Pages

Sunday 24 July 2011

Marine Engine Lubricating System

ဒီ post ကတော့၊ ဦးရီးထွန်း ရေးခဲ့တာဖြစ်ပြီး၊ မြန်မာအင်ဂျင်နီယာဖိုရမ်  http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

Purpose of Lubricating System -  Lubricating Oil ကိုအသုံးပြုရတဲ့အကြောင်းကို လေ့လာ ကြည့်တဲ့အခါ

၁။ Engine အတွင်းက လှုပ်ရှားလည်ပတ်နေတဲ့ Shaft နဲ့ Bearing ကိုတိုက်ရိုက်ထိတွေ့မှုမဖြစ်စေပဲ၊ ကြားခံအလွှာ တစ်ခုအနေနဲ့ရှိနေစေပြီး Wear Down ပွန်းစားမှုကို လျှော့ချပေးနိုင် စေခြင်း

၂။ Engine အတွင်းက လှုပ်ရှားလည်ပတ်နေတဲ့ အစိတ်အပိုင်းတွေကနေ ထွက်ပေါါလာတဲ့ အပူကို၊ LO ဆီသို့ကူးပြောင်းခြင်းဖြင့် Cooling Agent အနေနဲ့အသုံးချကာ၊ Cooler မှာအအေးပြန်ခံခြင်း

၃။ Engine အတွင်းက လည်ပတ်နေတဲ့ Journals တွေနဲ့ Bearings တွေကြားမှာ Pressure ရှိတဲ့ အလွှာတစ်ခုအဖြစ်တည်ရှိနေပြီး အကယ်၍အကြောင်းတစ်စုံကြောင့် Heavy Load ဆိုတဲ့ "ဝန်" တစ်ခုခု သက်ရောက်လာခဲ့ရင် Bearings ကိုတိုက်ရိုက်သက်ရောက်မှုကြောင့် Wear Down ပွန်းစားမှုကို၊ မဖြစ်ပေါါစေပဲ ကြားခံ Cushioning Agent အနေနဲ့အသုံးချခြင်း

၎။ Engine အတွင်းက Cylinder Liner Wall ဆလင်ဒါလိုင်နာရဲ့ အတွင်းနံရံ နဲ့ Piston Rings တွေ ကြားမှာ Seal အတားအဆီးအနေနဲ့ဝင်ရောက်နေရာယူပေးခြင်းဖြင့် Engine Combustion မှ ထွက်လာ တဲ့ Exhaust Gas တွေကို၊ Engine ရဲ့ အောက်ပိုင်းသို့ ကူးပြောင်းစီးဆင်းမှုမှ ကာကွယ်ပေးခြင်း

၅။ Oil Pan ထဲမှာကျနေတဲ့ Engine အတွင်းက လှုပ်ရှားလည်ပတ်နေတဲ့ အစိတ်အပိုင်းတွေကနေ ပွန်းစားမှုကြောင့်ထွက်ပေါါလာတဲ့ Particles အမှုန်အမွှားအစိတ်အပိုင်းလေးတွေနဲ့ Combustion ကနေ ထွက်ပေါါလာတဲ့ Dirt Particles တွေကို၊ လှည့်ပါတ်စီးဆင်းနေတဲ့ LO က သယ်ဆောင် သွားပြီး၊ Filter များဆီသို့ပေးပို့ကာ သန့်စင်စေခြင်းဖြင့်Cleaning Agent အနေနဲ့ ဆောင် ရွက်ပေးခြင်းဆိုပြီး၊ တွေ့ရ ပါတယ်။

ဒါကြောင့်မို့ Lubricating Oil ဆိုတဲ့ LO ကို၊ စက်အစိတ်အပိုင်းများ ပွန်းစားမှုကိုလျှော့ချပေးတဲ့ ချောဆီ Lubricating Agent အဖြစ်သာမက၊ Cooling Agent, Sealing Agent, Cushioning Agent နဲ့ Cleaning Agent တို့အဖြစ် အသုံးပြုထားတာကို တွေ့ရမှာဖြစ်ပါတယ်။

Operation Of Lubricating System - Lubricating System မှာ၊ ၁။ Oil Pump ၂။ Oil Pan ၃။ Oil Cooler နဲ့ ၄။ Oil Filter ဆိုပြီးအဓိက အစိတ်အပိုင်း ၄ မျိုးနဲ့ တည်ဆောက်လည်ပတ်နေပါတယ်။

၁။ Oil Pump ဟာ Gear Type Pump အမျိုးအစားဖြစ်ပြီး၊ Low Speed 2 Stroke Engine တွေမှာ လျှပ်စစ်မော်တာတွေနဲ့ Engine ပြင်ပမှာတတ်ဆင်မောင်းနှင်ပြီး၊ Medium Speed 4 Stroke နဲ့ High Speed 4 Stroke Engine တွေမှာတော့ Engine ရဲ့ Idler Gear တွေကိုအသုံးပြုလို့၊ Attached Pump တွေ အဖြစ် မောင်းနှင်ပါတယ်။ Oil Pan ထဲက LO တွေကိုစုတ်ယူပြီး၊ Filter ဆီစစ်များမှာ သန့်စင် ကာ၊ Oil Cooler မှာဖြတ်သန်းအအေးခံပြီး၊ Engine ရဲ့ Oil Galleries ဆီလမ်းကြောင်းတွေမှ တစ်ဆင့် ၊ လည်ပါတ်လှပ်ရှားနေတဲ့အစိတ်အပိုင်းတွေ၊ Main Bearingတွေ နဲ့ Crank Shaft ဆီကိုပို့ဆောင်ပေးပါ တယ်။

LO Pump ကထုတ်ပေးတဲ့ Pressure ကိုလျှော့ကျမသွားစေဖို့ နဲ့ သတ်မှတ်ထားတဲ့ Pressure ပမာဏ အတိုင်းရှိနေစေဖို့ကို Pump မှာတတ်ဆင်ထားတဲ့ Pressure Regulating Valve မှတစ်ဆင့် ထိန်းညှိဆောင်ရွက်ပေးပါတယ်။ 2 Stroke Engine တွေမှာ လျှပ်စစ်မော်တာတွေ နဲ့ မောင်းနှင်တဲ့ Main LO Pump အပြင်၊ အသုံးပြုတဲ့ LO Pressure ပမာဏမတူညီတာမို့ Piston နဲ့ Cylinder Lubricating System အတွက်၊ နောက်ထပ် လျှပ်စစ်မော်တာတွေ နဲ့ မောင်းနှင်တဲ့ LO Pump တွေကိုလည်းထပ်မံ တတ်ဆင်ရပါတယ်။


၂။ Oil Pan ဆိုတာကတော့ LO Pump ကနေ၊ Oil Galleries ဆီလမ်းကြောင်းတွေမှတစ်ဆင့် လည်ပါတ် လှုပ်ရှားနေတဲ့အစိတ်အပိုင်းတွေ ကိုဖြတ်သန်းခဲ့တဲ့ LO တွေကိုပြန်လည်လက်ခံတဲ့ Engine အောက်ခြေ ပိုင်းက အစိတ်အပိုင်းဖြစ်ပါတယ်။

၃။ Oil Cooler ကတော့၊ LO ကိုအအေးခံပေးတဲ့အစိတ်အပိုင်းဖြစ်ပြီး၊ ၄။ Oil Filter ကတော့ Dirt Particles တွေကိုသန့်စင်ပေးပါတယ်။


Lubricating Oil Quantity - Engine ကို ချောမွေ့စွာစွမ်းရည်ပြည့်လည်ပတ်စေဖို့ Lubricating Oil ဟာလုံလောက်တဲ့ပမာဏ အတွင်းမှာရှိရပါမယ်။ ပမာဏဘယ်လောက်ရှိရမလည်းဆိုတာကို Empirical Rule အရ 1 Lit/ bhp ဆိုပြီး၊ မြင်းကောင်ရေ တစ်ကောင်အားမှာ တစ်လီတာ ရှိရမယ်လို့ သတ်မှတ်ထား သလို၊ Circulation အတွက်လည်း 15 times/ hr ဆိုပြီး တစ်နာရီမှာ ၁၅ ကြိမ်ထက်ပိုပြီး၊ Circulate မလုပ်ဖို့ ယေဘုယျသတ်မှတ်ထားပါတယ်။ ဒါပေမယ့် အသုံးပြုတတ်ဆင်ထားတဲ့ Engine အမျိုးအစားပေါါ မူတည်ကာ ကွဲလွဲမှုရှိနိုင်ပါတယ်။

Lubricating Oil Specification -Fuel လောင်စာအနေနဲ့ HFO Heavy Fuel Oil သို့မဟုတ် MDO Marine Diesel Oil သို့မဟုတ် MGO လို့ခေါါတဲ့ Marine Gas Oil ကိုအသုံးပြုမောင်းနှင်တဲ့ Engine တွေ မှာ၊ အသုံးပြုမယ့် Lubricating Oil ကို ယေဘုယျအားဖြင့်

၁။ Anti-Foam Characteristics, ၂။ Anti-Wear Properties, ၃။ Load Carrying Abality, ၄။ Detergency Level, ၅။ Axidation Resistance, ၆။ Anti-Corrosion Properties, ၇။ Water Separation Ability (Demulsibility), ၈။ Neutralization Ability နဲ့ Alkanity (TBN) အစရှိတဲ့ Specification အချက်အလက်အလက်တွေပေါါ မူတည်ကာ ရွေးချယ် သုံးစွဲရပါတယ်။

TBN လို့ခေါါတဲ့ Total Base Number ကတော့၊ Lubricating Oil မှာပါရှိတဲ့ Alkanity အချိုးအဆ ဖြစ်ပါ တယ်။ အသုံးပြုတဲ့ Fuel လောင်စာဆီမှာ ပါဝင်တဲ့ Sulpher ကြောင့်၊ Engine အတွင်းလှည့်ပတ်နေတဲ့ LO မှာ Acids ဓါတ်တွေ၊ အနည်းနဲ့အများ ဖြစ်ပေါါရပါတယ်။ Acids ဓါတ်ရဲ့ Neutralizing Effect ကြောင့်၊ LO မှာနဂိုမူလရှိနေတဲ့ TBN တန်ဘိုးဟာတဖြည်းဖြည်းလျှော့ကျ သွားပြီး၊ အချိန်ကာလတခုမှာ TBN အနည်းဆုံးတန်ဘိုး တခုကို၊ ရောက်သွားပါတယ်။

TBN တန်ဘိုး အနည်းဆုံးတခုကိုရောက်သွားခြင်းကို TBN Equilibrium ရယ်လို့ခေါါပါတယ်။ Quality အမျိုးအစားကောင်းတဲ့ LO ကောင်းတဲ့ LO တွေနဲ့၊ Quality မကောင်းတဲ့ LO ကိုနှိုင်းယှဉ်သုံးကြည့်တဲ့ အခါ၊ အမျိုးအစားကောင်းတဲ့ ကောင်းတဲ့ LO ဟာ အနည်းဆုံး TBN Equilibrium တန်ဘိုးအထိ မရောက်ခင် အချိန်အတော်ကြာထိမ်းသိမ်းထားနိုင်ပါတယ်။

Internal Combustion Engine တွေမှာ၊ Combustion ကြောင့်ဖြစ်ပေါါလာတဲ့ Small Paricles တွေနဲ့၊ Fuel လောင်ကျွမ်းရာမှ ဖြစ်ပေါါ လာတဲ့ Carbon Residue တွေအပါအဝင်၊ အခြားသော Impurities တွေ လည်း၊ LO မှာ ရောနှော ပါဝင်နေလေ့ရှိပြီး Contamination လို့ ခေါါပါတယ်။

အခြား Contamination အနေနဲ့ Fresh Water သို့မဟုတ် Salt Water တွေလည်း၊ ရောနှော ပါဝင်နေ
တတ်ပါတယ်။ Contamination ပမာဏ အနည်းငယ်ဟာ LO ရဲ့ အရည်အသွေးကို ထိခိုက်စေခြင်း မရှိပေမယ့် ပမာဏများရင်တော့ Engine အစိတ်အပိုင်းတွေကို၊ ထိခိုက်ပျက်စီးစေပါတယ်။

Contamination ကို၊ LO Filter များအသုံးပြုကာစစ်ထုတ်ဖယ်ရှားပေမယ့်လည်း၊ Solid Contamination ကိုတော့၊ Filter များဟာ မဖယ်ရှားနိုင်ပါဘူး။ Engine မှာလက်ရှိ အသုံးပြုနေတဲ့ LO ရဲ့ အခြေအနေ ကို သိဖို့ Running Hour စက်မောင်းချိန် ၁၀၀၀ လောက်ရှိတိုင်း၊ Sample နမူနာ ယူကာ မူလ LO ထုတ်လုပ်ရောင်းချသူထံပေးပို့ပြီး၊ ဓါတ်ခွဲစစ်ဆေး လေ့ရှိပြီး LO Analysis လုပ်တယ် လို့ခေါါကြပါတယ်။

ပုံမှန် LO Analysis Report တစောင်မှာ စစ်ဆေးဖော်ပြလေ့ရှိတာတွေကတော့ ၁။ Specific Gravity, ၂။ Flash point, ၃။ Viscosity, ၄။ Total Acid Number (TAN), ၅။ Strong Acid Number (SAN), ၆။ Alkalinity, ၇။ Water, ၈။ Conradson Carbon, ၉။ Precipitation Number နဲ့ ၁၀။ Ash Content တို့ဖြစ်ကြပါတယ်။

Lubricating Oil ရဲ့ Specific Gravity ဟာပုံမှန်အားဖြင့်၊ 0.9 ကနေ 0.98 gr/cu.cm ခန့်ရှိပါ တယ်။ Flash Point နိမ့်တဲ့အခါ LO ဟာ Combustible Vapour အဖြစ်အသွင် ကူးပြောင်းသွား တတ်ပါတယ်။ Oxidiation ကြောင့် LO ရဲ့ Viscosity မြင့်တက်လာတတ်ပြီး၊ LO မှာ FO Heavy Fuel Oil သို့မဟုတ် ရေ ရောနှော ပါဝင်မှုကြောင့် Oxidiation ဖြစ်ပေါါရပါတယ်။ Viscosity ကျဆင်းရခြင်းကတော့ LO မှာ MDO Marine Diesel Oil သို့မဟုတ် MGO Marine Gas Oil ရောနှောပါဝင်မှုကြောင့်ဖြစ်ပါတယ်။

Total Acid Number (TAN) ဆိုတာကတော့ Lubricating Oil မှာပါဝင်နေတဲ့ Organic နဲ့ Inorganic Acid ဓါတ်တွေကိုစစ်ဆေးတိုင်းတာဖြစ်ပြီး Organic သို့မဟုတ် Veak တွေဟာလည်း၊ Oxidation ကြောင့် ဖြစ်ပွား လာရခြင်းဖြစ်ပါတယ်။

Strong Acid Number (SAN) ဟာ Inorganic Acid ဓါတ်များအတွင်းမှ ပိုမိုပြင်းထန်တဲ့ တနည်းအားဖြင့် Strong ဖြစ်တဲ့ Inorganic Acid ပါဝင်မှုကိုရှာဖွေစစ်ဆေးခြင်းဖြစ်ပြီး၊ Sulfuric Acid ဆာလ်ဖျူရစ် အက်စစ် နဲ့ Chlorine ကလိုရင်း ဓါတ်တို့ကိုတိုင်းတာကြည့်ခြင်းဖြစ်ပါတယ်။ Sulfuric Acid ဓါတ်ဟာ Engine ရဲ့ Combustion Chamber မှာရှိနေတတ်ပြီး၊ Chlorine ကတော့ Sea Water ကနေပေါါပေါက် လာတာဖြစ်ပါတယ်။ SAN ပမာဏမြင့်မားမှုကြောင့် Oil Corrosive ဖြစ်တတ်ပါတယ်။

Alkalinity ဆိုတာကတော့ TBN Total Base Number ကိုတိုင်းတာစစ်ဆေးခြင်းဖြစ်ပြီး၊ Water ဆိုတာ ကတော့ Lubricating Oil အတွင်းမှာ၊ ရေ ရောနှောပါဝင်နေမှုကို တိုင်းတာ စစ်ဆေး ခြင်းဖြစ်ပါတယ်။ Lubricating Oil အတွင်းမှာ၊ ရေ ရောနှောပါဝင်မှုဟာ ယေဘုယျအားဖြင့် 0.2 % အောက်သာ ရှိသင့်ပြီး၊ ၄င်းပမာဏထက်ကျော်လွန်တဲ့အခါ Bearings တွေနဲ့ Journals တွေကိုပျက်စီးစေတတ်ပါတယ်။

Fuel လောင်စာရဲ့ Incomplete Combustion ကြောင့်ပဲဖြစ်ဖြစ်၊ အရည်အသွေး Quality ညံ့တဲ့ Lubricating Oil ကို အသုံး ပြုတဲ့ အခါ မှာပဲဖြစ်ဖြစ် LO ရဲ့ မော်လီကျူးတွေပြိုကွဲမှု LO Crack ကြောင့် Conradson Carbon ဆိုပြီး LO မှာ ကာဘွန်ချိုး တွေရောနှောပါဝင်မှုတွေဖြစ်တတ်ပါတယ်။

Lubricating Oil ထဲမှာ ရောနှောပါဝင်နေတဲ့ မပျော်ဝင်သော Insoluble Ingredients ပမာဏအား၊ တိုင်းတာစစ်ခြင်းဖြင့် Precipitation Number ကိုသိရှိနိုင်ပါတယ်။ စမ်းသတ်စစ်ဆေးမယ့် နမူနာ LO Sample ကို၊ Benzene C6 H6 နဲ့ Normal Pentane C5 H12 တို့နဲ့ ရောစပ်လိုက်တဲ့အခါ၊ Dilute ဖြစ်သွားပါတယ်။ Lubricating Oil ထဲမှာ ရောနှော ပါဝင် နေမယ့် Lacquer နဲ့ Varnishlike Components တွေ ဖြစ်တဲ့ Oxidized Oil တွေဟာ Benzene မှာသာပျော်ဝင် နိုင်ပါတယ်။ တနည်း အားဖြင့် Precipitation Number ဟာ Oil Oxidation Degree ကိုဖော်ပြခြင်းဖြစ်ပါတယ်။

Post credit to : ဦးရီးထွန်း http://www.myanmarengineer.org

No comments:

Post a Comment