Pages

Sunday 24 July 2011

Purifier အပိုင်း (၁) - Centrifugal Construction & Purifier Arrangements

မြန်မာအင်ဂျင်နီယာဖိုရမ်  http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

သဘော်မှာလက်ခံရရှိတဲ့ လောင်စာဆီတွေဖြစ်တဲ့ HFO heavy fuel oil, MDO marine diesel oil တွေ နဲ့ ချောဆီ LO lubricating oil တွေမှာ၊ ရေ နဲ့ အတူ အခြား impurities တွေ ရောပါနေတာမို့၊ purifier တွေနဲ့ သန့်စင်ပြီးမှ၊ အသုံးပြု ကြပါတယ်။ HFO, MDO နဲ့ LO တွေကို၊ storage tanks တွေထဲမှာ သိုလှောင်ထားတဲ့အခါ၊ ရေနဲ့ solid particles တွေဟာ၊ tank bottom အောက်ခြေ မှာ ထိုင်နေပြီး၊ ရေကို drain လုပ်ကာ၊ ဖောက်ချပါတယ်။

ဒါပေမယ့် ဆီတွေထဲမှာ dirty particles တွေကတော့ကျန်နေပါသေးတယ်။ purifier ဟာ လည်ပတ်နေရင်း centrifugal force နဲ့ ဆီ ထဲမှာရော ပါနေ တဲ့ dirty particles တွေကို ခွဲခြားပေးတာဖြစ်ပါတယ်။ purifier ကိုယ်ထည် အတွင်းးမှာ၊ perforated disc တွေကိုတခုနဲ့ တခုထပ်ကာ တတ် ထားပြီး၊ disc stack လို့ခေါါ ပါတယ်။ perforated disc တွေကို gravity disc တွေရယ်လို့လည်းခေါါပါသေးတယ်။

HFO purifier, MDO purifier နဲ့ LO purifier အစရှိသလိုအရွယ်အစားကွာခြားပေမယ့်၊ အခြေခံအလုပ် လုပ်ပုံကတော့ အတူတူပဲဖြစ်ပါတယ်။ မသန့်စင်ရသေးတဲ့ ဆီဟာ၊ purifier ရဲ့အပေါါဖက်ကနေဝင်လာပြီး၊ gravity disc တွေထဲကဖြတ်ကာ၊ clean oil နဲ့ dirty components တွေဟာ သက်ဆိုင်ရာ compartment channels တွေမှတဆင့်အပြင်ကို ထွက်သွားမှာဖြစ်ပါတယ်။


Fig. actual process between two adjacent discs

disc (၂) ခုကြားမှာ forces သက်ရောက်စေခြင်းကြောင့်၊ ဆီနဲ့ အခြား impurities တွေကို ခွဲခြားလိုက်တာ ဖြစ်ပြီး၊ အကယ်၍ flow rate ကိုလျှော့ချ လိုက်ရင်၊ purification quality ဟာပိုကောင်းလာမှာဖြစ်ပါတယ်။


Fig. Lube Oil cleaning circuit

လောင်စာဆီတွေဖြစ်တဲ့ HFO နဲ့ MDO တွေကို၊ purified လုပ်ပြီးရင် daily service tank တွေထဲမှာ သိုလှောင်ပြီး၊ သုံးစွဲ ပါတယ်။ ချောဆီ ဖြစ်တဲ့ lubricating oil ကိုတော့၊ main engine မောင်းနှင်နေစဉ် တလျှောက်လုံး၊ sump tank ထဲကနေ purifier မှာဖြတ်သန်းသန့်စင်ရင်း၊ main engine ထံသို့ပြန်ပို့ကာ၊ ပြန်လည်သုံးစွဲပါတယ်။

purifiers သို့မဟုတ် centrifugal separators တွေဟာ၊ high-speed rotating machinery တွေဖြစ်ကြပြီး၊ drive system မှာ gear နဲ့ friction clutch arrangements တွေကိုတတ်ဆင်အသုံးပြုကြပါတယ်။ vertical shaft ပေါါမှာ purifier bowl ကိုထိုင်ထားတာဖြစ်ပြီး၊ vertical shaft ဟာ၊ key less taper ဖြစ်ကာ၊ lock nut နဲ့ bowl ကို secured ထိန်းချုပ်ထားပါတယ်။ vertical shaft ရဲ့ အပေါါပိုင်းမှာ၊ bearing နဲ့ spring တွေ က၊ support ထိမ်းပေး ထားပါတယ်။ spring တွေဟာ radial direction နဲ့ရှိနေတာဖြစ်ပြီး၊ bowl ဟာ အရှိန်နဲ့ လည်ပတ်တဲ့အခါပေါါပေါက် လာမဲ့ horizontal direction vibration ကိုထိမ်းပေးဖို့ဖြစ်ပါတယ်။


Fig. general arrangement of drive mechanism

vertical shaft ရဲ့ အောက်ပိုင်းမှာတော့ ball bearing နဲ့ vertical thrust တို့က၊ ထိမ်းပေးထားပါတယ်။ shaft ရဲ့ အောက်ပိုင်းမှာ တတ်ဆင်အသုံးပြုတဲ့ ball bearing ကတော့၊ double row angular contact type ဖြစ်ပါတယ်။ အပေါါ နဲ့ အောက် shaft bearing (၂) ခုကြားမှာတော့၊ worm gear ရှိပြီး၊ horizontal shaft ရဲ့ worm wheel နဲ့ချိတ်ထားပါတယ်။ horizontal shaft မှာတတ်ထားတဲ့ worm gear wheel ကို shear pin နဲ့ ဖမ်းထားတာဖြင်ပါတယ်။ high rotational speed မှာကျွတ်မထွက်စေဖို့ shear pin ကို straight မဟုတ်ပဲ၊ tapered ပုံသဏ္တွန်အဖြစ်တတ်ဆင်ထားပါတယ်။ horizontal shaft လည်ပတ်ဖို့ ဟိုဖက်ထိပ်နဲ့ ဒီဖက်ထိပ်မှာ ball bearing တွေကို၊ တတ်ထား ပါတယ်။

horizontal shaft ရဲ့ ထိပ်တဖက်မှာ၊ friction block ပါရှိပြီး၊ brake drum အနေနဲ့တတ်ဆင်ထားတာ ဖြစ်ပါတယ်။ horizontal shaft ရဲ့ အခြားသော ထိပ် တဖက်မှာတော့ attached feed pump ကိုတတ်ဆင် ထားလေ့ရှိသလို၊ တခါတရံမှာတော့ free ဘာမှချိတ်ဆက် တတ်ဆင် ထားခြင်းမရှိတဲ့ purifier တွေကို လည်း၊ တွေ့ရပါတယ်။

bowl ထဲမှာ gravity disc တွေထည့်သွင်းတတ်ဆင်ထားတာမို့၊ bowl ဟာ အတော့်ကိုလေးလံပါတယ်။ purifier ကို စ မောင်း နှင်တဲ့အခါ၊ အခြားသော pumps တွေ၊ blowers တွေနဲ့ မတူပဲ inertia ဟာ အတား အဆီးတခုအနေနဲ့ ရှိနေပါတယ်။ အဲဒီလို လေးလံတဲ့ heavy machinery တွေ တနည်းအားဖြင့် high inertia machinery တွေကို၊ direct coupling သုံးပြီး motor နဲ့ စတင်မောင်းနှင် တဲ့အခါ၊ over load trip နဲ့ ပြုတ်ကျမှာဖြစ်သလို၊ gear အပေါါမှာ load ဟာရုတ်တရက် သက်ရောက် လိုက်တာမို့၊ တတ်ဆင်ထားတဲ့ worm gear arrangement တွေလည်းထိခိုက်ပျက်စီးနိုင်ပါတယ်။

ဒီ့အတွက် horizontal shaft မှာ၊ friction clutch ကိုတတ်ဆင်ပြီး၊ motor shaft မှ fraction pads တွေက တဆင့်၊ ချိတ် ဆက်မောင်းနှင် ပါတယ်။ fraction pads တွေကို friction drum ထဲမှာတတ်ဆင်ထားပြီး၊ motor ကိုစတင် လည်ပတ်တဲ့အခါ၊ centrifugal force ကြောင့် friction pads တွေဟာကြွတက်လာပြီး၊ friction drum ရဲ့ internal surface မှာကပ်ငြိကာ၊ friction drum ကိုလည်ပတ်စေပါတယ်။ အဲဒီကတဆင့် horizontal shaft ကိုတဖြည်း ဖြည်းခြင်းစတင် လည်ပါတ်စေပါတယ်။


Fig. centrifugal friction clutch

motor speed ဟာ၊ maximum ကိုရောက်ရှိလာတာနဲ့ pads တွေရဲ့ centrifugal force ဟာလည်း၊ maximum value ကိုရရှိလာပြီး၊ maximum friction ပွတ်မှုအားကြောင့်၊ horizontal shaft မှာ rated speed ကိုရစေပါတယ်။ အဲဒီအတွက် motor မှာ over load မဖြစ်တော့ပဲ၊ high inertia machinery ဖြစ်တဲ့ purifier ဟာ၊ တဖြည်းဖြည်းခြင်း စတင်လည်ပတ် ပါတော့တယ်။

friction block ဟာ circular shape ပုံသဏ္တွန်ဖြစ်ပြီး၊ အတွင်းမှာ friction pads တွေလှုပ်ရှားရွှေ့လျား ပါတယ်။ friction pads တွေကို Ferodo lining နဲ့ပြုလုပ်ထားတာဖြစ်ပြီး၊ pad မျက်နုာပြင်ဟာ curved surface ပုံသဏ္တွန်ဖြစ်ကာ၊ အရည် အတွက်အားဖြင့် (၂) ခုမှ (၆) ခုခန့်ပါဝင်လေ့ရှိပါတယ်။ Ferodo lining ဆိုတာကတော့ brake lining တမျိုးသာဖြစ်ပြီး၊ asbestos free lining ဖြစ်ကာ၊ ထုတ်လုပ်တဲ့ brand name ကိုအစွဲပြုပြီး Ferodo lining ရယ်လို့ခေါါကြတာဖြစ်ပါတယ်။

centrifugal force အနည်းအများပေါါမူတည်လို့ pads တွေဟာ friction drum ရဲ့အတွင်းမျက်နှာပြင်မှာ fraction effect နဲ့ကပ်လိုက်၊ ခွာလိုက်ဆောင်ရွက်ပေးပါတယ်။ တနည်းအားဖြင့် fraction နဲ့ slipping လို့ခေါါဆိုနိုင်ပါတယ်။ fraction နဲ့ slipping ဟာ၊ bowl ကိုလည်ပတ်တဲ့အခါ safety function တခု လိုဆောင်ရွက်ပေးတာကြောင့်၊ bowl မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် drive assembly မှာပဲဖြစ်ဖြစ်၊ mechanical obstruction ဆိုတဲ့ အနှောက်အယှက် အတားအဆီး တစုံ တရာပေါါပေါက် လာတာနဲ့ clutch ဟာ၊ slip ဖြစ်ပြီး လည်ပတ်မှုကိုရပ်စေမှာဖြစ်ပါတယ်။


Fig. brake arrangement

purifier ဟာ high inertia machinery ဖြစ်တာမို့၊ ရပ်တဲ့အခါမှာလည်း ရုတ်တရက်ရပ်လို့မရပဲ အချိန် အနည်းငယ်ယူပြီးမှ၊ ရပ်ရပါတယ်။ motor ကိုရပ်လိုက်ပေမယ့် inertia ကြောင့် bowl ဟာဆက်လက် လည်ပတ်နေနမှာာဖြစ်ပြီး၊ centrifugal force ကျဆင်းလာတာနဲ့အမျှ pads တွေ slip ဖြစ်ကာ တဖြည်းဖြည်း ကွာကျလာမှာဖြစ်ပါတယ်။ အကြောင်းတစုံတခုကြောင့် purifier ကိုချက်ခြင်းရပ်တန့်လို့ရအောင် brake assembly ကိုထည့်သွင်းတတ်ဆင်ထားပြီး၊ lever ကိုဆွဲမလိုက်တာနဲ့ brake pad ဟာ၊ friction block ရဲ့ outer surface ကိုပွတ်တိုက်ပြီး၊ ရပ်စေပါတယ်။

Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
Image credit to : Marine Engineering Knowledge by Brian Beattie, Sriram Balu, Part time Lecturer, International Maritime Academy, Chennai, India.

No comments:

Post a Comment