Pages

Monday 29 August 2011

Safety Valve's Lifting & Re-seating

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀၀) ကျော်ကာလကတည်းက၊ တရုပ်လူမျိုးတွေဟာ၊ Cauldrons လို့ခေါါတဲ့၊ သတ္တု အိုးတွေရဲ့အဖုံးမှာ hinged lids တွေတတ်ဆင်ပြီး၊ အစားအသောက်ချက်ပြုတ်ခဲ့တဲ့ အထောက်အထားတွေ ကိုတွေ့ခဲ့ရပါတယ်။ တနည်းအားဖြင့် Safety valves တွေရဲ့ အစလို့ဆိုနိုင်ပါတယ်။ (၁၄) ရာစုလောက် မှာတော့၊ ဥရောပမှ ဓါတုဗေဒပညာရှင်တွေဟာ Pressurized vessels တွေမှာ၊ conical plugs တွေနဲ့ compressed spring တွေကို၊ တတ်ဆင်ပြီး Safety valve အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။

(၁၉) ရာစုအစမှာ သဘော်တွေနဲ့ မီးရထား စက်ခေါင်း boiler တွေမှာ၊ faulty safety devices တွေကြောင့်၊ မကြာခဏ explosion တွေပေါါပေါက်ခဲ့ရာက ၊ safety relief valves တွေနဲ့ ပက်သက်ပြီး၊ အာရုံစိုက်ကာ တီထွင်မှုတွေပြုလုပ်ခဲ့ပါတယ်။

(၁၈၄၈) ခုနှစ်မှာ၊ Charles Retchie ဆိုသူက၊ valve accumulation chamber ရဲ့၊ compression surface မှတဆင့် narrow overpressure margin အတွင်းမှာ၊ ချက်ခြင်းပွင့်နိုင်မယ့် safety valve ကိုတီထွင်ခဲ့ပါ တယ်။ အဲဒီကတဆင့် Safety valve သို့မဟုတ် safety relief valve တီထွင်ထုတ်လုပ်မှုတိုးတက်လာခဲ့ပြီး၊ ယနေ့ခေါါတ်မှာတော့ safety valves တွေဟာ၊ boiler နဲ့ air vessel လို၊ pressurized vessel တွေအတွက်၊ over pressurized ကြောင့် explosion ကို၊ ကာကွယ်ဖို့မဖြစ်မနေထည့်သွင်းတတ်ဆင်ရတဲ့ safety device တခုဖြစ်လာတာကိုတွေ့ရပါတယ်။


Fig. Typical safety valves

over pressurized ဖြစ်ပေါါမှုကိုအလိုအလျှောက်လျှော့ချပေးတဲ့ safety devices တွေနဲ့ပက်သက်ပြီး၊ သတ်မှတ်ထားတဲ့၊ အခေါါ အဝေါါအသုံးအနှုံးတွေဟာလည်း၊ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Europe အခေါါ အဝေါါအရ 'safety valve' ဟာ၊ US အခေါါအဝေါါမှာ၊ 'safety relief valve' သို့မဟုတ် 'pressure relief valve' ဖြစ်ပါတယ်။ တခါ US အခေါါအဝေါါအရ 'safety valve' ဆိုတဲ့အသုံးအနှုံးဟာ၊ Europe အခေါါအဝေါါ မှာ၊ full-lift type safety valve ကိုဆိုလိုတာဖြစ်ပါတယ်။

European standard EN ISO 4126-1 အရ၊ "Safety valve" ကို၊ pressurized vessel မှာ မူလသတ်မှတ် ထားတဲ့ safe pressure ထက်ကျော်လွန်တဲ့အခါ၊ self activated ပြင်ပအထောက်အကူမပါပဲ၊ self activated opening အလိုအလျှောက်ပွင့်ကာ၊ pressure ကိုလျှော့ချပြီး၊ normal pressure ကိုပြန်ရောက် သွားတဲ့ အခါ self activated closing အလိုအလျှောက်ပြန်ပိတ်သွားတဲ့ valve လို့သတ်မှတ်ထားပါတယ်။

ASME / ANSI PTC25.3 standards အရ "Safety valve" ကို၊ Pressure relief valve, Safety valve, Relief valve နဲ့ Safety relief valve ဆိုပြီးခွဲခြားသတ်မှတ်ထားပါတယ်။

Pressure relief valve - safety valves, relief valves နဲ့ safety relief valves တွေကိုစုပေါင်းခေါါဝေါါ သုံးစွဲတဲ့၊ အသုံးအနှုံးဖြစ်ပါတယ်။ spring-loaded valve ဖြစ်ပြီး၊ excess pressure ကိုထုတ်ပေးစဉ်ပွင့်ကာ၊ normal pressure condition မှာပြန်ပိတ်ပါတယ်။ rapid-opening လို့ခေါါတဲ့၊ 'pop' action နဲ့ ရုတ်တရက် အလိုအလျှောက်ပွင့်နိုင်သလို၊ proportional  increase pressure ရဲ့ opening pressure ကိုကျော်လွန် သွားတဲ့အခါ၊ proportional increase over opening pressure action နဲ့ အလိုအလျှောက်ပွင့်တဲ့ valve အမျိုးအစားတွေဖြစ်ပြီး၊ compressible နဲ့ incompressible fluids တွေအတွက်အသုံးပြုပါတယ်။

Safety valve - pressure relief valve ဖြစ်ပြီး၊ inlet static pressure နဲ့ အလုပ်လုပ်ကာ၊ rapid opening သို့မဟုတ် pop action နဲ့ရုတ်တရက်ပွင့်ပါတယ်။ steam နဲ့ air services application တွေ၊ တနည်းအား ဖြင့် compressible gases တွေနဲ့ပက်သက်ပြီးသုံးသလို၊ process applications တွေအတွက်လည်း အသုံး ပြုပါတယ်။

Relief valve - inlet static pressure ဟာ၊ proportional increase ဖြစ်လာပြီး၊ opening pressure ထက်ကျော်လွန်တဲ့အခါ proportional increase over opening pressure action နဲ့ ပွင့်သွားမယ့်၊ safety device လို့သတ်မှတ်နိုင်ပါတယ်။ capacities နဲ့ thermal expansion duty နည်းတဲ့၊ liquid systems တွေ၊ တနည်းအားဖြင့် incompressible fluids တွေ အတွက်သုံးသလို၊ pumped systems တွေမှာလည်း pressure overspill protection devices တွေ အဖြစ်၊ အသုံးပြုပါတယ်။

Safety relief valve - liquid or incompressible fluid system မှာ၊ pressure ဟာ proportional increase ဖြစ်လာပြီး၊ opening pressure ထက်ကျော်လွန်တဲ့အခါ proportional increase over opening pressure action နဲ့ ပွင့်သွားမယ့်၊ valve မျိုးဖြစ်ပြီး၊ compressible gas system မှာတတ်ဆင်အသုံးပြုတဲ့ အခါ၊ safety valve လို rapid opening သို့မဟုတ် pop action နဲ့ ပွင့်မှာဖြစ်ပါတယ်။

ASME / ANSI Standard အရ၊ အသုံးအနုံးအခေါါအဝေါါတွေအရ Safety valve ဟာ၊ inlet static pressure နဲ့ အလုပ်လုပ်ကာ၊ rapid opening သို့မဟုတ် pop action နဲ့ ပွင့်တဲ့ valve လို့သတ်မှတ်နိုင်ပြီး၊
compressible gases တွေအတွက်၊ အသုံးပြုပါတယ်။ Relief valve ဟာ proportional increase over opening pressure action နဲ့ပွင့်တဲ့ valve လို့သတ်မှတ်နိုင်ပြီး၊ incompressible fluids တွေအတွက်၊ အသုံးပြုပါတယ်။

Safety valve ရဲ့ rapid opening သို့မဟုတ် pop action နဲ့ Relief valve ရဲ့ proportional increase over opening pressure action (၂) မျိုးပေါင်းစပ်ထားတဲ့၊ valve ကို Safety relief valve လို့ ခေါါပြီး၊ Safety valve, Relief valve နဲ့ Safety relief valve တွေအားလုံးကို စုပေါင်းပြီး၊ Pressure relief valve တွေအဖြစ်သတ်မှတ်ထားပါတယ်။


 Fig. Typical spring loaded safety valve

spring loaded safety valve တွေဟာ 'standard' တနည်းအားဖြင့်၊  'conventional' အသုံးများတဲ့၊ safety valve တွေဖြစ်ပြီး၊ self-acting device မှတဆင့် overpressure protection ကိုဆောင်ရွက်ပေးပါတယ်။ right angle pattern valve body ကိုတည်ဆောက်ထားပြီး၊ basic elements တွေအနေနဲ့ valve inlet connection သို့မဟုတ် nozzle တို့ပါဝင်ပြီး၊ pressure-containing system နဲ့အတူတတ်ဆင်ထားပါတယ်။ discharge piping system ပေါါမူတည်ပြီး out let connection ကို၊ flanged သို့မဟုတ် screwed connection အဖြစ်တွေ့ရပါတယ်။

compressed air systems မှာအသုံးပြုတဲ့ safety valve တွေမှာတော့၊ outlet connection မပါပဲ၊ over pressure fluid ကို atmosphere အတွင်းသို့ directly vented အနေနဲ့၊ release စွန့်ထုတ်ပါတယ်။


Fig. Full-nozzle safety valve

valve inlet လို့ခေါါတဲ့ approach channel ကို၊ full-nozzle နဲ့ semi-nozzle type ဆိုပြီးခွဲခြားထားပါတယ်။ full-nozzle type valve inlet ကို၊ ''wetted' inlet tract form ပုံစံတည်ဆောက်ထားတာဖြစ်ပြီး၊ corrosive fluid applications တွေမှာ၊ အသုံးပြုပါတယ်။


Fig. Semi-nozzle safety valve

semi-nozzle type မှာ၊ valve seat လို့ခေါါတဲ့ valve body seating ring ကိုထည့်သွင်းတတ်ဆင်ထားပါ တယ်။ safety valve မလုံတော့တဲ့အခါ၊ full nozzle type တွေလို၊ valve တခုလုံးအစားထိုးလဲလှယ်ဖို့မလိုပဲ၊ valve seat ကိုအလွယ်တကူလဲလှယ်နိုင်ပါတယ်။

carbon steel နဲ့ပြုလုပ်ထားတဲ့ spring ကို၊ bonnet လို့ခေါါတဲ့ spring housing arrangement အတွင်းမှာ တတ်ဆင်ထားပါတယ်။ spring မှ၊ nozzle seat အပေါါမှာရှိတဲ့  disc ကို closing force နဲ့ "ဖိ" ထားပါ တယ်။ rapid opening လို့ခေါါတဲ့ pop type safety valve တွေမှာ၊ valve disc အတွက်၊ shroud ပါဝင် ပါတယ်။ pressure increased ဖြစ်လာတဲ့အခါ၊ shroud ဟာ၊ disc holder သို့မဟုတ် huddling chamber မှတဆင့် rapid opening action ကိုဖြစ်ပေါါစေပြီး၊ disc ကို "တွန်းမ" လိုက်မှာဖြစ်ပါတယ်။ spring ရဲ့ closing force လို့ခေါါတဲ့ compression force ကို၊ spring adjuster နဲ့ အတိုးအလျှော့ ပြုလုပ်နိုင်ပါတယ်။

Safety valve discharge capacity  နဲ့ပက်သက်ပြီး၊ design ကိုတွက်ယူတဲ့အခါ၊  Flow သို့မဟုတ် bore area, curtain area နဲ့ discharge လို့ခေါါတဲ့၊ orifice area အစရှိတဲ့အချက် (၃) ချက်ကိုအခြေခံပါတယ်။



Flow area ဟာ၊ inlet နဲ့ valve seat ကြား၊ minimum cross-sectional area ဖြစ်ပါတယ်။ 'd' ဟာ Flow area ရဲ့ diameter ဖြစ်ပါတယ်။



valve seat ပေါါမှ၊ disc ဟာအပေါါါကိုကြွသွားတဲ့အခါ၊ ပေါါပေါက်လာမယ့် cylindrical သို့မဟုတ် conical discharge opening area ကို၊ Curtain area လို့ခေါါပြီး၊ 'd1' ဟာ curtain area ရဲ့ diameter ဖြစ်ပါတယ်။


 Fig. discharge area

valve အတွင်းမှ၊ fluid ဖြတ်သန်းစီးဆင်းသွားမယ့် area ဟာ၊ discharge area ဖြစ်ပြီး၊ flow နဲ့ curtain area အရွယ်အစားတို့ ထက်သေးငယ်ပါတယ်။ valve discharge capacity ပိုကောင်းစေဖို့၊ curtain area ကိုမထည့်ပဲ၊ flow area ကိုသာအဓိကထားတည်ဆောက်ထားတဲ့ valve တွေကို၊ full lift valves တွေ
လို့ ခေါါ ပါတယ်။ full lift valves တွေဟာ၊ low lift နဲ့ high lift valves တွေထက်၊ discharge capacity ပိုမိုကောင်းမွန်ပါတယ်။

DIN Standard conventional safety valve တွေနဲ့ ASME Standard conventional safety valves တွေ မှာ၊ ထည့်သွင်းတတ်ဆင်ထားတဲ့၊ principal elements တွေတူညီပေမယ့်၊ design ပိုင်းအရ၊ အနည်းငယ် ကွဲလွဲတာကိုလည်းတွေ့ရပါတယ်။ DIN Standard valve တွေရဲ့၊ design ဟာရိုးရှင်းပြီး၊ fixed skirt သို့မဟုတ် hood လို့ခေါါတဲ့၊ ပုံစံမျိုးတည်ဆောက်ထားပါတယ်။

ASME Standard valves တွေရဲ့ design ဟာအနည်းငယ်ရှုပ်ထွေးပြီး၊ adjustable blow-down ring နဲ့ fine-tune adjustable blow-down rings တွေကို၊ တတ်ဆင်ထားပါတယ်။ blow-down value ကိုအတိ အကျရစေဖို့၊ adjustable blow-down ring ကိုတတ်ဆင်ထားတာဖြစ်ပြီး၊ overpressure ကိုအတိအကျ တိုင်းတာနိုင်ဖို့၊ fine-tune adjustable blow-down rings ကိုတတ်ဆင်ထားတာဖြစ်ပါတယ်။

orifice area ဟာ၊ valve inlet နဲ့ outlet connection အရွယ်အစား၊ valve center line dimension နဲ့ face dimensions အရွယ်အစားတို့အပေါါမူတည်ပါတယ်။ European origin conventional safety valves တွေမှာ၊ valve တွေရဲ့ nominal size ခြင်းတူပေမယ့်၊ dimensions တွေကွဲပြားမှုကြောင့် orifice area တွေမတူညီတာကိုတွေ့ရပါတယ်။ valve body မှာရေးသားထားတဲ့ သက်ေတကိုဖတ်ပြီး inlet နဲ့ out let ကိုအတိအကျပြောနိုင်ပေမယ့်၊ orifice size ကိုတော့အတိအကျမပြောနိုင်ပါဘူး။

ASME standard conventional safety valves တွေမှာတော့၊ center line to face dimensions တွေနဲ့ orifice sizes တွေကို၊ API Recommended Practice - 526 အရ၊ သတ်မှတ်ထားတဲ့အတိုင်း၊ အတိအကျ ထုတ်လုပ်ထားတာကိုတွေ့ရပါတယ်။ ဥပမာ 2 J 3 လို့ရေးထားရင်၊ inlet ဟာ 2", orifice ဟာ standard 'J'  size နဲ့ outlet ဟာ၊ 3" ဆိုပြီး သိနိုင်ပါတယ်။

safety valves အမျိုးအစားတွေကွဲပြားပေမယ့် basic operation အနေနဲ့ကတော့ Lifting နဲ့ Re-seating ဆိုပြီး၊ (၂) မျိုးသာရှိပါတယ်။

Lifting
inlet static pressure ဟာမြင့်တက်လာပြီး၊ safety valve ရဲ့ set pressure အထက်ကိုရောက်လာတဲ့အခါ၊ seat ပေါါမှ disc ဟာကြွတက်လာသလို၊ အပေါါမှ spring compression fore လည်း increase မြင့်လာ ပါတယ်။ inlet static pressure ဟာဆက်ပြီးမြင့်တက်မှသာ disc ကို၊ lift "အပေါါသို့' တွန်းတင်ပြီး၊ significant flow အနေနဲ့ valve မှထွက်သွားနိုင်မှာဖြစ်ပါတယ်။ တနည်းအားဖြင့် additional pressure အနေနဲ့ ထပ်တိုးဖို့ လိုအပ်ပြီး၊ valve ဟာ၊ rated capacity အရ discharge လုပ်မှာဖြစ်ပါတယ်။ additional pressure ကို overpressure လို့ခေါါပါတယ်။


Fig. Typical disc and shroud arrangement used on rapid opening safety valves

particular application တွေအရ၊ compressed air နဲ့ steam အပါအဝင် compressible fluids တွေ အတွက်၊ overpressure ကို ( 3 % ~ 10 % ) နဲ့ in-compressible liquids တွေအတွက်၊ ( 10 % ~ 25 % ) လို့သတ်မှတ်ထားပါတယ်။ သေးငယ်တဲ့ small overpressure ကြောင့်၊ valve ဟာ full opening နဲ့အတူ rapid opening action ကိုပါဆောင်ရွက်စေဖို့၊ disc arrangement အပေါါမူတည်ပါတယ်။ shroud တနည်းအားဖြင့် control chamber သို့မဟုတ် huddling chamber, skirt တို့နဲ့ disc တို့ရဲ့ arrangement ဟာအရေးကြီးပါတယ်။


 Fig. Opening force

chamber ထဲမှ fluid ရဲ့ pressure ဟာ၊ shroud လို exposed area အပေါါတိုက်ရိုက်သက်ရောက်နေပါ တယ်။ (F = P x A) ဆိုတဲ့ပုံသေနည်းအရ၊ fluid ရဲ့ pressure (P) ဟာ၊ တိုက်ရိုက်ထိတွေ့နေတဲ့ exposed area (A) ပေါါမူတည်ပြီး၊ lifting force (F) အဖြစ်၊ proportionally တိုက်ရိုက်အချိုးနဲ့ မြင့်တက် ပါတယ်။ opening force အနေနဲ့ incremental increase တိုးသထက်တိုးလာတာဖြစ်ပါတယ်။


Fig. Shroud's reverse direction reaction force

အဲဒီအချိန်မှာ အပေါါမှဖိထားတဲ့ spring compression force ဟာလည်းမြင့်တက်လာ ပါတယ်။ အောက်မှ တွန်းတဲ့ opening force ဟာ၊ အပေါါမှဖိထားတဲ့ spring force ထက်ပိုသွားတဲ့အခါ၊ disc ဟာ rapid opening action နဲ့ ရုတ်တရက်ပွင့်သွားပါတော့တယ်။ တချိန်တည်းမှာပဲ shroud ဟာ flow ကို reverses direction အနေနဲ့ reaction force တခုဖြစ်ပေါါစေပြီး၊ opening force သို့မဟုတ် lift ကို enhance ထပ်တိုးစေပါတယ်။

incremental increase opening force နဲ့ shroud ကြောင့်ရလာတဲ့ reaction force (၂) ခုပေါင်း ဟာ၊ သေးငယ်တဲ့ over pressure limit မှာ၊ designed lift ကိုရရှိစေပါတယ်။ compressible fluids တွေ ရဲ့ rapid expansion ရုတ်တရက်ရုန်းကန်ထွက်နိုင်တဲ့ ဂုဏ်သတ္တိကြောင့်၊ lower pressure area ပေါါမှာ ကျရောက်တဲ့၊ fluid volume ပမာဏကြီးမားလာတဲ့အခါ၊ rapid action ကိုရရှိတာဖြစ်ပါတယ်။ in-compressible liquids တွေမှာတော့ proportional increase နှေးတဲ့အတွက်၊ overpressure limit ဟာ၊ ပိုများပါတယ်။

Re-seating
pressure ဟာ normal operating conditions ရောက်သွားတာနဲ့ valve ပြန်ပိတ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် disc area နဲ့  fluid ဟာတိုက်ရိုက်ထိတွေ့ နေသေးတာမို့၊ original set pressure ရဲ့ အောက် ကိုရောက်မှ၊ seat ပေါါပြန်ထိုင်ပါတယ်။ original set pressure ရဲ့ အောက်အမှတ်ကို၊ re-seating pressure လို့ခေါါပါတယ်။ set pressure နဲ့  re-seating pressure တို့ကြားမှာ disc ဟာ seat မထိုင်သေး တဲ့အခြေအနေကို၊ 'blow-down' condition အဖြစ်သတ်မှတ်ပါတယ်။ တနည်းအားဖြင့် set pressure နဲ့ re-seating pressure တို့ခြားနားချက်ဟာ၊ 'blow-down' pressure ဖြစ်ပါတယ်။


Fig. Relationship between pressure and lift for a typical safety valve

'blow-down' pressure ကို၊ set pressure နဲ့ နှိုင်းယှဉ်ဖော်ပြပါတယ်။ compressible fluids တွေရဲ့ 'blow-down' pressure ဟာ၊  set pressure ရဲ့ ( 10 %) ခန့်ရှိပြီး၊ in-compressible liquids တွေရဲ့ 'blow-down' pressure ကတော့ ( 20 %) ခန့်ရှိပါတယ်။ pressure ဟာ potentially hazardous situation ရောက်လာတဲ့အခါ၊ shroud မှ၊ rapid opening နဲ့ small blow-down action ကိုဆောင် ရွက်ပေးပါတယ်။ တနည်းအားဖြင့် overpressure ကိုအမြန်ဆုံးလျှော့ချပေးခြင်းနဲ့ excessive quantities pressure ကို pressurized vessel ထဲမှာထိမ်းထားခြင်းနဲ့အတူ၊ disc ရုတ်တရက်ပြန်ပြီး lift မဖြစ်စေဖို့ ထိမ်းထားခြင်းတို့ကိုဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။


Fig. Blow-down rings on an ASME type safety valve

ASME Standard safety valves တွေမှာ၊ overpressure နဲ့ blow-down requirements တို့အတွက်၊ lower blow-down (nozzle) ring ကို၊ မရှိမဖြစ်ထည့်သွင်းတတ်ဆင်ထားပါတယ်။ upper blow down ring ကတော့ huddling chamber အတွက်ဖြစ်ပြီး၊ factory set ဖြစ်ပါတယ်။

lower blow-down ring ဟာ၊ appropriate code performance requirements တွေအရ factory set ဖြစ်ပေမယ့်လိုအပ်သလို၊ adjust လုပ်နိုင်ပါတယ်။ lower blow-down ring ကို top position အထိ adjust လုပ်ကြည့်ရင်၊ overpressure value ကို minimizing value အထိရရှိနိုင်ပြီး၊ disc ပြန်ထိုင်ဖို့ အချိန်ပိုကြာ တာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် huddling chamber ကြီးမားသွားခြင်းလို့ပြောနိုင်ပါတယ်။ တခါ lower blow-down ring ကို၊ lower position အနေ နဲ့ adjust လုပ်ကြည့်ရင်၊ overpressure value ပမာဏကိုတိုးနိုင်ပြီး၊ blow-down value ကိုလျှော့ချနိုင်ပါတယ်။


Fig. Standards relating to safety valves

Boiler နဲ့ Pressure vessel တွေအတွက်၊ အသုံးများတဲ့ Safety valve standard အချို့ကိုဖော်ပြလိုက်ပါ တယ်။

Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
Reference and image credit to : Spirax Sarco USA - Steam engineering tutorials, http://en.wikipedia.org, http://www.SpiraxSarco.com, Google

No comments:

Post a Comment