Pages

Saturday 23 July 2011

Generator Protection System

မြန်မာအင်ဂျင် နီယာဖိုရမ်  http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

Generator Protection System တွေဟာ Generator ရဲ့ ကိုယ်ထည်မှာ တတ်ဆင်ထားတာမဟုတ်ပဲ၊ Generator ရဲ့ Main Breaker မှာထည့်သွင်း တတ်ဆင်ပြီး၊ Protection လုပ်တာဖြစ်ပါတယ်။ Generator တွေရဲ့ Main Breaker တွေကို OCB Oil Circuit Breaker နဲ့ ACB Air Circuit Breaker တွေလို့ခွဲခြားနိုင်ပြီး၊ ACB Air Circuit Breaker တွေမှာပါဝင်လေ့ရှိတဲ့ Generator Protection System တွေအကြောင်းကို မှတ်သားဖူးသလောက်လေးဖော်ပြပါ့မယ်။



Fig. Air Circuit Breaker

ACB ဆိုတဲ့ Air Circuit Breaker တလုံးမှာ မရှိမဖြစ်တတ်ဆင်လေ့ရှိတဲ့ Generator Protection System တွေကတော့ ၁။ Over Current Protection, ၂။ Reverse Power Protection နဲ့ ၃။ Under Voltage Protection တို့ဖြစ်ပါတယ်။

၁။ Over Current Protection မှာ Preferential Trip, Instantaneous Trip နဲ့ Over Load Trip ဆိုပြီး ၃ မျိုးရှိပါတယ်။ Generator ကို Load တင် အသုံးပြုနေစဉ်၊ Generator ထမ်းဆောင် နိုင်တဲ့ "ဝန်" တနည်း အားဖြင့် Load ထက်၊ ပိုမိုထမ်းဆောင်ရတဲ့အခါ Over Load လို့ခေါါတဲ Over Current ဖြစ်လာပါတယ်။ အဲဒီအခါမှာ ထမ်းဆောင်ထားတဲ့ Load များရဲ့ အရေးပါမှု၊ မပါမှု Essential and Non-essential Load တွေကို မူလသတ်မှတ်ထားတဲ့အတိုင်း အလိုအလျှောက်ခွဲခြား လျှော့ချပါတယ်။

Fig. Preferential Trip Relay အခြေခံအလုပ်လုပ်ပုံ

လျှော့ချတဲ့အခါ Inverse Definite Minimum Time‭ ဆိုတဲ့ အချိန်အတိုင်းအတာ တခု အတွင်းမှာ အဆင့်လိုက် လျှော့ချခြင်း Preferential Trip ဖြင့်လုပ်ဆောင်ပါတယ်။ Preferential Trip နဲ့ Load တွေကို ဖြုတ်ချတဲ့အခါ၊ 1st Preferential Trip, 2nd Preferential Trip, 3rd Preferential Trip အစရှိသည်ဖြင့် အချိန်အပိုင်းအခြားအားဖြင့် ၅ စက္ကန့်၊ ၁၀ စက္ကန့် နဲ့ ၁၅ စက္ကန့် သတ်မှတ်ကာ အဆင့် လိုက်ဖြုတ်ချသွားပါတယ်။


Fig. Instantaneous Trip Relay အခြေခံအလုပ်လုပ်ပုံ

နောက်တခုကတော့ Short Circuit ဖြစ်လို့ Over Current ဖြစ်လာတဲ့အခါ အချိန်မဆိုင်းပဲ Load တွေ အကုန်လုံးကိုဖြုတ်ချလိုက်ခြင်း Instantaneous Trip ဖြစ်ပါတယ်။ Instantaneous Trip ကို Short Circuit Trip ရယ်လို့လည်းခေါါကြပါသေးတယ်။


Fig. Dash-pot Type Over Load Relay အခြေခံအလုပ်လုပ်ပုံ

Over Current နဲ့ဆက်နွယ်တဲ့ Protection အမျိုးအစားတခုကတော့ Generator တွေကို Parallel မောင်းနှင်စဉ် အကြောင်းတစုံတခုကြောင့် Generator တလုံးတည်း အပေါါမှာ ရုတ်တရက် Load ထိုးတက်လာခြင်းမျိုး၊ ဥပမာအားဖြင့် မော်တာတလုံးကို စတင်နှိုးလိုက်တဲ့အချိန်မျိုးတွေမှာ Over Current ဖြစ်ခြင်းမျိုးကို ကာကွယ်ပေးတဲ့ Over Load Trip ဖြစ်ပါတယ်။ Over Load Trip က အချိန်အပိုင်းအခြား အားဖြင့် ၁၅ စက္ကန့် ထက်ကျော်မှဖြုတ်ချသွားလေ့ရှိပါတယ်။

၂။ Reverse Power Protection ဆိုတာကိုမပြောခင်၊ Generator's Motorizing Effect ဆိုတာ ကိုပြော ဖို့လိုတာကိုတွေ့ရပါတယ်။ Generator ဆိုတာလွယ်လွယ်ပြောရရင် လည်ပတ်အား တခုကို လက်ခံ ရရှိ လို့၊ လျှပ်စစ်ဓါတ်အားကိုထုတ်ပေးတာဖြစ်ပြီး၊ Motor ဆိုတာကတော့ လျှပ်စစ်ဓါတ်အားကို လက်ခံရရှိလို့၊ လည်ပတ်အားတခုကို ထုတ်ပေးတာဖြစ်ပါတယ်။

Generator တွေကို Parallel မောင်းနှင်နေစဉ်မှာ ပဲဖြစ်ဖြစ်၊ တလုံးထဲ မောင်းနှင်နေစဉ်မှာပဲဖြစ်ဖြစ်၊ အကြောင်းတစုံတခုကြောင့် Generator တလုံးမှ လျှပ်စစ်ဓါတ်အားဟာ အခြား Generator တလုံးကို စီးဝင်သွားတဲ့ အခါ၊ စီးဝင်သွားခြင်းခံရတဲ့ Generator ဟာ Motor ကဲ့သို့အလုပ်လုပ်ဆောင်ခြင်းကို Motorizing Effect လို့ခေါါပြီး၊ Primer Mover ကိုပျက်စီးစေတတ်ပါတယ်။ Generator Motorizing Effect ကို Reverse Power Protection နဲ့ ကာကွယ်ထားပါတယ်။


Fig. Reverse Power Relay အခြေခံအလုပ်လုပ်ပုံ

Reverse Power Trip ကအချိန်အပိုင်းအခြား အားဖြင့် ၅ စက္ကန့် ထက်ကျော်မှာဖြုတ်ချသွားလေ့ရှိပြီး၊ Generator တွေကို Synchronizing လုပ်စဉ်မှာလည်း ကာကွယ် ထားလေ့ရှိပါတယ်။ Turbine Generator တွေမှာ ၂ % မှ ၆ % ခန့်နဲ့ Diesel Engine သုံး Generator တွေမှာ ၈ % မှ ၁၅ % ခန့် Reverse Power Setting ကိုချိန်ညှိ ထားတာကို၊ တွေ့ရပါတယ်။

၃။ Under Voltage Protection ဆိုတာကတော့ သတ်မှတ်ထားတဲ့ Voltage ရရှိမှသာ Generator ကိုအသုံးပြုစေရန်စီစဉ်ထားခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် Output Voltage မထွက်ပဲ Generator Breaker ကို ON ခြင်း၊ သတ်မှတ်ထားတဲ့ Voltage ထက်လျှော့နည်းထွက်ရှိနေစဉ် Generator Breaker ကို ON ခြင်း နဲ့ Generator တွေကို Parallel မောင်းနှင်နေစဉ်မှာ အကြောင်းတစုံတခုကြောင့် Generator တလုံးမှ Output Voltage လျှော့နည်းကျဆင်းသွားခြင်း စတဲ့အခြေအနေတွေအတွက် ဆောင်ရွက်ပေး တာကို တွေ့ရပါတယ်။

ဖော်ပြခဲ့တဲ့ Preferential Trip, Instantaneous Trip, Over Load Trip, Reverse Power Trip နဲ့Under Voltage Trip အစရှိတဲ့ Function တွေ Activated ဖြစ်တိုင်း တတ်ဆင်အသုံးပြုတဲ့ ACB အမျိုး အစားပေါါ မူတည်လို့ Main Switch Board မှာ အချက်ပေးဖော်ပြခြင်း၊ ACB မှာ မှတ်တမ်းတင်ဖော်ပြခြင်း တို့မှ သိနိုင်သလို၊ Under Voltage Trip အပြင် Over Voltage Trip ကိုပါ Protection တခုအဖြစ် ထည့်သွင်း တတ်ဆင်လာတာကိုလည်းတွေ့ရပါတယ်။


Generator လည်ပတ်မှုကြောင့်ထွက်ပေါါလာတဲ့ အပူချိန် Temperature ဟာ Stator နဲ့ Rotor တို့ရဲ့ Winding နဲ့ Core တို့ ကြားမှ Magnetic Flux တွေကို၊ လျှော့နည်းကျဆင်းစေပါတယ်။ အဲဒီ Temperature ဟာ၊ Generator တလုံးမှာရှိတဲ့ Rated Power ရဲ့ ၁၀ % အထိလျှော့ကျစေတာ ကို တွေ့ရပါတယ်။ ဒါ့အပြင် မြင့်မားတဲ့အပူချိန်ဟာ Winding တွေကို ဖုံးထား တဲ့ Insulation တွေကိုပါ ကွာကျစေပါတယ်။

အရွယ်အစားသေးငယ်တဲ့ Generator တွေမှာ Rotor Shaft ပေါါ Fan Blade ကို တပါတည်း ပူးတွဲ တတ် ဆင်ထားပြီး Generator လည်ပတ်နေစဉ်မှာ ပြင်ပမှလေကို သွင်းယူကာ၊ Stator နဲ့ Rotor ကြားက နေ ဖြတ်သန်းစေပြီး၊ အပြင်ဖက် သို့ စွန့်ထုတ်ခြင်းဖြင့် အပူချိန်ကိုလျှော့ကျစေပါတယ်။

အရွယ်အစားကြီးမားတဲ့ Generator တွေမှာတော့ Cooling Fan တွေကို၊ သီးသန့်တတ်ဆင်ကာ အပူချိန်ကိုလျှော့ကျစေသလို၊ Fresh Water Cooler တွေနဲ့ Cooling Water Tube တွေကို အသုံးပြုကာ အပူချိန်ကို လျှော့ကျစေရန် ဆောင်ရွက်တာ မျိုးတွေကိုလည်း တွေ့ဖူးပါတယ်။ အပူချိန်ကိုလျှော့ကျ ဖို့ အတွက် Air Cooled လေ ကိုသုံးကာအအေးခံခြင်းကို အသုံးပြုတဲ့အခါ၊ Generator တွေအတွက် နောက် ဆက်တွဲ ပြသနာ Disadvantage မရှိပေမယ့်၊ Water Cooled ရေ ကိုသုံးကာ အအေးခံတဲ့အခါ၊ အကြောင်းတစုံတခုကြောင့် Tubes တွေ Leakage ဖြစ်လျှင် Winding တွေပေါါ ရေတွေကျပြီး Generator တွေ၊ လောင်တတ်ပါတယ်။ Tubes တွေ Leakage ဖြစ်ပြီး Generator တွေ၊ လောင်ကျွမ်း ခြင်း မှ ကာကွယ်ဖို့ ကြိုတင် သတိထားမိစေရန် Alarm & Monitoring Sensor များအဖြစ် Temperature Detector တွေ နဲ့ Water Leak Detector တွေကို တတ်ဆင်အသုံးပြုကြရပါတယ်။

Stator နဲ့ Rotor ကြားက အကွာအဝေး Air Gap ဟာ အတိုင်းအတာပမာဏအားဖြင့် အလွန်သေးငယ်ပြီး၊ Rotor လည်ပတ်မှုကြောင့်ရရှိလာတဲ့ Magnetic Flux တွေဟာ Air Gap ကို ဖြတ်သန်းပြီးမှ၊ Stator Winding အတွင်းသို့ ရောက်ရှိဝင်ရောက်ခြင်းကြောင့် လျှပ်စစ်ဓါတ်အားကို ထုတ်ယူနိုင်ခြင်းဖြစ်ပါတယ်။ Rotor ဟာ တသတ်မတ်တည်း ချောမွေ့စွာလည်ပတ်နေဖို့ လိုတဲ့အပြင်၊ Stator နဲ့ Rotor ကြားက အကွာ အဝေး Air Gap ဟာ တသမတ်တည်း ညီမျှနေဖို့ Alignment ကလည်း အရေးကြီးပါတယ်။

Rotor ရဲ့ Alignment မမှန်တဲ့အခါ လည်ပတ်နေတဲ့ Rotor ဟာ Stator နဲ့ ပွတ်တိုက်ထိခိုက်ခြင်းကြောင့် Generator တွေ၊ လောင်တတ် ပါတယ်။ Rotor ဟာ တသတ်မတ်တည်း ချောမွေ့စွာ လည်ပတ်နေဖို့ နဲ့ Stator နဲ့ အကွာအဝေး Air Gap တသမတ်တည်း ညီမျှနေဖို့အတွက် Rotor Shaft တွေကို Support ထမ်းပေးထားတဲ့ Bearings တွေကဆောင်ရွက်ပေးပါတယ်။

အရွယ်အစားသေးငယ်တဲ့ Generator တွေမှာ Rotor Shaft ရဲ့ Driven End လို့ခေါါတဲ့ Prime mover ဘက်ကအပိုင်းကို၊ Direct Coupling တိုက်ရိုက်ချိတ်တွဲထားပြီး၊ Non-driving End လို့ခေါါတဲ့ Rotor Shaft ရဲ့ အဆုံးပိုင်းမှာသာ Ball Bearing ကို အသုံးပြုကာ Support ထမ်းပေးထားတာ တွေ့ရတတ် ပါတယ်။ အဲဒီလို Non-driving End မှာ Ball Bearing တလုံးတည်းကို အသုံးပြုထားတဲ့ Generator တွေကို Float Type ရယ်လို့ ခေါါဆိုလေ့ရှိတတ်ပါတယ်။

အရွယ်အစားကြီးမားတဲ့ Generator တွေမှာတော့ Rotor Shaft နဲ့ Prime Mover ကြားမှာ၊ Intermediate Shaft ကိုအသုံးပြုပြီး၊ ဆက်သွယ်လည်ပတ်စေသလို၊ Dniren End Side ဘက်မှာရော၊ Non- driven End Side ဘက်မှာပါ၊ Shell Bearing တွေကို အသုံးပြုကာ Support ထမ်းပေးထားတာ ကို၊ တွေ့ရတတ်ပါတယ်။ Shell Bearing တွေကို အသုံးပြုတဲ့အခါ၊ Plumber Block ထဲမှာ ထိုင်ထားပြီး၊ လည်ပတ်မှုကြောင့် ပေါါပေါက်လာတဲ့ အပူချိန်ကို လျှော့ချဖို့ Lubricating System ကိုအသုံးပြုရပါတယ်။

Lubrication System တွေကို ခွဲခြားကြည့်တဲ့အခါ၊ Hydrodynamic Lubrication သို့မဟုတ် Thick Film Lubrication, Hydrostatic Lubrication, Boundary lubrication သို့မဟုတ် Thin Film Lubrication နဲ့ Extreme Pressure Lubrication ရယ်လို့ တွေ့ရမှာဖြစ်ပြီး၊ Generator ရဲ့ Ball Bearing တွေမှာ အသုံးပြု တဲ့ Lubrication System ကတော့ Extreme Pressure Lubrication ဖြစ်ပါတယ်။

Extreme Pressure Lubrication ဆိုတာကတော့ အမဲဆီဆိုတဲ့ Grease ကိုအသုံးပြုတာဖြစ်ပြီး Grease ကို ရွေးချယ်သုံးတတ်ဖို့လည်းအရေးကြီးပါတယ်။ အမဲဆီ အမျိုးအစား အခေါါအဝေါါတွေ အများအပြားရှိပေ မယ့် Specification အရ အလွယ်တကူခွဲခြားလို့ရအောင်၊ Extreme Pressure Lubrication အဖြစ် အသုံးပြုမယ့် အမဲဆီအမျိုးအစား နာမည်ရဲ့ရှေ့မှာ Code သက်ေတ အနေနဲ့ EP ရယ်လို့ ဖော်ပြထားလေ့ ရှိပါတယ်။

Generator ရဲ့ Shell Bearing တွေ မှာအသုံးပြုတဲ့ Lubrication System ကတော့ Thin Film Lubrication ဖြစ်ပါတယ်။ Shell Bearing တွေ Wear Down ပွန်းစားခြင်းမှကာကွယရန် Plumber Block အတွင်းက Lubricating Oil ဟာ လုံလောက်တဲ့ပမာဏ မှာရှိနေဖို့ လိုအပ်တာမို့ Lubricating Oil Level ကိုပုံမှန်စစ်ဆေးခြင်း ပြုလုပ်ရပါတယ်။ အချိန်ကြာမြင့်စွာ အသုံးပြု ထားတဲ့ Lubricating Oil ဟာ အရည် အသွေး ကျဆင်းသွားတာမို့ လိုအပ်သလို၊ အသစ်လဲလှယ်ပေးသင့်ပါတယ်။ ဒါ့အပြင် အရွယ် အစားကြီး မားတဲ့ Generator တွေမှာ Bearing ရဲ့အပူချိန်ကို သိရှိစေဖို့ Alarm & Monitoring Sensor များအဖြစ် Temperature Detector တွေကို တတ်ဆင် အသုံးပြုကြရပါတယ်။

Generator တွေမှာ Dirt အမှုန်အညစ်အကြေး၊ Moisture ရေခိုးရေငွေ့၊ Corrosive Vapors, Oil ဆီတွေနဲ့ အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း အစရှိတဲ့ အကြောင်းတွေအပြင်၊ Vibration ဆိုတဲ့ တုန်ခါမှု၊ Aging ဆိုတဲ့ Generator Winding တွေရဲ့သက်တမ်းအိုမင်းရင့်ရော်လာမှု အစရှိတဲ့ အကြောင်းတွေ ကနေတဆင့် Insulation Resistance ကျဆင်းတတ်ပါတယ်။ Winding ရဲ့ Insulation Resistance ကျဆင်းတဲ့ အခါတွေမှာ၊ Generator တွေ burnt out လောင်တတ် ပါတယ်။

 Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
ပုံတွေကို Google ကနေရှာဖွေကူးယူပါတယ်။

No comments:

Post a Comment