေကိုဖယ်ထုတ်ယူနိုင်ပါတယ်။

သဘော်တွေမှာ Cargo Heating အနေနဲ့ အသုံးပြုမယ့် Steam ရဲ့ Quality ဟာ၊ ကောင်းမွန်ဖို့လိုအပ် ပါတယ်။ Steam မှာ၊ Air လေ နဲ့ In-condensatable gases တွေရောနှောပါဝင်နေပြီး၊ ခြောက်သွေ့ သန့်ရှင်းမှုမရှိတဲ့အခါ၊ Temperature နဲ့ Pressure မှားယွင်းမှုတွေပေါါပေါက်လာမှာဖြစ်ပါတယ်။ Dalton's Law of Partial Pressures အရ၊ အမှန်တကယ်ရရှိမယ့် Effected Steam Pressure ကိုတွက်ယူခြင်းကို၊ ဥပမာအနေနဲ့ ဖော်ပြထားပါတယ်။


Fig. Dalton's Law of Partial Pressures

Dalton's Law of Partial Pressures မှာ Thermodynamic relationship အနေနဲ့ဖော်ပြတာဖြစ်တဲ့ အတွက်၊ Pressure ကို၊ "bar a" အနေနဲ့ ဖော်ပြပါတယ်။ Steam နဲ့ လေ ရောနေတဲ့အခါ၊ Temperature ကိုကျစေပါတယ်။ လေနဲ့ Gases တွေရဲ့ Pressure ဟာ၊ Steam pressure နဲ့ပေါင်းစပ်ပြီး၊ Total pressure အနေနဲ့ ပြနေမှာဖြစ်ပါတယ်။

ဥပမာ Steam/ air mixture total pressure ဟာ 4 bar a အနေနဲ့ဖော်ပြနေပြီး၊ Steam volume ¾ နဲ့ လေ ¼ ရှိခဲ့ရင်၊ Dalton's Law of Partial Pressures အရ ¾ X 4 bar a = 3 bar a ဆိုပြီး တွက်ယူတဲ့ အခါ၊ Steam ရဲ့ Effected pressure ဟာ 3 bar a သာရှိကြောင်းတွေ့ရပါတယ်။ အဲဒီအခါ Steam tables အရ၊ ရှိရမယ့် saturation temperature ဟာ 144°C မှာမရှိပဲ၊ 134°C မှာသာရှိတာကို၊ တွေ့ရမှာဖြစ်ပါ တယ်။


Fig. SI unit Steam Tables

Saturation temperature ကို အတိအကျမရတဲ့အခါ၊ အပူပေးရမယ့် Cargo တနည်းအားဖြင့် Product ရဲ့ Chemical and Physical changes ဓါတ်ဂုဏ်သတ္တိနဲ့ ရုပ်ဂုဏ်သတ္တိပြောင်းလဲမှုတွေအနည်းနဲ့အများ ဖြစ်ပေါါတတ်ပါတယ်။

Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
ပုံတွေကို Google ကနေရှာဖွေကူးယူပါတယ်။

Wednesday 17 August 2011

Engine Room Blower Fan Capacity Calculation


သဘော်အသစ်တွေတည်ဆောက်တဲ့အခါ၊ Technical Data တွေ၊ Specification တွေပေါါမူတည်လို့၊ တွက်ချက် ရပါတယ်။ အဲဒီတွက်တာချက်တာတွေ ထဲက၊ Engine Room မှာ တတ်ဆင်အသုံးပြုမယ့် Blower Fan ရဲ့ capacity တွက်နည်းကလေးကို၊ ဖော်ပြချင်ပါတယ်။  

သဘော်ဟာ DWT ၆၃၀၀ တန်ရှိတဲ့၊ Product tanker တစီးဖြစ်ပြီး၊ Technical data အရ၊ engine room မှာတတ်ဆင်တာတွေကို၊

(၁)။ 1471 KW ရှိတဲ့၊ Main Engine (၂) လုံး။
main engine ရဲ့ total output = 2 x 2000 PS = 4000 PS ( 1 PS = 0.7355 KW)

(၂)။ 320 KW ရှိတဲ့၊ generator Engine (၂) လုံး။
generator ရဲ့ total output = 2 x 435 PS = 870 PS ( 1 PS = 0.7355 KW)

(၃)။ 2500 KW ရှိတဲ့ Thermal oil heater (၁) လုံး
thermal oil heater ရဲ့ total output = 3399 PS ( 1 PS = 0.7355 KW)

(၄)။ Main engine exhaust gas pipe diameter/ length = 800mm/ 25 Mtr, Generator engine exhaust gas pipe diameter/ length + 300mm/ 35 Mtr ဆိုပြီး တွေ့ရပါတယ်။ 

engine room မှာတတ်ဆင်အသုံးပြုမယ့် blower fan ရဲ့ capacity ဟာ၊ engine room ရဲ့ total combustion air flow နဲ့ total air flow for removing heat တို့ပေါါမူတည်နေပါတယ်။ တနည်းအားဖြင့်

Blower Fan Capacity = Total Combustion Air Flow + Total Air Flow For Removing Heat 

ရယ်လို့ပြောနိုင်ပါတယ်။ engine room အတွက် total combustion air flow Qc ကို၊ ယူနစ်အနေနဲ့ Cu. Mtr/ min နဲ့သတ်မှတ်ပါတယ်။ total air flow for removing heat Qh ကိုလည်း၊ ယူနစ်အနေနဲ့ Cu. Mtr/ min နဲ့သတ်မှတ် ပါတယ်။

Total Combustion Air Flow Qc = Qme + Qae + Qoh 

မှာ, Qme = combustion air flow for main engine, Qae = combustion air flow for generator engine နဲ့ Qoh = combustion air flow for thermal oil heater ရယ်လို့တွက်ယူ နိုင်ပါတယ်။

Qme = Combustion Air Flow For Main Engine = 0.85 (F x V x M x P / 60) Cu. mtr/ min 

ဆိုတဲ့ ပုံသေနည်းအရ

Qme = combustion air flow for main engine
F = fuel consumption rate of the engine at MCR = 0.128 Kg/ PS. h
V = air quantity for burning fuel oil of 1 kg completely = 12 Cu. mtr/ Kg
M = main engine calorific value = 3.6
P = maximum continuous output = 4000 PS
Power factor = 0.85 တို့ကိုအစားသွင်းလိုက်တဲ့အခါ၊
Qme = 0.85 (0.129 x 12 x 3.6 x 4000/ 60) = 315.8 Cu. mtr/ min ရယ်လို့ရလာပါတယ်။

Qae = Combustion Air Flow For Generator Engine = 0.85 (F x V x M x P / 60) Cu. mtr/ min 

ကိုလည်း၊ အထက်ပါအတိုင်း F = 0.165 Kg/ PS. h, V = 12 Cu. mtr/ Kg, M = 1.2 ~ 2, P = 870 PS နဲ့ Power factor = 0.85 ဆိုပြီး၊ အစားထိုးတွက်ကြည့်တဲ့အခါ၊

Qae = 0.85 (0.165 x 12 x 2 x870/ 60) = 48.8 cu. mtr/ min ဆိုပြီးရလာပါတယ်။ အလားတူ

Qoh = Combustion Air Flow For Thermal Oil Heater = 0.85 (F x V x M x P / 60) Cu. mtr/ min

ကိုလည်း၊ အထက်ပါအတိုင်း, F = 0.165 Kg/ PS. h, V = 12 Cu. mtr/ Kg, M = 1.2 ~ 2, P = 3399 PS နဲ့ Power factor = 0.85 ဆိုပြီး၊ အစားထိုး တွက်ကြည့်တဲ့အခါ၊  

Qoh = 0.85 (0.165 x 12 x 2 x3399/ 60) = 190.68 cu. mtr/ min ဆိုပြီးရလာပါတယ်။ အဲဒီအခါ

Total Combustion Air Flow Qc = Qme + Qae + Qoh 

Qc = 315.8 + 48.8 + 190.68 = 552.28 cu. mtr/ min ဆိုပြီး၊ total combustion air flow ဆိုတဲ့၊ engine တွေ၊ thermal oil heater တွေအတွက် မောင်းနှင်ဖို့လိုအပ်မယ့် air flow ပမာဏကို၊ ရရှိလာ ပါတယ်။

Total Air Flow For Removing Heat Qh = { Rh/ (P x Cp x T) } - 0.4 {(Qme + Qae + Qoh)}  
ဖြစ်ပါတယ်။

Rh = Heat Evacuation = Rme + Rae + Roh + Rex 

ဆိုတဲ့ပုံသေနည်းမှာ

Rme = Heat evacuation for main engine = {Pme x Udme}/ 100
Pme = main engine total output KW = 2 x 1471 Kw
Udme = main engine percentage of heat loss = 1.307 KW ရယ်လို့ technical specification အရ၊ သိရတာကြောင့် main engine ရဲ့ heat evacuation Rme = {Pme x Udme}/ 100 = {2 x 1471 x 1.307}/ 100 = 38.2 Kw ရယ်လို့တွက်ယူနိုင်ပါတယ်။

Rae = Heat evacuation for generator engine ကို
Pae = generator engine total output KW = 2 x 320 = 640 KW
Udae = generator engine percentage of heat loss = 4.571 KW
generator engine ရဲ့ heat evacuation Rae = {Pae x Udae}/ 100 = {2 x 320 x 4.571}/ 100 = 29.25 KW နဲ့

Roh = Heat evacuation of thermal oil heater ကိုလည်း
Poh = thermal oil heater total output KW = 2500 KW
Udoh = thermal oil heater percentage of heat loss = 1.307 KW
thermal oil heater ရဲ့ heat evacuation Roh = {Poh x Udoh}/ 100 = {2500 x 1.307}/ 100 = 32.67 KW ဆိုပြီး၊ တွက်ယူနိုင်ပါတယ်။ 

Rex = Heat evacuation for exhaust gas pipe = {main engine exhaust gas pipe heat evacuation} + {generator engine exhaust gas pipe heat evacuation} + {thermal oil heater exhaust gas pipe heat evacuation}  

ဆိုတဲ့၊ ပုံသေနည်းမှာ၊ exhaust gas pipe အတွက်၊ ရရှိထားတဲ့ technical data တွေကိုအစားသွင်းခြင်းဖြင့်

Rex = {0.75 KW x 25 mtr} + {0.23 KW x 35 mtr} + {0.23 KW x 35 mtr} = 35 KW ဆိုပြီး၊ ရရှိလာပါတယ်။

အဲဒီကတဆင့် Rh = Heat evacuation = Rme + Rae + Roh + Rex = {38.2 + 29.25 + 32.67 + 45} KW = 145.12 KW တနည်းအားဖြင့် 145.12 KJ/ Sec ကိုတွက်ယူရရှိပါတယ်။

P = air density = 1.164 Kg/ cu. mtr @ 45 Deg. C, Cp = 1.01 KgJ/ KgoC specific heat of dry air @ 45 Deg. C, T = allowable temperature rise 7 ~ 10 Deg. C for engine room ဆိုပြီး၊ ရရှိထားတဲ့ data တွေအရ total air flow for removing heat Qh ကို၊ တွက်ယူတဲ့အခါ၊

Qh = { Rh/ (P x Cp x T) } - {0.4 (Qme + Qae + Qoh)}

Qh = {145.12 KgJ/ Sec./ (1.165 Kg/ cu. mtr x 8 Deg. C)} - 0.4 {(315.8 + 48.8 + 190.68) Cu. mtr/ min}
Qh = {15.42 Cu. mtr/ Sec.} - {221.1 Cu. mtr/ min}
Qh = {15.42 x 60 Cu. mtr/ min} - {221.1 Cu. mtr/ min}
Qh = {925.2 Cu. mtr/ min} - {221.1 Cu. mtr/ min}
Qh = 703.1 Cu. mtr/ min ဆိုပြီးရရှိလာပါတယ်။ ဆက်လက်ပြီး တတ်ဆင်မယ့် blower fan ရဲ့ capacity ကို

Blower Fan Capacity = Total Combustion Air Flow + Total Air Flow For Removing Heat

ဆိုတဲ့ပုံသေနည်းအရ ရှာဖွေတဲ့အခါ၊

Blower Fan Capacity = Qc + Qh

blower fan capacity = 552.28 cu. mtr/ min + 703.1 Cu. mtr/ min
blower fan capacity = 1258. 38 Cu. mtr/ min

Safety 20 % fan capacity = 1.2 x 1258.38 = 1510.06 Cu. mtr/ min
Safety 20 % fan capacity = {1510.06 Cu. mtr/ min} x 60
Safety 20 % fan capacity = 90603 Cu. mtr/ Hr ဆိုပြီးရရှိလာတာမို့၊ 5000 Cu. mtr/ Hr capacity ရှိတဲ့၊ blower fan (၂) လုံးကို၊ ရွေးချယ်တတ်ဆင်ခဲ့ပါတယ်။

အသေးစိတ်ကို၊ ISO : 8861 - Shipbuilding -- Engine-room ventilation in diesel-engined ships - Design requirements and basis of calculations မှာ၊ ဆက်လက်လေ့လာနိုင်ပါတယ်။ အလားတူ Ducting နဲ့ ပက်သက်လို့၊ ISO : 7547 - Air Conditioning and Ventilation of Accommodation Spaces  မှာ၊ ဆက်လက်လေ့လာနိုင်ပါတယ်။

Credit to : ကိုထွန်း
 
Reference : ISO : 8861, ISO : 7547, www.jimarine.com.sg

Grit Blasting


သဘော်ရဲ့ Ship side, Hull, နဲ့ Bottom ကို ဆေးသုတ်ရန်၊ ကြိုတင်ပြင်ဆင်ခြင်းကို Surface Preparation လို့ခေါါပါတယ်။ Surface Preparation မှာ Hard Scraping, High Pressure Washing, Wash Down Washing နဲ့ Blasting တို့ပါဝင်ပါတယ်။

 

Fig. Surface Roughness


Fig. Hard Scraping

အရင်ဆုံး သဘော်ရဲ့ Ship Side, Hull နဲ့ Bottom မှာကပ်ငြိနေတဲ့၊ Marine Growth တွေ၊ Barnicles တွေ ကိုခွာချခြင်းကို၊ Hard Scraping လို့ခေါါပါတယ်။ Hard Scraping လုပ်ပြီးတဲ့အခါ ရေအားပြင်းပြင်း သုံးပြီး၊ ဆေးကြောခြင်းကိုတော့ High Pressure Washing လို့ခါါကာ၊ Ship Yard သဘော်ကျင်းတည်ရှိနေ တဲ့ နေရာဒေသပေါါမူတည်ပြီး၊ Sea Water ပင်လယ်ရေ ဒါမှမဟုတ် Raw Water မြစ်ရေကိုအသုံး ပြုဆေးကြောပါတယ်။ နောက်ဆုံး တခါ Fresh Water ကိုအသုံးပြုဆေးကြောခြင်းကိုတော့ Wash Down Washing လို့ခါါပါတယ်။


Fig. Hull Paint Flow Chart/ Surface Preparation

Fresh Water Washing လို့ခါါတဲ့၊ Wash Down လုပ်ပြီးရင်တော့ သဘော်ရဲ့ သက်ဆိုင်ရာ Attending Superintendent နဲ့ Classification Society မှ Attending Surveyor တို့ဟာ၊ မျက်မြင်အခြေအနေအတိုင်း Hull နဲ့ Bottom ကိုစစ်ဆေးကြပါတယ်။ Blasting မှာတော့ Spot Blast, Sweep Blast နဲ့ Full Blast ရယ် လို့၊ သက်ဆိုင်ရာ Paint Adviser ရဲ့ Recommendation အရဆောင်ရွက်လေ့ရှိပါတယ်။




Fig. Injector Blasting

























































Fig. Vapour Blasting

Surface Preparation ဖြစ်တဲ့ Blasting Method တွေဟာ Injector Blasting System, Vapor Blasting System, Tumblast system, Wet Blasting System နဲ့ Rotary table Blasting System အစရှိသလို၊ Work pieces တွေပေါါမူတည်ကာကွဲပြားခြားနားကြပါတယ်။ မျက်နှာပြင်ဧရိယာ Surface Area ကြီးမားတဲ့ သဘော်ရဲ့ Hull ကိုယ်ထည်မှာ Surface Preparation အဖြစ် Injector Blasting System နဲ့ Vapor Blasting System ကိုအသုံးပြုကြပါတယ်။


 Fig. Grit

Blasting အတွက်အသုံးပြုတဲ့ Material တွေကို Metallic, Mineral နဲ့ Organic Materials တွေမှ၊ ထုတ်ယူ နိုင်ပါတယ်။ သဘော်ကျင်းတွေမှာတော့၊ ဟိုးအရင်က Sand သဲကိုအသုံးပြုခဲ့ရာမှ၊ Mineral သဘာဝ တွင်းထွက်ပစ္စည်းတမျိုးဖြစ်တဲ့ Grit ကိုအသုံးပြုကြပါတယ်။


Fig. Hydro-blasting

Grit Blasting ဟာလည်း Pollution သဘာဝပါတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ Harmful Substance လူ့ ကျမ်းမာရေး ကိုပါ၊ ထိခိုက်စေတာမို့ နောက်ပိုင်းမှာ၊ ရေကိုအသုံးပြုတဲ့ Hydro-blasting နည်းလမ်းကို အသုံးပြုလာကြ ပါတယ်။


Fig. Spot Blast

Paint Adviser ရဲ့ Recommendation အရ၊ Spot Blast လုပ်မယ့် ဧရိယာတွေမှာ S.A 1.0 Grit ကို၊ သဘော်ကျင်းကအသုံးပြုကာ Blasting လုပ်လေ့ရှိပါတယ်။ Spot Blast လုပ်လေ့ရှိတဲ့နေရာတွေက Above the Water Line လို့ခေါါတဲ့ Load Line ရဲ့အထက်ပိုင်းဧရိယာတွေဖြစ်ပါတယ်။ 

Load Line အောက်က Ship Side, Hull အပါအဝင် Bottom ဧရိယာမှာတော့ Anti-fouling Paint သုတ်ဆေး ကိုအသုံးပြုထားတာမို့၊ Anti-fouling Paint ရဲ့ Detachment အနေအထားအရ Sweep Blast လုပ်မလား၊ ဒါမှမဟုတ် Full Blast လုပ်မလားဆိုတာကို ဆက်လက်ဆုံးဖြတ်ရပါတယ်။ Sweep Blast မှာ S.A 1.0 Grit ကိုသုံးကာ၊ Full Blast မှာတော့ S.A 2.0 Grit ကိုသုံးပါတယ်။


Fig. Bad Anti-fouling Detachment Condition (After Wash Down Washing)

မူလအသုံးပြုထားတဲ့ Anti-fouling ရဲ့ အခြေအနေဟာ၊ ကောင်းသေးရင် Sweep Blast လောက်သာ လုပ်ပြီး၊ မကောင်းရင်တော့ Full Blast လုပ်ကာ၊ မူလရှိပြီးသား Anti-fouling Paint တွေကို၊ ကုန်စင်အောင် ခွာချရပါတယ်။

Ship Side, Hull နဲ့ Bottom ကို Blasting လုပ်ပြီးရင်တော့ Plate တွေကိုမျက်မြင်အခြေအနေအတိုင်း၊ အပေါက်အပြဲရှိမရှိ သက်ဆိုင်ရာ Attending Surveyor, Attending Superintendent နဲ့ သဘော်ကျင်းမှ S.R.M လို့ခေါါတဲ့ Ship Repair Manager သို့မဟုတ် Repair Superintendent တို့ကစစ်ဆေးရပါတယ်။

Credit to : ကိုထွန်း
ပုံတွေကို Google ကနေရှာဖွေကူးယူပါတယ်။ 

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.