Pages

Saturday 23 July 2011

Insulation Resistance တိုင်းတာစစ်ဆေးခြင်း

မြန်မာအင်ဂျင်နီယာဖိုရမ်  http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

insulation resistance ကိုပုံမှန်တိုင်းတာစစ်ဆေးခြင်းဖြင့်၊ motors တွေ၊ generators တွေအပါအဝင် transformers တွေ ပျက်စီးချို့ယွင်းနေမှုအခြေအနေကို၊ ကြိုတင်သိနိုင် ပါတယ်။ တိုင်းတာ ရရှိတဲ့ insulation resistance တန်ဘိုးတွေအရ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု preventive maintenance ကို၊ ဆောင်ရွက်ပြီး total brake down လို့ ခေါါ တဲ့၊ သုံးမရအောင် ပျက်စီးလောင်ကျွမ်း သွားမယ့် အခြေ အနေ မရောက်အောင် တားဆီး ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် cabling လို့ခေါါတဲ့ electrical installation ပိုင်းဆိုင်ရာကို၊ တိုင်းတာစစ်ဆေးပြီး electrical shock လို့ခေါါတဲ့ ဓါတ်လိုက်မှု အပါအဝင်၊ electrical fire ဆိုတဲ့ လျှပ်စစ်ကြောင့် ဖြစ်ပွား ရတဲ့ မီးလောင်မှုတွေ အတွက်၊ လိုအပ်တဲ့ ကြိုတင်ကာကွယ် မှု preventive maintenance ကို၊ ဆောင်ရွက်ပြီး၊ တားဆီးနိုင်ပါတယ်။

insulation failure ဘာလို့ဖြစ်ရသလိုလို့မေးရင်၊ environmental problems ဆိုတဲ့ လျပ်စစ်ပိုင်းဆိုင်ရာ စက်ပစ္စည်း ကရိယာတွေ တတ်ဆင် သွယ်တန်း ထားတဲ့၊ ပတ်ဝန်းကျင် အနေ အထားကြောင့်လို့ ၊ ပြောကြ ပါတယ်။ တနည်း အားဖြင့် dirt ဖုန်မှုန့်အညစ်အကြေးတွေ၊ moisture ရေ ခိုးရေငွေ့ တွေ၊ corrosive vapors တွေ၊ oil ဆီတွေနဲ့ excessive hot and cold ဆိုတဲ့ အရမ်းပူလွန်း၊ အေးလွန်းတဲ့ အခြေ အနေတွေကြောင့် ဖြစ်ပေါါရတယ်လို့ ယေဘုယျ အားဖြင့် ပြော နိုင်ပါတယ်။ ဒါပေမယ့် technical causes တွေကြောင့်၊ insulation failure ဖြစ်ပေါါတတ်ပြီး၊ သိသာ ထင်ရှားတဲ့ causes တွေကတော့ vibration, aging နဲ့ nicked wiring တို့ပဲဖြစ်ပါတယ်။

ငယ်ငယ်က သိမ်ဖြူသဘော်ကျင်းမှာ apprentice ဆင်းစဉ် ပူလွန်းတဲ့နေရာ၊ အေးလွန်းတဲ့နေရာ၊ moisture များလွန်းတဲ့ နေ ရာ၊ vibration များ လွန်းတဲ့နေရာ၊ band အကွေးနေရာများ နဲ့ mechanical stress များလွန်း တဲ့နေရာတွေမှာ၊ insulation failure တနည်းအားဖြင့် earth fault သို့မဟုတ် ground ကျတတ်တဲ့နေရာတွေဆိုပြီး၊ ဆရာတွေက နှုတ်တိုက် အာဂုံမှတ်မိ လွယ်အောင်၊ သင်ပေးခဲ့ပါတယ်။

insulation resistance တိုင်းတာတဲ့အခါ၊ insulation resistance tester ဆိုတဲ့ mega tester နဲ့ သာတိုင်းတာ စစ်ဆေးပါတယ်။ တနည်းအားဖြင့် measuring instrument တခုတည်းကိုသာ၊ အသုံးပြုစစ်ဆေးလေ့ရှိကြပါတယ်။ insulation failure ဆိုတာ၊ environmental problems တွေနဲ့ ပက်သက်နေတာမို့၊ အမှန်တကယ်စနစ်တကျ insulation resistance တန်ဘိုးကိုရရှိဖို့၊ temperature indicator နဲ့ humidity meter တွေကိုပါ၊ measuring instrument အနေနဲ့တွဲဖက်၊ အသုံးပြုသင့်တယ်လို့ NETA International Electrical Testing Association မှ၊ သတ်မှတ်ပြဌာန်း ထားတာကို၊ မှတ်သားမိ ပါတယ်။ သဘော်တွေပေါါမှာတော့ mega tester လို့ခေါါတဲ့၊ insulation resistance tester တခုတည်းကို သာသုံးပြီး၊ motors နဲ့ generators တွေကို၊ (၃) လတခါ တိုင်းတာစစ်ဆေးကြပါတယ်။


generator တလုံးမှာရှိသင့်တဲ့ insulation resistance တန်ဘိုးကို၊ အခြေခံ တွက်နည်းအနေနဲ့ 1 K Ohm/ Volt ဆိုတဲ့ အချိုးအဆကို အခြေခံကာ တွက်ယူလေ့ရှိကြပါတယ်။ HV ဆိုတဲ့ high voltage generator တွေ ကိုတော့ IR = (KV + 1) M Ohm ဆိုတဲ့ တွက်နည်းနဲ့ တွက်ချက်ယူလေ့ရှိပါတယ်။
 


motors တွေ ကိုလည်း၊ အသုံးပြုတဲ့ rated voltage ပေါါမူတည်လို့ ရှိသင့်တဲ့ insulation resistance တန်ဘိုးကို၊ သတ်မှတ်ထားပါတယ်။ ယေဘုယျအားဖြင့် အထက်မှာဖော်ပြထားသလို၊ လက်ခံသတ်မှတ်ကြ ပါတယ်။ အဲဒီတန်ဘိုးတွေဟာ ambient temperature 40 °C(104 °F) မှာရရှိမယ့်တန်ဘိုးဖြစ်ပါတယ်။

  
cables တွေရဲ့ insulation ကို တိုင်းတာတဲ့ အခါ၊ IPCEA ဆိုတဲ့ Insulated Power Cable Engineers Association အဖွဲ့အစည်းက သတ်မှတ်ပေးထားတဲ့၊ တွက်နည်းကို အခြေခံကာစစ်ဆေးကြ ပါတယ်။ ဖော်ပြ ထားတဲ့ ပုံသေနည်းဟာ၊ ပေ ၁၀၀၀ သို့မဟုတ် ၃၀၅ မီတာအလျှားရှိတဲ့ cable တချောင်းမှာ အနည်းဆုံး ရှိရမယ့် insulation resistance တန်ဘိုးကို တွက်ချက်တဲ့ ပုံသေနည်းဖြစ်ပါတယ်။ R ဟာ၊ 15.6 °C (60 °F) မှာ၊ ပေ ၁၀၀၀ သို့မဟုတ် ၃၀၅ မီတာအလျှားရှိတဲ့ cable တချောင်းကို၊ DC 500 volt ကို၊ တမိနစ်ကြာ အသုံးပြုပြီး စစ်ဆေးတဲ့အခါ၊ ရလာမယ့် insulation resistance တန်ဘိုးဖြစ်ပြီး၊ ယူနစ်ကတော့ mega ohm ဖြစ်ပါတယ်။

K ဟာ cable မှာအသုံးပြုထားတဲ့၊ insulation material constant ကိန်းသေတန်ဖိုးတခုဖြစ်ပြီး၊ ဥပမာ အားဖြင့် impregnated paper ဟာ၊ 2640, varnished cambric က 2640, thermoplastic polyethylene ဆိုရင် 50000 နဲ့ composite polyethylene ကတော့ 30000 အစရှိသလိုသတ် မှတ်ကြ ပါတယ်။ D = d + 2c + 2b ဖြစ်ပြီး၊ D ဟာ single conductor cable ရဲ့ outside diameter ဖြစ်ပါတယ်။ အဲဒီမှာ d = diameter of conductor, c = insulation thickness နဲ့ b = jacket insulation thickness ဆိုပြီး၊ တိုင်းတာတွက်ချက်ကြပါတယ်။

 
transformer တွေကိုတော့ winding to winding, winding to ground အစရှိသလို၊ တိုင်းတာလေ့ရှိပြီး၊ single phase transformer, 3 phase delta transformer နဲ့ three phase Y transformer တို့ကို တိုင်းတာတဲ့ အခါ၊ အထက်မှာဖော်ပြ ထားတဲ့၊ ပုံသေနည်းကိုအသုံးပြုပါတယ်။ R ဟာ၊ DC 500 volt ကို၊ တမိနစ်ကြာ အသုံးပြုပြီး စစ်ဆေးတဲ့အခါ၊ ရလာမယ့် insulation resistance တန်ဘိုးဖြစ်ပြီး၊ ယူနစ်ကတော့ mega ohm ဖြစ်ပါတယ်။

C ကတော့ constant တန်ဘိုးတခုဖြစ်ပြီး၊ frequency 60 Hz အသုံးပြုရင် 20 °C (68 °F) မှာ tanked oil-filled type transformers တွေမှာ၊ 1.5, untanked oil-filled type transformers တွေနဲ့ dry or compound-filled type transformers တွေမှာ 30.0 အစရှိသလိုသတ် မှတ်ကြပါတယ်။ E, E p-n နဲ့ E p-p တို့ကတော့ winding voltage rating တွေဖြစ်ပါတယ်။



insulation resistance ကိုစမ်းသတ်တဲ့အခါ၊ tester ရဲ့ test voltage ကိုလည်းရွေးချယ်ရပါတယ်။ insulation resistance ကိုစမ်းသတ်တဲ့အခါ၊ tester ရဲ့ test voltage ကိုလည်းရွေးချယ်ရပါတယ်။ အသုံးပြု ရမယ့် test voltage တွေကို၊ အထက်မှာဖော်ပြထားပါတယ်။

insulation resistance tester တလုံးအနေနဲ့ စမ်းသတ်ပေးနိုင်တဲ့ testing အမျိုးအစားတွေ ကတော့၊ proof test, spot test, step test, dielectric absorption test နဲ့ polarization index test တို့ဖြစ်ပါ တယ်။

insulation resistance tester တလုံးမှာ ယေဘုယျအားဖြင့် terminal (၃) ခုပါဝင်ပြီး၊ (L) line terminal, (E) earth terminal နဲ့ (G) guard terminal တွေလို့ သတ်မှတ် ထားပါတယ်။ L ဆိုတဲ့ line terminal ဟာ၊ insulation resistance ကိုတိုင်းတာမယ့် motor သို့မဟုတ် generator ရဲ့ conductor တနည်းအားဖြင့် winding စနဲ့ ဆက်သွယ်ဖို့ ဖြစ်ပါတယ်။ E ဆိုတဲ့ earth terminal ကတော့၊ motor သို့မဟုတ် generator ရဲ့ ground သို့မဟုတ် earth နဲ့ ဆက်သွယ်ဖို့ဖြစ်ပါတယ်။


G ဆိုတဲ့ guard terminal၊ ကတော့ meter ရဲ့ return circuit အတွက်ဖြစ်ပြီး၊ by pass အနေနဲ့ အသုံးပြု ကြသလို၊ အချို့ tester တွေမှာ G ကို built in အနေနဲ့တတ်ဆင်ထားတာမို့၊ L နဲ့ G ဆိုတဲ့ terminal (၂) ခု ကိုသာတွေ့ မြင် ရမှာဖြစ်ပါတယ်။

ဟိုးအရင်ကသုံးခဲ့တဲ့ tester တွေမှာ လက်လှည့် generator တတ်ထားပြီး၊ test မလုပ်ခင် DC test voltage ရရှိဖို့ လက်နဲ့ လှည့်ပေး ရပါတယ်။ နောက်ပိုင်း အသုံးပြုတဲ့ analog နဲ့ digital tester တွေ မှာတော့၊ ဓါတ်ခဲ battery ကိုအသုံးပြုကာ၊ test voltage ထုတ်ပေးပါတယ်။ insulation test မလုပ်ခင် တနည်း အားဖြင့် mega မရိုက်ခင်၊ battery မှာလုံလောက်တဲ့ volt အားရှိမရှိကိုစစ်ဆေးရပြီး battery check လို့ ခေါါပါ တယ်။

insulation resistance တိုင်းတာခြင်းဟာရိုးစင်းလွယ်ကူပါတယ်။ မီတာနဲ့ လိုအပ်သလို connection ချိတ်ဆက်ပြီး၊ test voltage ကို (၁) မိနစ် ခန့် ပေး ကာ၊ တိုင်းတာ ရရှိတဲ့ တန်ဘိုးကိုမှတ်သားရပါတယ်။

insulation resistance တန်ဘိုးများတဲ့ system တွေမှာ၊ capacitive နဲ့ absorption current drop ဟာ နှေးတာမို့ မီတာ မှာဖော်ပြမယ့်၊ resistance တန်ဘိုးဟာ မြင့်တက်သွားပြီးမှ၊ တဖြည်းဖြည်း ကျဆင်းလာကာ၊ တန်ဘိုးတခုမှာ ပြနေမှာ ဖြစ်ပါတယ်။ insulation resistance တန်ဘိုး နည်းတဲ့ system တွေမှာတော့၊ resistance တန်ဘိုးကို တန်းပြပါတယ်။ insulation resistance ဟာ၊ temperature နဲ့လည်း ဆက်စပ်နေတာမို့၊ 20 °C ~ 40 °C အတွင်း တိုင်းတာစစ်ဆေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။


AC သို့မဟုတ် DC rotating machines တွေကို temperature အမျိုးမျိုးမှာ၊ insulation resistance တန်ဘိုးကို၊ စမ်းသတ် စစ်ဆေးတဲ့အခါ IEEE Institute of Electrical & Electronics Engineers Association မှ၊ သတ်မှတ် ထားတဲ့ အထက်ပါ ပုံသေနည်းကိုလည်းအသုံးပြုကြပါတယ်။

  
Fig. winding insulation resistance temperature coefficient table

Rm = minimum insulation resistance corrected to 40 °C (104 °F) ဖြစ်ပြီး၊ Kt ဟာ winding temperature မှာရှိနေတဲ့၊ insulation resistance temperature coefficient ဖြစ်ပါတယ်။ Kv ကတော့ machine rated voltage ဖြစ်ပြီး၊ ယူနစ်ကတော့ Kilo volts ဖြစ်ပါတယ်။ အထက်ဖော်ပြပါပုံသေနည်းကို reference အနေနဲ့ အသုံးပြုပြီး၊ three phase system မှာ၊ တိုင်းတာစစ်ဆေးတဲ့ အခါ ကျန် phase (၂) ခုကို ground ချကာ၊ တိုင်းရမှာဖြစ်ပြီး၊ ရရှိလာတဲ့ တန်ဘိုးကို (၂) နဲ့ စားရမှာ ဖြစ်ပါတယ်။

Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
Image credit to : http://www.davis.com,
Reference : NETA International Electrical Testing Association , IPCEA Insulated Power Cable Engineers Association, IEEE Institute of Electrical & Electronics Engineers Association

No comments:

Post a Comment