Fig. PLC conceptual application diagram
Automation နဲ့ Instrumentation နည်းပညာတွေ၊ တိုးတက်လာတာနဲ့အမျှ၊ control system တခုလုံး အပေါါမှာရှုမြင်တဲ့ သုံးသတ်ချက်၊ philosophical approach တွေလည်း၊ ပြောင်းလဲလာသလို၊ hardware နဲ့ software နည်းပညာတွေကြောင့် PLC တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ design တွေလည်းပြောင်းလဲ လာခဲ့ပါတယ်။
Fig. Basic PLC
hardware လို့ခေါါတဲ့ integrated electronics နည်းပညာတွေကြောင့် PLC ရဲ့ scan time လို့ခေါါတဲ့၊ လုပ်ဆောင်ချက်တွေ ပိုမိုလျှင်မြန်လာခြင်း၊ PLC ရဲ့ အရွယ်အစားပိုမိုသေးငယ်လာပြီး၊ ဈေးနှုံးသက်သာ လာခြင်း၊ PLC မှာ input/ output လို့ခေါါတဲ့ I/O unit တွေ ပိုမိုထည့်သွင်းလာနိုင်ခြင်း၊ PLC ရဲ့ interfacing circuitry မှာ PID loop တွေ၊ ထည့်သွင်းလာနိုင်ခြင်း၊ PLC ကို 'protocol' များစွာဖြင့် ချိတ်ဆက် အသုံးပြုလာနိုင်ခြင်းနဲ့ special interface devices တွေ ဖြစ်တဲ့ thermocouples တွေနဲ့ strain gauges တွေလို၊ fast response input တွေ နဲ့လည်း၊ တိုက်ရိုက်ချိတ်ဆက်ကာ၊ အသုံးပြုလာနိုင်တာတွေ့ရပါတယ်။ ဒါ့အပြင် software လို့ခေါါတဲ့ computer programming နည်းပညာတွေကြောင့်၊ PLC မှာ high level computer language တွေဖြစ်တဲ့ "BASIC", "C" နဲ့ "Pascal" တို့လို၊ language တွေကိုသုံးကာ၊ 'storing instructions' အနေနဲ့ program တွေကို၊ ထည့်သွင်းရေးဆွဲ လာနိုင်တာကိုလည်းတွေ့ရပါတယ်။ PLC တွေမှာ 'storing instructions' အနေနဲ့ program တွေကို၊ ထည့်သွင်းရေးဆွဲတဲ့အခါ၊ IEC 1131-3 standard ကို အခြေခံထားတဲ့ languages တွေနဲ့၊ object oriented programming tools တွေကို၊ အသုံးပြုကြပါတယ်။ programming device တွေဖြစ်ကြတဲ့ personal computers တွေနဲ့ mini-programming units တွေနဲ့ ချိတ်ဆက်ပြီး၊ storing instructions တွေ၊ ထည့်သွင်းကြပါတယ်။ 'IEC 1131-3' ဟာ sequential function chart တွေကို အသုံးပြုထားတဲ့၊ "graphic representation language" ဖြစ်ပါတယ်။
အသေးဆုံး PLC တွေမှာ၊ I/O unit (၃၂) ခုခန့်ပါဝင်ပြီး၊ ကြီးမားတဲ့ PLC တွေမှာတော့ I/O unit (၈၀၀၀) ခုခန့်အထိ ပါဝင်လေ့ရှိပါတယ်။ PLC တော်တော်များများကို၊ စက်မှုလုပ်ငန်းသုံးအဖြစ်၊ ရည်ရွယ် တည်ဆောက်ထားတာတဲ့အတွက်၊ industrial used I/ O systems တွေကို၊ ထည့်သွင်းထားသလို၊ programming လုပ်နိုင်တဲ့ features တွေနဲ့ LAN ဆိုတဲ့ 'Local Area Network' တွေနဲ့ချိတ်ဆက်နိုင်မယ့်၊ "interfaces" တွေ ကိုလည်း၊ ထည့်သွင်းထားပါတယ်။ 'BASIC' နှင့် 'C' တို့လို high-level language တွေ လက်ခံနိုင်တဲ့ PLC တွေကို၊ peripheral device တွေနဲ့ချိတ်ဆက်ပြီး၊ ပိုမို လွယ်ကူစွာနဲ့ program ရေးသား ထည့်သွင်းနိုင် ပါတယ်။ PLC တွေဟာ၊ အချက်အလက် data တွေကို၊ ပိုမိုလွယ်ကူစွာ ကိုင်တွယ်နိုင်သလို၊ 'manipulating' ကိုလည်း၊ ဆောင်ရွက်ပေးနိုင်ပါတယ်။ program ရေးသားထည့်သွင်းရာမှာ၊ 'ladder diagram instruction' တွေကိုအသုံးပြုပြီး၊ functional block တွေ၊ instruction list တွေနဲ့ structured text တွေအပြင်၊ 'advanced functional block instruction' တွေကိုပါထည့်သွင်းထားပါတယ်။ ချို့ယွင်းချက်များရှာဖွေခြင်း diagnostics နဲ့ ပြစ်ချက်ရှာဖွေခြင်း fault detection တို့ကိုလည်းဆောင်ရွက်နိုင်ပြီး၊ PLC မှာဖြစ်ပေါါနေတဲ့ faults တွေ အပါအဝင်၊ machines တွေနဲ့ field devices တွေမှာ၊ ဖြစ်ပေါါနေတဲ့ faults တွေနဲ့ process အတွင်းမှာ၊ ဖြစ်ပေါါနေတဲ့ faults တွေကိုလည်း၊ သိနိုင်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ PLC တွေဟာ၊ complex calculation တွေဖြစ်ကြတဲ့ gauging ၊ balancing နဲ့ statistical computation တွေကို၊ တွက်ချက်ပေးနိုင်သလို၊ data handling, manipulation instruction, data storage, data tracking, data retrieve နဲ့ data acquisition တို့ကိုလည်း၊ ပိုမို တိုးတက်ကောင်းမွန်စွာ၊ ဆောင်ရွက်ပေးနိုင်တာကိုလည်း၊ တွေ့ရပါတယ်။
Fig. PLC conceptual application diagram
PLC တခုမှာ CPU လို့ခေါါတဲ့ central processing module unit နဲ့ I/ O လို့ခေါါတဲ့ Input/ output interface module unit ဆိုပြီး၊ အဓိကအစိတ်အပိုင်း၊ (၂) ခုပါရှိပါတယ်။ CPU မှာတော့ processor, memory နဲ့ power supply ဆိုတဲ့ component (၃) ခု ပါဝင်ပါတယ်။ power supply module ကတော့ PLC တခုလုံအတွက်၊ လိုအပ်မယ့် power ကို လုံလောက်စွာ၊ ပံ့ပိုးပေးပါတယ်။ process အတွင်းမှာရှိတဲ့ limit switches တွေ၊ pressure traducers တွေ၊ push buttons တွေ၊ motor starter တွေ၊ solenoid တွေ၊ sensors တွေနဲ့ actuators တွေဖြစ်ကြတဲ့ field devices တွေကို၊ wires တွေအသုံးပြုပြီး၊ Input/ output interface unit တွေနဲ့ ချိတ်ဆက်ထားပါတယ်။ field devices တွေဟာ၊ discrete devices တွေလို့ခေါါတဲ့၊ analog input/ output devices တွေဖြစ်ပါတယ်။
Fig. Input/ Output interface
Fig. PLC
I/ O interface module unit ဟာ၊ information provider တွေဖြစ်ကြတဲ့၊ inputs တွေနဲ့ controllable devices တွေဖြစ်ကြတဲ့ outputs တွေအကြား၊ အပြန်အလှန်ဆက်သွယ်နိုင်အောင် ကြားခံအဖြစ် ဆောင်ရွက်ပေးပါတယ်။ external device များထံမှလက်ခံရရှိလာတဲ့ data တွေကို incoming signal လို့ခေါါပြီး၊ ရရှိလာတဲ့ အမျိုးမျိုးသော incoming signals တွေနဲ့၊ external device သို့ပေးပို့မယ့် အမျိုးမျိုးသော၊ outgoing signals တွေကို၊ conditioning အနေနဲ့ လိုအပ်သလိုပြုပြင်၊ စီမံခြင်းဖြစ်ပါတယ်။
Fig. Operation cycle
PLC ဟာ operation အနေနဲ့ input field device မှ input data ကိုလက်ခံခြင်း သို့မဟုတ် data ကို input interface unit မှတဆင့်ဖတ်ယူခြင်း၊ memory အတွင်းသိုလှောင်သိမ်းဆည်းထားတဲ့၊ control program သို့မဟုတ် instruction အတိုင်း execute ဒါမှမဟုတ် perform ဆိုတဲ့ 'control action' တွေကို၊ ဆောင်ရွက်ပေးခြင်းနဲ့ output interface unit မှတဆင့်၊ write သို့မဟုတ် update အနေနဲ့ output field device သို့ output signal ထုတ်ပေးခြင်း တို့ကို၊ လုပ်ဆောင်ပါတယ်။ အစီအစဉ်အတိုင်း input ကိုလက်ခံရယူကာ၊ ဖတ်ယူခြင်း 'reading'၊ memory အတွင်း သိုလှောင် သိမ်းဆည်းထားတဲ့၊ program အတိုင်းဆောင်ရွက်ခြင်း 'execute' နဲ့ output ထုတ်ပေးခြင်း 'update' တို့ကို၊ “scanning" လို့ခေါါပါတယ်။
စက်ကရိယာတွေနဲ့ processes ဆိုတဲ့ ကုန်ထုတ်လုပ်ငန်းစဉ်တွေကို၊ control အနေနဲ့ ထိမ်းကြောင်းပေးနိုင်ဖို့ PLC based system နဲ့ hardwired relay system တို့ကို၊ ရွေးချယ်တဲ့အခါ၊ အသုံးပြုမယ့် 'control logic' ဟာ၊ မကြာခဏပြုပြင်ပြောင်းလဲရန် လိုအပ်ခြင်းရှိ၊ မရှိ၊ မြင့်မားတဲ့ high reliability စွမ်းဆောာင်ရည်လိုအပ်ခြင်းရှိ၊ မရှိ၊ တတ်ဆင်အသုံးပြုမယ့် နေရာ အကျယ်အဝန်း၊ နောင် တချိန်မှာ ပိုမိုမြင့်မားတဲ့ reliability စွမ်းဆောာင်ရည်လိုအပ်လာနိုင်ခြင်းရှိ၊ မရှိ၊ တိုတောင်းတဲ့အချိန် ခဏတာအတွင်း၊ control logic တခုလုံးကို ပြုပြင်ရန်လိုအပ်မှုရှိ၊ မရှိ၊ အခြားစက်ကရိယာတွေမှာလည်း၊ တူညီတဲ့ control logic တမျိုးတည်းနဲ့၊ အသုံးပြုရန် လိုအပ်ခြင်းရှိ၊ မရှိနဲ့ နောက်တချိန်မှာ ထပ်မံ တိုးချဲ့ရန်လိုအပ်ခြင်းရှိ၊ မရှိတို့အပြင်၊ စုစုပေါင်း ကုန်ကျစရိတ်အစရှိတဲ့ အချက်အလက်တွေအပေါါ အခြေခံပြီး၊ နှိုင်းယှဉ်ကြပါတယ်။ အသုံးပြုမယ့် 'control logic' ဟာ၊ flexibility အနေနဲ့ မကြာခဏ ပြုပြင်ပြောင်းလဲရန်လိုအပ်ခြင်းနဲ့ future growth အနေနဲ့ နောင်တချိန်မှာ ပိုမိုမြင့်မားတဲ့ reliability စွမ်းဆောာင်ရည် လိုအပ်လာနိုင်ခြင်း၊ အစရှိတဲ့ အချက်အလက်တွေရှိပါက၊ "PLC" ကိုသာအသုံးပြုသင့်ပြီး၊ အကယ်၍ အလွန်တိုတောင်းတဲ့ cycle time ဒါမှမဟုတ် အလွန်မြန်တဲ့ scan time ကိုလိုအပ်လျှင်တော့ electromechanical device ဖြစ်တဲ့ "relays" တွေကိုသာ၊ အသုံးပြုသင့်ပါတယ်။
controllers တွေကို၊ single loop controllers နဲ့ multi loop controllers ဆိုပြီးခွဲခြားနိုင်ပါတယ်။ single loop controllers တွေဟာ sensor တခုတည်းမှ၊ valve သို့မဟုတ် actuator တခုတည်းကိုသာ၊ control လုပ်ပြီး၊ multi loop controllers တွေကတော့ sensor အများအပြားကိုအသုံးပြုကာ၊ valve သို့မဟုတ် actuator အရည်အတွက်အမြောက်အများကို၊ control လုပ်နိုင်ပါတယ်။ PLC ဆိုတဲ့ programmable logic controllers တွေမှာ user command ကို I/O memory လို့ခေါါတဲ့၊ internal PLC memory area အတွင်းသို့၊ program အနေနဲ့တခုပြီး တခုပေးသွင်း နိုင်စေဖို့စီစဉ် တည်ဆောက်ထားပါတယ်။ ပေးသွင်း ထားတဲ့ user command တွေကို၊ I/O memory မှာ၊ execution တနည်းအားဖြင့် process လုပ်ဖို့၊ အချိန်အတိုင်းအတာတခု ယူရပါတယ်။ အလားတူ ပြင်ပမှ sensors သို့မဟုတ် switches တွေမှ၊ data တွေဟာ၊ basic I/O unit မှတဆင့် internal PLC memory area အတွင်းကို၊ ဝင်ရောက်ပေးသွင်းစေဖို့ တည်ဆောက်ထားပါတယ်။ basic I/O unit မှ data တွေ internal I/O memory အတွင်းသို့ဝင်ရောက်ဖို့ specific time သို့မဟုတ် exchange time ဆိုတဲ့အချိန် အတိုင်းအတာ တခုလိုအပ်ပြီး၊ I/O refresh လို့ခေါါပါတယ်။
Fig. PLC processing cycle
PLC တခုလုံး processing လုပ်ခြင်းကို၊ processing cycle လို့ခေါါပါတယ်။ processing cycle ဟာ အချိန်အတိုင်းအတာတခုကြာမြင့်ပါတယ်။၊ processing cycle ဆိုတဲ့ cycle time မှာ၊ over head processing time (self-diagnosis), user program execution time, I/O refresh processing time နဲ့ peripheral service processing time တို့ပါဝင်ပြီး၊ " cycle time = Overhead Processing Time + Total Command Execution Time + I/O Refresh Time + Peripheral Service Time" လို့ သတ်မှတ်ပါတယ်။ time cycle ဟာ အချိန်အတိုင်းအတာ တခုအနေနဲ့ကြာမြင့်တဲ့တခါ၊ အပြင်ဖက်မှပေးသွင်းလိုက်တဲ့ data တွေကို၊ update လုပ်တဲ့ updating time နဲ့ I/O response time တို့ဟာလည်း အချိန်အတိုင်း အတာတခုကြာမြင့်မှာဖြစ်ပါတယ်။ time cycle အချိန်တိုတောင်းတဲ့အခါ I/O response time ဟာလည်း တိုတောင်းပြီး၊ processing ရဲ့အချိန်အတိုင်းအတာဟာ၊ ပိုမြန်လာမှာ ဖြစ်ပါတယ်။ time cycle ပြောင်းလဲတဲ့ အခါမှာတော့ command execution time နဲ့ I/O refresh time တို့ပါလိုက်ပါပြောင်း လဲပါတယ်။
တခါတရံ 'interrupt tasks' ဖြစ်ပေါါတဲ့အခါ၊ interrupt programs အနေနဲ့ process လုပ်ပြီးမှ၊ processing cycle ကိုစတင်ပါတယ်။ interrupt tasks တွေမှာ power off interrupt, scheduled interrupts, I/O interrupts, internal timer ကြောင့်ဖြစ်ပေါါလာတဲ့ interrupts နဲ့ external interrupts တို့ပါဝင်ပါတယ်။ power off interrupt ကို၊ power break interrupt tasks လို့သတ်မှတ်နိုင်သလို၊ power break ဖြစ်နေစဉ်မှာ၊ PLC ဟာ execution လို့ခေါါတဲ့ process အဖြစ်လုပ်ဆောင်နေမှာဖြစ် ပါတယ်။ အလားတူ scheduled interrupt tasks မှာလည်း၊ specific schedule ပေါါမူတည်ပြီး၊ အချိန် အတိုင်းအတာတခုအထိ process အနေနဲ့၊ လုပ်ဆောင်နေမှာဖြစ်ပါတယ်။ I/O interrupt tasks ကတော့ input unit မှာ start-up လုပ်စဉ်၊ အချိန်အတိုင်းအတာတခုအထိ process အဖြစ်ရှိနေတဲ့ interrupt ဖြစ်ပါတယ်။ special I/O unit, CPU bus unit နဲ့ INNER board တို့မှ၊ အကြောင်းတစုံတခုကြောင့် requests လုပ်တဲ့အခါ၊ အချိန်အတိုင်းအတာ တခုအထိ process အဖြစ် ရှိနေတဲ့ interrupt ကိုတော့၊ external interrupt tasks လို့ခေါါပါတယ်။ PLC မှာရှိတဲ့ I/O units အတွင်းသို့၊ user programs တွေကို၊ I/O signals အဖြစ်ပေးသွင်းတဲ့အခါ၊ PLC ရဲ့ I/O memory မှာ ပထမဆုံး၊ address အနေနဲ့ first assign အဖြစ်ပေးသွင်းရပြီး I/O allocation လို့ခေါါပါတယ်။ CPU unit ဟာ အခြား units တွေမှ ဆက်သွယ်ပေးပို့လာတဲ့ data တွေနဲ့အတူ၊ I/O refresh ပြုလုပ်စဉ်မှာ၊ I/O allocation information တွေကို အသုံးပြုပါတယ်။
တခါတရံ 'interrupt tasks' ဖြစ်ပေါါတဲ့အခါ၊ interrupt programs အနေနဲ့ process လုပ်ပြီးမှ၊ processing cycle ကိုစတင်ပါတယ်။ interrupt tasks တွေမှာ power off interrupt, scheduled interrupts, I/O interrupts, internal timer ကြောင့်ဖြစ်ပေါါလာတဲ့ interrupts နဲ့ external interrupts တို့ပါဝင်ပါတယ်။ power off interrupt ကို၊ power break interrupt tasks လို့သတ်မှတ်နိုင်သလို၊ power break ဖြစ်နေစဉ်မှာ၊ PLC ဟာ execution လို့ခေါါတဲ့ process အဖြစ်လုပ်ဆောင်နေမှာဖြစ် ပါတယ်။ အလားတူ scheduled interrupt tasks မှာလည်း၊ specific schedule ပေါါမူတည်ပြီး၊ အချိန် အတိုင်းအတာတခုအထိ process အနေနဲ့၊ လုပ်ဆောင်နေမှာဖြစ်ပါတယ်။ I/O interrupt tasks ကတော့ input unit မှာ start-up လုပ်စဉ်၊ အချိန်အတိုင်းအတာတခုအထိ process အဖြစ်ရှိနေတဲ့ interrupt ဖြစ်ပါတယ်။ special I/O unit, CPU bus unit နဲ့ INNER board တို့မှ၊ အကြောင်းတစုံတခုကြောင့် requests လုပ်တဲ့အခါ၊ အချိန်အတိုင်းအတာ တခုအထိ process အဖြစ် ရှိနေတဲ့ interrupt ကိုတော့၊ external interrupt tasks လို့ခေါါပါတယ်။ PLC မှာရှိတဲ့ I/O units အတွင်းသို့၊ user programs တွေကို၊ I/O signals အဖြစ်ပေးသွင်းတဲ့အခါ၊ PLC ရဲ့ I/O memory မှာ ပထမဆုံး၊ address အနေနဲ့ first assign အဖြစ်ပေးသွင်းရပြီး I/O allocation လို့ခေါါပါတယ်။ CPU unit ဟာ အခြား units တွေမှ ဆက်သွယ်ပေးပို့လာတဲ့ data တွေနဲ့အတူ၊ I/O refresh ပြုလုပ်စဉ်မှာ၊ I/O allocation information တွေကို အသုံးပြုပါတယ်။
I/O allocation information တွေကို၊ PLC ဟာ "Registered I/O Table" အဖြစ်သိမ်းဆည်းထား ပါတယ်။ I/O allocation ကို I/O registration လို့လည်းခေါါပြီး၊ online automatic registration နဲ့ offline automatic registration ဆိုပြီးတွေ့ရပါတယ်။ programming tools တွေကိုသုံးကာ၊ online မှတဆင့် registration ပြုလုပ်ခြင်းဟာ၊ online automatic registration ဖြစ်ပြီး၊ programming tools တွေကိုသုံးကာ type လုပ်ပြီး၊ registration ပြုလုပ်ခြင်းဟာ၊ offline automatic registration ဖြစ်ပါတယ်။ တချို့ PLC တွေမှာတော့ registration I/O table ပေးသွင်းရန်မလိုအပ်သလို၊ တချို့ PLC တွေမှာ offline automatic registration အနေနဲ့၊ registration I/O table ပေးသွင်းလို့မရတာကို လည်းတွေ့ရပါတယ်။
Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.
No comments:
Post a Comment