Pages

Sunday 14 August 2011

VDR - Voyage Data Recorder & SVDR - Simplified Voyage Data Recorder


လေယာဉ်ပျံတွေမှာ “Black Box” တတ်ဆင်ထားသလို၊ ကုန်သွယ်ရေကြောင်းသဘော်တွေမှာလည်း “Black Box” ကိုတတ်ဆင်ထားကာ၊ VDR - Voyage Data Recorder သို့မဟုတ် SVDR - Simplified Voyage Data Recorder လို့ခါါပြီး၊ MMB - Maritime Black Box လို့လည်းခေါါကြပါတယ်။


Fig. VDR - Voyage Data Recorder

Fig. SVDR - Schematic Diagram

VDR ကို SOLAS Regulation Chapter V - Regulation No. 20 အရ၊ တတ်ဆင်ထားရမှာဖြစ်ပြီး၊ သဘော်ပေါါ မှာတတ်ဆင်အသုံးပြုထားတဲ့ Communication & Navigational Equipment တွေနဲ့ ချိတ်ဆက်ထားရ ပါတယ်။ VDR ဟာ Communication &  Navigational Equipment တွေက အချက်အလက်၊ Data တွေကို ရယူသိုလှောင်ထားကာအလိုရှိတဲ့အခါ၊ ပြန်လည်ထုတ်ယူနိုင်ပါတယ်။

VDR ဟာ ရေပေါါမှာပေါါနိုင်ပါတယ်။ တစ်ချို့ VDR တွေကို၊ အရေးပေါါအခြေအနေမှာ အခြားသော Communication Equipment ဆက်သွယ်ရေးစက်များ အလုပ်မလုပ်တော့တဲ့အခါ၊ သဘော်တည်နေရာ Position ကို၊ Maritime Distress Signal အနေနဲ့ထုတ်လွှင့်ပေးနေတဲ့ EPIRB Emergency Position Indicating Radio Beacon နဲ့လည်းတွဲကာအသုံးပြုကြပါတယ်။

VDR ကို အလုံပိတ် Enclosed တည်ဆောက်ထားတာဖြစ်ပြီး၊ လွှင့်စင်သွားတဲ့အခါနဲ့ ပြုတ်ကျတဲ့ အခါတွေမှာ လည်း၊ ကွဲအက်ပျက်စီးခြင်းမဖြစ်အောင် Tamper proof အနေနဲ့တည်ဆောက်ထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Marine Atmospheres လို့ခေါါ၊ ပင်လယ်ပြင်သဘာဝတရားတွေဖြစ်တဲ့ Heavy Sea ပင်လယ်ပြင် မှာ လှိုင်း၊ လေကြမ်းတမ်းခြင်း၊ Storm မုန်တိုင်းဒဏ်၊ Fire မီးလောင်ခြင်း၊ Collision သဘော်တိုက်ခြင်း၊ Explosion ပေါက်ကွဲခြင်း၊ Shock ဓါတ်လိုက်ခြင်းနဲ့ သဘော်နစ်မြုတ်သွားတဲ့ အခါမှာတောင် ပျက်စီး မသွားစေဖို့ စီမံတည်ဆောက်ထားတာဖြစ်ပါတယ်။

သဘော်နဲ့ ပက်သက်ပြီး၊ များပြားလှတဲ့ အချက်အလက် Data တွေကို သိုလှောင် ထားတာဖြစ်ပြီး၊ သဘော်၊ သဘော်သားတွေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပက်သက်တဲ့၊ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်တဲ့အခါ၊ သက်သေခံ အဖြစ်အသုံးပြုဖို့ရည်ရွယ်တတ်ဆင်ထားတာဖြစ်ပါတယ်။

VDR မှာ
၁။ GPS မှရယူထားတဲ့ Position of the vessel သဘော်ရဲ့တည်နေရာနဲ့ Date and Time နေ့ရက်၊ အချိန်နာရီ်၊ (အချိန်နာရီကို UTC Universal Time & Co-ordinate Time နဲ့သတ်မှတ်ပါတယ်။)
၂။ Speed on water and Speed over ground ဆိုတဲ့သဘော်သွားနှုံး
၃။ VHF Radio Communications စနစ်ကိုအသုံးပြုဆက်သွယ်ထားတဲ့ Audio Record များ
၎။ Gyro Compass မှရယူထားတဲ့ Course သဘော်သွားရာလမ်းကြောင်း
၅။ AIS Automatic Identification System မှရယူထားတဲ့၊ မိမိသဘော်ရဲ့ အချက်အလက်များနဲ့ မိမိသဘော်ရဲ့ အနီးအနားပါတ်ဝန်းကျင်မှာ သွားလာမောင်းနှင်နေတဲ့ အခြားသဘော်များရဲ့ အချက် အလက်များ
၆။ Echo sounder မှရရှိထားတဲ့သဘော်ရဲ့ Keel အောက်ရေအနက် Depth under Keel
၇။ သဘော်ရဲ့ Bridge နဲ့ Bridge wings တွေမှာ ပြောဆိုဆက်သွယ်ထားတဲ့ Audio for common internal communications ဆိုင်ရာ Record များ

၈။ IMO မှ ပေးပို့တဲ့ အရေးကြီးအချက်ပြသတိပေးချက်များ All important IMO mandatory alarms
၉။ Fire Door တွေ၊ Weather Tight Door တွေနဲ့ ကုန်ပေါက် Tight Hull Opening Status ဆိုတဲ့ တံခါးတွေ၊ အဖုံးတွေလုံလုံခြုံခြုံပိတ်ထားခြင်းရှိမရှိဆိုတဲ့ အချက်အလက်များ
၁၀။ Engine ရဲ့ ရွှေ့လျားမှုအတွက်ပေးပို့ထားတဲ့ Order များနဲ့ Rudder ရဲ့ ရွှေ့လျားမှုအတွက်ပေးပို့ ထားတဲ့ Order များ
၁၂။ လေတိုက်နှုံးနဲ့ လေလမ်းကြောင်း Wind speed and Wind Direction
၁၃။ သဘော်စတည်ဆောက်စဉ်ကတည်းက တွက်ချက်မှတ်တမ်းပြုထားတဲ့ Hull stresses နဲ့ပက်သက်တဲ့ Load Curve နဲ့ Buoyancy Curve
၁၄။ Propeller နဲ့ Thruster တွေရဲ့ Direction နဲ့ RPM ဆိုင်ရာအချက်အလက်များ စတာတွေကိုသိမ်းဆည်းမှတ်သားထားပါတယ်။

Memory Capacity အားဖြင့်၊ စတင်မှတ်တမ်းပြုတဲ့ Any given point of time မှ နောက်ထပ် (၁၂) နာရီ ကြာအောင် မှတ်သားနေပြီး၊ (၁၂) နာရီပြည့်တာနဲ့ သိမ်းဆည်းမှတ်သားထားတဲ့ အချက်အလက်တွေကို၊ PC ဒါမှမဟုတ် Laptop ဆီကိုပြောင်းကာကူးယူထားရပါတယ်။

VDR Voyage Data Recorder နဲ့ SVDR Simplified Voyage Data Recorder တို့ဟာ သိမ်းဆည်း မှတ်သား ထားတဲ့ အချက်အလက် အနည်းအများပေါါမှာမူတည်လို့သာကွာခြားမှုရှိပြီး၊ အလုပ်လုပ်ပုံကတော့ အတူတူပဲဖြစ်ပါတယ်။

Credit to : ကိုထွန်း

ပုံတွေကို Google ကနေရှာဖွေကူးယူပါတယ်။

 Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.


No comments:

Post a Comment