Pages

Monday 15 August 2011

GMDSS နဲ့ DSC - Digital Selective Calling


DSC ဟာ Morse Code တွေသုံးကာထုတ်လွှင့်တဲ့ Radiotelegraph စနစ်နေရာမှာ အစားထိုးဝင်ရောက် လာတာဖြစ်ပြီး၊ Satellite ကိုအသုံးပြုကာ ဆက်သွယ်ခြင်းမဟုတ်ပဲ Distress Signal ကို၊ Paging System ကဲ့သို့၊ Digital Processing Techniques ကိုသုံးကာ VHF, MF နဲ့ HF Radio Frequency Band များမှ တစ်ဆင့် ဆက်သွယ်ခြင်းဖြစ်ပါတယ်။ DSC ကို Radiotelephone သို့မဟုတ် NBDP Narrow Band Direct Printing ဆိုတဲ့ Radio Telex အဖြစ်လည်းအသုံးပြုကြပါတယ်။

ဒါ့အပြင် DSC စနစ်ကိုအသုံးပြုပြီး ပေးပို့တဲ့အခါ၊ Distress Call တစ်ခုတည်းတင်မကပဲ Urgency, Safety နဲ့ Routing Call တွေအဖြစ်နဲ့၊ ခွဲခြားသတ်မှတ်ပေးပို့နိုင်ပါတယ်။ ကမ်းခြေ Station နဲ့ မိမိရဲ့ အနီးတစ်ဝိုက်က သဘော်များထံသို့သာမက၊ မိမိပေးပို့ချင်တဲ့ Station သို့မဟုတ် သဘော်ကိုလည်း၊ ရွေးချယ်ပေးပို့နိုင်ပါ တယ်။ Distress Call အနေနဲ့ လိုအပ်တဲ့အကူအညီကို၊ တောင်းခံရာမှာ မည်သည့်အမျိုးအစား Distress ၊ ဥပမာ မုန်တိုင်းမိခြင်း၊ မီးလောင်ခြင်း၊ သဘော်တိုက်ခြင်း နဲ့ သဘော်နစ်ခြင်း အစရှိသည်ဖြင့်၊ ခွဲခြားပေးပို့  နိုင်ပြီး၊ ဘေးအန္တရယ်နဲ့ ရင်ဆိုင်နေရတဲ့ မိမိရဲ့တည်နေရာ Position ကိုပါ တစ်ပါတည်း၊ အလိုအလျှောက် ထည့်သွင်း ပေးပို့နိုင်ပါတယ်။

ITU International Telecommunication Union က DSC ကိုအသုံးပြုပြီး Distress Signal တွေပေးပို့  တဲ့အခါ၊ MF သို့မဟုတ် HF ကိုသုံးရင် Distress & Safety Channel အနေနဲ့ 2187.5 KHz, 4207.5 KHz, 6312.0 KHz, 8414.5 KHz, 12577.0 KHz နဲ့ 16804.5 kHz Radio Frequency Band တွေနဲ့၊ VHF ကို သုံးရင် VHF Marine Channel 70 တို့ကိုအသုံးပြုဖို့ သတ်မှတ်ပေးထားပါတယ်။

ခွဲခြားသတ်မှတ်ပေးထားတဲ့ MF နဲ့ HF Channel တွေဟာ Low Speed Transmitting Channel တွေဖြစ်လို့၊ အခြား Call တွေအနေနဲ့ဝင်ရောက်ခေါါဆိုတဲ့အခါ၊ တစ်ကယ်တမ်းအရေးကြီးတဲ့ Distress Call တွေကို၊ Block အတားအဆီးဖြစ်စေနိုင်တာမို့၊ Distress, Urgency နဲ့ Safety traffic အတွက်သာခေါါဆိုကြဖို့ ပြဌာန်းထားပါတယ်။ ဒါပေမယ့် DSC ကိုအသုံးပြုကာ အခြားသော HF Channel တွေက တစ်ဆင့် DSC Commercial Operation Call တွေကိုခေါါဆိုနိုင်ပါတယ်။ VHF Radio Frequency Band တွေကို အသုံးပြု ပြီး DSC Call ခေါါတဲ့အခါ MF နဲ့ HF ထက် (၁၂) ဆ လောက်ပိုမြန်တာကို၊ တွေ့ရပါတယ်။

DSC Call တွေကို၊ Dstress, Urgency, Safety နဲ့ Routing Call တွေအဖြစ် (၄) မျိုးခွဲခြားနိုပါတယ်။ DSC Call ခေါါဆိုတိုင်း ဂဏန်း (၉) လုံးနဲ့ဖွဲ့စည်းထားတဲ့၊ MMSI Number Maritime Mobile Service Identity ကိုတစ်ပြိုင်တည်း အလိုအလျှောက်ထုတ်လွှင်ပေးပါတယ်။ MNSI Number ဆိုတာ၊ IP Address လိုပါပဲ။

ပထမဆုံး ရှေ့ဆုံး ဂဏန်း (၃) လုံးဟာ MID ဆိုတဲ့ Maritime Identification Digits ကိုကိုယ်စားပြုပြီး၊ သဘော်ရဲ့ MID ကိုသိရင် သဘော်မှတ်ပုံတင်ရာတိုင်းပြည်၊ ဒါမှမဟုတ် Station ရဲ့ MID ကိုသိရင် Station တည်ရှိရာတိုင်းပြည်ကို သိနိုင်စေဖို့ ITU International Telecommunication Union က၊ သတ်မှတ်ပေး ထားခြင်းဖြစ်ပါတယ်။

 MMSI နံပါတ်အနေနဲ့ နောက်ဆုံး သုည (၃) လုံးနဲ့၊ အဆုံးသတ်ရင် ကုန်သွယ်ရေကြောင်းဘက်ဆိုင်ရာ သဘော်၊ နောက်ဆုံး သုည (၂) လုံး သို့မဟုတ် (၁) နဲ့အဆုံးသတ်ရင် အပျော်စီးသဘော်၊ ရှေ့ဂဏန်းမှာ သုည (၂) လုံး ပါလာရင် Station ဆိုတာနဲ့၊ ရှေ့ဂဏန်းဟာ (၁၁၁) ဆိုရင် SAR -  Search and Rescue Aircraft လေကြောင်းဆိုင်ရာရှာဖွေရေးနှင့် ကယ်ဆယ်ရေးယာဉ်လို့သိနိုင်ပါတယ်။

ဥပမာ၊ လက်ခံရရှိတဲ့ MMSI နံပါတ်ဟာ "503001000" ဆိုပါစို့။ "503" ဟာ သြစတေးလျား MID နံပါတ် လို့သိနိုင်ပြီး၊ "01000" ဟာ ကုန်သွယ်ရေကြောင်းဘက်ဆိုင်ရာသဘော်လို့သတ်မှတ်နိုင်တာမို့၊
"503001000" ဟာ၊ သြစတေးလျားမှတ်ပုံတင် ကုန်သွယ်ရေကြောင်းဘက်ဆိုင်ရာသဘော်လို့သိနိုင်ပါ တယ်။ အလားတူ "503000100" ဆိုခဲ့ရင် သြစတေးလျားမှတ်ပုံတင် အပျော်စီးသဘော်လို့ သိနိုင်ပါတယ်။ "005030001" လို့လက်ခံရရှိခဲ့ရင် သြစတေးလျားကမ်းခြေက Station လို့သိနိုင်ပြီး၊ "0001" ဟာ Station ရဲ့ နံပါတ်ကိုရည်ညွှန်းသလို၊ "111503123" လို့လက်ခံရရှိခဲ့ရင် သြစတေးလျား SAR Air Craft လို့သိနိုင် ပါတယ်။

Credit to : ကိုထွန်း 

No comments:

Post a Comment