Pages

Friday 13 July 2012

Classification Societies & Their Role (၁၂)

"Cargo Insurance" အာမခံကို၊ Charterer's Liability Cover နဲ့ Extended Cargo Cover ဆိုပြီး ခွဲခြားနိုင်ပါတယ်။ အာမခံထားရှိတဲ့အခါ types of cargo ဆိုတဲ့ ကုန်အမျိုးအစား၊ in bulk, packaged, containerized, refrigerated, chilled, in tank အစရှိတဲ့၊ ထုတ်ပိုးသယ်ဆောင်ခြင်းဆိုင်ရာ marine transportation methods နည်းလမ်းတွေ အပေါါမူတည်ပြီး၊ သီးခြားအာမခံထားခြင်းမှာ အာမခံကြေး premium အနေနဲ့ ကွာခြားမှုရှိပါတယ်။ သဘော်ပိုင်ရှင် ship owner သို့မဟုတ် သဘော်ကိုစီမံခန့်ခွဲသူ managers တွေဟာ၊ သဘော်ကို ဌားရမ်းတဲ့အခါ၊ 'time charter' နဲ့ 'voyage charter' ဆိုပြီး၊ စာချုပ် contract ချုပ်ဆိုဌားရမ်းလေ့ရှိပါတယ်။ time charter ဆိုတာကတော့ ပုံမှန် trading limits တွေအတွင်း၊ အနည်းဆုံး (၆)လမှ အများဆုံး (၃) နှစ် ပြေးဆွဲစေဖို့ ဌားရမ်းခြင်းဖြစ်ပါတယ်။ voyage charter ကတော့ သတ်မှတ်ထားတဲ့ designated voyage ခရီးတခု အတွက်သာ၊ ဌားရမ်းခြင်း ဖြစ်ပါတယ်။ time charter ဒါမှမဟုတ် voyage charter အနေနဲ့၊ သဘော်ကို ဌားရမ်းတဲ့အခါ၊ သဘော်ဌားရမ်းသူ charterer ဟာလည်း၊ သဘော်ပိုင်ရှင် သို့မဟုတ် သဘော်ကိုစီမံခန့်ခွဲသူ အဖြစ်၊ အတိုင်းအတာတခုအထိ၊ တာဝန်ရှိ ပါတယ်။


Fig. Charterer’s liability to hull damage due to structural failure during loading

Charterer's Liability Cover အာမခံကို၊ charterer’s liability to hull damage နဲ့ charterer’s liability to cargo damage ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။ သဘော်ဌားရမ်းသူ charterer ဟာ၊ မိမိ တင်ဆောင်တဲ့ ကုန် cargo ကြောင့် သဘော်မှာ၊ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါါခဲ့လျှင်၊ ပေးလျှော်ရန် တာဝန်ရှိပြီး၊ 'charterer’s liability to hull damage' လို့ခေါါပါတယ်။ stevedore damage ဆိုတဲ့ ကုန်တင်၊ ကုန်ချရာမှတဆင့် သဘော်မှာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါါခြင်းနဲ့ ဘေးကင်းလုံခြုံမှု မရှိတဲ့ဆိပ်ကမ်း unsafe port မှာ၊ သဘော်ဆိုက်ရောက်ရာ မှတဆင့် သဘော်မှာပျက်စီးဆုံးရှုံးမှု ဖြစ်ပေါါခြင်းတို့ဟာလည်း၊ charterer’s liability to hull damage နဲ့ အကျုံးဝင်ပါတယ်။

ဒါ့အပြင် time charter အနေနဲ့ သဘော်ကိုဌားရမ်းတဲ့အခါ၊ သဘော်မှာအသုံးပြုမယ့် စက်မောင်းဆီ fuel bunker ကို၊ သဘော်ဌားရမ်းသူ charterer မှ၊ ထောက်ပံ့ရပါတယ်။ သဘော် ဆိုက်ရောက်ရာ ဆိပ်ကမ်းမှာ၊ စက်မောင်းဆီပေးသွင်းခြင်း၊ ဆောင်ရွက်စဉ် အကြောင်းတစုံတခုကြောင့် ဆီလျှံခြင်း၊ ဆီယိုခြင်းမှတဆင့် ဆီကြောင့်ဖြစ်ပေါါလာတဲ့၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု oil pollution ကိစ္စကိုလည်း၊ သဘော် ဌားရမ်းသူ charterer မှ တာဝန်ယူဖြေရှင်းရပါတယ်။

စက်မောင်းဆီပေးသွင်းခြင်းကို၊ ဆောင်ရွက်စဉ် အကြောင်းတစုံတခုကြောင့် ဆီလျှံခြင်း၊ ဆီယိုခြင်းကို bad bunker အဖြစ်သတ်မှတ်ကာ၊ charterer’s liability ခေါင်းစဉ်အောက်မှ တာဝန်ယူဖြေရှင်းရပါတယ်။ အကယ်၍ ပေးသွင်းတဲ့စက်မောင်းဆီ fuel bunker ဟာ၊ အရည်အသွေး မမှီခြင်းနဲ့ အရောအနှောများ ပါဝင်နေခြင်းတို့ကြောင့်၊ သဘော်ရဲ့ main engine, generator engine နဲ့ boiler တို့မှာ၊ ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါါခဲ့လျှင်လည်း၊ bad bunker အဖြစ် သတ်မှတ်ကာ၊ charterer’s liability ခေါင်းစဉ်အောက်မှ တာဝန်ယူဖြေရှင်းရပါတယ်။

sea fright လို့ခေါါတဲ့ သဘော်ဖြင့်သယ်ဆောင်သွားတဲ့ ကုန်တွေဟာ၊ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံး ပျက်စီးမှုတွေဖြစ်ပေါါနိုင်သလို၊ designated discharge port ဆိုတဲ့ ကုန်ချရာ ဆိပ်ကမ်းမှာလည်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးပျက်စီးမှုတွေဖြစ်ပေါါနိုင်ပါတယ်။ သဘော်ဌားရမ်းသူ charterer ဟာ၊ မိမိ တင်ဆောင်လာတဲ့ ကုန်တွေ၊ ဆုံးရှုံးပျက်စီးမှု ဖြစ်ပေါါခဲ့လျှင်၊ ပေးလျှော်ရန်တာဝန်ရှိပြီး၊ 'charterer’s liability to cargo damage' လို့ခေါါပါတယ်။ သဘော်ဌားရမ်းသူ charterer ဟာ၊ ကုန်ပိုင်ရှင်လည်း ဖြစ်နိုင်သလို၊ ကုန်တွေကို သယ်ယူပို့ဆောင်ပေးသူလည်း ဖြစ်နိုင်ပါတယ်။

အကယ်၍သဘော်ဌားရမ်းသူ charterer ဟာ၊ ကုန်တွေကို သယ်ယူပို့ဆောင်ပေးသူဖြစ်ခဲ့လျှင်၊ အကြောင်း အမျိုးမျိုးကြောင့် ဆုံးရှုံးပျက်စီးဆုံးရှုံးခဲ့တဲ့ ကုန်တွေအတွက်၊ charterer’s liability ခေါင်းစဉ်အောက်မှ တာဝန်ယူဖြေရှင်းနိုင်သလို၊ သဘော်ဌားရမ်းသူ charterer ဟာ၊ ကုန်ပိုင်ရှင်ဖြစ်ခဲ့လျှင်တော့၊ charterer’s liability ခေါင်းစဉ်အောက်မှ တာဝန်ယူဖြေရှင်းလို့ မရတာကိုလည်း၊ တွေ့ရပါတယ်။ charterer’s liability ခေါင်းစဉ်အောက်မှ တာဝန်ယူဖြေရှင်းလို့မရတဲ့အခါ၊ ကုန်ပိုင်ရှင် charterers ဟာ၊ 'all risk cover' ဆိုတဲ့ အခြားအာမခံပေါါလစီခေါင်းစဉ် တခုကို၊ ဝယ်ယူဖို့ လိုအပ်ပါတယ်။


Fig. Charterer's liability under ECC - extended cargo cover

cargo transportation အနေနဲ့ ရေလမ်းခရီးမှ တနေရာနဲ့ တနေရာသယ်ယူပို့ဆောင်တဲ့အခါ၊ မမျှော်မှန်း နိုင်တဲ့ အခြေအနေအမျိုးမျိုးတွေကြောင့်၊ ကုန်တွေမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါါနိုင်သလို၊ သယ်ယူ ပို့ဆောင်းရေးဆိုင်ရာ ကြန့်ကြာမှုတွေလည်း၊ ဖြစ်ပေါါနိုင်ပါတယ်။ သဘော်ဌားရမ်းသူ charterers တွေဟာ၊ charterer's liability cover အာမခံကို၊ အသုံးပြုရာမှာ၊ မမျှော်မှန်းနိုင်တဲ့ အခြေအနေအမျိုးမျိုးတွေကြောင့်၊ အကန့်အသတ်နဲ့သာ၊ ပေးလျှော်နိုင်ပါတယ်။ ဒီအခါ မည်သည့် အခြေအနေ၊ မည်သည့်ကိစ္စကြောင့်မဆို၊ ဖြစ်ပွားပေါါပေါက်လာနိုင်တဲ့၊ ထိခိုက် ပျက်စီးမှုတွေနဲ့ ကြန့်ကြာမှုတွေ အပါအဝင်၊ ကုန်ပိုင်ရှင်ဖက်မှ သယ်ယူ ပို့ဆောင်ခပေးချေမှု၊ ပျက်ကွက်ခဲ့လျှင်လည်း၊ သဘော်ဌားရမ်းသူ charterers ကိုယ်စားပေးလျှော်မယ့်၊ 'Extended Cargo Cover' အာမခံကို၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ၊ လိုအပ်ချက်အရအသုံးပြုလာကြပြီး၊ 'ECC' လို့ခေါါပါတယ်။

"P & I " လို့ခေါါကြတဲ့ protection & indemnity အာမခံကတော့၊ သဘော်ပိုင်ရှင်ရဲ့ အာမခံ ship owner's insurance ဖြစ်ပါတယ်။ ရည်ရွယ်ချက်တူတဲ့ သင်္ဘောပိုင်ရှင်တွေဟာ၊ ထိခိုက်၊ ပျက်စီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ သဘော်ပိုင်ရှင်၊ မနစ်နာစေဖို့ ကျန်သဘော်ပိုင်ရှင်တွေမှ၊ စုပြီးလျှော်ကြမယ် ဆိုပြီး၊ အကျိုးအမြတ်မယူမယ့်၊ ရည်ရွယ်ချက်ဖြင့်၊ ဖွဲ့စည်းထားတဲ့ အာမခံအဖွဲ့အစည်းမှ၊ ပေးလျှော်ခြင်း ဖြစ်ပါတယ်။ ပေးလျှော်မယ့် အာမခံအဖွဲ့အစည်းတွေကို 'P & I Clubs' တွေလို့ခေါါပါတယ်။ protection & indemnity အာမခံကို၊ "အလုံးစုံအာမခံ" အဖြစ်သတ်မှတ်နိုင်ပြီး၊ 'indemnity cover' နဲ့ 'defense cover' ဆိုပြီး၊ (၂) ပိုင်းပါရှိပါတယ်။

'indemnity cover' အာမခံမှာ death & personal injury of seamen, passengers, third parties ဆိုတဲ့ သဘော်သား၊ ခရီးသည်နှင့် သဘော်နှင့် ပက်သက်သူတဦးဦး၊ သေဆုံးခြင်းနှင့် ထိခိုက် ဒါဏ်ရာရရှိခြင်း၊ stowaways or persons saved at sea ဆိုတဲ့ သဘော်နှင့်တရားမဝင် လိုက်ပါလာသူ တဦးဦးကြောင့်၊ ပေါါပေါက်လာမယ့် ကိစ္စတွေကို၊ ဖြေရှင်းရခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စောင့်ရှောက်စီမံရခြင်း၊ collisions ဆိုတဲ့ သဘော်တိုက်ခြင်း တနည်းအားဖြင့် RDC သို့မဟုတ် running down clause အဖြစ်၊ သဘော်မောင်းနှင်နေစဉ် အခြားသဘော်တစီးနဲ့ တိုက်မိခြင်းနှင့် damage to fixed or floating objects သို့မဟုတ် FFO ဆိုတဲ့ quay ဆိပ်ခံတာရိုး၊ dock ရေလုံကျင်းနဲ့ buoy ဗော်ယာ အစရှိတဲ့ အရာဝထ္ထုတွေနဲ့ တိုက်မိခြင်း၊ groundings ဆိုတဲ့ သောင်တင်ခြင်း၊ pollution ဆိုတဲ့ ပင်လယ်ပြင် ညစ်ညမ်းမှု ဖြစ်ပေါါခြင်း၊ wreck removal ဆိုတဲ့ သဘော်တိုက်ခြင်း၊ သောင်တင်ခြင်းနဲ့ ပင်လယ်ပြင်ညစ်ညမ်းမှုတို့မှ တဆင့်၊ ပေါါပေါက်လာမယ့် အပျက်အစီး၊ အစအနတွေနဲ့ အညစ်အကြေးတွေကို၊ ဆယ်ယူဖယ်ရှား သန့်ရှင်းပေးရခြင်း၊ cargo ဆိုတဲ့ တင်ဆောင်တဲ့ ကုန်ကြောင့် သဘော်မှာ၊ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါါခြင်းနဲ့ towing ဆိုတဲ့ သဘော်ကိုဆွဲယူသွားရာမှတဆင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါါခြင်း အစရှိတဲ့ အာမခံအမျိုးအစားတွေ ပါဝင်ပါတယ်။


Fig. Stowaways hide in ship's rudder

death & personal injury of seamen, passengers, third parties ဆိုတဲ့ သဘော်သား၊ ခရီးသည်နှင့် သဘော်နှင့်ပက်သက်သူ တဦးဦး၊ သေဆုံးခြင်းနှင့် ထိခိုက် ဒါဏ်ရာရရှိခြင်းအတွက်၊ owner’s liability အနေနဲ့ သဘော်ပိုင်ရှင်မှပေးလျှော်ရမယ့်အထဲမှာ၊ repatriation of sick or injured crew and hospital expenses ဆိုတဲ့ သဘော်သားရဲ့ ကျမ်းမာရေးချို့ယွင်းမှု သို့မဟုတ် ထိခိုက်ဒါဏ်ရာရမှု အတွက်၊ ပေးဆောင်ရမယ့် ဆေးကုသစားရိတ်အပြင်၊ costs of sending replacement personnel to the ship ဆိုတဲ့ သဘော်သားအစားထိုးလဲလှယ်ခြင်းအတွက်၊ ပေးဆောင်ရမယ့် ကုန်ကျစားရိတ်တို့လည်း၊ အကျုံးဝင် အကျုံးဝင်ပြီး၊ diversion expenses လို့ခေါါပါတယ်။ သဘော်နှင့်တရားမဝင် လိုက်ပါလာသူ stowaway တဦးဦးကြောင့်၊ ပေါါပေါက်လာမယ့် ကိစ္စတွေကို၊ ဖြေရှင်းရခြင်းနှင့် လိုက်ပါလာသူ stowaway ကို၊ မူလတိုင်းပြည်သို့ပြန်လည်ပို့ဆောင်ရတဲ့ ကုန်ကျစားရိတ်တွေဟာလည်း၊ diversion expenses မှာအကျုံးဝင်ပါတယ်။

(၂၀၀၀) ခုနှစ်လောက်တုန်းက၊ သဘော်နဲ့လိုက်ပါလာသူ stowaway တွေကို၊ မူလတိုင်းပြည်သို့ ပြန်လည် ပို့ဆောင်ရတဲ့ အတွေ့အကြုံလေးတခုကိုလည်း၊ အမှတ်ရမိပါတယ်။ Tasmania တက်စမေးနီးယား ကျွန်းမှ၊ သံချောင်း iron bars တွေသယ်ကာ Panama ပနားမားတူးမြောင်းကိုဖြတ်ပြီး၊ Latin America လက်တင် အမေရိကနိုင်ငံတွေဖြစ်တဲ့၊ Mexico မက္ကစီကို၊ Guatemala ဂွာတီမာလာ၊ Honduras ဟွန်ဒူးရပ်စ်၊ Nicaragua နီကာရာဂွာ၊ Costa Rica ကော်စတာရီကာ၊ Columbia ကိုလံဘီယာ၊ Venezuela ဗင်နီဇွဲလား၊ Guyana ဂွာယားနား၊ Suriname ဆူရီနိမ်းနဲ့ West Ideas အနောက်အိန္နိယကျွန်း နိုင်ငံတွေဖြစ်တဲ့၊ Trinidad & Tobago ထရီနီဒက်နှင့် တိုဘားဂိုး၊ Barbados ဘာဘေးဒိုးစ်၊ St. Vincent စိန့်ဗင်းဆင့်၊ Jamaica ဂျာမေကာ၊ Dominican Republic ဒိုမီနီကန်ရီပတ်ဘလစ်နဲ့ US Virgin Island ယူအက်စ် ဗာဂျင်အိုင်းလန်း တို့ကို၊ အခေါက်ခေါက် အခါခါပြေးဆွဲခဲ့ရတုန်းက၊ ဖြစ်ပါတယ်။

တင်လာတဲ့ သံချောင်းတွေကို၊ ဟိုနေရာနဲနဲ၊ ဒီနေရာနဲနဲ လိုက်ချရရင်း၊ ဒိုမီနီကန်ရီပတ်ဘလစ်ရဲ့မြို့တော် Santo Domingo စင်တိုဒိုမီဂိုကို သဘော်ရောက်လာခဲ့ပါတယ်။ စင်တိုဒိုမီဂိုမြို့ကတော့ အာမခံစနစ်ကို အပြည့်အဝယုံကြည်လို့ 'တင်ပါး' ကိုတောင် အာမခံထားတဲ့၊ ဟောလိဝုဒ်မှ နာမည်ကြီး ရုပ်ရှင် မင်းသမီးရဲ့ မွေးရပ်မြေပါ။

စင်တိုဒိုမီဂိုမှထွက်ပြီးရင် နောက်ဆုံးချရမယ့် နေရာကတော့ ယူအက်စ်ဗာဂျင်အိုင်းလန်းဖြစ်ပါတယ်။ စန်တာ ဒိုမီဂိုမြို့တော်မှ၊ ည (၉) နာရီလောက်မှာ သဘော်ထွက်လာခဲ့ပါတယ်။ ကာရီဘီယံ Caribbean Sea  ထဲမှာ မောင်းလာရတဲ့အတွက်၊ အင်းလျားကန်ထဲလှေစီးရသလို ငြိမ့်ပါတယ်။ သဘော်မထွက်ခင် ခွဲဝေထားတဲ့ တာဝန်အရ၊ သဘော်တစီးလုံးကို အပိုင်းလိုက်ခွဲကာ တရားမဝင်သဘော်နဲ့လိုက်ပါလာသူရှိမရှိ 'stowaway search' လုပ်ကြပါတယ်။ ခွေးတစ်ကောင်၊ ကြောင်တစ်မှီး ခိုးလိုက်လာသူမရှိလို့ ယူဆကာ၊ (၁) ညအိပ် (၂) ရက်ခရီးဖြင့် ယူအက်စ်ဗာဂျင်အိုင်းလန်းကို၊ ရောက်ခဲ့ပါတယ်။

ဟောလိဝုဒ်မှ၊ နာမည်ကြီးရုပ်ရှင်မင်းသမီးရဲ့ ရပ်ဆွေရပ်မျိုး မောင်မင်းကြီးသား 'ကိုငမဲ' များကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ၊ ဖမ်းမိမှသိရတာကတော့၊ 'ကိုငမဲ' တို့ဟာ၊ သဘော်ပေါါမှာ ပုန်းပြီးလိုက်လာတာ မဟုတ်ပဲ၊ သဘော်အပြင်ကနေ လမ်းကြုံလိုက်တာဖြစ်နေပါတယ်။ သဘော်ရဲ့ rudder ကြီး ကလည်း ရေထဲမှ၊ တဝက်လောက်ပေါါနေသမို့၊ rudder အပေါါမှာငုတ်တုတ်ထိုင်သူထိုင်၊ rudder Post ဆင်းလာတဲ့ steering gear room အောက်မှ၊ compartment ထဲ ဝင်နေသူကနေနဲ့  ပျော်ပျော်ပါးပါး၊ သဘော်နဲ့အတူ လိုက်ပါလာတာဖြစ်ပါတယ်။ သဘော်ကမ်းကပ်ပြီးတာနဲ့ ကျေးဇူးရှင်များဟာ၊ rudder ပေါါမှ၊ ခုန်ဆင်းပြီးရေကူးကာ ကမ်းပေါါတက်ပြေးကြပါတယ်။ သဘော်ပေါါမှာ coast guard တွေနဲ့ immigration မှ၊ ကိုယ်တော်တွေလည်း ရှိနေသမို့၊ ကျေးဇူးရှင်များကမ်းပေါါတက်ပြေးတာ မြင်ပြီး၊ ဗျောက်တို၊ ဗျောက်ရှည်တွေနဲ့ လှမ်းကာ၊ သရမ်းကြပါသေးတယ်။

ဝရုန်းသုံးကားနဲ့ တောအုပ်တွေထဲထွက်ပြေးတာ၊ အားလုံးလိုက်ဖမ်းကြရင်း၊ သဘော်ပေါါကို ကျေးဇူးရှင် (၁၂) ယောက်ပြန်ခေါါလာပါတယ်။ သဘော်သားတွေမှ၊ ဘိုလိုမေးကြည့်တဲ့အခါ 'ကိုငမဲ' တို့၊ အဖွဲ့ဟာ၊ (၁၂) ယောက်အုပ်စုလို့သိရပြီး၊ 'လဝက' မင်းများမှ စစ်ချက်ယူတဲ့အခါမှာတော့၊ ကိုငမဲတို့က 'ဘိုလို နားမလည်ပါ' လုပ်ပါကြပါတယ်။ 'လဝက' မင်းများကလည်း 'လက်တင်စပိန်ညို' ရပေသမို့၊ အဲဒီအခါမှာတော့ 'ကိုငမဲ' တို့လည်း စပန်ညိုလိုဖြေရပါတော့တယ်။

လဝက မင်းများမှ၊ စေတနာပိုကာ အရင်သဘော်တွေနဲ့၊ ပါလာပြီး လှောင်ထားတဲ့၊ 'ကိုငမဲ' (၂) ယောက်ကိုပါ၊ ဆွဲထုတ်ကာ၊ ပြန်ပို့စေပါတယ်။ စုစုပေါင်းသဘော်သားက အယောက် (၂၀) မှာ၊ လမ်းကြုံလိုက်သူ (၁၄) ယောက်ကိုတင်ကာ၊ 'စင်တိုဒိုမီဂို' သို့ပြန်မောင်းခဲ့ရပါတယ်။ စုစုပေါင်းသဘော်သား အယောက် (၂၀) မှာ၊ လမ်းကြုံလိုက်သူက (၁၄) ယောက်ရှိနေတဲ့အတွက်၊ ဘေးအန္တရယ်ကင်းကင်းစွာ၊ တစ်လှေတည်းစီးကာ၊ တစ်ခရီးတည်းသွားနိုင်စေဖို့၊ ကျေးဇူးရှင်တွေကို၊ (၂) ယောက်တတွဲ လက်ထိပ်ခတ်ပြီး၊ gymnasium room ထဲမှာ၊ ထည့်ရပါတယ်။ အပေါ့၊ အလေးကိစ္စဖြေရှင်းဖို့၊ ပလတ်စတစ်ပုံးအလွတ်တွေ ထည့်ပေးပါတယ်။ gym room ရဲ့ port hole တွေနဲ့ main entrance door ကိုလည်း၊ အပြင်မှ သံချောင်း grill တွေနဲ့ welding ဆော်ကာ၊ ကာရပါတယ်။ မနက်စာ၊ နေ့လည်စာနဲ့ ညစာအပါအဝင်၊ ဆေးလိပ်၊ ဘီယာ၊ အရက် ကလွဲလို့ 'ကိုငမဲ' တို့ တောင်းဆိုတဲ့၊ နွားနို့၊ သစ်သီး၊ ဖျော်ရည် စတာတွေကို၊ port hole grill ကြားကနေ၊ ထည့်ကာ ဆက်သရပါတယ်။ သဘော် (၂) ရက်စာ delay ဖြစ်သွားလို့၊ သဘော်ဌားရမ်းသူ charterer ရဲ့နစ်နာမှု၊ (၂) ရက်စာ လောင်စာ ဆီ အပိုသုံးစွဲရမှုနဲ့ အခြားကုန်ကျစားရိတ်အားလုံးကို၊ stowaways or persons saved at sea ခေါင်းစဉ်အောက်မှ diversion expenses အဖြစ်၊ P & I Club သို့အကြောင်းကြားကာ၊ ပြန်လည်တောင်းခံခြင်း claim ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် shipwreck or fire on board အနေနဲ့ သဘော်နစ်မြုတ်ပျက်စီးခြင်း သို့မဟုတ် မီးလောင်ခြင်း တို့ကြောင့် loss of crew members' personal effects ဆိုတဲ့ သဘော်သားတွေရဲ့ ကိုယ်ပိုင် အဖိုးတန် ပစ္စည်းတွေ၊ ပျောက်ဆုံးပျက်စီးခြင်း ကိုလည်း၊ ထည့်သွင်းနိုင်ပါတယ်။သဘော်နစ်မြုတ်ပျက်စီးခြင်း သို့မဟုတ် မီးလောင်တဲ့အခါ၊ သဘော်သား၊ ခရီးသည်နှင့် သဘော်နှင့်ပက်သက်သူတွေကို၊ ကယ်ဆယ်ဖို့ လိုပါတယ်။ life salvage အနေနဲ့ ကယ်တင်တဲ့ အခါ၊ ပေးဆောင်ရမယ့်ကုန်ကျစားရိတ်တွေလည်း၊ အကျုံးဝင်ပါတယ်။


Fig. Collision with ship - (RDC) running down clause


Fig. Collision with dock - (FFO) fixed or floating objects

protection & indemnity အာမခံမှာ၊ RDC ဆိုတဲ့ running down clause ကို၊ အခြားသဘော်တစီးနဲ့ တိုက်မိရာမှတဆင့်၊ ပေါါပေါက်လာတဲ့ မိမိသဘော်ရဲ့ ပျက်စီးဆုံးရှုံးမှု အပြင်၊ collision ကြောင့် အခြား သဘော်မှာပေါါပေါက်လာမယ့်၊ ပျက်စီးဆုံးရှုံးမှုတွေအတွက်၊ သဘော်ပိုင်ရှင်မှပေးလျှော်ရမယ့် liability for collisions အဖြစ်သတ်မှတ်ပါတယ်။ FFO ကို မိမိသဘော်နဲ့ အခြားအရာ ဝထ္တုတွေနဲ့ တိုက်မိခြင်းမှ၊ ပေါါပေါက်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက်၊ သဘော် ပိုင်ရှင်မှပေးလျှော်ရမယ့် liability for strikings အဖြစ်သတ်မှတ်ပါတယ်။ RDC နဲ့ FFO တို့ အတွက် insurance cover ဟာ၊ hull & machinery cover အာမခံမှာလည်းပါဝင်လေ့ရှိတတ်ပါတယ်။ "အလုံးစုံ အာမခံ" ဖြစ်တဲ့ protection & indemnity အာမခံပေါါလစီကို ဝယ်ယူတဲ့အခါ၊ hull & machinery cover မှာ RDC နဲ့ FFO အာမခံပေါါလစီ စာသား clause ကို မထည့်သွင်းပဲ၊ ထားခဲ့နိုင်ပါတယ်။ RDC ဆိုတဲ့ running down clause အရ၊ liability for collisions အတွက်၊ အာမခံထားရှိတဲ့အခါ၊ (၁)။ One-fourth collision liability, (၂)။ Other risks excluded from the running down clause နဲ့ (၃)။ Excess collision liability ဆိုပြီး၊ ထပ်မံခွဲခြားတာကို တွေ့ရပါတယ်။

 အကယ်၍ hull & machinery cover မှာ RDC နဲ့ FFO အာမခံပေါါလစီစာသား clause ကိုထည့်သွင်း ထားခဲ့လျှင်၊ အခြားသဘော် တစီးနဲ့ တိုက်မိရာမှ တဆင့်၊ ပေါါပေါက်လာတဲ့ မိမိသဘော်ရဲ့ ပျက်စီးဆုံးရှုံးမှု အပြင်၊ အခြားသဘော်မှာပေါါပေါက်လာမယ့်၊ ပျက်စီးဆုံးရှုံးမှုတွေအတွက်၊ သဘော်ပိုင်ရှင်မှ liability for collisions ရဲ့ (၃) ပုံ (၂) ပုံကို၊ 'hull & machinery cover' ဆိုတဲ့၊ hull underwriter ရဲ့ RDC အာမခံ မှတဆင့်၊ ပေးလျှော်ပြီး၊ ကျန် (၃) ပုံ (၁) ပုံကိုသာ 'indemnity cover' အာမခံမှပေးလျှော်ခြင်းကို၊ 'one-fourth collision liability' လို့ခေါါပါတယ်။


Fig. Wreck due to ship collision

သဘော်တိုက်ခြင်း collision မှ တဆင့်၊ ပေါါပေါက်လာမယ့် wreck removal liabilities မှာ shore side structures လို့ခေါါတဲ့ ကမ်းခြေရဲ့ အဆောက်အဦနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအပြင်၊ သဘော်မှာ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေ ထိခိုက် ပျက်စီးမှုနဲ့ သဘော်မှာ လိုက်ပါလာသူတွေသေဆုံးခြင်းနှင့် ထိခိုက်ဒါဏ်ရာရရှိခြင်းတို့လည်း၊ ပါဝင်နိုင်ပါတယ်။ 'hull & machinery cover' ဆိုတဲ့၊ hull underwriter ရဲ့အာမခံပေါါလစီစာသား running down clause မှာသဘော်တိုက်ခြင်း collision မှ တဆင့်၊ ပေါါပေါက်လာမယ့် အပျက်အစီး၊ အစအနတွေနဲ့ အညစ်အကြေးတွေကို၊ ဆယ်ယူ ဖယ်ရှား သန့်ရှင်းပေးရခြင်းကိစ္စတွေနဲ့ ပက်သက်ပြီး၊ wreck removal liabilities အရ၊ သဘော်ပိုင်ရှင်မှ၊ ပေးဆောင်ရမယ့် ကုန်ကျစားရိတ်တွေ အကျုံးမဝင်တာကိုတွေ့ရပါတယ်။ 'hull & machinery cover' ဆိုတဲ့၊ hull underwriter ရဲ့ RDC အာမခံမှာမပါဝင်တဲ့၊ wreck removal liabilities ကို၊ 'indemnity cover' အာမခံမှပေးလျှော်ခြင်းကို၊ 'other risks excluded from the running down clause' လို့ခေါါပါတယ်။


Fig. Oil spill due to ship collision

တခါတရံ 'hull & machinery cover' ဆိုတဲ့၊ hull underwriter ရဲ့ running down clause အရ၊ liability for collisions ရဲ့ (၃) ပုံ (၂) ပုံကိုပေးလျှော်ပေမယ့်၊ သက်ဆိုင်ရာ တိုင်းပြည်မှ ကုန်သွယ်ရေကြောင်းဥပဒေ Merchant Shipping Act နဲ့ မြို့ပြဆိုင်ရာဥပဒေ Civil Liability Law တို့အရ၊ အာမခံထားတဲ့တန်ဖိုး insured value မလုံလောက်ခြင်းတွေဖြစ်ပေါါနိုင်ပါတယ်။ သဘော်ပိုင်ရှင်အနေနဲ့ သက်ဆိုင်ရာတိုင်းပြည်ရဲ့ ဥပဒေအရ၊ liability for collision ကိစ္စကို ကိုယ်တိုင်ဆက်လက်ဖြေရှင်းဖို့ လိုအပ်မှာ၊ ဖြစ်သလို၊ 'indemnity cover' အာမခံမှ liability ဆိုင်ရာ၊ ပေးလျှော်ခြင်းကို၊ ဆောင်ရွက်နိုင်ပြီး၊ 'excess collision liability' လို့ခေါါပါတယ်။ အထူးသဖြင့် သဘော်တိုက်ခြင်း collision မှ တဆင့်၊ နောက်ဆက်တွဲပေါါပေါက်လာမယ့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု pollution ကိစ္စတွေကို၊ liability for collision အဖြစ်သတ်မှတ်ပြီး၊ excess collision liability ခေါင်းစဉ်အောက်မှ၊ ဖြေရှင်းကြပါတယ်။

Reference : International Group of P & I Clubs, The role of P & I Clubs by RC Seward,

Image Credit to : http://www.mek.dtu.dk/, http://www.veljidosabhai.com/, http://s24.photobucket.com/ , http://xmb.stuffucanuse.com/ http://antipodeanmariner.blogspot.sg/, http://www.listener.co.nz/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment