Pages

Saturday 23 July 2011

CO2 installation system - အပိုင်း (၁)

မြန်မာအင်ဂျင်နီယာဖိုရမ်  http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

သဘော်စက်ခန်းဆိုတဲ့ engine room ဟာ၊ အပူရှိန်ရော၊ လောင်စာတွေပါရှိနေတာမို့ မီးလောင်မှု အလွယ် တကူ၊ ပေါါပေါက် နိုင်တဲ့ နေရာဖြစ်သလို၊ cargo ship တွေသယ်ဆောင်ရတဲ့ ကုန်တွေဟာလည်း၊ မီးလောင် မှု အလွယ်တကူ ပေါါပေါက်နိုင်တဲ့ ကုန်မျိုးတွေဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့ သဘော်ဆိုတာ အချိန် မရွေး မီးလောင်တတ်တဲ့၊ ယာဉ်တမျိုးအဖြစ်သတ်မှတ်နိုင်ပါတယ်။

မီးလောင်တဲ့ အခါ၊ လောင်ကျွမ်းမှုပမာဏပေါါမူတည်ပြီး၊ portable extinguisher တွေနဲ့ ငြိမ်းသတ်သ လို၊ လောင်ကျွမ်းမှု ပမာဏများတဲ့အခါ fixed extinguishing system တွေကိုအသုံးပြု၊ ငြိမ်းသတ်ရပါ တယ်။

fire main system, automatic fire sprinkler system, foam installation system တွေနဲ့ ကာဘွန် ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို အသုံးပြုတဲ့ CO2 installation system တို့ဟာ၊ fixed extinguishing system တွေဖြစ်ပြီး၊ အဲဒီထဲက CO2 installation system နဲ့ပက်သက်လို့၊ မှတ်သားမိသလောက်လေး ကို၊ ဖော်ပြပါ့မယ်။

ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ရဲ့ ရုပ်ဂုဏ်သတ္တိ physical properties တွေနဲ့၊ ဓါတ်ရုပ်ဂုဏ်သတ္တိ chemical properties တွေ ဟာ၊ မီးငြိမ်းသတ်ရာမှာ၊ အသုံးဝင်တာကို၊ တွေ့ရပါတယ်။ non-flammable ကိုယ်တိုင်မီးမလောင်နိုင်ခြင်း၊ သာမန်အပူချိန်မှာ အငွေ့အနေနဲ့ ရှိနေခြင်း၊ လေထက် ၁ ဆခွဲခန့် သိပ်သည်း ဆ ရှိခြင်း၊ သိုလှောင် ဖြည့်ဆည်းရာမှာ လွယ်ကူခြင်း၊ နဲ့ မီးမလောင်နိုင်တဲ့ ဓါတ်ငွေ့ဖြစ်ခြင်း အစရှိတဲ့ ယေဘုယျဂုဏ်သတ္တိတွေကြောင့်၊ CO2 ကို တွင်ကျယ်စွာ အသုံးပြုကြပါတယ်။

လေထက် ၁ ဆခွဲခန့် သိပ်သည်းဆရှိနေတဲ့အတွက်၊ CO2 ကိုလွှတ်လိုက်တဲ့အခါ မီးလောင်တဲ့နေရာ compartment အတွင်း မီးကို အလွှာတခုအနေနဲ့ အုပ်မိုးပေးထားပြီး၊ မီးလောင်မှုကို အားပေးတဲ့ လေထု အတွင်းမှ၊ အောက်စီဂျင်နဲ့ ထိတွေ့မှုကို၊ ဖြတ်တောက်တားဆီးပေးနိုင်ပါတယ်။ bottles လှောင်အိုးတွေ အတွင်းသို့ ဖြည့်ဆည်းရာမှာလည်း၊ liquefied ဓါတ်ငွေ့ရည် အဖြစ်ဖြည့်သွင်းနိုင်သလို၊ pressure အနေနဲ့ 50 bars အောက်မှာ၊ သိုလှောင်ထားနိုင်တာကို လည်း၊ တွေ့နိုင်ပါတယ်။ liquefied အနေနဲ့ သိုလှောင် ထားတဲ့ non-flammable ကာဘွန်ဒိုင်အောက်ဆိုဒ် ကို၊ မီးလောင်တဲ့နေရာသို့၊ released ပို့လွှတ် လိုက် တဲ့ အခါ၊ atmosphere အတွင်းကိုရောက်သွားတာနဲ့ gas အဖြစ်ပြောင်းလဲသွားသလို၊ atmosphere မှ၊ အပူရှိန် ကိုပါ၊ ကျဆင်းစေပါတယ်။

CO2 ရဲ့ advantages အားသာချက်တွေကတော့၊ non-corrosive gas ဖြစ်ခြင်း၊ အလွယ်တကူ ထုတ်ယူ ရရှိနိုင်ခြင်း၊ non-conductivity ခေါါတဲ့ လျပ်စစ်ဓါတ် မကူးနိုင်ခြင်း၊ အသုံးပြုပြီတဲ့အခါ စွန့်ပစ်ပစ္စည်း residue အနေနဲ့ အကျွင်းအကျန် မရှိခြင်း၊ အစရှိတာတွေဖြစ်ပါပါတယ်။ ဘယ်အရာမဆို အားသာချက်တွေ ရှိသလို၊ အားနည်းချက်တွေလည်းရှိစမြဲမို့ disadvantages ကိုကြည့်မယ်ဆိုရင်၊ CO2 ဟာ အဆိပ်ဓါတ်ငွေ့ toxic gas ဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်။

toxic gas ဖြစ်တဲ့ CO2 ဟာ၊ suffocating ဆိုတဲ့ အသက်ရှုကျပ်ခြင်းကိုပေါါပေါက်စေတာမို့၊့ လေထု အတွင်းမှာ ၉ % ထက်ကျော် တာနဲ့၊ အသက်ရှူကျပ်ကာ သတိလစ်မေ့မျောစေတတ်ပါတယ်။ ဒါ့အပြင် မီးငြိမ်းသတ်တဲ့အခါ၊ အချိန် အတော်ကြာ ဆက်တိုက်အသုံးပြုထားဖို့လိုအပ်ပြီး၊ အကယ်၍ ခဏသာ သုံးပြီး၊ မီးငြိမ်းသွားပြီအထင်နဲ့ compartment ကိုဖွင့်ကာ၊ ပြင်ပလေနဲ့ထိတွေ့ပေးလိုက်တဲ့အခါ၊ re-ignition ဖြစ်ပေါါ ပြီး၊ မီးပြန်လောင်တတ်တာကိုလည်းတွေ့ရပါတယ်။


Fig. CO2 cylinders

CO2 ကိုပို့လွှတ်ပြီး၊ မီးလောင်တဲ့နေရာမှာ အလုံးအရင်းနဲ့ အလွှာတခုလို၊ ဖုံးအုပ်ငြီမ်းသတ်တာမို့ total flooding system လို့လည်းခေါါကြပါတယ်။ fixed CO2 system သို့မဟုတ် total CO2 flooding system မှာ၊ machinery space နဲ့ cargo spaces တို့နဲ့သီးခြားအခန်းတခန်းအတွင်း CO2 bottles တွေကို စုစည်း သိုလှောင်ထားပါတယ်။ CO2 bottles သို့မဟုတ် cylinders တွေကို၊ common manifold မှတဆင့်၊ တလုံးနဲ့တလုံး သွယ်တန်းချိတ်ဆက်ထားပါတယ်။ non-return valve တွေထည့်သွင်းတတဆင်ထားတာမို့၊ cylinder တလုံးခြင်းလှဲလှယ်တာတွေ၊ CO2 ဖြည့်သွင်းတာကို၊ အလွယ် တကူဆောင်ရွက်နိုင်ပါတယ်။

CO2 installation system အတွက်၊ SOLAS regulation အရ၊ သတ်မှတ်ချက်တွေကို၊ အနည်းငယ်ဖော်ပြ ပါဦးမယ်။ cargo space အတွက်အသုံးပြုမယ့် CO2 ပမာဏ၊ volume ဟာ အကြီးဆုံး cargo space ထုထည်ရဲ့ ၃၀ % ရှိရမှာဖြစ်ပါတယ်။ machinery space မှာအသုံးပြုမယ်ဆိုရင် အကြီးဆုံး machinery space ထုထည်ရဲ့ ၄၀ % ရှိရမှာဖြစ်ပါတယ်။ အကယ်၍ machinery space ဟာ၊ main engine, generator engine နဲ့ boiler ကဲ့သို့၊ casing တွေပါတဲ့ နေ ရာ မျိုးဖြစ်ခဲ့ ရင် အဲဒီ machinery space ထုထည်ရဲ့ ၃၅ % ပမာဏ ရှိရမှာဖြစ်ပါတယ်။

ဒါ့အပြင် CO2 ကို release လွှတ်လိုက်တာနဲ့ CO2 ရဲ့ volume ထုထည်ပမာဏ ၈၅ % ဟာ၊ (၂) မိနစ်အတွင်း၊ မီးလောင်တဲ့ နေရာကိုရောက်နိုင် ရမှာဖြစ်ပါတယ်။ 228 bar hyro-test pressure ပမာဏ ခံနိုင်တဲ့၊ cylinder တွေကို၊ တတ်ဆင် အသုံးပြုရမှာ ဖြစ်ပါတယ်။ CO2 bottles သို့မဟုတ် cylinders တွေ ကို၊ high internal pressure ကိုခံနိုင်ဖို့၊ solid drawn steel material process နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ CO2 cylinders တွေကို၊ CO2 room မှာ machinery space အတွက်အသုံးပြုရမယ့် CO2 bottle အုပ်စုနဲ့ cargo space အတွက်အသုံးပြုရမယ့် CO2 bottle အုပ်စုဆိုပြီး၊ bank တွေခွဲကာ တတ်ဆင်နေရာ ချထားပါတယ်။

CO2 system control cabinet မှာ၊ limit switch တလုံးကိုတတ်ဆင်ထားပါတယ်။ cabinet တခါးကို ဖွင့်လိုက်တာာနဲ့ limit switch ဟာ၊ CO2 alarm ကို activated ဖြစ်စေပြီး CO2 flooding alarm လို့ ခေါါ ပါတယ်။ တနည်းအားဖြင့် CO2 လွှတ်တော့မယ် ဆိုတာကို၊ အသိပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ limit switch ဟာ၊ main switch board မှ၊ colour plate for MCB အရသတ်မှတ်ထားတဲ့၊ အနီရောင် emergency stop ဆိုတဲ့ MCB တွေအားလုံးကို၊ trip ဖြစ်သွားစေပါတယ်။

ဒီနေရာမှာ Colour plate for MCB နဲ့ပက်သက်ပြီးဖော်ပြပါရစေ။ Colour Plate for MCBs မှာ Emergency Stop, Preferential Trip နဲ့ Sequential Start တို့ကို Colour Code ခွဲပြီးပြထားပါတယ်။ Piping Colour Code လိုသတ်မှတ်ချက် တခုဖြစ်ပါတယ်။

1. Emergency Stop - အနီရောင် Colour Plate လေးနဲ့ပြထားပါတယ်။ Engine Room Blower Fans တွေ၊ Pump Room Blower Fans တွေ၊ Purifier တွေ၊ Fuel Oil (F.O) Transfer Pump, Diesel Oil (D.O) Transfer Pump တွေ၊ Boiler, Incinerator တွေကို အရေးပေါ်အခြေအနေမှာ ရပ်ပြစ်ဖို့လိုရင် Local လို့ခေါ်တဲ့ မောင်းထားတဲ့ Panel ကနေသွားပြီးရပ်စရာမလိုပဲ Bridge ဒါမှမဟုတ် Engine Room အဝင်က Emergency Stop ဆိုတဲ့ Push Button ကိုနှိပ်လိုက်တာနဲ့ Main Switch Board မှာရှိတဲ့ သက်ဆိုင်ရာ MCB တွေဟာ Trip ဖြစ်သွားပြီး Power ကိုဖြတ်ချလိုက်မှာပါ။ ဒါဟာလည်း Class Survey Item ပါ။ စစ်ဆေးလေ့ရှိပါတယ်။

2. Preferential Trip - 1st Preferential Trip နဲ့ 2nd Preferential Trip ဆိုပြီး ၂ဆင့်ရှိကာ Colour Code ၂ မျိုးနဲ့ သတ်မှတ်ပါတယ်၊ လမ္မော်ရောင်၊ အဝါရောင်၊ ခရမ်းရောင် နဲ့ အပြာရောင် စတဲ့ Colour Plate လေးတွေနဲ့ ပြထားလေ့ရှိပါတယ်။

Generator တွေ Parallel မောင်းပြီး Load တွေသုံးထားတဲ့အခါပဲဖြစ်ဖြစ် ၁ လုံးတည်းမောင်းပြီး Load တွေ သုံးထားတဲ့အခါပဲ ဖြစ်ဖြစ်၊ အကြောင်းတခုခုကြောင့် Consumption ဟာ သတ်မှတ်ထားတာနဲ့ ပိုလာရင်၊ များလာရင် Generator ကို Over Load မဖြစ်အောင် Generator Main ACB (Air Circuit Breaker) ရဲ့ Protection System က ဖြတ်ချလိုက်မှာပါ။ အဲဒီလို Power System တခုလုံးကို ဖြတ်မချခင်မှာ Essential Load တွေကိုပဲ ချန်ထားပြီး Non-essential Load တွေကို အလိုအလျောက် ပထမအကြိမ်၊ ဒုတိယ အကြိမ် ဆိုပြီး Stage တွေခွဲကာ လျှော့ချပါတယ်။

Non-essential Load တွေသုံးထားတဲ့ သက်ဆိုင်ရာ MCB တွေဟာ အလိုအလျောက် Trip ဖြစ်သွားပြီး Power ကိုဖြတ်ချလိုက် မှာပါ။ Air Conditioning Plant, Provision Refrigeration Plant, Galley Exhaust Fan နဲ့ Galley Power Supply တွေပါ လေ့ရှိပါတယ်။

3. Sequential Start - အစိမ်းရောင် Colour Plate လေးနဲ့ ပြလေ့ရှိပါတယ်။ Sequential Start ဟာ အကြောင်းတစုံတခုကြောင့် Electrical Power Failure/ Black out ဖြစ်ခဲ့ပြီး Power ဟာ Manually ဖြစ်ဖြစ်၊ Automatically ဖြစ်ဖြစ် Reactivated ပြန်ရခဲ့ရင် Power Failure မဖြစ်ခင်က မောင်းနေတဲ့ အရေးကြီးတဲ့ Essential Load တွေကို လူကသွားပြီး Start လုပ်စရာမလိုပဲ မိမိဘာသာ အလိုအလျောက် ပြန်မောင်းရမှာ ဖြစ်ပါတယ်။ Main Cooling Sea Water Pump, Generator Cooling Fresh Water pump နဲ့ Steering Gear တို့ပါဝင်ပါတယ်။


Fig. control cabinet

Fig. pneumatically operated quick closing valves

တချို့သဘော်တွေမှာတော့၊ breaker တွေကို trip ဖြစ်စေရုံသာမက၊ fuel tank တွေနဲ့ lubricating oil tank တွေမှာတတ်ဆင် ထားတဲ့၊ pneumatically operated quick closing valve တွေကိုပါ၊ automatically shut off အလိုအလျှောက်ပိတ်စေပါ တယ်။ ဒါ့အပြင် CO2 ကို၊ လွှတ်တဲ့အခါ၊ machinery space နဲ့ cargo space ကိုခွဲနိုင်ဖို့ main piping မှာ၊ master valves တွေကို ထည့်သွင်းတတ်ဆင်ထား ပါတယ်။

Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
Image credit to : http://marineinsight.com, http://www.rongded.com, http://bz4.kr/zbxe/know_piping/4297

No comments:

Post a Comment