Pages

Saturday 23 July 2011

International shore connection flange

မြန်မာအင်ဂျင်နီယာဖိုရမ်  http://myanmarengineer.org/ မှ၊ ကူးယူဖော်ပြပါတယ်။

သဘော်တွေမှာ၊ fire fighting မီးငြိမ်းသတ်တဲ့အခါ၊ မီးလောင်မှု အမျိုးအစားပေါါမူတည်ပြီး၊ portable fire fighting equipments တွေနဲ့ fixed fire fighting equipment တွေကို၊ ရွေးချယ် သုံးစွဲရပါတယ်။ fixed fire fighting installation ဟာ၊ နေရာတိုင်းမှာ အသုံးပြုလို့ မရတာ ကိုလည်းတွေ့ ရပါတယ်။

ယေဘုယျအားဖြင့်တတ်ဆင်လေ့ရှိတဲ့ fixed fire fighting installation အမျိုးအစားတွေက၊ fire main system, automatic fire sprinkler system, foam installation system တွေနဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို အသုံးပြုတဲ့ CO2 installation system တို့ပဲဖြစ်ပါတယ်။ ဟိုးအရင်က halon installation system ကို၊ fixed fire fighting installation အနေနဲ့၊ တတ်ဆင်အသုံးပြုခဲ့ကြပါသေးတယ်။ ဒါပေမယ့် IMO ကနေ resolution MSC.27(61) air pollution prevention convention အရ၊ ၁၉၉၄ ခုနှစ်ကစပြီး၊ halon installation system ကိုထည့်သွင်း မတတ်ဆင်ဖို့ တားမြစ်ခဲ့ သလို၊ အကယ်၍ မူလကတည်းက halon system တတ်ဆင်ပြီးသား သဘော်တွေကိုတော့၊ CFC free ဖြစ်တဲ့၊ အခြားသော halon alternative နည်းလမ်းတွေနဲ့ ပြောင်းလဲတတ်ဆင်ဖို့၊ ပြဌာန်း ခဲ့ပါတယ်။

SOLAS Chapter II-2, Regulation 7 အရ၊ output power ၃၇၅ ကီလိုဝပ် တနည်းအားဖြင့် မြင်းကောင်ရေ ၅၁၀ ထက်ကျော် တဲ့၊ machinery spaces တွေနဲ့ oil-fired boiler rooms, purifier rooms တွေမှာ၊ fixed fire fighting installation ကိုထည့်သွင်းတတ်ဆင်ရပါတယ်။ fixed fire fighting installation အနေနဲ့၊ water spray systems လို့ခေါါတဲ့ fire sprinkler system, CO2 installation system နဲ့ high expansion foam installation systems စတဲ့၊ (၃) မျိုးထဲက တမျိုးကို၊ ထည့်သွင်း တတ်ဆင်ထားရမှာဖြစ်ပါတယ်။

နောက်ပိုင်းမှာ SOLAS Chapter II-2, Regulation 10 (equivalent standard: IMO - MSC/Circ. 668/728) အရ၊ water mist systems, inside air high expansion foam systems နဲ့ equivalent standard: IMO Circ. 776 အရ၊ alternative gas extinguishing systems တို့ကိုပါ၊ fixed fire fighting installation အဖြစ်ထည့်သွင်းတတ်ဆင်နိုင်တယ်လို့၊ သတ်မှတ် ခဲ့ပါတယ်။

fixed fire fighting installation အမျိုးအစားအများစုဟာဟာ၊ ရေကိုအသုံးပြုပြီး၊ မီးငြိမ်းသတ်ဖို့ ရည်ရွယ် တည်ဆောက်ထား တာဖြစ်ပါတယ်။ အကယ် ၍ pump တွေ၊ failure ဖြစ်သွားတဲ့အခါ၊ အခြားသဘော် ဒါမှမဟုတ် သဘော်ဆိုက်ကပ်ထားရာ၊ ဆိပ်ကမ်းမှ pump တွေကိုမောင်းနှင်ပြီး၊ ငြိမ်းသတ် နိုင်ဖို့ကိုလည်း၊ ထည့်သွင်းတတ်ဆင်ထားပြီး၊ international shore connection flange လို့၊ ခေါါပါတယ်။



 Fig. international shore connection flange

ဆိပ်ကမ်း fire line မှ၊ မည်သည့် flange အမျိုးအစားမျိုးမှာမဆို၊ အလွယ်တကူတတ်ဆင်လို့ရအောင် international shore connection flange မှာ၊ slots တွေ ဖော်ထားပါတယ်။ ဒါ့အပြင် သဘော်တွေမှာ အသုံးပြုမယ့် international shore connection flange တွေရဲ့၊ အရွယ်အစား တသမတ် တည်း ဖြစ်စေဖို့ SLOAS regulation မှာ၊ အတိအကျသတ်မှတ်ထား ပါတယ်။

သဘော်တွေမှာ၊ SOLAS regulation နဲ့ MARPOL regulation အရ၊ တတ်ဆင်ရမယ့် international shore connection flanges (၃) မျိုးရှိပါတယ်။ SOLAS regulation အရ တတ်ဆင်ရတဲ့ international shore connection flange ဟာ၊ မီးငြိမ်းသတ်ရေးအတွက်ဖြစ်ပြီး၊ MARPOL regulation အရ၊ တတ်ဆင်ရ တဲ့ international shore connection flanges တွေကတော့၊ sludge shore connection flange နဲ့ sewage shore connection flange တို့ဖြစ်ပါတယ်။ အဲဒီ flanges တွေတခုနဲ့ တခု မမှားရအောင်လည်း၊ SOLAS regulation နဲ့ MARPOL regulation တို့မှာ အရွယ်အစား နဲ့ ပုံသဏ္တွန်တွေကိုခွဲခြား သတ်မှတ် ထားတာ တွေ့နိုင်ပါတယ်။


 Fig. Fire Control Plan

international shore connection တွေလိုပဲ၊ mandatory requirement ပြဌာန်းချက်ကြောင့်၊ မရှိမဖြစ် ပါဝင်ရမယ့် အရာ တခုကတာ့၊ SOLAS Chapter II-2, Regulation 15 အရ၊ သတ်မှတ်ထားတဲ့ Fire Control Plan ဖြစ်ပါတယ်။ fire control plan မှာ၊ deck အထပ်တိုင်းရဲ့ fire station, သဘော် တည်ဆောက်ပုံ အရ၊ သတ်မှတ်ထားတဲ့ “A” class division enclosed space, “B” class division enclosed space နဲ့ bulkheads တွေကစပြီး၊ သဘော်မှာတတ်ဆင်ထားတဲ့၊ fire detection system နဲ့ fire fighting systems တွေနဲ့ ပက်သက်တဲ့၊ အချက်အလက်တွေ အကုန်လုံးကို၊ ထည့်သွင်းဖော်ပြထားပါတယ်။

fire control plan ကိုကြည့်လိုက်တာနဲ့၊ fire alarm systems, sprinkler installation, extinguishing appliances, compartments နဲ့ decks တွေ ရဲ့၊ escape ထွက်ပေါက်တွေ၊ ventilation system dampers တွေနဲ့ fans တွေရဲ့ remote operation အပါအဝင်၊ ventilation system, dampers တွေနဲ့ fans တွေရဲ့ remote operation အပါအဝင်၊ system တွေ အားလုံးကို၊ အလွယ်တကူသိနိုင်ပါတယ်။


Fig. fire control plan safety container

fire control plan ကို၊ သဘော်ရဲ့ main structure accommodation ကိုဝင်ဝင်ခြင်း၊ poop deck ဒါမှမဟုတ် main deck ရဲ့ ဝဲ၊ ယာ တနည်းအားဖြင့် port side နဲ့ star board side မှာ၊ ထားရှိတဲ့ fire control plan safety container အတွင်း ထည့်သွင်းထားပါတယ်။ ဒါ့အပြင် main structure accommodation ရဲ့၊ သိသာထင်ရှားပြီး အလွယ်တကူမြင်တွေ့ နိုင်မယ့် passage way ဒါမှမဟုတ် corridor လိုနေရာ မျိုး နဲ့ bridge/ wheel hose အပါ အဝင်၊ engine control room/ engine room မှာပါ ချိတ်ဆွဲဖော်ပြထားရပါတယ်။

fire control plan ကိုထားရှိရတဲ့ရည်ရွယ်ချက်ကတော့၊ မီးငြိမ်းသတ်ခြင်း fire prevention and protection သို့မဟုတ် fire fighting လုပ်တဲ့အခါ၊ သဘော်မှ fire fighting squid တွေကပဲလုပ်လုပ်၊ ပြင်ပမှ fire fighter လို့ခေါါတဲ့ fire brigadeေ တွကပဲလုပ်လုပ်၊ အလွယ်တကူကိုးကားနိုင်ဖို့၊ တနည်းအားဖြင့် လမ်းညွှန်ပြသမှု အနေနဲ့ထားရှိတာဖြစ်သလို၊ fire control plan မှာဖော်ပြထားတဲ့ အချက်အလက် information တွေအရ၊ အချိန်တို အတွင်း အလွယ်တကူမီးငြိမ်းသတ်နိုင်စေဖို့၊ ရည်ရွယ်ထားရှိတာဖြစ် ပါတယ်။

Post credit to : ဦးရီးထွန်း http://myanmarengineer.org/
Image credit to : Marine Auxiliary Machinery By Mc George 7th edition, 1995, http://www.seacurity.nl/

No comments:

Post a Comment