Pages

Saturday 23 July 2011

Errors in electrical measurements

မြန်မာအင်ဂျင်နီယာဖိုရမ်  http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

သဘော်ပေါါမှာ multi-meter တွေ၊ mega tester တွေအပြင်၊ main switch board, emergency switch board တွေနဲ့ distribution panels, motor starter panels တွေမှာ volt meter, frequency meter, ampere meter, kilo watt meter အစရှိသလို၊ မီတာ အမြောက်အများကို၊ တတ်ဆင်အသုံးပြုကြပါတယ်။ အကြောင်းတိုက်ဆိုင်လာလို့ လျှပ်စစ်နဲ့ပက်သက်ပြီးတိုင်းတာစစ်ဆေးတဲ့အခါ၊ အသုံးပြုတဲ့ မီတာ ဆိုတဲ့ measuring instruments တွေမှာဖြစ်ပေါါတတ်တဲ့ error တွေနဲ့ပက်သက်ပြီးမှတ်သား မိသလောက်ဖော်ပြ ပါရစေ။

measuring instruments တွေမှာဖြစ်ပေါါတတ်တဲ့ error တွေကိုလေ့လာကြည့်တဲ့အခါ၊ gross error, systematic errors နဲ့ random သို့မဟုတ် accidental error ဆိုပြီးတွေ့ရပါတယ်။

gross error ဆိုတာကတော့၊ မီတာကိုဖတ်တဲ့အခါ၊ မီတာမှတိုင်းတာရရှိလာတဲ့ တန်ဘိုးတွေကို၊ မှားယွင်းဖတ်မိခြင်း နဲ့ မှားယွင်းတွက်ချက်မိခြင်းတို့ကို ဆိုလိုတာဖြစ်ပါတယ်။

systematic errors တွေကို inherent errors တွေအဖြစ်ခေါါဆိုနိုင်ပြီး၊ ပုံမှန် calibration မလုပ်တဲ့၊ measuring instruments တွေမှာဖြစ်ပေါါတတ် တာကိုတွေ့ရပါတယ်။ systematic errors တွေနဲ့ ပက်သက်ပြီး၊ ထပ်မံခွဲခြားထားတဲ့ errors တွေကတော့ constructional error, reading or observation error, temperature variation error, aging effect error, electrostatic and electromagnetic error နဲ့ mechanical error တို့ဖြစ်ကြပါတယ်။

measuring instruments တွေကိုစတင်ထုတ်လုပ်ကတည်းက၊ design အရမှားယွင်းနေတဲ့ မီတာတွေနဲ့ မီတာတလုံးမှာရှိရမယ့် requirements တွေ အပြည့်အစုံမပါတဲ့၊ မီတာတွေမှာ ဖြစ်လေ့ရှိတဲ့ error မျိုး ကို၊ constructional error လို့ခေါါဆိုကြပါတယ်။ မီတာစကေး meter scale ရေးသားဖော်ပြချက်ဟာ blurred ဆိုတဲ့ မှုန်ဝါးနေခြင်း၊ ရေးသားထားတဲ့ scale ညီညာမှုမရှိခြင်းနဲ့ parallax error တကယ်ရရှိတဲ့ တန်ဖိုးနဲ့ မီတာကိုဖုံးအုပ်ထားတဲ့ မှန် ကြောင့် မှန်အပြင်ကဖတ်ရှုရရှိတဲ့ တန်ဖိုးကွဲပြားခြားနားခြင်း အစရှိတဲ့ အချက်တွေကြောင့် reading or observation error တွေဖြစ်ပေါါတတ်ပါတယ်။

တခါ မီတာဖတ်သူဟာ physically and mentally tired ဆိုတဲ့၊ စိတ်ပန်းကိုယ်ပန်းဆိုသလို ပန်းပန်း နွမ်းနွယ်နေတဲ့ အခါမျိုးမှာ၊ ဖတ်ယူရရှိတဲ့ reading ဟာလည်း၊ လွဲမှားနိုင်တာမို့ reading or observation error အဖြစ်ထည့်သွင်းစဉ်းစားကြပါတယ်။

temperature variation ဟာ measuring instruments တွေအတွင်းမှ components တွေအပေါါ သက်ရောက်မှုရှိပြီး၊ ပေါါပေါက်လာတဲ့ error မျိုးကို၊ temperature variation error အဖြစ်သတ်မှတ် ပါတယ်။

တတ်ဆင်ထားတဲ့ မီတာရဲ့ အသုံပြုမှုသက်တမ်းကြာမြင့်အိုမင်းလာခြင်း aging ကြောင့်၊ ရွှေ့လျား လှုပ်ရှားမှု ကို ဆောင်ရွက်ပေးတဲ့  အစိတ် အပိုင်းတွေ မှာ၊ wear & tear ဆိုတဲ့ ပွန်းစားမှုတွေဖြစ်ပွားလာ ပြီး၊ ပေါါပေါက် တဲ့ error မျိုးကိုတော့ aging effect error ရယ်လို့ခေါါပါတယ်။

မီတာကိုဖုံးအုပ်တတ်ဆင်ထားတဲ့ ကိုယ်ထည်ပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့်၊ ပြင်ပမှ electrostatic and electromagnetic waves တွေ ဝင်ရောက်ပြီး၊ အတွင်းမှ components တွေအပေါါသက်ရောက် မှုကြောင့် electrostatic and electromagnetic error ပေါါပေါက်တတ်ပါတယ်။

random သို့မဟုတ် accidental error ဆိုတာကတော့၊ အမြဲတမ်းပေါါပေါက်တတ်တဲ့ error မျိုး မဟုတ်ပေမယ့်၊ တခါတရံမှာ အနည်းငယ်သော tolerance လေးတွေ၊ မီတာမှာ ပေါါပေါက်တတ်ပါတယ်။ ပြင်ပမှ noise တွေကြောင့်ပေါါပေါက်တတ်သလို၊ တိုင်းတာသူကြောင့်လည်းပေါါပေါက် တတ်ပါတယ်။


Post credit to : ဦးရီးထွန်း http://www.myanmarengineer.org

No comments:

Post a Comment