Pages

Friday 27 May 2011

AIS Automatic Identification System

ဒီ post ကို၊ မြန်မာအင်ဂျင်နီယာဖိုရမ် http://myanmarengineer.org/ မှ၊ ကူးယူဖော်ပြပါတယ်။

AIS Automatic Identification System ကို၊ သဘော်တွေရဲ့ သွားလာမောင်းနှင်ရာလမ်းကြောင်း Track ကို၊ ခြေရာခံနိုင်ဖို့ နဲ့ Traffic Congestion ရေလမ်းကြောင်းကျပ်တဲ့  နေရာတွေမှာ၊ မတော်တဆ တိုက်မှုတွေ ကို ရှောင်ရှားနိုင် စေဖို့ရည်ရွယ်ကာ၊ တတ်ဆင်အသုံးပြုပါတယ်။

ဆိပ်ကမ်းအနီးတစ်ဝိုက်ရေပြင်တွေနဲ့ ပင်လယ်ပြင်တွေမှာ၊ သဘော်တွေရဲ့ မောင်းနှင်သွားလာမှုဟာ ဟိုးအရင်ကာလတွေထက်စာရင် ပိုမိုများပြားလာပြီး၊ Lack of Information of the Nearby Ship ဆိုတဲ့ မိမိသဘော်ရဲ့အနီးတစ်ဝိုက်မှာ သွားလာခုတ်မောင်းနေတဲ့၊ သဘော်တွေရဲ့ သတင်းအချက်အပြည့်အစုံကို ရရှိနိုင်စွမ်းနည်းပါးမှု နှင့် Misguiding Instructions from Port Authorities ဆိုတဲ့ သက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်များရဲ့ မှားယွင်းစွာလမ်းညွှန်မှုတွေကြောင့် မတော်တဆ တိုက်မှုတွေ ဖြစ်ပေါါလေ့ ရှိပါတယ်။ ယနေ့ခေါါတ်ကာလမှာ သဘော်ပိုင်ရှင် တွေအနေနဲ့လည်း၊ မိမိသဘော် မှာသယ်ဆောင်သွားတဲ့ Cargo ကုန်တွေနဲ့ ပက်သက်ပြီး၊ မောင်းနှင်ရာလမ်းကြောင်းတွေကို၊  Track ခြေရာခံနိုင်ဖို့ ပိုမိုလိုအပ်လာ ပါတယ်။

AIS ဆိုတဲ့ Automatic Identification System ဟာ၊ Ship Particulars ဆိုတဲ့မိမိသဘော်ရဲ့ အချက် အလက်တွေကို၊ Electronically အီလက်ထရောနစ်သတင်းအချက်များအဖြစ်မှ Radio Wave Frequency အဖြစ်ပြောင်းလဲကာ မိမိသဘော်ရဲ့ အနီးတစ်ဝိုက်မှာ သွားလာခုတ်မောင်းနေတဲ့၊ သဘော်တွေ နဲ့ Coastal Authorities လို့ခေါါတဲ့အနီးဆုံးကမ်းခြေမှ၊အာဏာပိုင် အဖွဲ့အစည်းများထံသို့ အလိုအလျှောက် ပေးပို့ ပါတယ်။
 
အသုံးပြုတဲ့ Radio Wave Frequency ဟာ၊ VHF Very High Frequency ဖြစ်ပြီး၊ AIS ဟာ Transmitters အဖြစ်လည်းကောင်း Receivers အဖြစ်လည်းကောင်း ဆောင်ရွက်ပါတယ်။ မိမိသဘော်ရဲ့ အချက် အလက်တွေကို၊ Transmitter အနေနဲ့ ပေးပို့ပြီး၊ မိမိသဘော်ရဲ့ အနီးတစ်ဝိုက်မှာ သွားလာ နေတဲ့၊ သဘော်တွေထံမှ လက်ခံရရှိတဲ့ အချက် အလက်တွေကို၊ Receiver အနေနဲ့ Display Unit မှာဖော်ပြ ပါတယ်။


တစ်ခါ Satellite ဂြိုလ်တုမှတစ်ဆင့် GPS Global Positioning System မှာ လက်ခံရရှိတဲ့ သဘော် တည်နေရာ Position နဲ့ သက်ဆိုင်တဲ့ အချက် အလက်တွေကို၊ AIS ရဲ့ Display Unit မှာ ဖော်ပြပါတယ်။
Channel တစ်ခုတည်းနဲ့ အချက်အလက်တွေကိုပေးပို့နိုင်သလို၊ အရံ Channel သို့မဟုတ် Secondary Channel မှတစ်ဆင့်၊ Interference or Loss of Information ဆိုတဲ့ အနှေက်အယှက် သို့မဟုတ် အချက်အလက်များပျောက်ဆုံးမှုတွေကိုလည်း၊ တားဆီးပေးထားနိုင်ပါတယ်။

အချိန်နဲ့တစ်ပြေးညီ၊ ထုတ်လွှင့်လက်ခံနေတဲ့ အချက်အလက်တွေမှာ သဘော်နာမည် Ship Name, Call Sign သဘော်ရဲ့အခေါါသက်ေတ, Speed သွားနှုံး, Position တည်နေရာ၊, Direction လမ်းကြောင်း, Rate of turn ကွေ့ရင်လည်း ကွေ့တဲ့နှုံး, Destination ဦးတည်ရာ စတဲ့အချက်အလက်တွေအပြင်၊ သဘော်ရဲ့ Length အလျား, Breadth ဗျက်အကျယ်, Tonnage တန်ချိန်, နဲ့ Draft ရေစူး စတဲ့အချက်အလက်များ ပါဝင်ပါတယ်။

သဘော်တိုင်းမှာ AIS တွေတတ်ဆင်ထားတာမို့၊ Channels တွေ Congestion ကျပ်ကုန်မှာလား လို့မေးစရာ ရှိပါတယ်။ AIS တွေမှာ Channel Slots တွေအနေနဲ့ အရည်အတွက်အားဖြင့် ၂၂၅၀ ခု ပါဝင်ပြီး၊ ၂၆့၆ မီလီစက္ကန့်အတွင်းမှာ Load ကို Channel Slots တစ်ခုမှအခြားတစ်ခုဆီသို့ချက် ခြင်း အလိုအလျှောက်ပြောင်းလဲကာ၊ ထုတ်လွှင့်လက်ခံနိုင်စွမ်းရှိတဲ့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

ပုံတွေကို google ကနေရှာဖွေကူးယူပါတယ်။
Post credit to : ဦးရီးထွန်း http://myanmarengineer.org/

No comments:

Post a Comment