Pages

Wednesday 17 August 2011

Bow Thruster


Movement of the Ships ဆိုတဲ၊့ သဘော်သွားလာလှုပ်ရှားမှုကို (၁။) Ahead and Astern Movement နဲ့ (၂။) Port and Starboard Movement ရယ်လို့ ခွဲခြားနိုင်ပါတယ်။

(၁။) Ahead and Astern Movement မည်သည့် Propeller အမျိုးအစားမှာမဆို၊ Propeller Blades တွေ ရဲ့ Pitch Angle ဟာစောင်းနေပြီး Blade တွေရဲ့ Motion ဟာ၊ Screw မှာရှိတဲ၊့ Thread တွေလို အတွင်း ဘက် သို့မဟုတ် အပြင်ဘက်ကို ရစ်လှည့်သလို၊ လည်ပတ်ပြီး၊ Propeller မှ ရေကိုအနောက်ဖက်သို့ ယက်ထုတ် လိုက်တဲ့ အခါမှာ၊ "သက်ရောက်မှုတိုင်းတွင် ပမာဏတူညီပြီး၊ လားရာဆန့်ကျင်သော တန်ပြန်သက်ရောက်မှု ရှိသည်" ဆိုတဲ့ Newton’s Third Law of Motion အရ၊ Thrust Force acting ဖြစ်ပေါါလာပြီး၊ သဘော်ကို Ahead ရှေ့သို၊့ ရွှေ့လျှားစေပါတယ်။

အလားတူ Propeller ရဲ့ Direction of Rotation က ပြောင်းပြန်လည်တဲ့အခါ၊ Thrust Force acting နဲ့ အတူ၊ သဘော်ကို Astern ဆိုတဲ့၊ နောက်သို့ရွှေ့လျှားစေပါတယ်။

(၂။) Port and Starboard Movement Port side သို့မဟုတ် Left side ဆိုတဲ့ ဘယ်ဘက်သို့ ရွေ့လျားစေ မှု နဲ့ Starboard side သို့မဟုတ် Right side ဆိုတဲ့၊ ညာဘက်သို့ ရွေ့လျားစေမှုကို၊ Steering Gear System မှတဆင့် သဘော်ရဲ့နောက်ပိုင်းကိုယ်ထည်မှာ၊ တတ်ဆင်ထားတဲ့ Rudder မှဆောင်ရွက်ပေး ပါတယ်။

Rudder ကိုအသုံးပြုတဲ့ ဘယ်၊ ညာ ရွေ့လျှားမှုဟာ သဘော်ရဲ့၊ Propeller ကိုအသုံး ပြုပြီး၊ အရှေ့ နဲ့၊ အနောက် ရွှေ့လျားမှုရှိတဲ့အချိန်မှာသာဆောင်ရွက်ပေးနိုင်ပါတယ်။ သဘော်ကို Propeller အသုံးမပြုပဲ၊ Port side သို့မဟုတ် Starboard side ဆိုတဲ့ ဘယ်ညာရွှေ့လျားစေဖို့ကို၊ Propeller ကဲ့သို့ Lateral Thrust ကို အသုံးပြု ရွှေ့လျား စေနိုင်မယ့် Thruster System ကိုဖန်တီးတည်ဆောက်ကြပါတယ်။


Fig. Tunnel Type Bow Thruster

သဘော်ဦး Bow ကို ရွှေ့လျားစေဖို့ ရည်ရွယ်တတ်ဆင်တဲ့ Thruster ကို Bow Thruster လို့ခါါကာ၊ သဘော် အမှီး Stern ကို ရွှေ့လျားစေဖို့ ရည်ရွယ်တတ်ဆင်တဲ့ Thruster ကို Stern Thruster လိုခေါ့ါဆိုပါတယ်။

Bow Thruster တွေကို ၁။ Tunnel Thrusters ၂။ Externally Mounted Bow Thrusters နဲ့ ၃။ Water Jet Bow Thrusters ဆိုပြီးတတ်ဆင်ပုံ အနေအထားကိုမူတည်လို့ ခွဲခြားထားပါတယ်။

သဘော်ကြီးတွေမှာ Tunnel Thrusters ကိုတတ်ဆင်အသုံးပြုကြပြီး၊ Ferry Boat အသေးလေးတွေနဲ့၊ အပျော်စီး ငါးဖမ်း သဘော်လေးတွေလို Boat တွေမှာတော့ လျှပ်စစ်မော်တာကလေးနဲ့ တိုက်ရိုက်မောင်းနှင် တဲ့ Externally Mounted Bow Thrusters နဲ့ Water Jet Bow Thrusters တွေကိုတတ်ဆင်အသုံးပြုကြ ပါတယ်။

Tunnel Thrusters ရယ်လို့ ခေါါဆိုရတာကတော့ Bow မှာ Tunnel လိုထွင်းထားပြီး၊ အထိုင်ချထားလို့ ဖြစ်ပါတယ်။ Bow Thruster ဟာ၊ Prime Mover အဖြစ်၊ Internal Combustion Engine ဖြစ်တဲ့၊ 4 Stroke High Speed Engine သို့မဟုတ် 3 Phase Squirrel-cage Induction Electric Motor တွေကို အသုံးပြုပါတယ်။

Engine တွေကို Prime Mover အဖြစ်သုံးကာ၊ Bow Thruster ကိုမောင်းနှင်တဲ့အခါ၊ FPP ဆိုတဲ့ Fixed Pitch Propeller တွေကိုမောင်းနှင်သလို၊ Reduction Gear နဲ့ Reversing Gear ကိုအသုံးပြုပြီး၊ Bow Thruster Propeller Blade တွေကို၊ Clock Wise သို့မဟုတ် Anti-clock Wise direction နဲ့ မောင်းနှင်စေ ပါတယ်။

Bow Thruster ကို၊ Engine နဲ့မောင်းနှင်တဲ့အခါ၊ command Signal အဖြစ်၊ 4 ~20 mA Signal ကိုပေး ပို့ပြီး၊ Bow Thruster Room ထဲမှ Micro-controller ကလက်ခံရယူပါတယ်။ ရလာတဲ့ Signal ကို reference အဖြစ်၊ amplified လုပ်ကာ၊ servo motor ကိုမောင်းနှင်ပါတယ်။ servo motor နဲ့ချိတ်ဆက် ထားတဲ့ link တွေမှတဆင့် engine ရဲ့ governor ကို၊ အတိုး၊ အလျှော့လုပ်ကာ Thruster ရဲ့ Speed ကို၊ control လုပ်ပါတယ်။

အလားတူ CPP ဆိုတဲ့ Controllable Pitch Propeller တွေကိုမောင်းနှင်သလို၊ Propeller Blade တွေရဲ့ Direction of Rotation ဟာ၊ တစ်ဖက်တည်းသာလည်နေပြီး၊ Blade တွေရဲ့ Pitch Angle ကိုသာပြောင်းလဲ ပြီး၊ မောင်းနှင်တဲ့  Bow Thruster တွေလည်းရှိပါတယ်။


Fig. Electric Motor Drive Tunnel Bow Thruster

3 Phase Squirrel-cage Induction Electric Motor တွေကိုသုံးပြီး၊ Bow Thruster ကိုမောင်းနှင်တဲ့အခါ၊ CPP တွေကိုမောင်းနှင်သလို၊ Blade တွေရဲ့ Pitch Angle ကိုသာပြောင်းလဲပြီး၊ မောင်းနှင်ကြပါတယ်။


Fig. Bow Thruster Compartment (or) Bow Thruster Room

Bow Thruster Tunnel ဟာရေထဲမှာမြုတ်နေမှ၊ အသုံးပြုလည်ပတ်ရတာဖြစ်ပြီး၊ သဘော်ရဲ့ Forward Draft ရှေ့ပိုင်းရေစူးအနက်ကို၊ Fore Peak Tank နဲ့ Forward Water Ballast Tank တွေထဲကို Ballasting ရေ ဖြည့်သွင်းပြီးချိန်ညှိရပါတယ်။ Bow Thruster Room လို့ခေါါတဲ့ Bow Thruster Compartment မှာ၊ Flooding ရေမြှုတ်တတ်ပါတယ်။ Bow Thruster Compartment နဲ့ဆက်စပ်နေတဲ့ Fore Peak Tank တို့၊ Forward Ballast Tank တို့ရဲ့ Man Hole Cover တွေမလုံတဲ့အခါ၊ Tank တွေ ထဲကရေတွေ၊ Bow Thruster Room ထဲကိုဝင်လာတတ်တာမို့၊ Bow Thruster Room Bilge Level Alarm ကို၊ တတ်ဆင်ထားရပါတယ်။

Bow Thruster Compartment မှာ Ventilation Fan တတ်ဆင်ထားလေ့ရှိပြီး၊ Fan ကိုအရင်မမောင်းပဲ
Bow Thruster ကိုမောင်းလို့မရအောင် Interlock အနေနဲ့တတ်ဆင်ထားတာမျိုးကိုလည်း၊ တွေ့ရတတ် ပါတယ်။ 

CPP ကဲ့သို့ Pitch Angle ကာရွှေ့လျားစေတဲ့၊ Bow Thruster တွေမှာဖြစ်တတ်တာကတော့ 3/4 Way Proportionally Operated Directional Control Solenoid Valve တွေ Malfunctioning ဖြစ်ခြင်း ဖြစ်ပါတယ်။ Solenoid Valve တွေဟာ Pilot Pressure ကို၊ Thruster ရဲ့ Propeller Hub သို့မဟုတ် Boss ထဲမှာရှိတဲ့၊ Actual Working Valve သို့ Commend ပေးကာ၊ Hydraulic Pistons တွေကို Operate လုပ်စေပါတယ်။ Bow Thruster ကိုမောင်းနှင်တဲ့ Joy Stick ရဲ့ Potentiometer မှရလာတဲ့၊ Signal ကို Amplified လုပ်ကာ၊ Directional Control Solenoid Valve ကိုအလုပ်လုပ်စေပါတယ်။


Fig. 3/ 4 way Directional Control Solenoid Valve

Directional Control Solenoid Valve ဟာ အဖွင့်အပိတ်ကို Fully Opened နဲ့ Fully Closed Function တွေ နဲ့၊ ဆောင်ရွက်တာမျိုးမဟုတ်ပါဘူး။ ရလာတဲ့ Signal ကို၊ Amplifier Unit တစ်ဆင့် Proportionally Operated လုပ်ပါတယ်။ တနည်းအားဖြင့် Solenoid Coil ကထုတ်ပေးတဲ့ Magnetic Flux အနည်းအများပေါါမူတည်ပြီး၊ Plunger ကို နည်းနည်းလေးတွန်းကာ သို့မဟုတ် ဆွဲကာ Valve ကို၊ အနည်း ငယ်သာပွင့်စေခြင်းမျိုးနဲ့ Plunger ကို၊ များများတွန်းကာ သို့မဟုတ် ဆွဲကာ Valve ကို၊ များများ ပွင့်စေခြင်း မျိုးဆောင်ရွက်ပေးပါတယ်။


Fig. Hydraulic Diagram

Hydraulic Fluid ဆီထဲမှာအကြောင်းအမျိုးမျိုးကြောင်၊့ ပါဝင်နေတတ်တဲ့ particles အမှုန်အမွှား၊ dirt အညစ် အကြေးတွေဟာ၊ Pilot Pressure ထုတ်ပေးတဲ့ Directional Control Solenoid Valve ထဲက O ring တွေ၊ Plunger တွေကို ပွန်းစားစေတတ်ပြီး၊ Internal Leak ဖြစ်တတ်ပါတယ်။ Internal Leak ဖြစ်တဲ့ အခါ၊ Joy Stick မှ Command အရ ပေးပို့တဲ့ Signal မှန်ပေမယ်၊ Valve ဟာပွင့်ချင်သလို ပွင့်ပြီး၊ တခါတရံ Pitch percentage (0 %) ကနေ Maximum percentage ကိုရောက်သွားတာမျိုး၊  ဖြစ်တတ်ပါတယ်။ တခါ တရံမှာ Direction (၂) ဖက်လုံး ပွင့်သွားတာမျိုးနဲ့ တခါတရံမှာ လုံးဝမပွင့်တာမျိုးတွေလည်း၊ ဖြစ်တတ် ပါတယ်။

အလားတူ Hydraulic Fluid ဆီထဲမှ၊ particles အမှုန်အမွှား၊ dirt အညစ်အကြေးတွေကြောင့် Propeller Hub သို့မဟုတ် Boss ထဲမှာရှိတဲ့၊ Hydraulic Pistons က Seal တွေ၊ Leak ဖြစ်တာမျိုးကိုလည်း၊ ကြုံတွေ့ရတတ် ပါတယ်။ Hydraulic ဆီ တွေကို၊ ပုံမှန် Analysis လုပ်ကာ၊ လိုအပ်ပါက Oil renewal " ဆီ " အသစ် လဲလှယ်ခြင်းနဲ့ Filter တွေကို renewal ပုံမှန်လဲလှယ်ခြင်း၊ cleaning ဆေးကျောခြင်း အစရှိတာတွေ ကိုဆောင်ရွက်ပေးသင့်ပါတယ်။

Credit to : ကိုထွန်း 
 
Image credit to : http://www.hydraulicspneumatics.com, http://www.marineinsight.com,
http://commons.wikimedia.org, http://www.nauticurso.com.br

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment