Pages
Sunday 31 July 2011
Scavenging & Scavenge Fire
engine တွေမှာ combustion ပိုကောင်းစေဖို့၊ turbo charger မှတဆင့် cylinder အတွင်းသို့ လေပေးသွင်း ခြင်းကို scavenging လို့ခေါါပါတယ်။ 4 stroke engine တွေရဲ့ inlet နဲ့ exhaust valve အဖွင့်အပိတ် လုပ်တဲ့ အခါ over lap period ဟာ၊ တိကျလုံလောက်ပြီး၊ 2 stroke engine တွေ မှာတော့ over lap အကန့်အသတ် ရှိနေတာမို့ cylinder အတွင်းမှာ exhaust gas နဲ့ ဝင်လာတဲ့  ပြင်ပလေ အနည်းငယ်ရောနေ တတ်ပါတယ်။
4 stroke engine တွေမှာ power stroke အတွင်း exhaust gas အကုန်ထွက်သွားပြီး၊ 2 stroke engine တွေ မှာတော့ power stroke ဆုံးမှ exhaust gas ထွက်တာဖြစ်ပါတယ်။ piston မှာ compression ဖြစ်ပေါါတဲ့ အချိန်ထက် exhaust valve ပွင့်တဲ့အချိန်ကပိုကြာတာမို့၊ ပြင်ပလေဝင်ရောက်တဲ့ scavenging period ဟာ တိုတောင်းပါတယ်။ ဒီ့အတွက် 2 stroke engine တွေမှာ combustion ကောင်းစေဖို့ ပြင်ပလေ ကို high velocity အလုံးအရင်းနဲ့ သွင်းပေးဖို့ လိုအပ်ပါတယ်။
scavenging နည်းလမ်းတွေကွဲပြားပေမယ့် အခြေခံကတော့ 4 stroke engine မှာရော၊ 2 stroke engine မှာပါ အတူတူပဲဖြစ်ပါတယ်။ piston ရဲ့ down ward stroke အတွင်း၊ တနည်းအားဖြင့် piston အောက်ကို ဆင်းနေစဉ် inlet port ကတဆင့်ပြင်ပလေ ကိုပေးသွင်းတာဖြစ်ပြီး၊ piston ရဲ့ upward stroke တနည်း အားဖြင့် piston အပေါါပြန်တက်လာတဲ့အခါ၊ port ပိတ်ပြီး၊ လေသွင်းတာလည်းရပ်သွားမှာဖြစ်ပါတယ်။
2 stroke engine တွေရဲ့ exhaust arrangements တွေနဲ့ scavenging port တွေရဲ့ location ပေါါမူတည်ပြီး၊ scavenging method နည်းလမ်းတွေ ကွဲပြားပါတယ်။ scavenging method တွေကိုတော့ cross flow, loop flow နဲ့ uni flow ဆိုပြီးခွဲခြားနိုင်ပါတယ်။ cross flow နဲ့ loop flow scavenging method တွေမှာ port တွေ အဖွင့် အပိတ်ဟာ၊ piston ရဲ့ movement ကြောင့်ဖြစ်ပေါါပါတယ်။ uni flow scavenging method မှာတော့ exhaust valve တခုတည်းကသာ၊ ဆောင်ရွက်ပေးတာဖြစ်ပြီး ဒီနေ့ကာလမှာ အသုံး အများဆုံး ဖြစ်ပါတယ်။
Cross flow scavenging
inlet နဲ့ exhaust port တွေဟာ၊ cylinder ရဲ့တဖက်စီမှာ၊ မျက်နှာခြင်းဆိုင်အနေအထားမျိုးရှိနေပြီး၊ exhaust port ဟာ inlet port ထက် အနည်းငယ်မြင့်တဲ့ နေရာမှာ ရှိနေပါတယ်။ cylinder ထဲက fuel မှာ ignition ဖြစ်တဲ့ အခါ၊ gas တွေရဲ့ expansion ကြောင့်၊ piston ဟာအောက်ကို downward position အတိုင်းဆင်းသွားပါတယ်။
Fig. cross flow scavenging
piston ဟာ downward liner motion နဲ့ဆင်းစဉ်၊ exhaust port ကို ကျော်လွန်သွားတာနဲ့ atmospheric pressure ထက်၊ pressure များတဲ့ exhaust gas တွေဟာအပြင်ကိုထွက်သွားပါတယ်။ အဲဒီလိုရုတ်တရက် exhaust gas တွေ pressure နဲ့ထွက်လာတာကို blow down လို့ခေါါပါ တယ်။ piston အောက်ကို ဆက်ဆင်းတဲ့ အခါ၊ inlet port ကို ကျော်လွန်သွားတာနဲ့ပြင်ပလေတွေဟာ cylinder အတွင်းကို ဝင်ရောက် လာပြီး၊ piston အပေါါပြန်တက်တာနဲ့ နောက်ထပ် combustion cycle အတွက် လေတွေကို compression ဖိသိပ်ပါတော့တယ်။
Loop flow scavenging
inlet နဲ့ exhaust valve port တွေဟာ၊ cylinder ရဲ့တဖက်တည်းမှာ အထက်နဲ့  အောက်အနေအထားမျိုး ရှိနေပြီး၊ exhaust port ဟာ inlet port ထက်အနည်းငယ်မြင့်တဲ့နေရာမှာရှိနေပါတယ်။
Fig. loop flow scavenging
piston ဟာ downward liner motion နဲ့ဆင်းစဉ်၊ exhaust port ကို ကျော်လွန်သွားတာနဲ့ exhaust gas တွေ ဟာအပြင်ကိုထွက်သွားပါတယ်။ inlet port ကိုကျော်သွားတဲ့အခါ၊့ ပြင်ပလေတွေဝင်လာပြီး၊ cylinder အတွင်း မှ exhaust gas တွေကို၊ အပြင်ဖက်ကိုတွန်းထုတ်ပါတယ်။ ဒီနေ့ ခေါတ် ကာလမှာတော့ cross flow နဲ့ loop flow scavenging method ကိုအသုံးပြုထားတဲ့ engine တွေမရှိတော့ပါဘူး။ 
အဲဒီ scavenging method တွေရဲ့ အဓိက အားနည်းချက်က၊ cylinder အတွင်းမှ combustion products တွေကို ကုန်စင်အောင်မထုတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် scavenging period ဟာ တိုတောင်းတာမို့၊ ပြင်ပလေ ကို high velocity နဲ့ပေးသွင်းဖို့လိုအပ်ပါတယ်။
cross flow scavenging ရဲ့ အားနည်းချက်တခုကတော့ piston ဟာ၊ stroke ရဲ့ထိပ်မှာရှိနေစဉ်၊ လေ ဒါမှ မဟုတ် exhaust gas တွေ port တွေ ကနေအပြင်ထွက်မသွားစေဖို့ piston skirt ကိုတတ်ဆင် တားဆီး ထားခြင်းဖြစ် ပါတယ်။ အဲဒီအခါ cross head bearing မှာသက်ရောက်မယ့် load မြင့်တက်လာသလို၊ cylinder liner ပွန်းစားမှု wear down ဟာလည်းပိုမိုဖြစ်ပေါါလာတာကိုတွေ့ရပါတယ်။ cylinder liner မှာ inlet နဲ့ exhaust port တွေ ထည့်သွင်းတည်ဆောက်ထားတာမို့ temperature ဟာလည်းမြင့်မားပြီး၊ cylinder liner lubricating အတွက်၊ lubricating oil ချောဆီပမာဏ ပိုမိုအသုံးပြုရပါတယ်။ loop flow scavenging မှာ၊ low temperature inlet air နဲ့ high temperature exhaust gas တို့ရဲ့ အပူချိန်ပမာဏ မြင့်မားစွာကွာဟမှုကနေ cylinder liner materials တွေကို ထိခိုက်စေတဲ့ အားနည်းချက် ရှိပါတယ်။
Uni flow scavenging
exhaust valve ကို cylinder cover မှာတတ်ဆင်ပြီး၊့ ပြင်ပလေကိုပေးသွင်းပါတယ်။ piston ဟာ cylinder liner ရဲ့အဆုံး lower end နေရာမှာ ရှိနေစဉ်၊့ ပြင်ပလေ ဝင်ရောက်လာပါတယ်။ piston အပေါါပြန်တက်လာတဲ့ အခါ၊ cylinder အလည်တည့်တည့်က exhaust valve ဟာ ပိတ်နေပြီ ဖြစ်လို့ နောက်ထပ် combustion cycle အတွက် လေတွေကို compression ဖိသိပ်ပါတော့တယ်။
Fig. uni flow scavenging
exhaust valve အဖွင့်အပိတ်ကို timing အရလုပ်ဆောင်ပေးပြီး "variable exhaust timing" စနစ်ကို တတ်ဆင် အသုံးပြုလာကြပါတယ်။ engine ရဲ့ load နဲ့ speed အပေါါမူတည်ပြီး၊ လိုအပ်သလို အတိုး အလျှော့လုပ်နိုင် တာမို့ combustion efficiency ပိုမိုကောင်းမွန်လာတာကိုတွေ့ရပါတယ်။
Fig. auxiliary blower
two stroke engine တွေမှာ scavenging air ကို turbo-charger ကနေပေးသွင်းတဲ့အခါ low rpm အပါတ်ရည် နည်းနည်းနဲ့ engine လည်ပတ်ခုတ်မောင်းနေစဉ် လုံလောက်တဲ့ scavenging air velocity နဲ့ scavenging air pressure ကိုမရရှိနိုင်ပါဘူး။ turbo-charger ဟာ engine ရဲ့ exhaust gas velocity ကြောင့်အပြည့်အဝ မလည်နိုင်သေးတဲ့အခါ၊ auxiliary blower တွေကိုမောင်းနှင်ပြီး scavenging air ကိုဖြည့်သွင်းပေးပါတယ်။
auxiliary blower ကို engine အရွယ်အစားပေါါမူတည်လို့ (၁)လုံး သို့မဟုတ် (၂)လုံး တတ်ဆင်ကြပါတယ်။ blower motor ရဲ့ starter ဟာ star/ delta starter ဖြစ်ပြီး၊ manual ရော automatic ပါမောင်းနှင်လို့ရ ပါတယ်။ scavenging air pressure အနည်းအများပေါါမူတည်ပြီး scavenging air pressure switch က တဆင့်၊ blower motor ကို၊ အလိုအလျှောက် လည်ပတ်စေတာဖြစ်ပါတယ်။
engine စတင်မောင်းနှင်တဲ့အခါမှာလည်း၊ auxiliary blower ကိုမောင်းပြီး scavenging air ကိုပေးသွင်းရ ပါတယ်။ ဒါကြောင့်မို့ သာမန် blower motor တလုံးဖြစ်တဲ့ auxiliary blower motor ဟာ၊ engine အတွက် critical machinery တခုအဖြစ်သတ်မှတ်နိုင်တာမို့ လုံလောက်တဲ့ regular maintenance တွေ   ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
တကယ်တော့ သဘော်က main engine ဆိုတာ၊ high operation temperature နဲ့မောင်းနှင်နေတာမို့ အလွယ် တကူ မီး ထလောင်တတ်တဲ့ အရာ တခုဖြစ်ပါတယ်။ cylinder အတွင်းက လောင်စာဆီနဲ့ carbon particles တွေရောနှောပေါင်း စပ်ပြီး၊ scavenge space မှာရှိနေရာကနေ မီးလောင်တတ်ပြီး scavenge fire လို့ခေါါပါတယ်။
Fig. scavenge fire
ပုံမှန်အလုပ်မလုပ်တဲ့ defective injectors တွေတနည်းအားဖြင့် leak ဖြစ်နေတဲ့ fuel injectors တွေကြောင့် scavenge fire ဖြစ်တတ်သလို၊ fuel timing မမှန်ရင်လည်း၊ scavenge fire ဖြစ် တတ်ပါတယ်။ အရည်အသွေး နိမ့်တဲ့ လောင်စာဆီကို အသုံးပြုခြင်း၊ scavenge air လုံလောက်စွာမရ ရှိခြင်း၊ exhaust ပိုင်းမှာပိတ်ဆို့နေခြင်း၊ piston rings တွေ leak ဖြစ်နေ ခြင်း၊ cylinder liner ပွန်းစား လွန်းနေ ခြင်းနဲ့ lubrication မမှန်ကန်ခြင်း
တဝက်တပျက်သာလောင်ကျွမ်းထားတဲ့ လောင်စာဆီနဲ့ carbon particles တွေဟာ၊ အပူချိန်မြင့်မားတဲ့ scavenge spaces ထဲမှာ၊ ရှိနေသလို scavenge air ကလည်းမလုံလောက်တဲ့အချိန်မှာ၊ ignition source အနေနဲ့ ရှိနေပါတယ်။ အဲဒီအချိန်မှာ high temperature particle တခုခုပဲ ဖြစ်ဖြစ်၊ leak ဖြစ်နေတဲ့ piston rings တွေ ကနေ လွင့်လာတဲ့ spark တခုခုနဲ့ပဲ ဖြစ်ဖြစ်၊ ပေါင်းဆုံမိတဲ့ အခါ မီး ထလောင်ပါတော့တယ်။
Fig. scavenge drain
မီးမလောင်ခင် မီးလောင်တော့မယ့် symptoms အရိပ်လက္ခဏာတွေကိုလည်းပြလေ့ရှိပါတယ်။ engine ရဲ့ power ဟာ ရုတ်တရက်ထိုးကျသွားပြီး exhaust temperature တွေသိပ်မြင့်တက်လာခြင်း ဒါမှမဟုတ် engine လည်ပတ်ပုံဟာ ပုံမှန် မဟုတ်တော့ပဲ funnel မီးခိုးခေါင်းတိုင်မှ exhaust gas တွေအလုံးအရင်းနဲ့ ထွက်လာ့ခြင်း ဒါမှမဟုတ် turbo-charger မှာ surging ဖြစ်ပြီး၊ scavenge drain မှ spark တွေထွက်လာ ခြင်း အစရှိတာတွေ ပေါါပေါက်ပြီး၊ မကြာခင် နောက်ဆက်တွဲ အနေနဲ့ scavenge fire ဖြစ်တတ်ပါတယ်။
အဲဒီလို symptoms တွေပြလာခဲ့ရင် engine speed ကိုလျှော့ကာရပ်ပြီး၊ fuel line, supply air line နဲ့ scavenge drain line တွေကိုအရင်ဆုံး ပိတ်ရပါတယ်။ တကယ်လို့ မီးမလောင်သေးရင်တော့ scavenge trunk ဒါမှမဟုတ် cylinder block က သက်ဆိုင်ရာ man hole cover ကိုဖွင့်ပြီး၊ CO2, Dry powder နဲ့ foam အစရှိတဲ့ portable fire extinguisher တခုခုကို သုံးကာ scavenge space ထဲမှ hot spots ကို ပက်ဖြန်းပြီး တားဆီးနိုင်ပါတယ်။
အထဲမှာ မီးလောင်နေရင်တော့ inspection hole cover ကိုလုံးဝ မဖွင့်သင့်ပါဘူး။ သဘော်တွေမှာ scavenge extinguishing system တွေတတ်ဆင်ထားလေ့ ရှိတာမို့၊ fixed extinguishing system တခုခုနဲ့ အချိန်မှီ မီးငြိမ်းသတ်ဖို့ လိုပါတယ်။ 
Fig. steam scavenge fire extinguishing system
Fig. water mist scavenge fire extinguishing system 
Fig. CO2 scavenge fire extinguishing system
တတ်ဆင်ထားလေ့ရှိတဲ့ scavenge fixed extinguishing system တွေကတော့ steam extinguishing, water mist extinguishing နဲ့ CO2 extinguishing system တို့ဖြစ်ပါတယ်။ scavenge spaces တွေမှာ temperature sensors တွေ တတ်ဆင်ထားတဲ့အခါမှာ အပူချိန်ထူးထူးခြားခြား တက်လာတဲ့အခါ မီး မလောင်ခင်ကြိုတင်သိနိုင်ပြီး၊ အဲဒီ sensors တွေက တဆင့် engine ကို slow down လုပ်ပေးလိုက်မှာမို့ မီးလောင်တဲ့ အဆင့်ထိ မရောက်အောင်၊ တားဆီးပေးနိုင်ပါတယ်။
scavenge trunk နဲ့ scavenge ports တွေကိုပုံမှန်သန့်ရှင်းရေးလုပ်ခြင်း၊ fuel injectors တွေ နဲ့ fuel pumps တွေ ကိုလည်း running hours အလိုက် servicing လုပ်ခြင်းနဲ့ unit over hauling လို့ခေါါတဲ့ running hours အလိုက် သက်ဆိုင်ရာ unit တွေကို စစ်ဆေးကာ၊ cylinder liner အပါအဝင် wear down ပွန်းစားနေတဲ့ အစိတ် အပိုင်းတွေ နဲ့ defect ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို အသစ်လှဲလှယ်အစားထိုးခြင်း၊ စတဲ့ preventive maintenance တွေ ဆောင်ရွက်ခြင်းဖြင့် scavenge fire ဖြစ်ပေါါမှုမှ ကာကွယ်နိုင်ပါတယ်။
Credit to : ကိုထွန်း
Reference :  Marine Auxiliary Machinery, 7th Edition, 1995 by Mc George,
Image credit to : http://engineeringworkshop.blogspot.com, http://aircompressor.webs.com
Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.
No comments:
Post a Comment