Pages

Thursday 21 July 2011

Fire hydrants, fire hoses နဲ့ fire nozzles

မြန်မာအင်ဂျင်နီယာဖိုရမ်  http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

fire hydrant အရည်အတွက်ကို၊ တတ်ဆင်ထားရှိရမယ့် fire hose အရွယ်အစားပေါါမူတည် ပြီး၊ ယေဘုယျ စဉ်းစားကြည့်လို့ရပါတယ်။ fire hydrant တခုမှာ၊ တတ်ဆင်ထားတဲ့ fire hose ရဲ့ အလျှားဟာ၊ နောက်ထပ် fire hydrant တခုအထိ၊ အမှီရောက်ရမယ်လို့ ဆိုပါတယ်။ ခရီးသည် (၃၆) ယောက်အထက် သယ်ဆောင် မယ့် passenger ship တွေရဲ့ interior location မှာ၊ fire hose ဟာအနည်းဆုံး ၁၀ မီတာရှည်ရမယ်လို့၊ သတ်မှတ်ထားတာကြောင့် ၁၀ မီတာ အကွာ အဝေး တိုင်းမှာ၊ fire hydrant တခုရှိတယ်လို့၊ ယူဆလို့ရပါ တယ်။

ဒါ့အပြင် ခရီးသည် (၃၆) ယောက်အထက် passenger ship တွေမှာ၊ fire hose ကို၊ hydrant မှာ nozzle နဲ့တကွ၊ အသင့်အနေအထားပုံစံနဲ့ တတ်ဆင်ထားရမယ်လို့ ပြဌာန်းထားပါတယ်။ machinery space မှာ၊ fire hose ဟာအနည်းဆုံး ၁၅ မီတာအရှည်မို့၊ ၁၅ မီတာ အကွာအဝေးတိုင်းမှာ၊ fire hydrant တခု ရှိတယ်လို့၊ ယူဆလို့ ရသလို၊ other space area တွေနဲ့ open deck မှာ၊ မီတာ ၂၀ အရှည်လို့၊ ပြဌာန်းထားတာမို့၊ မီတာ ၂၀ အကွာ အဝေးတိုင်းမှာ၊ fire hydrant တခုရှိတယ်လို့၊ ယူဆလို့ ရပါတယ်။အကယ်၍ သဘော်ရဲ့ ဗျက်၊ breadth ဟာ၊ မီတာ ၃၀ ထက်ကျော်ရင်၊ open deck မှာ၊ ၂၅ မီတာအရှည်၊ fire hose တွေကို သုံးရမယ် လို့၊ ပြဌာန်း ထားတာမို့ ၂၅ မီတာ အကွာအဝေးတိုင်းမှာ၊ fire hydrant တခု ရှိတယ်လို့၊ ယူဆနိုင်ပါတယ်။

GRT တန်ချိန် ၁၀၀၀ အထက်၊ cargo ship တွေမှာ၊ hose ရဲ့ အလျှားဟာ မီတာ ၃၀ ထက်မနည်းဖို့ သတ်မှတ်ထားသလို၊ hose အရည်အတွက်အနေနဲ့ (၅) ခုထက်မနည်း၊ ပါရှိရမှာဖြစ်ပါတယ်။ သဘော်ရဲ့ တည်ဆောက်ပုံအရ၊ machinery space၊ interior space နဲ့ open deck မှာတတ်ဆင်ထားရှိတဲ့ hydrant အရည်အတွက်နဲ့ ညီမျှတဲ့၊ fire hose တွေကို၊ ထားရှိရမှာ ဖြစ်သလို၊ စုစုပေါင်း hose အရည်အတွက်ထက်၊ တစုံပိုပြီး၊ အရံ spare hose အနေနဲ့ ပါရှိရမှာဖြစ်ပါတယ်။ GTR တန်ချိန် ၁၀၀၀ အောက်ဆိုရင်တော့၊ အနည်းဆုံး hose (၃) ခုပါဝင်ဖို့လိုပါတယ်။

fire hydrant တွေတိုင်းမှာ၊ isolating valve တွေတတ်ဆင်ထားပါတယ်။ hydrant ရဲ့ connection ဟာ၊ အသုံးပြုတဲ့၊ hose coupling ပေါါ မူတည်သလို၊ hose coupling ဟာလည်း၊ nozzles ပေါါမူတည်ပါတယ်။ အသုံးများတဲ့ coupling နဲ့ connection type တွေက၊ Nakajama, Machino, John Morris, Nor, ANSI pin, ANSI slotter, French နဲ့ Storz တို့ဖြစ်ပါတယ်။

fire nozzles အမျိုးအစားတွေကို solid bore (or) smooth bore nozzle, single gallonage (or) variable pressure/ variable flow nozzle, adjustable gallonage nozzle, automatic (or) constant pressure nozzle နဲ့ multi-purpose nozzle ဆိုပြီး၊ (၅) မျိုးခွဲခြားသတ်မှတ်ထားပါတယ်။ အမျိုးအစားတွေ ကွဲပြားပေမယ့်၊ မီးငြိမ်းသတ်ရာမှာ nozzle ဟာ လုံလောက်တဲ့ ရေပမာဏကို၊ ထုတ်ပေး နိုင်ဖို့၊ nozzle မှ ထုတ်ပေးလိုက်တဲ့ရေဟာ လိုအပ်တဲ့ form ဖွဲ့စည်းပုံအတိုင်းရှိနေစေဖို့ နဲ့ မီးလောင်နေတဲ့ နေရာကို၊ တိတိကျကျရောက်သွား စေဖို့ ဆိုတဲ့၊ အခြေခံအချက်တွေအားလုံးကတော့ အတူတူပဲဖြစ်ပါတယ်။

nozzles တွေဆောင်ရွက်ပေးတဲ့ main function (၃) မျိုးကို၊ control flow, provide reach နဲ့ crate shape ဆိုပြီး၊ အလွယ်တကူမှတ်နိုင်ပါတယ်။ nozzle အတွင်း က၊ orifice ဟာ၊ ရေရဲ့ flow ကို control လုပ်သလို၊ ရေရဲ့ pressure ကို၊ velocity အဖြစ်ပြောင်းလဲပေးပြီး၊ မီးလောင်နေတဲ့ နေရာကို၊ တိတိ ကျကျ ရောက်သွားစေပါတယ်။

မီးလောင်မှုအခြေအနေပေါါမူတည်လို့၊ တခါတရံမှာ ရေကို၊ strait steam အနေနဲ့အသုံးပြုကာ၊ ငြိမ်းသတ် ရသလို၊ တခါတရံ မှာတော့ heat adsorption capability နဲ့ radiant heat protection ပြုလုပ်ဖို့၊ တနည်း အားဖြင့် အပူရှိန်ကိုလျှော့ချရင်း အပူရှိန်ပြန့်ကူးမှုကိုတားဆီးဖို့ ရေကို spray အနေနဲ့ ငြိမ်းသတ် ရတာ မို့၊ ရေရဲ့ shape သို့မဟုတ် ဖွဲ့စည်းပုံ form ကိုပါ၊ nozzle တွေက ဆောင်ရွက်ပေးပါတယ်။


Fig. multi-purpose nozzles

သဘော်တွေမှာတော့ solid bore nozzles သို့မဟုတ် jet type nozzles တွေနဲ့၊ single gallonage nozzle လို့ခေါါတဲ့ spray nozzle သို့မဟုတ် fog nozzle တွေကို၊ အသုံးမပြုပဲ၊ jet nozzle အဖြစ်ရော spray nozzle အဖြစ်ပါ၊ လိုအပ်သလို ပြောင်းလဲ သုံးစွဲနိုင်တဲ့၊ multi-purpose nozzles တွေကိုအသုံးပြုကြပါတယ်။

SOLAS regulation, Part 1, Chapter II-2 Construction - Fire protection, fire detection and fire extinction, Part C : Suppression of fire, Regulation 10.2.3.3.1 မှာ၊ 12mm, 16mm နဲ့ 19mm diameter အရွယ်အစားရှိတဲ့၊ nozzles တွေကိုအသုံးပြုဖို့၊ ပြဌာန်းထားသလို၊ အဲဒီထက်ကြီးတဲ့ nozzles တွေ ကို၊ အသုံးပြုမယ်ဆိုရင်၊ administration ဆိုတဲ့၊ သဘော်မှတ်ပုံတင်ထားရာနိုင်ငံမှ၊ ပြဌာန်းထားတဲ့ Merchant Shipping Act အရ၊ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။သဘော်ရဲ့ accommodation နဲ့ service space တွေမှာ၊ 12mm diameter nozzles တွေကိုအသုံးပြုနိုင် ပါတယ်။ machinery space နဲ့ exterior location တွေမှာတော့၊ 12mm diameter ထက်ကြီးပြီး၊ 19mm diameter ထက်မကြီးတဲ့ nozzles တွေကို အသုံးပြုနိုင်ပါတယ်။


Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
Image credit to : http://soniachou.en.ecplaza.net

No comments:

Post a Comment