purifier motor တွေရဲ့ starting current ဟာ full load current ထက် (၆) ဆမှ (၈) ဆခန့်ပိုပါတယ်။ motor ဟာ rated speed မရောက်ခင်၊ load ကိုမထမ်းစေဖို့ centrifugal clutch ကိုအသုံးပြုထားပြီး၊ initial start မှာ over load မဖြစ်စေဖို့ clutch assembly တွေက၊ တားဆီးထား ပါတယ်။ Alpha Laval, Wsetfalia နဲ့ Mitsubishi brand purifiers တွေ အားလုံးမှာ centrifugal clutch assembly တွေ တတ်ဆင် ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် Wsetfalia purifier တွေရဲ့ motor starter မှာ thermal over load relay ကိုတတ်ဆင် အသုံးမပြုပဲ thermistor relay ကိုတတ်ဆင်ထား တာကိုတွေ့ဖူးပါတယ်။ motor windings တွေထဲမှာ thermistor sensor ကိုမြှုတ်ထားပြီး၊ အကယ်၍ winding temperature တက်လာတဲ့အခါ၊ thermistor relay ကနေ motor ကို၊ trip ဖြစ်စေပါတယ်။
Mitsubishi purifier တွေ မှာတော့ timer တလုံးခံကာ initial start period မှာ၊ thermal overload relay ကို၊ by pass လုပ်ထားပြီး၊ rated speed ကိုရောက်မှ စတင်အလုပ်လုပ်စေတာကိုလည်း၊ တွေ့ခဲ့ဖူးပါတယ်။ initial start period အတွက် timer ကို (၁၀) မိနစ် ခန့်ချိန်ထားလေ့ ရှိပါတယ်။
Fig. electric motor characteristics for Mitsubishi SJ 25T purifier
motor ရဲ့ amperes ဟာ၊ initial start period မှာမြင့်တက်နေတာကိုတွေ့ရမှာဖြစ်ပြီး၊ bowl speed ဟာ၊ rated rpm ကိုရောက်သွားမှသာ ပုံမှန် amperes ကိုတွေ့ရမှာဖြစ်ပါတယ်။ purifier ဟာ၊ sludge discharge period မှာ speed ဟာ အခိုက်အတန့်ကျသွားတာမို့၊ amperes ပြန်တက် လာမှာ ဖြစ်ပါတယ်။ အလားတူ sealing water ကို bowl အတွင်းပေးသွင်း တဲ့ discharge cycle မှာလည်း amperes အနည်းငယ် မြင့်တက် လာတာ ကိုတွေ့ရမှာ ဖြစ်ပါတယ်။
sludge discharge period ပြီးဆုံးလို့၊ ဆီကို purifier အတွင်းပေးသွင်းနေစဉ်မှာလည်း၊ amperes အနည်းငယ် မြင့်တက် လာတာကိုတွေ့ရ မှာဖြစ် ပါတယ်။ တနည်းအားဖြင့် motor amperes အတက် အကျဟာ၊ bowl speed အနှေးအမြန်နဲ့ ဆက်စပ်နေတယ်လို့ပြောလို့ရပါတယ်။
Fig. Alpha Laval purifier
specific gravity မတူညီတဲ့ အရည် (၂) မျိုးကို၊ centrifugal force အသုံးပြုပြီးခွဲခြားတဲ့နည်းနဲ့ purifier ဟာ အလုပ်လုပ် ပါတယ်။ မသန့်စင်ရသေး တဲ့ ဆီဟာ၊ bowl အတွင်းကိုဝင်ရောက်လာပြီး၊ density ပိုမြင့် တဲ့ ရေနဲ့ sludge particles တွေဟာ၊ gravity disc တွေရဲ့ စစ်ထုတ် မှုကြောင့် အောက်ခြေ ကိုရောက်ရှိ သွားမှာဖြစ်ပါတယ်။ bowl အပေါါဖက်က သန့်စင်ပြီးတဲ့ ဆီကို၊ service tank တွေအတွင်း pump က တဆင့်  ပို့ ဆောင်ပါတယ်။ sludge တွေနဲ့ရောနေတဲ့ waste water တွေကိုတော့ sludge tank အတွင်းကို၊ ပို့ဆောင်ပါတယ်။
Fig. gravity discs and oil interface
room temperature မှာရှိနေတဲ့ tank အတွင်းက ဆီနဲ့ ရေကိုခွဲထုတ်ဖို့ဟာခက်ခဲပါတယ်။ ဒါပေမယ့် purifier ကို အသုံးပြုတဲ့ အခါ၊ centrifugal force ကြောင့် မူလ elevated temperature မှာတင် (၈) ဆခန့် ပိုပြီးခွဲထုတ်နိုင် ပါတယ်။ လက်ရှိတတ်ဆင် သုံးစွဲနေတဲ့ purifiers တွေဟာ separating capacity ပိုမိုကောင်းမွန်လာတာမို့၊ 100 °C အောက်မှာတင်၊ high density oil ထဲက၊ ရေ ကိုခွဲထုတ်နိုင်တာတွေ့ရ ပါတယ်။ ဒါပေမယ့် 100 °C ထက် မကျော်စေဖို့၊ သတိထား ရမှာ ဖြစ်သလို ကျော်တာနဲ့ ရေဆူပြီး interface ကနေမထွက်နိုင်တာမို့ oil overflow ဖြစ်ပေါါ တတ်ပါတယ်။
Image. purifiers, solenoid valves and control panels
purifier တွေကိုမောင်းနှင်တဲ့အခါ၊ boiler တွေလိုပဲ operating sequence တွေရှိပါတယ်။ operation sequence ကိုလေ့လာကြည့်ရင် starting, de-sludge နဲ့ stopping ဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။
ဟိုးအရင်ကတော့ purifier တွေ မောင်းနှင်တဲ့အခါ၊ manually operated အဖြစ်၊ valve အဖွင့်အပိတ်တွေ လုပ်ခဲ့ကြပါတယ်။ အဲဒီကတဆင့် electrical operated solenoid valves တွေကိုအသုံးပြု လာပြီး၊ timer တွေနဲ့ sequence ကို control လုပ်ပါတယ်။ purifier control panel ကိုဖွင့်ကြည့်ရင် timers တွေနဲ့ relays တွေ၊ magnetic contactors တွေအများအပြား ကိုတွေ့ရမှာဖြစ်ပါတယ်။
Image. purifier control PLC panel
အခုနောက်ပိုင်းမှာတော့ PLC unit တွေကိုတတ်ဆင်အသုံးပြုကာ sequence ကို control လုပ်တာမို့၊ panel ကိုဖွင့်ကြည့်ရင် အရင်ကလို ရှုပ်ရှုပ်ထွေးထွေး မရှိတော့ပဲ compact ဖြစ်လာသလို၊ operating ပိုင်းမှာလည်း sensors အများအပြား တတ်ဆင် လာတာကို၊ တွေ့ရမှာဖြစ်ပါတယ်။
purifier ဟာ centrifugal force ကိုသုံးပြီး၊ specific gravity သိပ်သည်းဆ မတူတဲ့ အရည် (၂) မျိုးကို၊ သန့်စင် ခွဲထုတ်ပေးတယ် လို့အထက်တနေရာမှာဆိုခဲ့ပါတယ်။ သန့်စင်ခွဲထုတ်ဖို့ တနည်းအားဖြင့် purification process ကိုမစခင်၊ စစ်ဆေးရမယ့် parameters တွေရှိပြီး၊ လိုအပ်သလို adjust လုပ်ပေးရ ပါတယ်။ အဲဒီ parameters တွေကတော့ feed inlet oil temperature, oil density, rotating bowl RPM, back pressure နဲ့ oil feed through out put တို့ဖြစ်ပါတယ်။
feed inlet oil temperature - သန့်စင်မယ့် ဆီဟာ viscosity နိမ့်လေ၊ purification လုပ်ရတာ ပိုလွယ်လေလို့ပြောနိုင်ပါ တယ်။ ဒီ့အတွက် သန့်စင်မယ့်ဆီကို purifier ထဲမပို့ခင်၊ heater အတွင်းဖြတ်သန်း ကာ အပူပေးခြင်း ဖြင့် viscosity ကျသွားမှာ ဖြစ်ပါတယ်။ fuel feed temperature ဟာ သတ်မှတ်ထားတဲ့ temperature မှာရှိမရှိကိုစစ်ဆေးတဲ့ အခါ၊ အသုံးပြုတဲ့ ဆီနဲ့ပက်သက်တဲ့ bunker report ထဲက၊ အချက်အလက်တွေကိုကိုးကားရပါတယ်။
oil density - ဆီရဲ့ density နိမ့်တဲ့အခါမှာလည်း၊ purification လုပ်ရတာပိုလွယ်ပါတယ်။ viscosity ကျစေဖို့ heater အတွင်း ဖြတ်သန်းအပူပေးလိုက်တဲ့အခါ၊ density ပါကျသွားမှာဖြစ်ပါတယ်။
rotating bowl RPM - လိုအပ်တဲ့ centrifugal force အပြည့်အဝရမှ၊ purifier ရဲ့ separation efficiency အပြည့်အဝကို ရမှာဖြစ်တဲ့အတွက်၊ bowl ဟာ rated RPM နဲ့ လည်ပတ်နေစေဖို့လိုအပ်ပါတယ်။
back pressure - သန့်စင်ပြီးဆီကို daily service tank အတွင်းပို့နေစဉ်၊ purifier ဖက်ကို back pressure အနေနဲ့ပြန်လာ တတ်ပါတယ်။ back pressure ဟာ purifier သို့ပေးသွင်းတဲ့ ဆီရဲ့ temperature, viscosity နဲ့ density varies ပြောင်းလဲ မှုပေါါ မူတည်နေတာမို့၊ လိုအပ်သလို adjust လုပ်ပေးရပါတယ်။
oil feed through out put - သန့်စင်မယ့်ဆီကို၊ purifier အတွင်းသို့ပေးပို့တဲ့ flow rate ဟာလည်း minimum အနည်းဆုံး ဖြစ်မှသာ၊ purification efficiency အပြည့်အဝကိုရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် purifier ရဲ့ fittings တွေ၊ gear case oil level နဲ့ brake ဟာ release position မှာရှိ၊ မရှိစတဲ့ အချက်တွေဟာ လည်း purifier မမောင်းခင်မှာစစ်ဆေးရမယ့်အချက်တွေဖြစ်ပါတယ်။
Starting
purifier ကိုမမောင်းခင်၊ 3 way re-circulating valve အပါအဝင် သက်ဆိုင်ရာ valves တွေရဲ့ position မှန်မမှန် စစ်ဆေး ရ မှာဖြစ်ပါတယ်။ feed pump ကိုစမောင်းပြီးတာနဲ့ heater မှ steam ကို drain လုပ်ပေး ဖို့လိုအပ်ပါတယ်။ drain line ကိုဖွင့် လိုက်တဲ့အခါ condensate water ဟာအရင်ဆုံးထွက်လာမှာ ဖြစ်ပြီး၊ steam လိုက်လာတာနဲ့ ပြန်ပိတ်လို့ရပါပြီ။
purifier motor ကိုစမောင်းလိုက်တာနဲ့ ampere မီတာမှာ current တန်ဘိုးဟာထိုးတက်သွားတာကိုတွေ့ရ မှာဖြစ် ပြီး၊ bowl ဟာ rated speed ကိုရောက်မှ၊ မီတာရဲ့ pointer ဟာပုံမှန်နေရာကိုပြန်ဆင်းလာမှာဖြစ် ပါတယ်။
De-sludge
purification process ရဲ့ ပထမဆုံးအဆင့်က၊ bowl closing period ပဲဖြစ်ပါတယ်။ bowl closing period မှာ bowl closing water ဝင်ရောက်လာပြီး၊ အဲဒီရေကို operating water လို့လည်းခေါါ ပါတယ်။ bowl closing period ဟာ (၁၀) စက္ကန့်ခန့် ကြာပါတယ်။
ဒုတိယအဆင့်က sealing water period ဖြစ်ပါတယ်။ bowl closing water ဝင်ရောက်တာ ရပ်သွားတာနဲ့ sealing water ဝင်ရောက်လာမှာဖြစ်ပြီး၊ purifier ရဲ့ waste water outlet ကနေ sealing water တွေ လျှံကျ လာမှ၊ ရပ်သွားမှာဖြစ်ပါတယ်။ sealing water ကို bowl displacement water လို့လည်းခေါါပါ တယ်။
တတိယအဆင့်ကတော့ bowl opening period ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် bowl opening water ကိုပေးသွင်းတာ ဖြစ်ပြီး၊ operating water သို့မဟုတ် de-sludge water လို့ခေါါပါတယ်။ အဲဒီ အချိန်မှာ ဂရုတစိုက်နားစွင့် ကြည့်ရင် bowl ပွင့်တဲ့အသံလေးကို ကြားရမှာဖြစ်ပါတယ်။
Fig. Alfa Laval purifier flow chart
အထက်မှာဖော်ပြခဲ့တဲ့ bowl closing period, sealing water period နဲ့ bowl opening period ကို (၂) ကြိမ်ဆောင်ရွက် ပြီးတဲ့ အခါ၊ 3 way re-circulating valve ကတဆင့် purifier အတွင်းကိုသန့်စင်မယ့် ဆီ ဟာ ဝင်ရောက်လာမှာဖြစ်ပါတယ်။
ဆီဝင်လာပြီးတဲ့အခါ back pressure ဟာ၊ build up လုပ်ပါလိမ့်မယ်။ waste water out let နဲ့ sludge out let port တွေမှာ၊ သန့်စင်မယ့်ဆီ over flow ဖြစ်မဖြစ်ကိုစစ်ဆေးဖို့လိုအပ်သလို၊ fully automatic purifier တွေ မှာတော့ flow switch တွေက တဆင့်၊ အချက်ပေးပါတယ်။ ဆီဝင်တဲ့ flow rate ကိုလည်း back pressure ပေါါမူတည်လို့ adjust လုပ်ပေးရပါတယ်။ parameters တွေ အားလုံးဟာပုံမှန်ရှိနေတဲ့အခါ purifier ဟာ မောင်းနှင်ရင်း ဆီတွေကိုသန့်စင်ပေးနေမှာဖြစ်ပါတယ်။
Fig. Alfa Laval purifier mounting drawing
HFO purifier တွေဟာ (၂) နာရီတခါ နဲ့ LO purifier တွေဟာ (၄) နာရီတခါ de-sludge လုပ်ပြီး၊ sequence ကို အစက ပြန်စတယ်လို့ ယေဘုယျအားဖြင့်ပြောနိုင်ပါတယ်။ အထက်မှာဖော်ပြထားးတဲ့ Alfa Laval purifier တလုံးရဲ့ mounting drawing ကိုကြည့်ရင် sensors တွေအများအပြား တတ်ဆင်ထားတာ ကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီ sensors တွေထဲက flow switches တွေ၊ pressure switches တွေနဲ့ temperature switches တွေဖြစ်တဲ့ thermo-couples တွေ၊ malfunctioning ဖြစ်ရင် sequence စလိုက် ပြီးတဲ့အခါ၊ purifier ကိုလုံးဝမောင်းလို့မရတာ ကြုံတွေ့ဖူးပါတယ်။
နောက်တခုက solenoid valve တွေ leak ဖြစ်တဲ့အခါ၊ overflow ဖြစ်ပြီး daily tank ထဲဆီရောက်မလာပဲ၊ sludge tank ထဲမှာ sounding တက်လာတာမျိုး လည်းကြုံရတတ်ပါတယ်။ solenoids တွေ ရဲ့ diaphragm ဟာ rubber diaphragm မို့၊ အချိန်ကြာလာတာနဲ့အမျှ ရေထဲမှာပါလာတဲ့ impurities တွေ ကပ်ကာ၊ partially open ဖြစ်နေတတ် ပါတယ်။
အဲဒီအခါ purifier ထဲကို sealing water သို့မဟုတ် operating water ဟာဆက်လက်ဝင်ရောက်နေပြီး၊ over flow ဖြစ်ကာ purifier ထဲက ဆီအသန့်တွေကိုပါ sludge discharge out let မှ ထွက်သွားစေတတ် ပါတယ်။
Stopping
purifier ကိုရပ်တဲ့အခါ၊ oil feeding ကိုအရပ်ရပ်ပြီး de-sludge လုပ်ရပါတယ်။ de-sludge လုပ်ပြီး bowl ထဲမှရေဖြည့်ပြီးတဲ့ အခါမှာတော့ motor ကိုရပ်နိုင်ပြီဖြစ်ပါတယ်။
Post credit to : ဦးရီးထွန်း http://www.myanmarengineer.org
Image credit to : Sriram Balu, Part time Lecturer, International Maritime Academy, Chennai, India, www.alfalaval.com,
Image : ရောက်ခဲ့ဖူးတဲ့ သဘော်တစီးက ပုံလေးတွေပါ။
No comments:
Post a Comment