Pages

Saturday 21 July 2012

Automobile suspension systems (၁)

မော်တော်ယာဉ်တွေရဲ့စွမ်းရည် performance အကြောင်းကိုပြောတဲ့အခါ၊ တတ်ဆင်အသုံးပြုထားတဲ့ internal combustion engine systems တွေအကြောင်းသာမက၊ suspension systems တွေ အကြောင်းကိုလည်း၊ ထည့်ပြောဖို့လိုလာတယ်။ suspension system ဟာ၊ မော်တော်ယာဉ်တွေ မောင်းနှင် သွားလာစဉ်၊ တတ်ဆင် ထားတဲ့ tires တွေနဲ့ road surface ဆိုတဲ့ လမ်းမျက်နှာပြင်ကြားမှာ၊ ပေါါပေါက် လာမယ့်၊ ပွတ်မှုအား friction ကိုလျှော့ချပေးတဲ့စနစ်ဖြစ်ပါတယ်။ suspension systems တွေအကြောင်း မစခင် မော်တော်ယာဉ်တွေမှာ တတ်ဆင် အသုံးပြုတဲ့ tires တွေနဲ့၊ ပက်သက်ပြီး၊ မှတ်သားမိသလောက်ဖော်ပြပါဦးမယ်။

tire တလုံးကို ခွဲခြမ်းကြည့်တဲ့အခါ၊ bead, body, belts, cap plies, sidewall နဲ့ tread ဆိုတဲ့၊ အဓိက components အစိတ်အပိုင်းတွေကိုတွေ့ရပါတယ်။ bead ဟာ rubber coated ပြုလုပ်ထားတဲ့၊ high-strength steel cable loop ဖြစ်ပြီး၊ tire ကို wheel rim မှာတတ်ဆင်ထားတဲ့အခါ၊ strength ရစေဖို့ထည့်သွင်းထားတဲ့ component ဖြစ်ပါတယ်။ wheel rim ကိုတော့ အရပ်သုံးစကားအရ၊ disc wheel သို့မဟုတ် ဘီးခွေလို့ခေါါပါတယ်။ body ကို fabrics တွေကိုသုံးပြီး plies အလွှာတွေနဲ့ ပြုလုပ်ထားပါတယ်။ polyester cord ဟာ body အဖြစ်အသုံးများတဲ့ ply fabric material ဖြစ်ပါတယ်။ radial tire တွေမှာ၊ cords တွေကို၊ tread တွေနဲ့ perpendicular အနေအထားမျိုးထားရှိပြီး၊ diagonal bias tires တွေမှာတော့၊ tread တွေနဲ့၊ angle အနေအထားမျိုးထားရှိပါတယ်။ plies တွေကို rubber coated ပြုလုပ်ထားပြီး၊ tire အတွင်းမှ လေ နဲ့ အခြား components တွေအတွက်၊ seal အဖြစ်ဆောင်ရွက်ပေး ပါတယ်။ tire ရဲ့ strength ကို plies အရည်အတွက်ဖြင့်ဖော်ပြပါတယ်။ ယေဘုယျ အားဖြင့် မော်တော်ယဉ်တွေမှာ အသုံးပြုတဲ့ tires တွေဟာ အလွှာ (၂) ထပ်ပါရှိတဲ့ two body plies tires တွေဖြစ်ပြီး၊ တခါတရံ လိုအပ်ချက်အရ body plies အလွှာ (၃၀) နဲ့အထက်၊ tires တွေကိုလည်း၊ အသုံးပြုပါတယ်။ 

Fig. Parts of tire

radial tires တွေမှာ belts တွေကို၊ ထည့်သွင်းတတ်ဆင်ထားပါတယ်။ belts တွေကို steel နဲ့ပြုလုပ်ထားပြီး၊ tread ရဲ့ အောက်ဖက်မှာ reinforce area အဖြစ်၊ တတ်ဆင်ထားခြင်းဖြစ်ပါတယ်။ belts တွေကြောင့် tire မှာ၊ puncture resistance ရရှိလာပြီး၊ tire ဟာ လမ်းမျက်နှာပြင် road surface နဲ့ထိတွေ့တဲ့အခါ၊ flat အပြားပုံသဏ္ဍန်ဖြင့်၊ အမြဲတမ်းထိတွေ့နေနိုင်ပါတယ်။ အချို့ tires တွေမှာ၊ cap plies လို့ခေါါတဲ့ polyester fabric extra layer အလွှာအပို၊ (၂) ချပ် ထည့်သွင်းထားလေ့ရှိပါတယ်။ cap plies ထည့်သွင်းထားတဲ့ tires တွေကို၊ higher speed rating မော်တော်ယာဉ်တွေမှာ၊ တတ်ဆင်အသုံးပြုကြပါတယ်။ tire မှာ lateral stability ရရှိစေဖို့၊ sidewall ကို ထည့်သွင်းထားပါတယ်။ sidewall ဟာ tire ထဲမှာ ဖြည့်သွင်း ထားတဲ့လေ၊ အပြင်ထွက်မသွားစေဖို့ ထိန်းပေးထားသလို၊ body plies တွေကိုလည်း၊ ကာကွယ်ပေးထား ပါတယ်။ lateral stability ပိုမိုကောင်းမွန်စေဖို့ sidewall မှာ၊ additional components တွေ ထည့်သွင်းထားတဲ့ tires တွေကိုလည်း၊ တွေ့ရတတ်ပါတယ်။ tread ကို natural နဲ့ synthetic rubbers အမျိုးအစား၊ အမြာက်အများရောစပ်ပြီး၊ ပြုလုပ်ထားပါတယ်။ tread နဲ့ sidewall ဟာ extruded အနေနဲ့ ပုံလောင်းထားတဲ့၊ components တွေဖြစ်ပါတယ်။ tread patterns တွေမပါရှိပဲ၊ smooth rubber အနေနဲ့သာရှိနေတဲ့အခါ၊ tire traction လို့ခေါါတဲ့၊ မော်တော်ယာဉ်မောင်းနှင်သွားလာနေစဉ်၊ လမ်းချော်ခြင်း road slip ဖြစ်ပေါါနိုင်ပါတယ်။

  Fig. Radial tire-building machine

bead, body, belts, cap plies, sidewall နဲ့ tread အစရှိတဲ့၊ components အစိတ်အပိုင်းတွေဟာ tire-building machine ကိုအသုံးပြုပြီး၊ assembled အနေနဲ့တတ်ဆင်ပါတယ်။ tire-building machine ဟာ အစိတ်အပိုင်းတွေကို၊ correct location အနေနဲ့တတ်ဆင်ပေးပြီး၊ shape နဲ့ size ကို၊ အနီးစပ်ဆုံး ပုံသဏ္ဍန်ဖြစ်ပေါါလာစေရန်၊ ဆောင်ရွက်ပေးပါတယ်။ tire-building machine မှပြုလုပ်ပေးလိုက်တဲ့ tires တွေကို၊ green tire လို့ခေါါပါတယ်။ green tires တွေမှာ tread patterns တွေမပါဝင်သလို၊ components အစိတ်အပိုင်းတွေဟာလည်း တခုနဲ့တခု၊ very tightly အနေနဲ့ ထိဆက်နေခြင်း မရှိသေးတာ၊ တွေ့ရပါတယ်။ green tires တွေကို၊ curing machine မှတဆင့် waffle iron molding အနေနဲ့ traction patterns တွေ အဖြစ်ပုံဖော်ရပါတယ်။ ပုံဖော်စဉ် vulcanizing အနေနဲ့ အပူပေးတဲ့အခါ၊ components အစိတ်အပိုင်းတွေဟာ တခုနဲ့တခုထိကပ်ကာ၊ တွဲဆက်သွားပြီး၊ finishing နဲ့ inspection procedures တွေကိုဆောင်ရွက်ပြီးတဲ့ အခါမှာတော့၊ မော်တော်ယာဉ်မှာ တတ်ဆင်အသုံးပြုနိုင်တဲ့ tire အဖြစ် ရရှိလာပါတယ်။


Fig. Tire side wall markings

tires တွေမှာ sidewall marking အဖြစ်၊ tire type, tire width, aspect ratio, tire construction, rim diameter, uniform tire quality grading နဲ့ service description တို့ကိုဖော်ပြထားလေ့ရှိပါတယ်။ tire type အနေနဲ့ 'P' ဟာ passenger vehicle tire လို့ဆိုလိုခြင်းဖြစ်သလို၊ 'LT' လို့ရေးသားထားခဲ့လျှင် light truck တွေမှအသုံးပြုတဲ့ tire အဖြစ်သိနိုင်ပါတယ်။ အကယ်၍ 'T' လို့ရေးသားထားခဲ့လျှင် temporary သို့မဟုတ် spare tire အနေနဲ့ သတ်မှတ်ပါတယ်။ tire width ကို millimeters (mm) နဲ့ သတ်မှတ်ပြီး၊ sidewall တဖက်မှ၊ sidewall တဖက်ရဲ့ ဗျက်အကျယ်ကို၊ တိုင်းတာဖော်ပြခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် tire width ဟာ၊ တတ်ဆင်နိုင်မယ့် intended rim ရဲ့ size အရွယ်အစားကို၊ ဖော်ပြခြင်းလည်းဖြစ်ပါတယ်။

aspect ratio ဟာ၊ bead မှ tread ရဲ့ ထိပ်အထိအကွာအဝေး tire height ကိုဖော်ပြခြင်းဖြစ်သလို၊ tire ရဲ့ height ကို tire width ရဲ့ percentage ဖြင့်ဖော်ပြပါတယ်။ မော်တော်ယာဉ် ကိုမောင်းနှင် သွားလာတဲ့အခါ lateral forces ပေါါထွက်လာပါတယ်။ ဗျက်ကျယ်တဲ့ tires တွေသာ lateral forces ကိုခံနိုင်ရည်ရှိပါတယ်။ aspect ratio ငယ်တဲ့ tires တွေရဲ့ stiffer sidewalls တွေဟာ shorter stiffer အနေနဲ့ တိုတောင်းပြီး၊ tire ရဲ့ width ဗျက်ဟာ ကျယ်ပါတယ်။ high performance tires တွေကို၊ lower aspect ratio tires တွေ အဖြစ်တွေ့ရပါတယ်။ tire တည်ဆောက်ထားပုံ tire construction ကို၊ 'D' သို့မဟုတ် 'B' နဲ့ 'R' ဆိုပြီး၊ ရေးသားဖော်ပြလေ့ရှိပါတယ်။ diagonal bias နဲ့ bias belted တည်ဆောက်ပုံကို၊ 'D' သို့မဟုတ် 'B' ဖြင့်ဖော်ပြပြီး၊ radial construction tires တွေကိုတော့ 'R' ဖြင့်ဖော်ပြပါတယ်။ ဒါ့အပြင် 'R' ရဲ့နောက်မှာ plies အရည်အတွက်၊ sidewall နဲ့ tread တို့ကိုပါ၊ ထည့်သွင်းဖော်ပြတဲ့ tires တွေကိုလည်း၊ တွေ့ရတတ် ပါတယ်။ rim diameter ကို၊ လက်မ inches နဲ့သတ်မှတ်ပြီး၊ tire တတ်ဆင်နိုင်မယ့် wheel rim ရဲ့ diameter ကို၊ အသိပေးဖော်ပြထားခြင်းဖြစ်ပါတယ်။

uniform tire quality grading အဖြစ်၊ tread wear, traction နဲ့ temperature အစရှိတဲ့၊ အချက်အလက်တွေကို၊ ဖော်ပြထားပါတယ်။ သက်ဆိုင်ရာတိုင်းပြည်အလိုက်၊ Department of Road Administration လို့ခေါါတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကဲ့သို့၊ အာဏာပိုင်အဖွဲ့အစည်းမှ၊ UTQG ကို သတ်မှတ်ပြဌာန်းပါတယ်။ မြန်မာပြည်အတွက်တင်သွင်းတဲ့ tire အများစုမှာ "UTQG" လို့ခေါါတဲ့၊ uniform tire quality grading ဆိုင်ရာ၊ အချက်အလက်တွေမပါဝင်တာ၊ တွေ့ရပါတယ်။ လမ်းတွေရဲ့ အရည်အသွေးဆိုင်ရာသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိမှသာ၊ Administration ဌာနမှ UTQG ကို သတ်မှတ်ပြဌာန်းနိုင်မှာဖြစ်ပါတယ်။

tread wear နံပါတ်တွေဟာ၊ test track အနေနဲ့ tire ကိုစစ်ဆေးပြီး၊ သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ tread wear နံပါတ်မြင့်တဲ့ tires တွေအသုံးပြုပြီး၊ မော်တော်ယာဉ်ကိုမောင်းနှင်တဲ့အခါ၊ tread patterns တွေ ပွန်းစားမှုလျှော့နည်းတဲ့အတွက်၊ tire ကိုကြာရှည်အသုံးပြုနိုင်ပါတယ်။ tread wear နံပါတ် နိမ့်တဲ့ tires တွေကတော့ tread patterns တွေပွန်းစားမှုမြန်တာတွေ့ရ ပါတယ်။ tire traction ကိုတော့ AA, A, B နဲ့ C စတဲ့ အက္ခရာတွေနဲ့ သတ်မှတ်ထားပါတယ်။ မော်တော်ယာဉ်ကို wet concrete နဲ့ asphalt လို စေးပျစ်တဲ့ highly viscous liquid တွေရှိနေတဲ့ လမ်းပေါါမှာ၊ မောင်းနှင်ပြီး ရုတ်တရက်ရပ်လိုက်တဲ့ အခါ၊ ပေါါပေါက်လာမယ့် tire's ability သို့မဟုတ် tire traction rating ဖြစ်ပါတယ်။ AA အမျိုးအစား tire တွေဟာ tire traction ဖြစ်ပေါါမှု နည်းတဲ့အတွက်၊ tire's ability အကောင်းဆုံးဖြစ်ပါတယ်။ အချို့ tires တွေမှာ tire traction rating B အစား၊ Wilderness AT နဲ့ Radial ATX II ဆိုပြီး၊ ရေးသားဖော်ပြလေ့ ရှိပါတယ်။

tire temperature ratings တွေကိုတော့ A, B နဲ့ C စတဲ့ အက္ခရာတွေနဲ့ သတ်မှတ်ပါတယ်။ temperature rating ဟာ tire မှာပေါါပေါက်လာမယ့်အပူချိန် temperature နဲ့ tire ရဲ့ ခံနိုင်မယ့် အပူချိန်တို့ကို၊ ဖော်ပြခြင်းဖြစ်ပါတယ်။ မော်တော်ယာဉ်မှာ ဝန်ပိုတင်ဆောင်မှု overloading နဲ့ အရှိန်ပြင်းစွာမောင်းနှင်မှု excessive speed တို့ကြောင့်၊ heat buildup ပိုမိုဖြစ်ပေါါလာပြီး၊ tire ရဲ့ temperature မြင့်တက်စေပါတယ်။ မြင့်မားတဲ့ excessive heat buildup ကြောင့် tire ပွန်းစားမှု tread wear မြန်မြန်ဆန်ဆန်ဖြစ်ပေါါလာတာ၊ တွေ့ရပါတယ်။ Firestone Wilderness AT နဲ့ Radial ATX II tires တွေဟာ temperature rating မြင့်မားတဲ့ tire တွေဖြစ်ပြီး၊ 'C' ဆိုတဲ့ အက္ခရာနဲ့ သတ်မှတ်ဖော်ပြပါတယ်။

tire ရဲ့ service description ကို၊ load rating နဲ့ speed rating ဆိုပြီးခွဲခြားဖော်ပြပါတယ်။ load rating ဟာ tire ရဲ့ inflation pressure ပေါါမှာမူတည်ပြီးပြောင်းလဲတတ်တဲ့အတွက်၊ အတိအကျမှတ်ယူလို့၊
မရသလို၊ ယေဘုယျအားဖြင့် load rating မြင့်တဲ့အခါ၊ higher load capacity ကိုခံနိုင်ရည်ရှိတယ်လို့သာ၊ ယူဆနိုင်ပါတယ်။ load rating နဲ့ ကပ်လျှက်နေရာမှာ speed rating ကိုရေးသားဖော်ပြပါတယ်။ speed rating ဟာ tire ရဲ့ maximum speed allowable limit ဖြစ်ပြီး၊ 'S' ဆိုတဲ့ အက္ခရာဖြင့်ရေးသားဖော်ပြထားတဲ့ tires တွေဟာ၊ speed rating အမြင့်မားဆုံး tires တွေဖြစ်ပါတယ်။

tire နဲ့ ပက်သက်ပြီးပြောတဲ့အခါ 'Tire Traction' အကြောင်းကိုလည်းထည့်ပြောဖို့လိုပါတယ်။ အရပ်သုံး စကားအရ tire traction ကို 'တာယာရဲ့ပန်းတွေ ပွန်းစားခြင်း' လို့ ခေါါပါတယ်။ tire traction နဲ့ ပက်သက်ပြီး၊ ကိုယ်စားပြုအသုံးအနှုံးတွေ၊ အမြောက်အများရှိတာတွေ့ရသလို၊ အချို့အသုံးအနှုံးတွေဟာ၊ တိကျမှန်ကန်ပြီး၊ အချို့အသုံးအနှုံးတွေကတော့ မမှန်ကန်တာကိုလည်း၊ တွေ့ရပါတယ်။ "RMA" လို့ခေါါတဲ့ Rubber Manufacturers Association ရဲ့ သတ်မှတ်ချက်အရ၊ tires တွေမှာ၊ MS, M+S, M/S နဲ့ M&S ဆိုပြီး၊ ရေးသားဖော်ပြထားတတ်ပါတယ်။ RMA Snow Tire Definitions for Passenger and Light Truck (LT) Tires Standards အရသတ်မှတ်ထားခြင်းဖြစ်ပြီး၊ All-Season Tires with Mud and Snow Designation အနေနဲ့ ဥတုရာသီမရွေး၊ အသုံးပြုနိုင်တဲ့ tires တွေလို့၊ အဓိပ္ပါယ်ရပါတယ်။

tire အသစ်တလုံးရဲ့ tread edge တခုမှာ multiple pockets သို့မဟုတ် slots တွေပါရှိဖို့လိုအပ်ပါတယ်။ pockets သို့မဟုတ် slots တွေရဲ့ dimensional requirement ကို၊ tire စတင် ထုတ်လုပ်စဉ် အသုံးပြုခဲ့တဲ့ mold dimensions ဖြင့်၊ သတ်မှတ်ပါတယ်။ pockets သို့မဟုတ် slots တွေရဲ့ footprint edge နဲ့ tread center အကွာအဝေးကို၊ perpendicularly အနေနဲ့ တိုင်းတာတဲ့ အခါ၊ အနည်းဆုံး လက်မဝက် 1/2 inch အကွာအဝေးရှိဖို့ လိုအပ်ပါတယ်။ pockets သို့မဟုတ် slots တွေရဲ့ minimum cross-sectional width ဟာ 1/16 inch အကျယ်ဖို့ လိုအပ်ပါတယ်။ pockets သို့မဟုတ် slots တွေရဲ့ edge angle ဟာ၊ 35 ~ 90 degrees အတွင်းရှိဖို့၊ လိုအပ်ပါတယ်။ ဒါ့အပြင် tire အသစ်တလုံးရဲ့ tread contact surface void area ဟာ၊ အနည်းဆုံး mold dimensions ရဲ့ 25 percent ရှိရမယ်လို့၊ သတ်မှတ်ထားပါတယ်။ အထက်ပါ၊ သတ်မှတ်ချက် specification တွေကို၊ အရပ်စကားနဲ့ ပြောရရင် တာယာပန်းတွေရဲ့ groove တွေနက်ဖို့ လိုပြီး၊ တာယာမျက်နှာပြင်ရဲ့ အနည်းဆုံး (၂၅ %) ဧရိယာမှာ၊ တာယာပန်းတွေနဲ့ မြောင်းတွေ ရှိဖို့၊ သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ RMA Snow Tire Definitions for Passenger and Light Truck (LT) Tires Standards အရသတ်မှတ်ထားတဲ့၊ specification တွေကို၊ American Society for Testing and Materials (ASTM) ရဲ့ testing procedure တွေဖြစ်တဲ့၊ ASTM E-1136 Standard Reference Test Tire နဲ့ ASTM F-1805 snow traction test with equivalent percentage loads တို့မှာလည်း၊ တွေ့နိုင်ပါတယ်။


 Fig. Hydroplaning


Fig. Hydroplaning prevention designed tire

မော်တော်ယာဉ်ကို ရေထဲမှာ ဖြတ်မောင်းတဲ့အခါ၊ tire မှာ 'Hydroplaning effect' ဖြစ်ပေါါလာပါတယ်။ tire ရဲ့ အောက်မှာရှိနေတဲ့ရေဟာ ဘေးသို့  ရုတ်တရက်ချက်ခြင်း၊ ပြန့်ကွဲမသွားပဲ၊ tire ကို အပေါါဖက်သို့ ပင့်တင်ထားခြင်းကို၊ hydroplaning effect လို့ခေါါပါတယ်။ hydroplaning effect ကြောင့် traction ပျောက်ကွယ်သွားပြီး၊ မော်တော်ယာဉ်ရဲ့ directional control ကို၊ ထိန်းကျောင်းလို့ မရနိုင်တော့ပဲ၊ မတော်တဆထိခိုက်မှု accident ဘေးအန္တရာယ်တွေ ဖြစ်ပေါါနိုင်ပါတယ်။ hydroplaning ကိုလျှော့ချဖို့၊ treads တွေရဲ့ direction အတိုင်း extra channel အနေနဲ့ deep grooves တွေ၊ ထည့်သွင်းထားပါတယ်။ tire ရဲ့ အောက်မှရေထုဟာ၊ အပြင်ကိုထွက်သွားဖို့၊ လမ်းကြောင်းအလွယ်တကူ ရသွားပြီး၊ မော်တော်ယာဉ်မောင်းနှင် သွားနေစဉ်၊ deep grooves တွေမှတဆင့် ရေထု ပြိုကွဲသွားပါတယ်။

 Fig. Properly inflated tire and under-inflated or overloaded tire

မော်တော်ယာဉ်မှာ၊ tire ကိုတတ်ဆင်ထားတဲ့အခါ၊ လမ်းမျက်နှာပြင်နဲ့ ထိနေတဲ့ tire ရဲ့အောက်ခြေ flat spot အပိုင်းကို၊ contact patch လို့ခေါါပါတယ်။ tire အတွင်းဖြည့်သွင်းထားတဲ့ air pressure ဟာ၊ contact patch area ပေါါမှာ သက်ရောက်ပါတယ်။ tire အတွင်းသို့ air pressure ပမာဏ ပိုမိုပေးသွင်းတိုင်း၊ contact patch area ပမာဏလည်း ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်။ air pressure ပမာဏလုံလောက်စွာ ဖြည့်သွင်းထားခြင်း မရှိတဲ့၊ under-inflated tires တွေနဲ့ overloaded အနေနဲ့ သတ်မှတ်ဝန်ထက်၊ ပိုမိုထမ်းဆောင်ထားရတဲ့ tires တွေဟာ spinning အဖြစ်၊ ဘေးသို့ ပြန့်ကားနေတာတွေ့ရပါတယ်။ tire spinning နဲ့အတူ၊ contact patch တွေဟာ လိုက်ပါရွှေ့သွားပြီး၊ လမ်းမျက်နှာပြင်နဲ့ ထိတွေ့နေမှာ ဖြစ်သလို၊ မော်တော်ယာဉ်မောင်းနှင်သွားစဉ်မှာ၊ rubber နဲ့ ပြုလုပ်ထားတဲ့ tire ဖြစ်တဲ့အတွက်၊ bend out အနေနဲ့ကွေးသွားပါတယ်။ tire ဟာ perfectly elastic အနေနဲ့ ရုန်းဆန့်နိုင်ခြင်း မရှိတဲ့အတွက်၊ နဂိုမူလ original shape ပုံသဏ္ဍန် ပြန်လည်ဖြစ်ပေါါနိုင်ခြင်း မရှိသလို၊ bending force တွေထပ်ကာ၊ ထပ်ကာဖြစ်ပေါါလာပါတယ်။ bending force ဟာ၊ friction နဲ့ပေါင်းစပ်ပြီး၊ အပူအဖြစ် ကူးပြောင်းသွားတဲ့အခါ rubber နဲ့ tire အတွင်းမှ၊ steel materials တွေ၊ ကွေးသွားပြီး၊ tire ပုံသဏ္ဍန်ပျက်စေပါတယ်။


Fig. Coefficient of rolling friction (CRF)

တခါတရံ tire ထုတ်လုပ်သူ manufacturers တွေဟာ၊ CRF လို့ခေါါတဲ့ coefficient of rolling friction တန်ဖိုးပမာဏကို၊ tires တွေမှာရေးသားဖော်ပြလေ့ ရှိပါတယ်။ CRF တန်ဖိုးဟာ၊ tire traction နဲ့ ဆက်စပ်ပတ်သက်ခြင်းမရှိပဲ၊ မော်တော်ယာဉ်မောင်းနှင်သွားလာတဲ့အခါ၊ tire မှာဖြစ်ပေါါလာမယ့် drag သို့မဟုတ် rolling resistance တန်ဖိုးကိုသာ၊ ဖော်ပြခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် မော်တော်ယာဉ် တစီးမောင်းနှင်သွားလာတဲ့အခါ၊ လမ်းမျက်နှာပြင်နဲ့ tire ထိပြီး၊ ပေါါပေါက်လာမယ့် force ကို တွက်ချက်ရာမှာ၊ အသုံးပြုတဲ့ တန်ဖိုးသာဖြစ်ပါတယ်။


Fig. Tire wear patterns

air pressure ပမာဏလုံလောက်စွာ ဖြည့်သွင်းထားခြင်းမရှိတဲ့၊ under-inflated tires တွေမှာ၊ tire wear လို့ခေါါတဲ့ ပွန်းစားခြင်းဟာ၊ tire ရဲ့အပြင်ဖက်မှာထက်၊ အတွင်းဖက်မှာသာ ပိုမိုဖြစ်ပေါါ သလို၊ tire မှာ heat buildup အနေနဲ့အပူချိန်ပိုတက်လာစေပြီး၊ fuel efficiency ကိုကျဆင်းစေ ပါတယ်။ over-inflation အဖြစ်၊ air pressure ပမာဏပိုများနေတဲ့အခါ၊ tread ရဲ့ အလယ်နေရာတွေမှာ၊ ပွန်းစားခြင်း ဖြစ်ပေါါတတ်ပါတယ်။ ဒါ့အပြင် မော်တော်ယာဉ်ရဲ့ suspension system မှာ misalignment ဖြစ်ပေါါနေတဲ့အခါ၊ tire ရဲ့ အတွင်းဖက်၊ အပြင်ဖက်နဲ့ tread ရဲ့အလယ်နေရာတွေမှာ၊ ညီညာမှု မရှိတဲ့ ပွန်းစားခြင်းတွေ၊ ပေါါပေါက် လာတာတွေ့ရပါတယ်။


Reference and Image credit to : U.S. National Highway Traffic Safety Administration (NHTSA), http://auto.howstuffworks.com/, http://www.tiredefects.com/, http://www.crashforensics.com/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

1 comment:

  1. အလုပ်တွေကြားက ခုလို ရေးပေးနိုင် တဲ့ အကိုတော်များ လေးစားမိသလို ကျေးဇူးလဲတင်ပါတယ် ။နောင်လဲမျှဝေပေးပါဦးလို့တောင်းဆိုပါတယ်။

    ReplyDelete