Pages

Saturday 23 July 2011

Foam installation system

မြန်မာအင်ဂျင်နီယာဖိုရမ်  http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

ရေကိုအသုံးပြုမီးငြိမ်းသတ်တဲ့အခါ၊ class A fire လို၊ wood, paper, cloths တွေကဲ့သို့ combustible material တွေကြောင့် လောင်တဲ့ မီးအမျိုးအစားအတွက်၊ သင့်လျှော်ပေမယ့် class B fire လို၊ flammable liquids တွေနဲ့ combustible material တွေကြောင့် လောင်တဲ့ မီးအမျိုးအစားကိုငြိမ်းသတ်တဲ့အခါ၊ foam ကိုအသုံးပြုခြင်းက၊ ပိုမို သင့်လျှော် တာကိုတွေ့ရပါတယ်။ ဒါ့အပြင် sprinkler system အတွင်း၊ foam ကိုပေးပို့ ငြိမ်းသတ်နိုင်တာကို တွေ့ရပါတယ်။

Tanker သဘော်တွေမှာ၊ extinguishing agent အဖြစ်၊ foam ကို ရေ အမြောက်အများ နဲ့ ရောစပ် ပြီး၊အသုံးပြုတာမို့ mechanical foam system ရယ်လို့ ခေါါဆိုကြပြီး foam installation system ကို automatic foam induction system နဲ့ high expansion foam system ဆိုပြီး၊ (၂) မျိုးခွဲခြားထားပါ တယ်။


Fig. automatic foam induction system

automatic foam induction system မှာ၊ automatic inductor unit, foam compound tank, fire pump နဲ့ hydrant ဆိုပြီး၊ အစိတ်အပိုင်း (၄) မျိုး ခွဲခြားနိုင်ပါတယ်။ automatic inductor unit ဟာ foam နဲ့ ရေကို၊ foam mixtures အဖြစ်ရော စပ်ပေးပြီး၊ fire pump တွေအကူအညီနဲ့ hydrant တွေထံ၊ ပေးပို့ ကာ၊ မီးလောင်တဲ့နေရာကို ပက်ဖြန်းပါတယ်။

inductor သို့မဟုတ် eductor ဟာ၊ pump ရဲ့ suction ကနေ၊ water stream အတွင်းကို၊ လုံလောက်တဲ့ foam liquid ပမာဏရှိနေစေဖို့ ဆောင်ရွက်ပေး ပါတယ်။ pump ရဲ့ discharge side မှ pressure နဲ့အတူ၊ tank အတွင်းမှ foam liquids တွေဟာ၊ inductor ရဲ့ foam liquid suction port မှတဆင့်ဝင်ရောက်လာ မှာ ဖြစ်ပါတယ်။ inductor အတွင်းမှာ၊ swing paddle ကိုထည့်သွင်းတတ်ဆင်ထားတာမို့၊ ရေရဲ့ flow ကြောင့် လိုက်ပါလည်ပတ်ပြီး၊ foam နဲ့ ရေကို ရောစပ်ပေး ပါတယ်။

foam compound tank ရှိ၊ air and foam compound line မှာတတ်ဆင်ထားတဲ့ valve တွေကိုအသုံးပြု ကာ၊ ရေရဲ့ flow, air လေ တို့ကို control လုပ်ပြီး၊ foam mixture အနေနဲ့ အမြှုတ်တွေကိုဖြစ်ပေါါစေ ပါတယ်။ system ကို၊ စတင်မောင်းနှင် တဲ့အခါ၊ compound line မှ valves တွေကိုဖွင့်ထားပြီး၊ foam mixture ဖြစ်လာအောင်ရောစပ်ရပါတယ်။


Fig. low expansion foam induction system

automatic foam induction system မှာ၊ inductor အပြင် foam concentration pump ကိုပါတတ်ဆင် အသုံးပြုပြီး၊ foam mixture အနေနဲ့ အမြှုတ်တွေကိုဖြစ်ပေါါစေတဲ့ system မျိုးကိုလည်း၊ အသုံးပြုကြပြီး low expansion foam induction system လို့ခေါါပါတယ်။


Fig. high expansion foam system

နောက်ပိုင်းမှာ automatic foam induction system ကို၊ အသုံးမပြုတော့ပဲ၊ high expansion foam system ကိုတတ်ဆင် အသုံးပြုလာပါတယ်။ high expansion foam system မှာ၊ low expansion foam induction system ကဲ့သို့ inductor နဲ့ foam concentrate pump ကိုထည့်သွင်းတတ်ဆင်ထား သလို၊ foam mixture မှ၊ အမြှုတ်ပိုမိုရရှိစေဖို့ foam generator တွေကိုတတ်ဆင်ထားပါတယ်။


Fig. foam monitor

SOLAS Regulation အရ၊ DWT တန်ချိန် ၄၀၀၀ အောက်သဘော်တွေမှာ၊ foam applicator ကိုတတ်ဆင် ပြီး၊ တန်ချိန် ၄၀၀၀ အထက်ဆိုရင်တော့ foam monitor တွေထည့်သွင်းတတ်ဆင်ရန်၊ ပြဌာန်းထားပါတယ်။

Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
Image credit to : Marine Auxiliary Machinery By Mc George, 7th edition, 1995, http://www.wilhelmsen.com, , http://www.kashiwa-tech.co.jp, http://www.kiddecanada.com

No comments:

Post a Comment