Pages

Saturday 23 July 2011

Automatic fire sprinkler system

မြန်မာအင်ဂျင်နီယာဖိုရမ်  http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

မီးစတင်လောင်တာနဲ့ လောင်ကျွမ်းတာကိုသိစေဖို့၊ fire detection system တွေတတ်ဆင်ထားသလို၊ မီး စတင်လောင်တာကိုသိသိခြင်း fire protection နဲ့ fire prevention လို့ခေါါတဲ့၊ မီးငြိမ်းသတ်ရေး၊ ကိစ္စတွေ၊ တနည်းအားဖြင့် fire fighting ပိုင်းကို၊ အချိန်နဲ့ တပြေးညီဆောင်ရွက်နိုင်မှသာ၊ ဆုံးရှုံးပျက်စီးမှုကို၊
လျှော့ ချနိုင်မှာဖြစ်ပါတယ်။

မီးလောင်တာကို၊ ချက်ခြင်းသိပေမယ့် fire main system မှ၊ ရေကိုအသုံးပြုကာငြိမ်းသတ်ခြင်း နဲ့ foam, CO2 အစရှိတဲ့ extinguishing system တွေအသုံးပြုကာငြိမ်းသတ်ခြင်း၊ အစရှိတာတွေ ကိုဆောင်ရွက်တဲ့ အခါ၊ စနစ်တကျ၊ fire plan ရေးဆွဲထားပေမယ့်၊ fire squid တွေရဲ့ response ဟာ၊ နှေးကွေးကြန့်ကြာ တတ်ခြင်း၊ FFA fire fighting appliances တွေကို၊ ရုတ်တရက် အသုံးမပြုနိုင်ခြင်း၊ အစရှိတဲ့အကြောင်း အရာတွေပေါါပေါက်တတ်ပါတယ်။


Fig. automatic fire sprinkler system

 အဲဒီအခါ၊ ဆုံးရှုံးပျက်စီးမှုအတိုင်းအတာကို၊ လျှော့ချနိုင်ဖို့၊ တနည်းအားဖြင့် မီးစတင်လောင်တာကိုသိသိ ခြင်း၊ မီးငြိမ်းသတ်ရေးအပိုင်းကို၊ အချိန်နဲ့ တပြေးညီဆောင်ရွက်နိုင်ဖို့၊ အလိုအလျှောက် မီးငြိမ်းသတ်ပေးနိုင် တဲ့ fire sprinkler system တွေကို၊ sensitive areas ဆိုတဲ့၊ မီးလောင်မှု၊ အလွယ်တကူပေါါပေါက်နိုင်
တဲ့ နေရာတွေမှာ တတ်ဆင်အသုံးပြုကြပါတယ်။ ယေဘုယျအားဖြင့် accommodation areas တွေနဲ့ machinery spaces တွေမှာ တတ်ဆင်အသုံးပြုတယ်လို့ဆိုနိုင်သလို၊ forecastle က၊ bosun store လို area မျိုးတွေနဲ့ paint store လို၊ area တွေမှာတတ်ဆင် အသုံးပြုပါတယ်။

automatic fire sprinkler system မှာ၊ pressure water tank ကနေတဆင့်၊ အလိုရှိတဲ့ compartments တွေအထိ ရေကို piping တွေသွယ်တန်းကာ၊ sprinkler heads တွေတတ်ဆင်ပြီး၊ မီးငြိမ်း သတ်ပါတယ်။ water tank ရဲ့တဝက်လောက်အထိ၊ fresh water ကိုဖြည့်ထားပြီး၊ pressure တန်ဘိုးတခု ရရှိလာသည်အထိ၊ compressed air ကိုဖြည့်သွင်းထာပါတယ်။ အဝေးဆုံး၊ ဒါမှမဟုတ် အမြင့်ဆုံးနေရာမှာ တတ်ဆင်ထားတဲ့၊ sprinkler head အထိ၊ ရေလုံလောက်စွာပေးပို့နိုင်ဖို့၊ pressure tank မှာ၊ 4.8 bar ထက် မနည်း pressurized ဖြစ်နေဖို့၊ လိုအပ်ပါတယ်။

sprinkler heads တွေကိုတတ်ဆင်နေရာချထားတဲ့အခါ၊ area တွေခွဲခြားပြီး၊ section တွေခွဲခြား သတ်မှတ် ထားသလို၊ section တိုင်းအတွက်၊ alarm system တွေကို၊ ခွဲခြားတတ်ဆင်ထားပါတယ်။ တတ်ဆင်တဲ့ နေ ရာမှာ section တခုအတွက် sprinkler heads အရည်အတွက် အလုံး (၂၀၀) ထက် ပိုပြီး၊ မတတ်သင့်ပါဘူး။

sprinkler heads တွေမှာ၊ quartzoid bulbs တွေထည့်သွင်းတတ်ဆင်ထားပါတယ်။ မီးလောင်တဲ့အခါ၊ compartment ရဲ့၊ အပူချိန်ဟာ မြင့်တက် လာပြီး၊ သတ်မှတ်ထားတဲ့ limit ကိုရောက်တာနဲ့ quartzoid bulb ဟာ၊ ကွဲထွက်သွားသလို၊ sprinkler head ကတဆင့်ရေကို စတင်ဖြန်းပါတော့တယ်။


Fig. sprinkler head

quartzoid bulbs တွေရဲ့၊ temperature limit ကို၊ colour code တွေနဲ့ခွဲခြားသတ်မှတ်ထားပါတယ်။ အနီရောင် bulb ရဲ့ rating ဟာ၊ 68 deg C, အဝါရာင် bulb ရဲ့ rating ဟာ၊ 80 deg C နဲ့ အစိမ်းရောင် bulb ရဲ့ rating ဟာ၊ 93 deg C တို့ဖြစ်ပါတယ်။ တတ်ဆင်အသုံးပြုတဲ့ sprinkler head တလုံးခြင်းဟာ၊ ၁၆ စတုရန်းမီတာ ဧရိယာပမာဏကို၊ တမိနစ်မှာ ရေပမာဏ ၅ လီတာနှုံးနဲ့ ဖြန်းပက်နိုင်ရမယ်လို့၊ SOLAS Regulation အရ သတ်မှတ်ထားပါတယ်။


Fig. sprinkler head

sprinkler head ကို၊ semicircular ပုံသဏ္တွန်ရှိတဲ့၊ quartzoid bulb ကဖုံးအုပ်ထားတာဖြစ်ပါတယ်။ အဲဒီ bulb ထဲမှာ၊ expandable liquid မျိုးကို ထည့်သွင်းထားတာဖြစ်ပြီး၊ deflector plate နဲ့တွဲဆက်ကာ၊ တတ်ဆင်ထားတာဖြစ်ပါတယ်။ sprinkler head တွေ၊ corrosion မဖြစ်စေဖို့ fresh water ကိုသာ အသုံးပြု သင့်ပါတယ်။ အကယ်၍ pipeline ထဲက၊ pressure ကျသွားခဲ့ရင် ကျသွားတဲ့ section အတွက် alarm အနေနဲ့၊ အသိပေးဖော်ပြမှာ ဖြစ်သလို၊ pressure tank ထဲမှာ ရေကုန်သွားတဲ့အခါ၊ sea water pump ကနေတဆင့် ဖြည့်သွင်းဖို့၊ ထည့်သွင်းတတ်ဆင်ထားလေ့ရှိပါတယ်။


Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
Image credit to : Marine Auxiliary Machinery By Mc George, 7th edition, 1995, The Design and Layout of Fire Sprinkler Systems By Bromann, M, Oxfordshire: CRC Publications, 2nd edition, 2001,

No comments:

Post a Comment