Pages

Saturday 7 July 2012

Classification Societies & Their Role (၁၁)

(၁၈) ရာစုနှစ်လယ်လောက်တုန်းက၊ လန်ဒန်မြို့ကြီးရဲ့ Lloyd's coffee house ဆိုတဲ့၊ ကော်ဖီဆိုင်မှာ၊ ရွှေပန်းတိမ်ဆရာ gold smiths တွေဟာ၊ အဂ်လန်ကျွန်းမှ ရွက်လွှင့်ထွက်ခွာ သွားကြတဲ့၊ သဘော်ကြီးတွေ၊ ပြန်လာမလာနိုင်ကို၊ အလောင်းအစားလုပ်ခဲ့ကြရာမှ၊ insurance cover ဆိုတဲ့ အာမခံကိစ္စ ဖြစ်ပေါါလာသလို၊ ကုန်သွယ်ရေကြောင်းခရီးသွားလာမှုမှတဆင့် Merchant Shipping Act တွေပြဌာန်းခဲ့ကြပါတယ်။ ကုန်သွယ်ရေကြောင်းခရီးသွားလာမှု merchant shipping industry လုပ်ငန်းနယ်ပယ်ကို၊ ဥပဒေ Law၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် Order၊ နည်းဥပဒေ Rules၊ လုပ်ထုံးလုပ်နည်း Regulation နဲ့ စည်းမျှည်းစည်းကမ်း Code အစရှိတာတွေနဲ့ စည်းကမ်းသတ်မှတ်ကာ၊ ချုပ်ကိုင်ထားတာတွေ့ရမှာဖြစ်ပါတယ်။ ကုန်သွယ်ရေကြောင်း ကျင့်ဝတ်၊ ဥပဒေကြမ်းတွေကို၊ အခြေခံပြီး၊ ကမာ့္ဘနိုင်ငံတော်တော်များများဟာ၊ ဥပဒေပြု လွှတ်တော်မှာ ဖြည့်စွက်ပြင်ဆင်ကာ၊ မိမိနိုင်ငံရဲ့ အကျိုးစီးပွား၊ အနေအထားအရ ကုန်သွယ်ရေကြောင်း Merchant Shipping Act ဥပဒေတွေကို ပြဌာန်းကြပါတယ်။ နိုင်ငံတနိုင်နဲ့ တနိုင်ငံရဲ့ Merchant Shipping Act တွေကိုလေ့လာကြည့်တဲ့အခါ၊ မိမိနိုင်ငံရဲ့ အကျိုးစီးပွားပေါါအခြေခံပြီး၊ အနည်းငယ် ကွဲလွဲတာကိုလည်း၊ တွေ့ရမှာဖြစ်ပါတယ်။

'insurance cover' ဆိုတဲ့ အာမခံကိစ္စကို၊ Lloyd ဆိုတဲ့၊ အာမခံအဖွဲ့အစည်းမှ၊ လက်ဝါးကြီးအုပ်ကာ ချုပ်ကိုင်ခဲ့ပြီး၊ သင်္ဘောပိုင်ရှင်တွေမှာ၊ မတော်တဆဖြစ်မှတဆင့်၊ insurance cover အာမခံ မထားရှိတဲ့ ပြဿနာတွေကြောင့်၊ ဆုံးရှုံးနစ်နာမှုတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရည်ရွယ်ချက်တူတဲ့ သင်္ဘောပိုင်ရှင်တွေဟာ၊ mutual associations အဖြစ်၊ အကျိုးအမြတ်မယူတဲ့ အာမခံအဖွဲ့အစည်း 'Protection & Indemnity Clubs' တွေကို၊ (၁၉) ရာစု အလယ်လောက်မှာစတင်ဖွဲ့စည်းလာခဲ့ကြပါတယ်။

ဒီနေ့ကာလမှာတော့ American Steamship Owners Mutual Protection and Indemnity Association, Inc., Assuranceforeningen Gard (Gjensidig), Assuranceforeningen Skuld (Gjensidig), The Britannia Steam Ship Insurance Association Ltd., The Japan Ship Owners & Mutual Protection and Indemnity Association, The London Steam-Ship Owners & Mutual Insurance Association Ltd., The North of England Protecting and Indemnity Association Ltd., The Shipowners & Mutual Protection and Indemnity Association (Luxembourg), The Standard Steamship Owners & Protection and Indemnity Association Ltd., The Standard Steamship Owners & Protection and Indemnity Association (Bermuda) Ltd., The Standard Steamship Owners Protection and Indemnity Association (London) Ltd., The Steamship Mutual Underwriting Association Ltd., The Steamship Mutual Underwriting Association (Bermuda) Ltd., The Steamship Mutual Underwriting Association (Europe) Ltd., Sveriges Angfartygs Assurance Forening (The Swedish Club), The United Kingdom Mutual Steam Ship Assurance Association (Bermuda) Ltd. နဲ့ The West of England Ship Owners & Mutual Insurance Association (Luxembourg) အစရှိတဲ့ ကုန်သွယ်ရေကြောင်းအာမခံ အဖွဲ့အစည်းတွေမှ Protection & Indemnity ဆိုင်ရာ၊ အာမခံကိစ္စတွေကို၊ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ အာမခံ အဖွဲ့အစည်းတွေ အတွင်းမှာလည်း၊ facultative reinsurance နဲ့ treaty reinsurance အစရှိတဲ့ အပြန်အလှန် 'reinsurance' အာမခံတွေကို၊ ထားရှိကြပါတယ်။

ကုန်သွယ်ရေကြောင်း merchant shipping industry လုပ်ငန်းနယ်ပယ်မှ၊ သဘော်တွေမှာထားရှိတဲ့ အာမခံခေါင်းစဉ်တွေ ကတော့ (၁)။ Hull and Machinery Insurance ဆိုတဲ့ သဘော် ကိုယ်ထည်နဲ့ စက်ပိုင်းဆိုင်ရာအာမခံ၊ (၂)။ P & I ဆိုတဲ့၊ protection & indemnity အာမခံ၊ (၃)။ CLC 69/ 92 ဆိုတဲ့ Civil Liability Insurance for Tankers အာမခံ၊ (၄)။ IOPCF ဆိုတဲ့ International Convention on the Establishment of an International Fund for Compensation for Oil Pollution Damage 1971 အာမခံနဲ့ (၅)။ CLC Bunker ဆိုတဲ့ International Convention on Civil Liability for Bunker Oil Pollution Damage 2001 အာမခံတွေဖြစ်ပါတယ်။ တနည်းအားဖြင့် hull and machinery, protection & indemnity နဲ့ cargo ဆိုပြီး၊ ခွဲခြားနိုင်သလို၊ Hull Insurance, Cargo Insurance, Liability Insurance နဲ့ Freight Insurance ဆိုပြီး၊ ခွဲခြားသတ်မှတ်တာကိုလည်း၊ တွေ့ရပါတယ်။

'Hull and Machinery Insurance' ဆိုတာကတော့၊ သဘော်ကိုရင်းနှီးမြှုတ်နှံထားတဲ့၊ သဘော်ပိုင်ရှင်ရဲ့ အာမခံဖြစ်ပြီး၊ 'property insurance' အဖြစ်သတ်မှတ်နိုင်ပါတယ်။ တနည်းအားဖြင့် သဘော် ကိုယ်ထည်နဲ့ စက်ပိုင်းဆိုင်ရာဆိုင်ရာပျက်စီးဆုံးရှုံးမှုအလိုက်၊ လျှော်ကြေးရရှိနိုင်မယ့်၊ အာမခံဖြစ်ပါတယ်။ total loss of the ship ဆိုတဲ့ သဘော်တစီးလုံး၊ ပျောက်ဆုံးမှု၊ damage to the ship, engines and equipment ဆိုတဲ့ သဘော်မှာတတ်ဆင်ထားတဲ့ စက်၊ ကရိယာတွေအပါအဝင် သဘော်ရဲ့ ပျက်စီးဆုံးရှုံးမှု၊ explosions and fires ဆိုတဲ့ မီးလောင်ခြင်း နဲ့ ပေါက်ကွဲခြင်းတို့မှတဆင့်၊ ပေါါပေါက်လာတဲ့ သဘော်ရဲ့ ပျက်စီးဆုံးရှုံးမှု၊ grounding ဆိုတဲ့ သောင်တင်ခြင်းကြောင့် ပေါါပေါက်လာတဲ့ သဘော်ရဲ့ ပျက်စီးဆုံးရှုံးမှု၊ collision ဆိုတဲ့ သဘော်မောင်းနှင်နေစဉ် အခြားသဘော်တစီးနဲ့ တိုက်မိရာမှ တဆင့်၊ ပေါါပေါက်လာတဲ့ သဘော်ရဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ striking other objects ဆိုတဲ့ အခြားအရာဝထ္တုတွေနဲ့ တိုက်မိခြင်း မှတဆင့်၊ ပေါါပေါက်လာတဲ့ သဘော်ရဲ့ ပျက်စီးဆုံးရှုံးမှုတွေဟာ၊ Hull and Machinery Insurance အာမခံနဲ့ အကျုံးဝင်တဲ့၊ သဘော် ကိုယ်ထည်နဲ့ စက်ပိုင်းဆိုင်ရာဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။

Hull and Machinery Insurance အာမခံမှာ၊ 'liabilities' ဆိုတဲ့ ဥပဒေကြောင်းအရ၊ သဘော် ပိုင်ရှင်မှပေးလျှော်ရန်ရှိတာတွေလည်း၊ အကျုံးဝင်ပါတယ်။ သဘော်မောင်းနှင်နေစဉ် အခြား သဘော်တစီးနဲ့ တိုက်မိရာမှ တဆင့်၊ ပေါါပေါက်လာတဲ့ မိမိသဘော်ရဲ့ ပျက်စီးဆုံးရှုံးမှုအပြင်၊ collision ကြောင့် အခြားသဘော်မှာပေါါပေါက်လာမယ့်၊ ပျက်စီးဆုံးရှုံးမှုတွေကိုလည်း၊ liabilities အရ၊ သဘော်ပိုင်ရှင်မှပေးလျှော်ရန် တာဝန်ရှိခဲ့လျှင်၊ Hull and Machinery Insurance အာမခံမှ တဆင့်၊ ပေးဆပ်နိုင်ပါတယ်။ သဘော်မောင်းနှင်နေစဉ် အခြားသဘော်တစီးနဲ့ တိုက်မိရာမှ တဆင့်၊ ပေါါပေါက်လာတဲ့ မိမိသဘော်ရဲ့ ပျက်စီးဆုံးရှုံးမှုအပြင်၊ collision ကြောင့် အခြားသဘော်မှာပေါါပေါက်လာမယ့်၊ ပျက်စီးဆုံးရှုံးမှုတွေကိုပေးလျှော်နိုင်ရန်အတွက်၊ RDC လို့ခေါါတဲ့ “Running Down Clause" စာသားကို၊ အာမခံ insurance cover သဘောတူညီချက်မှာ၊ ထည့်သွင်းရေးသားထားလေ့ရှိပါတယ်။ အလားတူ striking other objects ဆိုတဲ့ အခြားအရာ ဝထ္တုတွေနဲ့ တိုက်မိခြင်းမှ၊ ပေါါပေါက်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေမှတဆင့်၊ liabilities ဆိုတဲ့ဥပဒေကြောင်းအရ၊ သဘော်ပိုင်ရှင်မှပေးလျှော်ရန် တာဝန်ရှိခဲ့လျှင်၊ FFO ဆိုတဲ့ "Fixed and Floating Objects" စာသားကို၊ အာမခံ insurance cover သဘောတူညီချက်မှာ၊ ထည့်သွင်းရေးသားထားတဲ့အခါ၊ Hull and Machinery Insurance အာမခံမှ တဆင့်၊ ပေးဆပ်နိုင်ပါတယ်။ RDC နဲ့ FFO တို့ကြောင့်၊ သဘော်ပိုင်ရှင်ကိုယ်စား၊ အာမခံအဖွဲ့အစည်းမှ ဥပဒေကြောင်းအရပေးလျှော်ရာမှာ၊ တိကျသေခြာစွာစုံစမ်းစစ်ဆေးပြီး၊ အကယ်၍ သဘော်ပိုင်ရှင်ဖက်မှ၊ အမှားအယွင်း တစုံတရာကြောင့်၊ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါါခဲ့ရကြောင်း တွေ့ရှိခဲ့လျှင်တော့ အာမခံအဖွဲ့အစည်းအနေနဲ့ ငြင်းပယ်နိုင်ခွင့်ရှိပါတယ်။

hull & machinery cover အာမခံမှာ 'trading warranty' ဆိုတဲ့ အချက်ကိုလည်း၊ ထည့်သွင်း သဘောတူလေ့ရှိပါတယ်။ သဘော်မောင်းနှင်သွားလာမယ့် နေရာဒေသနဲ့ ခရီးကို stipulating trading area အဖြစ်၊ သတ်မှတ်ကာ၊ သတ်မှတ်ထားတဲ့ trading area အတွင်း၊ ပျက်စီးဆုံးရှုံးမှုတစုံတရာ၊ ဖြစ်ပေါါခဲ့ပါက၊ အာမခံအဖွဲ့အစည်းအနေနဲ့ ပေးလျှော်ခြင်းဖြစ်ပါတယ်။ 'trading warranty' ရှိတဲ့အခါ၊ သဘော်မောင်းနှင် သွားလာမယ့် နေရာဒေသနဲ့ ခရီးအတွင်း၊ ပေါါပေါက်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ အတွက်၊ သဘော်ပိုင်ရှင်နဲ့ သဘော်ဌားရမ်းသူ charterer တို့ အကြား၊ သီးခြားသဘောတူညီချက် trading agreement ထားရှိစရာမလိုတော့တာတွေ့ရပါတယ်။ 'trading warranty' ဟာ stipulating အနေနဲ့ စည်းကမ်းချက်အဖြစ် သတ်မှတ်ထားတဲ့ နေရာဒေသ နဲ့ ခရီးအတွင်းမှာ၊ ပေါါပေါက်တဲ့ ပျက်စီး ဆုံးရှုံးမှုကိုသာပေးလျှော်ခြင်းဖြစ်ပေမယ့်၊ trading area အပြင်ဖက်မှာဖြစ်ပေါါတဲ့ အသက်ဘေး အန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှု live saving ကိုတော့၊ အာမခံအဖွဲ့အစည်း အနေနဲ့ ပေးလျှော်ရပါတယ်။ hull & machinery cover အာမခံအရ၊ သဘော်မှဖြစ်ပေါါခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုပြုပြင်တဲ့အခါ၊ အာမခံအဖွဲ့အစည်းမှ စစ်ဆေးပြီး၊ ကုန်ကျစားရိတ်တွေကို၊ သဘော်ပိုင်ရှင်ဖက်မှ တောင်းခံရပါတယ်။ classification society အဖွဲ့အစည်းအနေနဲ့ ပြုပြင်ခြင်းကို၊ ကြီးကြပ်စစ်ဆေးပေးပါတယ်။ သဘော်ပိုင်ရှင်မှ ကုန်ကျစားရိတ်စုစုပေါင်း final coast ကိုမတောင်းခံခင်၊ အာမခံစဉ်းမျှဉ်း insurance policy အရ၊ 'deductible' အဖြစ်၊ ရာခိုင်နှုံးအလိုက် ကြိုတင်တောင်းဆိုနိုင်ပါတယ်။

hull & machinery cover အာမခံမှာ၊ war insurance နဲ့ loss of hire insurance ဆိုင်ရာ၊ သီးခြား အာမခံစဉ်းမျှဉ်း separate insurance policy တွေကိုလည်းထည့်သွင်း၊ သဘောတူ နိုင်ပါတယ်။ 'war insurance' ဟာ၊ 'trading warranty' ကဲ့သို့၊ စစ်မက်ဖြစ်ပွားနေတဲ့၊ နေရာဒေသအတွင်း၊ stipulating အနေနဲ့ စည်းကမ်းချက်အဖြစ် သတ်မှတ်ထားတဲ့ နေရာဒေသ နဲ့ ခရီးအတွင်းမှာ၊ ပေါါပေါက်တဲ့ ပျက်စီးဆုံးရှုံးမှုကိုသာပေးလျှော်ခြင်းဖြစ်ပါတယ်။ war cover အာမခံမှာ၊ trading limits တွေကို ခွဲခြားသတ်မှတ်လေ့ရှိပြီး၊ 'listed area' လို့ခေါါကာ၊ additional premium အနေနဲ့ သီးခြားဖြည့်စွက်ကာ၊ အာမခံထားခြင်းဖြစ်ပါတယ်။ war cover အာမခံဟာ၊ စစ်မက်ဖြစ်ပွားနေတဲ့၊ နေရာဒေသတွေသာမက၊ warlike saturation လို့ခေါါတဲ့ တည်ငြိမ်အေးချမ်းမှု မရှိတဲ့နေရာဒေသတွေ တနည်းအားဖြင့် civil commotion နဲ့ terrorism အနေနဲ့ အကျမ်းဖက်၊ ဆူပူမှုတွေဖြစ်ပွားနေတဲ့ နေရာဒေသတွေနဲ့လည်း၊ အကျုံးဝင်ပါတယ်။

'loss of hire insurance' အာမခံဟာလည်း၊ additional premium အနေနဲ့ သီးခြားဖြည့်စွက်ကာ၊ အာမခံထားခြင်းဖြစ်ပါတယ်။ သဘော်ပြင်ဆင်နေခြင်းကြောင့် ဖြစ်ပွားခဲ့ရတဲ့ကြန့်ကြာမှုတွေ ကတဆင့်၊ သဘော်ဌားရမ်းသူ charterer မှ၊ ဌားရမ်းမပြုတော့တဲ့အခါ၊ သဘော်ပိုင်ရှင်အနေနဲ့ ဌားရမ်းခဆုံးရှုံးမှုတွေ၊ ဖြစ်ပေါါလာနိုင်ပါတယ်။ ဌားရမ်းခဆုံးရှုံးမှုတွေဖြစ်ပွားရတဲ့ ကြန့်ကြာမှုတွေကို၊ တိကျသေခြာစွာ စုံစမ်းစစ်ဆေးပြီး၊ အကယ်၍ သဘော်ပိုင်ရှင်ဖက်မှ၊ အမှားအယွင်း တစုံတရာမရှိကြောင်း၊ စစ်ဆေးတွေ့ရှိခဲ့လျှင်၊ loss of hire insurance အဖြစ်၊ အာမခံ အဖွဲ့အစည်းမှ ပေးလျှော်ခြင်းဖြစ်ပါတယ်။

Reference : International Group of P & I Clubs, The role of P & I Clubs by RC Seward, Shipping Circular No. SC 26/ 08 - MPA Singapore Maritime & Port Authority,

No comments:

Post a Comment