Pages

Wednesday 20 July 2011

Fire Protection

မြန်မာအင်ဂျင်နီယာဖိုရမ်  http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

သဘော်ရဲ့ စက်ခန်းဆိုတာ၊ fire prone area လို့ခေါါရမယ့် တကယ့်ကို မီးလောင်ချင်စရာနေရာကြီးပါတဲ့။ စက်ပစ္စည်း အမျိုး အစား အရည်အတွက် ၁၃၀ လောက် တတ်ထားတဲ့၊ အဲဒီစက်ခန်းကြီးထဲမှာ စက်တွေရဲ့ ဆီစားနှူံးကလည်း၊ တနေ့ကို တန် ၄၀ လောက်ရှိသလို၊ အဲဒီ ဆီတွေကို၊ လှောင်ထားတဲ့ heated fuel oils, lubricating oils, diesel oil လှောင်ကန်တွေနဲ့ greases တွေ၊ chemicals တွေကလည်းရှိနေပါသေးတယ်။ အဲဒီလိုပဲ HFO မီးထိုးဆီတွေကို၊ စက်မောင်းဆီအဖြစ်သုံးတော့ temperature 120 ~ 150 degrees Celsius လောက်၊ အပူပေးထားရတဲ့အပြင်၊ fuel injection အတွက် high pressure pipes တွေထဲ ဖြတ်စီးနေတဲ့ စက်မောင်းဆီ ရဲ့ pressure ကလည်း 1200 bar လောက်ရှိပါသတဲ့။

ဒီကြားထဲ ပူပါတယ်ဆိုမှ boiler ရယ် 850 degrees Celsius လောက်နဲ့ အမှိုက်တွေကို မီးရှို့နေတဲ့ incinerator ကလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် မီးဆိုတာ သူ့ဖာသာ ဒီအတိုင်း ထလောင်တတ်တာ မဟုတ်တော့၊ စက်ခန်းဟာ၊ fire prone area အနေနဲ့သာ ရှိနေတော့တာပေါ့လေ။

မီးလောင်ရတဲ့ အဓိကအကြောင်းကတော့၊ combustible substance တွေရယ်၊ source of ignition ရယ် နဲ့ supply of air ဆိုတဲ့ အရာရယ် (၃) ခုပေါင်းစပ်မှုကြောင့်ရယ်လို့ ဆိုပါတယ်။ အဲဒီအရာ ၃ ခုထဲက၊ တခုသာမရှိရင်မီးမလောင်တော့ဘူးရယ်လို့ သဘောပေါက်မိပါတယ်။ combustible substance တွေကို ဖယ်ထုတ်ဖို့ စဉ်းစားကြည့်တဲ့အခါ... အဓိကကတော့ engine room house keeping ပေါ့။ combustible substance တွေဖြစ်တဲ့ အမှိုက်အစအန၊ ဆီအစအနတွေမရှိအောင် သတ်သတ်ရပ်ရပ်သန့်သန့်ရှင်းရှင်းထား ရမယ်လို့ ဆိုကြပါတယ်။

source of ignition ကတော့၊ material failure ဒါမှမဟုတ် insulation failure ကြောင့်လဲဖြစ်ပေါါတတ် သလို၊ human error ကြောင့်လည်းဖြစ်ပေါါတတ်ပါသတဲ့။ electric arc welding နဲ့ gas-cutting အလုပ်တွေကလည်း၊ source of ignition တွေပါပဲ။ hot work တွေလုပ်ရင်၊ hot work permit check list ထဲက procedure အတိုင်းလိုက်နာဆောင်ရွက်သင့်ပါသတဲ့။

exhaust manifold lagging တွေ၊ heated fuel piping တွေက lagging တွေကွာနေမယ်၊ ပေါက် ပြဲနေ မယ်ဆိုရင် အဲဒီနေရာ တွေက hot spot တွေပါပဲ။ အဲဒီ hot spot တွေပေါါ၊ high pressure pipelines တွေ က၊ fuel တွေ၊ spilling ဖြစ်ကာ ကျရင် လည်း၊ source of ignition အနေနဲ့ မီးလောင်တတ် ပါသတဲ့။ gas မီးခြစ်လို့ခေါါတဲ့ butane lighters တို့ ဆေးလိပ်မီး တို့ဟာ လည်း၊ မူလကတည်းက စက်ခန်းမှာ ရှိနေတဲ့ oil vapors တွေနဲ့သာတွေ့ရင်၊ မီးလောင်တတ်တာမို့၊ source of ignition ပါပဲ။

maintenance ပိုင်းမှာ၊ ပေါ့လျှော့ခဲ့လို့ပဲဖြစ်ဖြစ်၊ material failure ကြောင့်ပဲဖြစ်ဖြစ်၊ main engine ဟာလည်း၊ source of ignition ဆိုတဲ့၊ hot spot တခုဖြစ်လာနိုင်ပါတယ်။ အဲဒီလို main engine ရဲ့ hot spot ကတဆင့် crank case explosion တို့၊ scavenge fire တို့ဖြစ်ပေါါလာတတ်ပြီး၊ စက်ခန်းမှာ မီးလောင် တတ်တာမို့၊ နာမကျမ်းသည် အို နှင်းဆီ...လို၊ ill-maintained နဲ့ baldly maintained machinery တွေကို၊ source of ignition အဖြစ်သတ်မှတ်နိုင်ပါသတဲ့။

supply of air ကိုတော့၊ မီးလောင်တဲ့အခါမှသာ မီးမကူးစေဖို့ ထိမ်းချုပ်ကြပါတယ်။ မီးလောင်တဲ့အခါ စက်ခန်းကိုအလုံပိတ်၊ blower fan တွေရပ်ပြီး၊ ကိုယ်တိုင်မီးမလောင်ပေမယ့် မီးလောင်ခြင်းကို အားပေး တတ်သူ အောက်စီဂျင်ကိုလျှော့ချရပါသတဲ့။ တနည်းအားဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်တွေလွှတ်ကာ မီးငြိမ်းသတ်တာတို့ halon တွေလွှတ်ကာ မီးငြိမ်းသတ်တာတို့၊ ကိုဆိုလိုတာဖြစ်ပါသတဲ့။

မီးလောင်ခြင်းတွေကိုလည်း၊ အမျိုးအစားတွေခွဲခြားထားပါသေးသတဲ့။ Wood, Paper, Cloths တွေလို၊ combustible material တွေကြောင့် လောင်တဲ့ မီးအမျိုးအစားကို General fire လို့ခေါါပြီး၊ Class A Fire ရယ်လို့၊ အမျိုးအစားသတ်မှတ်ပါတယ်။ Flammable liquids တွေလို၊ combustible material တွေကြောင့် လောင်တဲ့ မီးအမျိုးအစားကို တော့ Oil fire ရယ်လို့ခေါါပြီး၊ Class B Fire အဖြစ် အမျိုးအစား သတ်မှတ်ပါတယ်။ Flammable gas တွေကြောင့်၊ လောင်တဲ့ မီးကိုတော့ Class C Fire သတ်မှတ်ပါတယ်။

လျှပ်စစ်နဲ့ပက်သက်တဲ့ combustible material တွေကြောင့် လောင်တဲ့ မီးအမျိုးအစားကိုလည်း၊ Electrical fire ရယ်လို့၊ အမည်သညာနဲ့ Class E Fire အဖြစ်၊ ခွဲခြား သတ်မှတ်ကာ၊ Reactive chemicals တွေနဲ့ Active metals တွေကြောင့်၊ လောင်တဲ့ မီးကိုတော့ Chemical fire ရယ်လို့ခေါါကာ၊ Class D Fire အဖြစ်၊ သတ်မှတ်ပါသတဲ့။ သဘော်ပေါါမှာ ချက်ရင်း၊ ပြုတ်ရင်း vegetable oils, animal oil တွေနဲ့ fats တွေလို၊ Cooking media တွေကြောင့် လောင်တတ်တဲ့မီးကိုတော့ Class K Fire ရယ်လို့၊ ခေါါကြပါသေးသတဲ့။

မီးလောင်ခြင်းတွေကိုအမျိုးအစားခွဲခြားသတ်မှတ်လိုက်တဲ့အခါ၊ fire fighting မီးငြိမ်းသတ်ဖို့ပိုမိုလွယ်ကူ သွားပါသတဲ့။ သဘော်တွေမှာတော့ fire main ရေကိုအလုံးအရင်းသုံးကာ မီးငြိမ်းသတ်ခြင်းနဲ့ fire extinguisher မီးသတ်ဆေးတွေကိုသုံးကာ၊ မီးငြိမ်းသတ်ခြင်းဆိုပြီး တွေ့နိုင်ပါတယ်။

fire fighting လုပ်တဲ့အခါ၊ fire prevention အရ၊ boundary cooling လုပ်ရပါတယ်။ main squad က၊ လောင်နေတဲ့မီးကို၊ တိုက်ရိုက်ငြိမ်းသတ်နေစဉ်၊ back up squad က၊ အနီးအနားကို မီးဆက် မ ကူးအောင်၊ ရေတွေဖြန်းပြီး၊ အပူချိန်လျှော့ချရပါတယ်။ အဲဒါကို boundary cooling လို့ခေါါပါတယ်။ သဘော်တွေမှာလည်း၊ fire fighting လုပ်တဲ့အခါ၊ squads တွေဖွဲ့ပြီး၊ ဆောင်ရွက်ရပါတယ်။ မီးငြိမ်းပြီးတဲ့ အခါမှ၊ Spontaneous combustion ကြောင့်၊ မီးထပ်လောင်ရတာတွေလည်းရှိပါတယ်။ အဲဒီအတွက် post-fire security ကိုဆောင်ရွက်ပေးရပါတယ်။


Fig. fire hose couplings and hose nozzles

ရေကိုအလုံးအရင်းသုံးကာ မီးငြိမ်းသတ်ဖို့၊ သဘော်တစီးလုံးမှာ fire pipeline တွေသွယ်ထားပြီး၊ fire hydrant တွေကတဆင့်၊ ရေကို ရယူရပါတယ်။ fire hydrants တွေကလည်း အမျိုးအစားအစုံရှိ သလို၊ fire hose nozzles တွေကလည်း၊ အမျိုး အစားစုံလင်ပါတယ်။ အလားတူပဲ fire hydrants တွေနဲ့ hose ကိုဆက်ပေးတဲ့ hose couplings တွေကလည်းစုံပါတယ်။

သဘော်တွေမှာ၊ တတ်ဆင်အသုံးပြုလေ့ရှိတဲ့ hose nozzle အမျိုးအစား type တွေကတော့ Machino type, Nikajima type, ANSI type, NOR type, John Morris type, NF type နဲ့ Screw coupling type တို့ဖြစ်ပါသတဲ့။ coupling တွေကလည်းခပ်ရှုပ်ရှုပ်ပါပဲ။ Nakajama, Machino, John Morris, Nor, ANSI pin, ANSI slotter, French နဲ့ Storz တို့ဖြစ်ပါသတဲ့။


Fig. inner outer synthetic rubber lined fire hose

Fig. rubber lined tetoron fire hose
  
hose ကတော့ rubber lined tetoron အမျိုးအစားနဲ့ inner outer synthetic rubber lined အမျိုးအစား hose တွေကိုသုံးကြပါသတဲ့။ DWT တန်ချိန် ၁၀၀၀ နဲ့အထက်သဘော်တိုင်းမှာ၊ မီတာ ၃၀ ဧရိယာတိုင်း၊ fire hydrant တခုရှိရမယ်လို့သတ်မှတ်ထားသလို၊ အဲဒီ fire hydrant ရဲ့အနားမှာ၊ မီတာ ၂၀ အရှည်ရှိတဲ့ fire hose ကို၊ coupling, nozzle တို့နဲ့အတူအသင့်သုံးနိုင်အောင်၊ ဆင်ထားပြီး၊ hose box ထဲမှာ သိမ်းဆည်း ထားရမယ်လို့ သတ်မှတ်ထားပါတယ်။


Fig. fire hydrant and fire hose box

ဒါကြောင့်မို့ သဘော်တွေ ကိုကြည့်ရင် fire hydrant တွေနဲ့ ကပ်လျှက် အနီးအနားမှာ fire hose box ပုံး အနီရောင်တွေကိုတတ်ထားတာ၊ တွေ့ရမှာဖြစ်ပါသတဲ့။ ပြီးတော့လည်း စုစုပေါင်း အသုံးပြုမယ့် fire hose set အစုံအရည်အတွက်ထက်အပို ၁ ခုကို၊ spare hose set အဖြစ်သိမ်းဆည်းထားဖို့၊ သတ်မှတ်ထားပါသေး တယ်။ fire line piping မှာ၊ hydrant valve တွေအပြင်၊ isolating valve တွေကိုပါတတ်ဆင်ထားပါတယ်။


Fig. Fire control plan

မီးငြိမ်းဖို့ လိုတဲ့ရေကို၊ စက်ခန်းမှာရှိတဲ့ Fire & G.S pump တွေနဲ့ပေးပါတယ်။ တကယ်လို့ အကြောင်းတစုံ တခုကြောင့် fire & G.S pump ဟာ၊ အသုံးမပြုနိုင်ခဲ့ရင် Bilge & Ballast pump ကနေ့ပေးပို့နိုင်ပါသတဲ့။ ဒါ့အပြင် Emergency fire pump ကိုလည်းတတ်ဆင်ထားပါသေး တယ်။ နမူနာအဖြစ်၊ ရေနံတင်သဘော် တစီးက fire control plan တခုကို တင်ပေးထားပါတယ်။

General fire တနည်းအားဖြင့် Class A fire လို၊ Wood, Paper, Cloths တွေလို၊ combustible material တွေကြောင့် လောင်တဲ့ မီးအမျိုးအစားကို၊ ရေ၊ foam spray, ABC powder နဲ့ wet chemical တွေကို သုံးကာ၊ ငြိမ်းသတ်နိုင်ပါသတဲ့။ ABC powder ဟာ၊ mono-ammonium phosphate ကနေထုတ်ယူတာဖြစ်ပြီး၊ အဝါရောင် dry powder ဖြစ်ပါတယ်။ အဲဒီ dry powder ဟာ၊ Class A fire လိုမီးလောင်မှုတွေ တင်မက၊ Class B fire ဖြစ်တဲ့၊ Flammable liquids တွေလို၊ combustible material တွေကြောင့် လောင်တဲ့ မီးအမျိုးအစားတွေနဲ့ Flammable gas တွေကြောင့် လောင်တဲ့ Class C မီးအမျိုးအစားတွေကိုပါ ငြိမ်းသတ်နိုင်တာမို့၊ မှတ်ရလွယ်အောင် ABC powder ရယ်လို့ခေါါပါတယ်။

Class B fire ဖြစ်တဲ့၊ Flammable liquids တွေလို၊ combustible material တွေကြောင့် လောင်တဲ့ မီးအမျိုးအစားကိုတော့၊ foam နဲ့ ABC powder တွေကိုသုံးကာငြိမ်းသတ်ကြပါသတဲ့။ foam ကို၊ tri-methyltrimethylene glycol နဲ့ hexylene glycol လို၊ organic solvents တွေကိုအခြေခံကာ၊ amphiphilic organic compound မှ၊ surfactants နဲ့ ရောစပ်ထုတ်ယူထားတာဖြစ်ပါတယ်။ surfactants ကို ထည့်သွင်းရတာက အမြှုတ်ရစေဖို့ဖြစ်ပါသတဲ့။

foam ကို၊ class A foam နဲ့ class B foam ဆိုပြီးခွဲထားပါသေးသတဲ့။ Class A foam ကို၊ wildfires လိုတောမီးလောင်တဲ့အခါမှာ၊ ငြိမ်းသတ်ဖို့အသုံးပြုပြီး၊ Class B foam ကိုတော့၊ Class B fire အတွက် အသုံးပြုပါတယ်။ တခါ Class B foam ကို synthetic foams နဲ့ protein foams ဆိုပြီးသတ်မှတ်ထား ပြန်သေးသတဲ့။

synthetic surfactants အခြေခံ၊ synthetic foams တွေဟာ၊ အသုံးပြုတဲ့အခါ၊ flow ကောင်းပြီး၊ flames knockdown မီးညွှန့်ကျိုးလွယ်ပေမယ့်၊ မီးလောင်ပြီးအခြေအနေ post-fire security အတွက် သိပ်စိတ်မချရပါဘူး။ Synthetic foams တွေကို၊ Aqueous film forming foams (AFFF) နဲ့ Alcohol-resistant aqueous film forming foams (AR-AFFF) ဆိုပြီးခွဲထားပါသေးတယ်။ sodium alkyl sulfate နဲ့ fluorosurfactant တွေလို၊ hydrocarbon-based surfactant တွေနဲ့ ရေပေါင်းစပ်ထားတဲ့ foams တွေ ဟာ၊ သဘော်မှာသုံးတဲ့ AFFF တွေဖြစ်ပါတယ်။

Protein foams တွေကတော့ natural proteins တွေကို၊ foaming agents အဖြစ်အသုံးပြုထားတဲ့၊ bio-degradable foam တွေဖြစ်ပါသတဲ့။ flow သိပ်မကောင်းပေမယ့်၊ အသုံးပြုတဲ့အခါ foam blanket တခုသဖွယ်ပေါါပေါက်လာပြီး၊ Spontaneous combustion လို၊ တငွေ့ငွေ့အထွင်းမှာ လှိုက်လောင်နေ တတ်တဲ့၊ မီးလောင်မှုမျိုးကို၊ ထပ်မံမပေါါပေါက်စေနိုင်ဘူးလို့ သိရပါတယ်။

regular protein foam (P), fluoroprotein foam (FP), film forming fluoroprotein (FFFP), alcohol resistant fluoroprotein foam (AR-FP), နဲ့ alcohol-resistant film forming fluoroprotein (AR-FFFP) တို့ဟာ protein foam တွေဖြစ်ပါတယ်။ natural proteins ဆိုပေမယ့်၊ biological contaminants တွေကြောင့်၊ amyloid လို၊ ဗဟိုအာရုံကြောစနစ်တွေ ထိခိုက်စေတတ်တဲ့ ရောဂါတွေမဖြစ် ပွားအောင်၊ non-animal sources တွေက ထုတ်ယူတဲ့ proteins တွေကို၊ အသုံးမပြုသင့်ပါဘူး။ 

Class C fire လို၊ Flammable gas တွေကြောင့်၊ လောင်တဲ့ မီးကိုတော့၊ ABC powder တမျိုးတည်းနဲ့ သာငြိမ်းသတ်လို့ရပါသတဲ့။ Class E fire ကိုတော့၊ ကာဘွန်ဒိုင်အောက်ဆိုဒ် ကိုသုံးကာ၊ ငြိမ်းသတ်ရသလို၊ ABC powder ကိုလည်းသုံးနိုင်ပါသတဲ့။ 

vegetable oils, animal oil တွေနဲ့ fats တွေလို၊ Cooking media တွေကြောင့် လောင်တတ်တဲ့ Class K fire ကိုတော့ wet chemical ကိုသုံးကြပါတယ်။ potassium acetate, potassium carbonate, ဒါမှမဟုတ် potassium citrate နဲ့ ကို အခြေခံကာ၊ ရေနဲ့ပေါင်းစပ်ထားတဲ့ wet chemical ဟာ foam တမျိုးပါပဲတဲ့။ အဲဒီထဲမှာ Antifreeze Chemicals တွေကို လည်းရောစပ်ထားလေ့ရှိပါတယ်။

No comments:

Post a Comment