Pages

Wednesday 20 July 2011

Dual chamber ironization smoke detector

မြန်မာအင်ဂျင်နီယာဖိုရမ်  http://www.myanmarengineer.org မှ၊ ကူးယူဖော်ပြပါတယ်။

Fig. ionization chamber ထဲကို၊ bias current မပေးမှီ နဲ့ ပေးထားစဉ်

ionization ဟာ မူလက၊ neutral တနည်းအားဖြင့် positive charge သို့မဟုတ် negative charge မဆောင်တဲ့၊ air molecules တွေ သို့မဟုတ် atoms တွေထဲက၊ electron ကိုဖယ်ထုတ် လိုက် ခြင်းကြောင့် ပေါါပေါက်လာတာဖြစ်ပါတယ်။ electron ကို ဖယ်ထုတ်လိုက်တဲ့အခါ၊ molecule သို့မဟုတ် atom ဟာ၊ (+) positive charge အမဓါတ်ကို ဆောင်ပြီး၊ ဖယ်ထုတ်ခြင်းခံရတဲ့ electron ကတော့ ( - ) negative charge အဖိုဓါတ်ကိုဆောင်ခြင်းဖြင့်၊ air molecules တွေမှာ၊ Ionization ဖြစ်ပေါါလာပါတယ်။

Fig. ionization chamber ထဲကို၊ smoke particles တွေဝင်မလာမှီ နဲ့ ဝင်လာစဉ် 

ပုံမှန် ironic current ဟာ pico-amp လောက်သာရှိပါတယ်။ chamber ထဲကို၊ air molecules များများ ဝင်လေ၊ ironic current ပမာဏများလေဖြစ်ပါတယ်။ ဒါပေမယ့် ambient temperature ပေါါမူတည်လို့၊ အတက်အကျရှိနိုင်ပါတယ်။ chamber ထဲကို၊ smoke particles တွေ ဝင်လာရင်တော့၊ ဝင်ရောက်လာတဲ့ smoke particles ပမာဏပေါါမူတည်းပြီး၊ ironic current ပမာဏ ဟာလည်းကျဆင်းသွားမှာဖြစ်ပါတယ်။

air molecules တွေထဲက၊ electron ကိုဖယ်ထုတ်ဖို့အတွက် Alpha particles တွေကိုမသုံးပဲ၊ beta particles တွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အပူပေးခြင်း Heating, Electro-magnetic radiation တွေ ဖြစ်တဲ့ Ultraviolet ray သို့မဟုတ် X ray ကိုအသုံးချခြင်း အစရှိတဲ့ နည်းလမ်းတွေကိုလည်း၊ အသုံးပြုနိုင် ပါတယ်။

beta particles တွေကိုအသုံးပြုတဲ့အခါ၊ ionizing ability ဟာ alpha particles တွေကို အသုံးပြု ခြင်းလောက် မကောင်းတဲ့ အပြင်၊ beta particles တွေကြောင့် ဆိုးရွားတဲ့ ကျမ်းမာရေးထိခိုက် မှုတွေ ဖြစ်ပေါါစေ တတ်ပါတယ်။ ionizing ability ကို၊ Linear Energy Transfer (LET) နဲ့ Quality Factor (QF) အစရှိတဲ့ characteristics တွေနဲ့ ဖော်ပြပါတယ်။

Ionization smoke detection system ဟာ 0.01 ~ 0.4 micron လောက်အထိသေးငယ်တဲ့၊ combustion particles တွေကို၊ detect လုပ်နိုင်တာမို့၊ fast burning နဲ့ flaming fire လို မီးလောင်မှုတွေ အတွက် အသုံးပြုရန်ပိုမိုသင့်လျှော်ပါတယ်။ photo-electric smoke detection system ကတော့၊ 0.4 ~ 10.0 micron ခန့်၊ အရွယ် အစားရှိတဲ့၊ combustion particles တွေကို၊ detect လုပ်နိုင်ပြီး၊ slow burning နဲ့ smoldering fire လိုမီးလောင်မှုတွေ အတွက်အသုံးပြုရန်ပိုမိုသင့်လျှော်ပါတယ်။

fast burning နဲ့ flaming fire ဒါမှမဟုတ် slow burning နဲ့ smoldering fire အစရှိတဲ့ မီးလောင်မှု အမျိုးအစားတွေကို၊ ချက်ခြင်းသိနိုင်ဖို့ detector တခုအတွင်းမှာ Ionization smoke detection system နဲ့ photo-electric smoke detection system ကိုပေါင်းစပ်အသုံးပြုထားတဲ့၊ combination smoke detectors တွေကို၊ အခု အခါမှာ အသုံးများလာတာကိုတွေ့ရ ပါတယ်။ ဒါပေမယ့် sensitive ဖြစ်လွန်း တာကြောင့် သဘော်ရဲ့ engine room မှာတတ်ဆင်အသုံးပြုတဲ့အခါ၊ false alarm တွေမကြာ
ခဏပေါါပေါက်တတ်ပါတယ်။

သဘော်ရဲ့ engine room မှာတတ်ဆင်အသုံးပြုဖို့အသင့်လျှော်ဆုံး၊ ionization smoke detector ကတော့၊ dual chamber ionization smoke detector အမျိုးအစားဖြစ်ပါတယ်။ large hole opening chamber နဲ့ tinny holes opening chamber ဆိုပြီး၊ chamber (၂) ခုပါဝင်ကာ၊ large hole opening chamber ကို၊ sensing chamber အဖြစ်သုံးထားသလို၊ tinny hole opening chamber ကိုတော့ reference chamber အဖြစ်အသုံးပြုထားတာကို၊ တွေ့ရပါတယ်။


ambient air ဟာ၊ sensing chamber အတွင်းကိုဝင်ရောက်မှာဖြစ်ပြီး၊ reference chamber ကတော့၊ air molecules တွေနဲ့ water vapor တွေလောက်သာဝင်ရောက်စေဖို့၊ tinny hole ကတဆင့် ဖွင့်ပေးထားတာ ဖြစ်ပြီး၊ အဲဒီ tinny hole ဟာ smoke particles တွေမဝင်နိုင်လောက်အောင်၊ သေးငယ်ပါတယ်။ reference chamber ဟာ၊ ionization current တန်ဘိုး တခုကို ထုတ်ပေးနေတာ ဖြစ်ပြီး၊ အဲဒီ current တန်ဘိုးဟာ၊ humidity နဲ့ barometric pressure ပေါါမူတည်လို့၊ အတက်အကျ အနည်းငယ်ရှိတတ်ပါတယ်။

sensing chamber အတွင်းကို၊ ambient air ဝင်ရောက်နေစဉ်မှာရှိတဲ့ ionization current တန်ဘိုးနဲ့ reference chamber မှ၊ ionization current တန်ဘိုးတို့ ကွာခြားမှုဟာ၊ ပမာဏ မများတာမို့၊ trigger circuit ကို၊ activated မလုပ်ပါဘူး။ ဒါပေမယ့် smoke particles တွေ ဒါမှမဟုတ် combustion products တွေ၊ sensing chamber အတွင်းကို၊ ဝင်ရောက်လာတဲ့အခါမှာ ionization current ဟာ၊ ကျသွားမှာဖြစ်ပြီး၊ မူလ reference တန်ဘိုးနဲ့ ကွာခြားမှုကြောင့် trigger circuit မှာ activated ဖြစ်ပြီး အချက်ပေးပါတယ်။

Smoke detector တွေမှာ false alarm တွေဖြစ်ပေါါတတ်ပါတယ်။ false alarm တွေဖြစ်ပေါါရတဲ့ အဓိက အကြောင်းရင်းကတော့ အကြောင်းအမျိုးမျိုးကြောင့် dust တွေ၊ steam တွေ၊ fibers တွေဟာ detectors တွေထဲဝင်ရောက်ခြင်းကနေ၊ ဖြစ်ပေါါတတ်သလို၊ non-smoke phenomena မီးခိုးမဟုတ်တဲ့ အငွေ့တွေကြောင့်လည်း၊ ဖြစ်ပေါါတတ်ပါတယ်။ ဒါ့အပြင် false alarm တွေလို မီးတကယ် မလောင်ပဲ ဆေးလိပ်မီးခိုးတို့၊ welding မီးခိုးတို့ကြောင့် မလိုလားအပ်ပဲ ဖြစ်ပေါါတတ်တဲ့ nuisance alarm တွေကို လည်းတွေ့ရတတ်ပါတယ်။

Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
Image Credits to : http://www.sas.org

No comments:

Post a Comment