Pages

Thursday 21 July 2011

Fire main system

GRT တန်ချိန် ၄၀၀၀ အောက်ခရီးသည်တင်သဘော်တွေမှာဆို၊ independently driven fire pump က၊ အနည်းဆုံး (၂) လုံး၊ GRT တန်ချိန် ၄၀၀၀ အထက်မှာဆို independently driven အနည်းဆုံး (၃) လုံး တတ်ဆင်ထားဖို့လိုသလို၊ cargo ship တွေမှာတော့ GRT တန်ချိန် ၁၀၀၀ အောက်မှာ တလုံးက၊ power driven နဲ့ တလုံးက၊ independently driven စုစုပေါင်း (၂) လုံးတတ်ဆင်ဖို့လိုပါတယ်။ အလားတူ GRT တန် ချိန် ၁၀၀၀ အထက်၊ cargo ship တွေမှာ independently driven fire pump က၊ အနည်းဆုံး (၂) လုံး တတ်ဆင်ဖို့လိုပါတယ်။

power driven ဆိုတာက၊ main switch board ကနေ၊ power ပေးကာမောင်းနှင်တဲ့ fire pump မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ emergency switch board က တဆင့်၊ power ပေးပြီး၊ မောင်းးနှင်ဖို့ တတ်ဆင် ထားတဲ့ fire pump တွေကို တော့၊ independently driven ရယ်လို့ သတ်မှတ်နိုင်သလို၊ engine နဲ့  မောင်းနှင်တဲ့ fire pump တွေ ကိုလည်း၊ independently driven fire pump တွေအဖြစ် သတ်မှတ်နိုင် ပါတယ်။

GRT တန်ချိန် ၁၀၀၀ အောက် cargo ship တွေကိုကြည့်ရင်၊ emergency generator တတ်ဆင်ထားလေ့ မရှိတာကို၊ တွေ့ရ မှာ ဖြစ်သလို၊ engine နဲ့ မောင်းနှင်တဲ့ fire pump (၁) လုံးပါတာကိုလည်းတွေ့ရမှာဖြစ် ပါတယ်။ GRT တန်ချိန် ၁၀၀၀ အထက်၊ cargo ship တွေမှာတော့ emergency generator တတ်ဆင် ထားတာမို့၊ fire pump တွေအတွက်လိုအပ်တဲ့၊ power ကို၊ main switch board ကနေမယူပဲ၊ emergency switch board ကနေယူထားတာကို၊ တွေ့ရမှာပါ။ ဒါ့အပြင် GS pump နဲ့ bilge and ballast pump တွေကို လည်း၊ main fire line နဲ့ ဆက်သွယ်ကာ၊ fire pump အဖြစ်အသုံးပြုနိုင်ပါတယ်။


fire pump fire pump ရဲ့ capacity ကို၊ bilge pump capacity နဲ့ နှိုင်းယှဉ်ဖော်ပြလေ့ရှိပါတယ်။ passenger ship တွေမှာ၊ တတ်ဆင်အသုံးပြုတဲ့ fire pump ရဲ့ capacity ဟာ၊ bilge pump capacity ရဲ့ သုံးပုံ ပုံ ၂ ပုံထက်မနည်းဖို့လိုပါတယ်။ cargo ship တွေမှာ၊ တတ်ဆင်အသုံးပြုတဲ့ fire pump တွေရဲ့ capacity ဟာ၊ SOLAS Regulation Part 1, Chapter II-1, Construction - Structure, Subdivision and stability, machinery and electrical installation, Regulation 21 - Bilge pump arrangement အရ တတ်ဆင်ထားတဲ့၊ bilge pump capacity ရဲ့ လေးပုံ ပုံ ၃ပုံထက် မနည်းဖို့လိုပါတယ်။

တခါ၊ cargo ship တွေမှာ၊ တတ်ဆင်အသုံးပြုတဲ့ emergency fire pump အပါအဝင်၊ fire pump တွေ တလုံးချင်းရဲ့ capacity ဟာ 25 Cu. Meter per hour သို့မဟုတ် 1500 Cu. meter per minute နှုံးထက်၊ မနည်းဖို့လည်း လိုအပ်သလို၊ pump တလုံးဟာ၊ အနည်းဆုံး water jet (၂) လုံးကို၊ သတ်မှတ်ထားတဲ့ pressure အတိုင်း ပေးနိုင်ဖို့ကိုလည်း၊ ပြဌာန်းထားပါတယ်။

fire hydrant တွေမှာရှိရမယ့် ရေ pressure က၊ GRT တန်ချိန် ၄၀၀၀ အောက်ခရီးသည်တင် သဘော်တွေ မှာ၊ 0.30 N/ sq. mm နဲ့ တန်ချိန် ၄၀၀၀ အထက်မှာဆို၊ 0.40 N/ sq. mm ရှိရမှာဖြစ်ပါတယ်။ cargo ship တွေမှာတော့ တန်ချိန် ၆၀၀၀ အောက် ဆိုရင်၊ 0.25 N/ sq. mm နဲ့ တန်ချိန် ၆၀၀၀ အထက်မှာ 0.27 N/ sq. mm ရှိရမှာဖြစ်ပါတယ်။

အဲဒီ fire hose တွေကို၊ non-perishable ဆိုတဲ့၊ အချိန်အကြာကြီး သိမ်းဆည်းထားပေ မယ့်၊ ဆွေးမြေ့ စုတ် ပြဲ၊ ပျက်စီးခြင်း မဖြစ်ပေါါစေတဲ့ material တွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ fire hose အရည်အတွက် နဲ့ hose diameter ကိုတော့၊ regulation အရမဆုံးဖြတ်ပဲ၊ administration ဆိုတဲ့၊ သဘော်မှတ်ပုံတင်ထား ရာ နိုင်ငံမှ၊ ပြဌာန်းထားတဲ့ merchant shipping act အရ၊ ဆုံးဖြတ်တတ်ဆင်ပါတယ်။ (၂) လက်မနဲ့ (၂) လက်မခွဲ diameter အရွယ်အစား ရှိတဲ့၊ fire hose တွေကို အသုံးများပါတယ်။

Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
Image credit to : General Engineering Knowledge by H.D McGeorge

No comments:

Post a Comment