Pages

Tuesday 19 July 2011

Ionization smoke detectors

မြန်မာအင်ဂျင်နီယာဖိုရမ် http://myanmarengineer.org/ မှ၊ ကူးယူဖော်ပြပါတယ်။

low energy fire သို့မဟုတ် လောင်စာနည်းနည်း နဲ့ မီခိုးများများထွက်ပေါါတတ်တဲ့ မီးလောင်မှုမျိုးကို၊ detect လုပ်ဖို့ Light scattering smoke detector တွေနဲ့ Light obscuring smoke detectors တွေကို အသုံးပြုပါတယ်။

Ionization smoke detectors တွေမှာ radioactive material အနည်းငယ်ကို၊ သတ္တုပြား plate (၂) ခု အကြားမှာ၊ ထည့်သွင်းထားပါတယ်။ plate (၂) ခုကြား atmosphere ကို၊ radioactive material မှ၊ ionization ဖြစ်ပေါါစေပြီး၊ current flow တန်ဖိုးတခုကို ဖြတ်သန်း စီးဆင်းနေစေပါတယ်။ မီးခိုးပမာဏ အနည်းငယ် plate (၂) ခုကြား ဝင်လာတဲ့ အခါ၊ smoke particles တွေကြောင့် မူလက ionization ဖြစ်ပေါါနေတဲ့၊ atmosphere ဟာ neutralized ဖြစ်သွားပြီး၊ ဖြတ်သန်းစီးဆင်းနေတဲ့ current flow တန်ဖိုး ဟာလည်းကျဆင်းသွားပါတယ်။

 
Fig. ionization smoke detector


positive charge နဲ့ negative charge plate (၂) ခုကို တခုနဲ့တခု ၁၀ မီလီမီတာ တနည်းအားဖြင့် ၁ စင်တီ မီတာအကွာအဝေးခြားပြီး၊ chamber တခုအတွင်းမှာတတ်ဆင်ထားiပြီး onization chamber လို့ခေါါပါ တယ်။ dc voltage တန်ဘိုးတခုကို plate (၂) ခုသို့ ပေးပို့ထားသလို၊ ပုံမှာပြထားတဲ့အတိုင်း၊ radioactive material တခုဖြစ်တဲ့၊ Alpha source မှ၊ Alpha particles တွေကို ထုတ်ပေးနေပါတယ်။

Alpha source အဖြစ်၊ americium-241 ကို၊ တဂရမ်ရဲ့ အပုံ ၅၀၀၀ ပုံ၊ ပမာဏခန့်သုံးထားတာဖြစ်ပြီး၊ တနည်းအားဖြင့် alpha particles သို့မဟုတ် helium nuclei ကို၊ ionizing radiation source အဖြစ် အသုံးပြုထားပါတယ်။

Fig. Alpha source & alpha particles

alpha particles တွေကြောင့် chamber ထဲက၊ oxygen နဲ့ nitrogen atoms တွေမှာ၊ ionization ဖြစ်ပေါါ လာပြီး၊ positive charged ဖြစ်တဲ့၊ oxygen atoms တွေနဲ့ nitrogen atoms တွေကို၊ negative plate က ဆွဲယူပါတယ်။ ပြိုကွဲသွားတဲ့ electrons တွေကိုတော့၊ positive plate ကနေဆွဲယူပါတယ်။

အဲဒီအခါ positive plate မှာ၊ သေးငယ်တဲ့ current flow တန်ဖိုးတခုဖြစ်ပေါါ လာပြီး၊ smoke particles တွေ chamber အတွင်းကိုဝင်ရောက်လာတဲ့အခါ၊ ions တွေနဲ့ ပေါင်းစပ်ပြီး၊ neutralize ဖြစ်သွား ပါတော့တယ်။ neutralize ဖြစ်သွားတဲ့အခါ၊ positive plate မှ၊ current ဟာ negative plate သို့ မကူး နိုင်တော့ပဲ၊ potential difference ဆိုတဲ့ voltage ပမာဏဟာလည်းကျဆင်းသွားပါတယ်။

အခု နောက်ပိုင်းမှာ photoelectric sensor နဲ့ ionization detector တွဲဖက်တတ်ဆင်ထားတဲ့၊ Combination smoke detectors တွေကို၊ အသုံးပြုလာတာကိုတွေ့မိပါတယ်။

Post credit to : ဦးရီးထွန်း http://myanmarengineer.org/
Image credit to : http://www.sas.org

No comments:

Post a Comment