Pages

Sunday 14 August 2011

GMDSS နဲ့ Sea Area များ

မြန်မာအင်ဂျင်နီယာဖိုရမ် http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

Sea Area A1 
အနီးဆုံးကမ်းခြေ Coast Station ကနေ ရေမိုင် (၃၀) မှ (၄၀) အတွင်း၊ တစ်နည်းအားဖြင့် (၅၆) ကီလို မီတာမှ (၇၄) ကီလိုမီတာ အတွင်း ဖြစ်ပြီး၊ Chanel 70 ဆိုတဲ့ 156.525 MHz VHF Radio Frequency Band ကို အသုံးပြုပါတယ်။ Radiotelephone သို့မဟုတ် Radio-telephony စနစ်ကိုအသုံးပြု ဆက်သွယ် နိုင်မယ့် ဧရိယာဖြစ်ပါတယ်။ 

Sea Area A1 အတွင်းမှာ မောင်းနှင် သွားလာနေတဲ့ သဘော်တွေအတွက်၊ 406 MHz Frequency Range ကိုအသုံးပြုတဲ့၊ EPIRB ဆိုတဲ့ Emergency Position-Indicating Radio Beacon (၁) လုံးနဲ့၊ VHF DSC ဆိုတဲ့ Digital Selective Calling စနစ်ကိုတတ်ဆင်ထားရမှာဖြစ်ပါတယ်။ များသောအားဖြင့် Sea Area A1 အတွင်းမှာ သွားလာနေတဲ့ သဘော်တွေဟာ GRT တန် (၃၀၀) အထက် တန် (၅၀၀) အောက် သဘော်တွေ သာဖြစ်လို့၊ VHF Handhelds စကားပြောဆက်သွယ်ရေးစက် (၂) လုံး၊ ပါရှိရမှာဖြစ်ပြီး၊ အရပ်ခေါါအနေနဲ့ GMDSS Walkie-Talkie လို့ခါါပါတယ်။  


Sea Area A2
Sea Area A1 အပါအဝင်ဖြစ်လို့ Sea Area A1 မှာတတ်ဆင်အသုံးပြုထားတဲ့၊ ဆက်သွယ်ရေးစက်တွေ ပါဝင်ရမှာဖြစ်ပါတယ်။ MF Medium Wave Frequency 2187.5 kHz ကိုအသုံးပြုဆက်သွယ်နိုင်မယ့်၊ အနီးဆုံးကမ်းခြေရှိ Coast Station မှ နေ့အချိန်ဆို ရေမိုင် (၁၈၀) တစ်နည်းအားဖြင့်၊ ကီလိုမီတာ (၃၃၀)၊ ညအချိန်ဆို ရေမိုင် (၄၀၀)၊ တစ်နည်းအားဖြင့် ကီလိုမီတာ (၇၄၀) အတွင်းဖြစ်ပြီး၊ 2187. 5 kHz ကို အသုံးပြုတဲ့၊ DSC Watch keeping Receiver တစ်လုံးပါ တတ်ဆင် ထားရမှာဖြစ်ပါတယ်။ လေထု Atmosphere အလွှာတွေရဲ့ နေ့ နဲ့ ည မှာ၊ Polarization ကွာခြားတာမို့၊ နေ့အချိန်နဲ့ ညအချိန်တွေမှာ ဆက်သွယ်တဲ့ ဧရိယာ သတ်မှတ်ချက်ကွာခြားရတာဖြစ်ပါတယ်။ 


Sea Area A3
Sea Area A1, A2 အပါအဝင်ဖြစ်ပြီး၊ INMARSAT ဆိုတဲ့၊ Geostationary Satellite မြေပြင် အခြေစိုက် ဂြိုလ်တုဆက်သွယ်ရေး စနစ်ကိုအသုံးပြုကာဆက်သွယ်တာဖြစ်ပါတယ်။ မြောက်လတ္တီတွဒ် (၇၆) ဒီဂရီ ကနေ၊ တောင်လတ္တီတွဒ် (၇၆) ဒီဂရီ အတွင်းလို့သတ်မှတ်ပါတယ်။

တောင်နဲ့ မြောက်လတ္တီတွဒ် (၇၆) ဒီဂရီ လို့သာပြောရပေမယ့်၊ Atmosphere အလွှာတွေနဲ့ Polarization ကြောင့်၊ တစ်ခါတစ်လေ တောင်နဲ့ မြောက် လတ္တီတွဒ် (၇၀) ဒီဂရီ လောက်အတွင်းလောက်မှာ သာ လက်ခံရရှိတတ်ပါတယ်။ ဆက်သွယ်မှုဧရိယာပြင်ပရယ်လို့သာသုံးနှုံးခြင်ပါတယ်။ 

လတ္တီတွဒ် (၅) ဒီဂရီလောက်ကွာတာတွေ၊ လောင်ဂျီတွဒ် (၅) ဒီဂရီလောက် ကွာတာတွေက မြေပုံပေါါမှာ ဘာမှ မထူးခြားပေမယ့်၊ ကုန်သွယ်ရေကြောင်းလောက မှာ တစ်နေရာနဲ့တစ်နေရာ (၅) ဒီဂရီဆိုတာ နည်းတဲ့ ရေမိုင် မဟုတ်ပါဘူး။ 

 Sea Area A3 အတွက်တတ်ဆင်အသုံးပြုရမယ့်၊ ဆက်စပ်ပစ္စည်းတွေကတော့ Sea Area A1 နဲ့ A2 မှာတတ်ဆင်အသုံးပြုထားတဲ့၊ ဆက်သွယ်ရေးစက်တွေ ပါဝင်ရမှာဖြစ်ပြီး၊ အပိုအနေနဲ့ Inmarsat C Ship Earth Station ဆိုတဲ့ Inmarsat ဂြိုဟ်တုဆက်သွယ်ရေးစနစ်သုံး စက်အထိုင် (၁) စုံ၊ MF Radio Signal Band 2187.5 kHz ကိုအသုံးပြုမယ့် DSC Watch-keeping Receiver၊ နဲ့ 406 MHz Radio Signal Band ကိုအသုံးပြုတဲ့ EPIRB (၁) လုံးပါဝင်ရမှာဖြစ်ပါတယ်။ Inmarsat  ဂြိုဟ်တု ဆက်သွယ်ရေးစနစ် ကိုအသုံးပြု တဲ့ အခါ Inmarsat A နဲ့ C ဆိုပြီး၊ စွမ်းဆောင်နိုင်တဲ့ Function တွေအပေါါမူတည်လို့၊ ကွာခြားပါတယ်။ အရပ်စကားနဲ့ပြောရရင် Antenna Dome ပုံစံပေါါမူတည်လို့  "ငုံးဥ" လား၊ "ကြက်ဥ" လားလို့ မေးတတ်ကြ ပါတယ်။ 

SOLAS Regulation ရဲ့ သားရေကွင်းလိုချုံ့နိုင်၊ ချဲ့နိုင်တဲ့ အစွမ်းသတ္တိကြောင့်၊  နောက်တစ်မျိုးတတ်ဆင် အသုံးပြုရမယ့် ဆက်စပ်ပစ္စည်းတွေအဖြစ်၊ MF နဲ့ HF Radio Frequency Band တွေကိုအသုံးပြုပြီး Safety & Distress Signal တွေအတွက်၊ 1,605 kHz နဲ့ 27,500 kHz သုံး DSC, Radiotelephony နဲ့ NBDP Narrow Band Direct Printing Radio Telex က (၁) စုံ၊ MF နဲ့ HF Radio Frequency Band တွေကို အသုံးပြုပြီး 2,187.5 kHz, 8,414.5 kHz ကိုအသုံးပြုဆက်သွယ်ကာ၊ 4,207.5 kHz, 6,312 kHz, 12,577 kHz နဲ့ 16,804.5 kHz ဆိုတဲ့ Distress Signal Radio Frequency Band တွေထဲက တစ်ခုခုကို လက်ခံ ရယူနိုင်မယ့် DSC Watch keeping Receiver က (၁) စုံ၊ 406 MHz Radio Signal Band ကိုအသုံးပြုတဲ့ EPIRB က (၁) လုံး နဲ့ Inmarsat ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို အသုံးပြုမယ့် စက်အထိုင် (၁) စုံ၊ ပါရှိ ရမယ်လို့၊ သတ်မှတ်ထားတာလည်းရှိပါသေးတယ်။ 

Sea Area A4
Sea Areas A1, A2 နဲ့ A3 တို့အပြင်ဘက်၊ တောင်နဲ့ မြောက်လတ္တီတွဒ် (၇၀) ဒီဂရီအထက် တစ်နည်း အားဖြင့်၊ Polar Regions ဆိုတဲ့ ဝင်ရိုးစွန်းဒေသများဖြစ်ပါတယ်။

SOLAS ရဲ့ GMDSS နဲ့ပက်သက်ပြီးပြဌာန်းထားတဲ့ Regulation No. 15 မှာ နည်းလမ်း (၃) ခုကိုအသုံးပြုပြီး၊ စွမ်းရည်ပြည့်သုံးနိုင်ဖို့သတ်မှတ်ထားပါသေးတယ်။ အဲဒါတွေကတော့

၁။ GMDSS စနစ်အတွက်၊ ပင်လယ်ပြင်မှာအီလက်ထရောနစ်ဆိုင်ရာ ပြုပြင်ခြင်း နဲ့ ထိမ်းသိမ်းခြင်း ကိစ္စတွေကိုဆောင်ရွက်နိုင်ဖို့ လုံလောက်တဲ့ အပိုပစ္စည်း၊ လမ်းညွှန်စာရွက်စာတမ်းများနဲ့ အတူ COC Certificate of Competency အနေနဲ့ 1st Class သို့မဟုတ် 2nd Class လက်မှတ်ကို ကိုင်ဆောင် ထားတဲ့ ရေဒီယိုအရာရှိ ကိုတာဝန်ပေးခန့်ထားခြင်း At sea electronic maintenance, requiring the carriage of a qualified radio/electronic officer (holding a GMDSS First or Second class Radio-Electronics Certificate) and adequate spares and manuals :

၂။ အရံစက်အပိုများ တတ်ဆင်ထားခြင်း Duplication of certain equipment :  

၃။ Shore based maintenance ဆိုတဲ့ ကမ်းခြေမှ ရေကြောင်းဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှု အဖွဲ့ အစည်းတစ်ခုခုကနေ၊ အဆက်မပြတ်စစ်ဆေးပေးကာ လိုအပ်တဲ့ ပြုပြင်ခြင်းနဲ့ ထိမ်းသိမ်းခြင်း ကိစ္စတွေ ကိုဆောင်ရွက်နိုင်ပေးခြင်းဆိုတဲ့ တို့ဖြစ်ပါတယ်။ 

အထက်ပါနည်းလမ်း (၃) မျိုးထဲကနေ Sea Area A1 နဲ့ A2 ဒေသ တစ်နည်းအားဖြင့် Coastal Voyage အတွင်းသွားလာနေတဲ့ သဘော်တွေမှာဆိုရင်၊ ကြိုက်နှစ်သက်ရာ အနည်းဆုံး နည်းလမ်း (၁) မျိုး နဲ့ Sea Area A3 ဒေသ အတွင်းသွားလာနေတဲ့ သဘော်တွေမှာဆိုရင်၊ ကြိုက်နှစ်သက်ရာ အနည်းဆုံးနည်းလမ်း (၂) မျိုးကိုလိုက်နာကျင့်သုံးဖို့ သတ်မှတ်ထားပါတယ်။ 


Coastal Voyage အတွင်းသွားလာနေတဲ့ သဘော်တွေက၊ နည်းလမ်း (၁) ဖြစ်တဲ့ 1st Class သို့မဟုတ် 2nd Class လက်မှတ်ကို ကိုင်ဆောင်ထားတဲ့ ရေဒီယိုအရာရှိ ခန့်ထားခြင်း မပြုတော့ပဲ၊
Shore based maintenance နည်းလမ်းကိုသာသုံးကြပါတယ်။


Sea Area A3 ဒေသ အတွင်းသွားလာနေတဲ့ သဘော်တွေကတော့ Duplication of certain equipment ဆိုတဲ့အရံစက်များ ထားရှိခြင်းနည်းလမ်းနဲ့ Shore based maintenance နည်းလမ်းတို့ကို၊ သုံးကြပါတယ်။ 


Duplication of certain equipment ဆိုတဲ့၊ အရံစက်များ ထားရှိခြင်းနည်းလမ်းကို၊ အပေါါပုံလေးမှာ ကြည့်ရင် စက် (၂) လုံးစီ Console ပေါါမှာထိုင်ထားခြင်းဖြင့် ဆောင်ရွက်ထားတာကို၊ တွေ့ရမှာဖြစ်ပါတယ်။

Power Supply Requirements အနေနဲ့၊ ပုံမှန်အချိန်မှာ Generator ကိုအသုံးပြုခြင်း၊ အကယ်၍ Emergency Generator တတ်ဆင်ထားပါက၊ အရေးပေါါအခြေအနေမှာ Emergency Generator ကို အသုံးပြုခြင်းနဲ့၊ အရံ Battery များမှရယူခြင်း စတဲ့နည်းလမ်းများကိုအသုံးပြုကြပါတယ်။ အသုံးပြုတဲ့ အရံ Battery များဟာ Emergency Generator တတ်ဆင်ထားပါက၊ တစ်ဆက်တည်းအနည်းဆုံး (၁) နာရီနဲ့ Emergency Generator တတ်ဆင်မထားပါက၊ တစ်ဆက်တည်းအနည်းဆုံး(၆) နာရီကြာအောင် အသုံးပြု နိုင်ရမှဖြစ်ပါတယ်။

Operator Qualifications
အနေနဲ့ 1st Class သို့မဟုတ် 2nd Class လက်မှတ်ကို ကိုင်ဆောင် ထားတဲ့ ရေဒီယိုအရာရှိမှကိုင်တွယ်တာဝန်ယူခြင်း နဲ့ GOC လို့ခေါါတဲ့ GMDSS General Operator Certificate ကိုင်ဆောင်ထားတဲ့ Navigating Officers များမှကိုင်တွယ်တာဝန်ယူခြင်းဆိုပြီး၊ Operator Qualifications ကိုသတ်မှတ်ထားပါသေးတယ်။ GOC Certificate ဟာ၊ Non-technical Operator Qualification Certificate လို့သတ်မှတ်နိုင်ပြီး၊ မြန်မာနိုင်ငံမှာ ဒုတိယအရာရှိစာမေးပွဲဖြေဆိုသူတိုင်း တက်ရောက်ရပါတယ်။ 

IMO ကပြဌာန်းထားတဲ့ STCW Regulation အရ GOC လက်မှတ်မရှိရင် Deck Officer အဖြစ်သဘော် လိုက်လို့မရတဲ့အပြင်၊ သဘော်ပေါါမှာလည်း GOC လက်မှတ်ကိုင်ဆောင်ထားသူ အနည်းဆုံး (၂) ဦး ရှိရ ပါတယ်။  

Credit to : ကိုထွန်း
 
ပုံတွေကို Google ကနေရှာဖွေကူးယူပါတယ်။

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

No comments:

Post a Comment