Pages

Wednesday 8 February 2012

Generator Synchronizing, Parallel Operation နဲ့ Load Sharing (၅)

မြန်မာအင်ဂျင်နီယာဖိုရမ်မှာ၊ အင်ဂျင်နီယာနဲ့ နည်းပညာဘာသာရပ်ဆိုင်ရာ၊ အကြောင်းအရာတွေနဲ့ ပက်သက်ပြီး၊ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်မှာ လေ့လာထားသူ၊ အကို၊ အမတွေ အမြဲဆွေးနွေးလေ့ ရှိပါတယ်။ အကို၊ အမတွေဟာ ကမ္ဘာအရပ်ရပ်မှာနေထိုင်ကျသူတွေဖြစ်ပြီး၊ on line ကိုအသုံးပြုကာ၊ မြန်မာ အင်ဂျင်နီယာဖိုရမ် ရဲ့ စာမျက်နှာတွေ မှာ၊ ဆွေးနွေးကျတာဖြစ်ပါတယ်။ အဲဒီထဲမှ Generator တွေကို၊ အတူ ပူးတွဲကာ၊ အပြိုင်မောင်းနှင်ခြင်းကို ပြန်လည် ကူးယူဖော်ပြပါတယ်။ ပါဝင်ဆွေးနွေးကျသူတွေကတော့ ကိုအောင်ဇော်ဦး၊ ကိုထွန်း၊ ကို blessing၊ ကိုလင်း၊ ကို thurein 27ကို Htet Soe Paing၊ ကိုသက်ထက်သူ ကို Deep Blue နဲ့ မအေရာမေ တို့ဖြစ်ပါတယ်။  


ကိုထွန်း ။ အကိုဒိ ရေ။ အကိုဟာ ကျွန်တော်တို့ ကျောင်းမှာတုန်းက၊ ဆရာတဦးအဖြစ် စာတွေသင်ပေးခဲ့ သလို၊ လုပ်ငန်းခွင်ထဲရောက်သွားတော့လည်း၊ တိကျသေခြာစေဖို့၊ ညွှန်ပြပြောဆိုတဲ့ အတွက်၊ ကျေးဇူးတင်လေးစား ရပါတယ်။

ကျွန်တော့်အနေနဲ့ အချိန်အတိုင်းအတာအရ အကန့်အသတ်နဲ့ လုပ်ရတဲ့အပိုင်းမှာ၊ အလွယ်တကူဖြေရှင်း လိုက်တာလို့လည်း၊ ဆိုနိုင်ပါတယ်။ အကို ညွှန်ပြသတိပေးသလို၊ ခဏ၊ ခဏ "လောင်" တဲ့ အစိတ် အပိုင်းတွေကို၊ မူလသုံးထားတဲ့  Brand အစား၊ အခြားသော Brand တနည်းအားဖြင့်၊ ပိုမို ခံနိုင်ရည် ရှိမယ်လို့ ယူဆရတဲ့၊ အမျိုးအစားကို၊ ပြောင်းလဲတတ်ဆင်ပြီး၊ စမ်းသတ်ကြည့်ရမှာပါ။ 


အကန့်အသတ်နဲ့ လုပ်ရတဲ့အပိုင်းဆိုရာမှာ၊ သဘော်ဟာ Home Port ဆိုတဲ့ မိခင်ဆိပ်ကမ်းကို၊ ခဏ တဖြုတ် ဝင်ရောက်စဉ်မှာ၊ အချိန်လုပြီးလုပ်ရပါတယ်။ မူလထုတ်လုပ်သူ စေလွှတ်တဲ၊့ Maker's Service Engineer များရဲ့ ဝန်ဆောင်မှုနဲ့ သာ၊ ဖြေရှင်းခဲ့တာဖြစ်ပြီး၊ အကယ်၍သာ အခြားသော Service Engineer များထံမှ၊ အကြံဥာဏ်နဲ့ ဝန်ဆောင်မှု ဖြင့်သာ၊ စနစ်တကျဖြေရှင်းခွင့်ရခဲ့ရင်၊ အပြုသဘောဆောင်တဲ့ ရလဒ်တခု၊ ရရှိလာမှာ သေခြာပါတယ်။


Bow Thruster Operation ကို စွမ်းအားပြည့်ရဖို့ရယ် ရည်ရွယ်ပြီးတော့ မူလဒီဇိုင်းကိုပြောင်းရတာ ကတော့ အတော် ကြီးကျယ်တဲ့ ကိစ္စရယ်လို့၊ ဆိုနိုင်ပေမယ့်၊ သဘော်မောင်းနှင်ခုတ်မောင်း၊ သွားလာဖို့ အရေးပါတဲ့ Critical Machinery အဖြစ်မသတ်မှတ်တဲ့အတွက်၊ ထပ်မံအဖြေမရှာဖို့၊ ကျွန်တော် ဆုံးဖြတ်ခဲ့ ပါတယ်။ တကယ်တော့ Bow Thruster တို့၊ Aft Thruster တို့ out-off order (သို့မဟုတ်) failure ဖြစ်ခဲ့ရင်၊ Port, Harbor and Terminal Waft အကပ်အခွာတွေနဲ့၊ Ship to Ship Alongside & Castoff ဆိုတဲ့ သဘော်အခြင်းခြင်း အကပ်အခွာတွေကို၊ Tug Assistance နဲ့ ဆောင်ရွက်ပေးနိုင်တဲ့ အတွက်၊၊ Critical Machinery တခုအဖြစ် မယူဆခြင်းလည်းဖြစ်ပါတယ်။


အင်ဂျင်နီယာတွေဟာ၊ အင်ဂျင်နီယာရှူထောင့် Engineering View ကနေကြည့်ရသလို၊ အင်ဂျင်နီယာ ကျင့်ဝတ် Engineering Ethics ဖက်မှလည်းရပ်တည် ရမယ်ဆိုတာ၊ လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့် အနေအထားကတော့ ဖြစ်လာတဲ့၊ ကိစ္စတခုကို Engineering View က တမတ်ဖိုး၊ Engineering Ethics က တမတ်ဖိုး၊ Management View က တမတ်ဖိုး နဲ့ Commercial View က တမတ်ဖိုး၊ အစရှိသလို တမတ်တန်းကနေ ကြည့်ရတာပါ။ တမတ်တန်းမှာ တနေရာ ရယ်လို့၊ ပြောရမှာပါပဲ..အကိုရေ။


ကိုသက်ထက်သူ။ ဟုတ်.. အစ်ကိုတို့ပြောတာကို အလုပ်တုန်းက၊ ကျွန်တော်လက်တွေ့ တခါစမ်းဘူးတယ် ။ ဒါပေမယ့် ကျွန်တော်စမ်းတာက single phase 2.5 KVA နှစ်လုံးပေါင်းလိုက်တာ မရဘူးဗျ။ စက်တလုံးက ကျွသွားတယ်ဗျ။ ရဘူးနော်။ အစ်ကိုတို့က ဘယ်လို connection နဲ့သွားတာလဲပြောပြပါလား။

ကို Deepblue ။ အပြိုင်ယှဉ်တွဲရာမှာ၊ DC generator အချင်းချင်းတွဲတာလည်း ရှိပါတယ်။ DC စက် အချင်းချင်း တွဲမယ် ဆိုလျှင်၊ အရေးပါတဲ့လိုအပ်ချက်က 'voltage of both generators must be equal' ဆိုတဲ့အတိုင်း ဗို့အားတူညီရပါမယ်။ ပြီးလျှင်တော့ polarity မှန်ကန်ဖို့လိုပါတယ်။ positive to positive နှင့် negative to negative ဆက်သွယ်ရမှာဖြစ် ပါတယ်။ အပြိုင်တွဲမယ့် Generator ဟာ Load ဆွဲတာကြောင့် speed ကျဆင်းပြီး voltage ပါကျဆင်းတတ်တဲ့ series field type မဖြစ်သင့်ပါဘူး။

AC single phase စက်အချင်းချင်တွဲလျှင် voltage နှင့် frequency တူညီရန်လိုပါတယ်။ phase sequence မရှိပေမယ့် phase နှင့် neutral မလွဲအောင်တော့ သတိပြုပေးရမှာပါ၊ phase အချင်းချင်း electrical degree တစ်ထပ်တည်း ရောက် တဲ့ အချိန်စောင့်ပြီး၊ တွဲဖို့လည်းလိုပါတယ်။

ကိုထွန်း ။ ကိုအောင်ဇော်ဦး ခင်ဗျား။ အရွယ်အစားကြီးမားပြီး ဘယ်နဲ့ ညာလားရာ အမြဲတမ်းပြောင်းကာ လည်ပတ်တဲ့ shaft တစ်ခုရဲ့ direction of rotation မှာ၊ RPM ကိုသိဖို့၊ permanent magnet type Teco-generator ကို အသုံးပြုတာကို ဆိုလိုတာလား ခင်ဗျား။ ဆွေးနွေးပေးပါဦး။

မအေရာမေ ။ အကိုအောင်ဇော်ဦး ရေ....Tachogenerator တချို့မှာ Rotation လားရာကိုပါ၊ တိုင်းတာ သိဖို့လိုအပ်ရင် permanent-magnet သုံးတဲ့ DC Generator ပုံစံမျိုးတည်ဆောက် ကြတယ်လို့ကြားဖူး ပါတယ်၊ diode အကူအညီယူ DC change ဆိုတာ မှားများနေမလားလို့ ထင်မိပါတယ်။ ဒီနေရာမှာ တွေ့နိုင်ပါတယ်။

လည်ပတ်နှုန်းနှင့်လားရာသာမကပဲ၊ မည်မျှလည်ပတ်ပြီးပြီ၊ မည်သည့် ဒီဂရီ အနေအထားမှာရောက်ရှိနေသည်၊ ဆိုတာကိုပါ၊ သိရှိလိုတဲ့ (ဆက်စပ်ပစ္စည်းတွေရဲ့ တည်နေရာ အတိအကျကို သိရှိလိုတဲ့ ကရိန်းလို) ပစ္စည်းတွေမှာတော့၊ Techogenerator တွေထက် အဆင့်မြင့်တဲ့ Rotary encoder များသုံးစွဲကြကြောင်းလဲ မှတ်သားခဲ့ရဖူးပါတယ်။

Wind anemometer တွေမှာ၊ Wind Speed ရယ်၊ Wind Direction ရယ်ဖေါ်ပြတာဆိုလျှင်လည်း ၊အခုခေတ်ပေါ် အီလက်ထရောနစ် ပစ္စည်းတွေက၊ အသေးစိတ်တိကျစွာဖေါ်ပြနိုင်ပါတယ်တဲ့။ (Computer ရဲ့ Mouse ကလေးကိုပဲ ကြည့်ပါဦး။ လှုပ်ရှားရောက်ရှိတဲ့နေရာကို Software က အမြဲလိုက်သိနေတယ်လေ။) ဒီတော့ အစ်ကိုပြောသလို၊ Techogen ကထုတ်ပေးမည့် Voltage မှတဆင့် Control signal ရယူပြီး၊ protection Interlock တွေလည်း မဖန်တီးနိုင်စရာ အကြောင်း မရှိဘူးလို့ မြင်ပါတယ်။

နောက်ပြီးတော့၊ Sensor တွေ၊ Transducer တွေကို Signal amplifier တွေအဖြစ်၊ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့၊ ဒီခေတ်မှာ မဖြစ်စလောက် အပူချိန်အပြောင်းအလဲလေး၊ ဖိအားအပြောင်းအလဲလေး၊ ဓါတ်ငွေ့ ယိုစိမ့်မှုလေး စတာ တွေ ကတောင် (ပမာဏဘယ်လောက်မှာ Relay output ထွက်ပေါ်ချင်တယ်ဆိုတာ Parameter တွေကို Setting လုပ်နိုင်တာ Programmable ဖြစ်တာ) တွေကိုလည်း၊ တွေ့ဖူးပါတယ်။ Relay Output သာမက Analog Output ကိုလည်း၊ Display အမျိုးမျိုးနှင့် ဖေါ်ပြပေးနိုင်ကြပါတယ်။ (ရလာတဲ့Data တွေကို GPS စနစ်တွေသုံးပြီး မြေပြင်နှင့်ဂြိုလ်တု အပြန်အလှန် ဆက်သွယ်မှုတွေ အထိလည်း လုပ်နေကြတာ မြင်တွေ့နေတာပဲ မဟုတ်လား။)

ဒါကြောင့် စိတ်ကူးကွန့်မြူးအတွေးနယ်ချဲ့တာကို၊ ကြိုဆိုအားပေးပါတယ်ရှင့်။ တစ်ခုတော့ ရှိတယ် ရှေးက ဟာကိုပဲ ရိုးမယ်ဖွဲ့ပြောပြောမနေပဲ၊ ခေတ်မီ ပစ္စည်းတွေကိုလည်း ၀ယ်ယူဆက်စပ်သုံးစွဲဖို၊့ စဉ်းစားပေး ပါဦးနော်။

ကိုအောင်ဇော်ဦး ။ အမအေရာမေ ပြောတာလည်းမှားပါဘူး။ ကျွန်တော်ရေးတာလည်းမှန်မယ် ထင်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့၊ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ပဲ၊ အမအေရာ ပြောတဲ့ permanent magnet type Teco-generator ကို၊ ကျွန်တော်ပြောတဲ့နည်းအတိုင်း modified လုပ်ပေးခဲ့ဘူးလို့ပါ။ owner ကလည်းကျေးဇူးတင်သွားပါတယ်။ သူတို့ ဒီလို original ကိုရှာဝယ်ရင် အချိန်ကုန်မယ် ငွေ ကုန်မယ်။ ဗမာနည်း ဗမာ့ဟန်ကလည်း၊ အရေးကြုံရင် အဆင်ပြေတာပေါ့။ ဘယ်လိုတွေပဲ၊ သုံးသုံး သဘောတရား နားလည်ပြီး လုပ်ငန်းခွင်မှာအဆင်ပြေရင် မကောင်းဘူးလားဗျာ။ အခုခေတ်ပေါ် ပစ္စည်းတွေကိုလည်း သုံးကျဖို့ owner တွေကိုတိုက်တွန်းပေးပါ့မယ် နော်။

မအေရာမေ ။ အစ်ကိုအောင်ဇော်ဦး ရေ...ဘာကို ဘယ်လို၊ modified လုပ်ပေးခဲ့တယ်ဆိုတာလေး ၊ချဲ့ထွင်ဆွေးနွေးပေးဖို့ တိုက်တွန်းလိုပါတယ်၊ ၀ါသနာရှင်တွေနှင့် လိုအပ်သူတွေအတွက် အတုယူ ဗဟုသုတတိုးစေမှာမို့ဖြစ်ပါတယ်။ Speed signal ကိုရယူတာက AC ဗို့အားအဖြစ်နဲ့လား၊ DC ဗို့အား အဖြစ်နဲ့လား၊ output ရဲ့ current direction ပြောင်းလဲမှု၊ ဒါမှမဟုတ် Pulse ထွက်ပေါ် လာတာကို၊ ရေတွက်တာလား၊ အခြားနည်းလမ်းမျိုးလား၊ ရှင်းရှင်းလင်းလင်း သိချင်တာဖြစ်ပါတယ်ရှင်။

နောက်တစ်ဆင့်မှာ တိုင်းတာသိရှိလာတဲ့အချက်အလက်ကို၊ ဘယ်လိုအသွင်ပြောင်းယူတာလဲ သိလို ပါတယ်။ voltage signal ပဲလား၊ current signal ဖြစ်သွားတာလား၊ pulse train နှင့် serial  out လား၊ byte အဖြစ်နဲ့ parallel out လား အခြားနည်းလမ်းတွေလား၊ ဆိုတာမျိုး စိတ်ဝင်တစား သိချင်တာပါ ရှင်။ နောက်ဆုံး အဆင့်၊ Result ကိုဖေါ်ပြ တာကရော၊ moving coil meter တွေပဲလား LCD တွေလား ဆိုတာမျိုးလည်း သိချင်ပါတယ်။

pulse signal ရယူတဲ့၊ type တွေကတော့ voltage ထုတ်လုပ်ပေးမယ့်၊ generator မပါဘူးလို့ သိရပါတယ်။ သူတို့မှာ လည်ပတ်နှုန်းမှ infrared light pulse signal မျိုးဖြစ်စေ၊ metal detector ဖြင့် pulse signal ရယူကာဖြစ်စေ၊ PCB တွေထံ ပို့လွှတ်ပေးတယ်လို့သိရပါတယ်။ ပို့လွှတ်တယ်ဆိုရာမှာလည်း slip ring နှင့် brush များသုံးရတာရှိသလို၊ brush less type လည်း၊ ရှိကြောင်းသိရှိရပါတယ်။ ပို့လွှတ်တာကို PCB တွေက လက္ခံတွက်ချက်ပြီးမှ၊ data transmit လုပ်ပြီး၊ Amplifier မှတဆင့်၊ အလိုရှိတဲ့ output အမျိုးအစား ပြန်ထုတ်ပေးတာလို့ သိရပါတယ်။ ထွက်လာတဲ့ output အခြေအနေကို RS 232 , RS 485 serial cable တွေသုံးစွဲပြီး၊ Computer သို့ဆက်သွယ်ပေးပို့နိုင်တယ်လို့လဲ သိရပါတယ်။

အေ၇ာ လည်း သိထားဖူးတဲ့၊ အချက်အလက်လေးတွေ ထပ်ဖြည့်ဆွေးနွေးမိတာပါရှင်။ အင်တာနက်မှာ ရှာဖွေဖတ်ကြည့် ကြလျှင်တော့၊ အေ၇ာ မိတ်ဆက်ပြောပေးနေတာတွေထက် စုံစုလင်လင် ပိုသိကြမှာပါပဲ။

ကိုထွန်း ။ ကိုသူရိန် အထက်မှာဆွေးနွေးခဲ့တဲ့၊ Shaft Generator နဲ့ Main Generator ကို short period parallel Operation လုပ်ပြီး load ကို shifting လုပ်ကာ shaft Generator ပေါါသို့တင်ကာ၊ main Generator ကိုဖြုတ်ချခြင်း (သို့မဟုတ်) Standalone သာမောင်းနှင်ခြင်း၊ Main Generator ကို ဖြုတ်ချခြင်း၊ သို့မဟုတ် standalone သာမောင်းခြင်း၊ shaft Generator နဲ့ main Generator ကိုလည်း parallel မောင်းနှင်လို့မရခြင်းနဲ့ ညီမ မအေရာ ဆွေးနွေးခဲ့တဲ့၊ shaft Generator ၀င် လာပြီး load shifting ကိုအလိုအလျောက်ယူပြီးတာနှင့် မူလ main Generator ကလည်း အလိုအလျောက် ထွက်သွားခြင်း စတာတွေအားလုံးဟာ မှန်ပါတယ်။


Fig. Typical  main Generators and shaft Generator with PTO unit including CPP 

systemတစ်ခါက prime-mover ကို၊ AKSASKA UEC 6 unit medium speed main Engine နဲ့ AEG 550 KW capacity shaft Generator ကိုမောင်းနှင်တာမျိုး ကြုံခဲ့ဘူးပါတယ်။ UEC ဆိုတာ Uni flow Exhaust Gas Economizer Cross Head Type engine ပါ။ Design အရ shaft Generator ပါလာပြီ ဆိုရင်၊ prime-mover ရဲ့ RPM ဟာ constant RPM ဖြစ်ဖို့လိုပါတယ်။ main Engine RPM ကို အတိုးအလျှော့လုပ်လို့မရတဲ့အတွက်၊ CPP လို့ခေါါတဲ့ Controllable Propeller Pitch system ကို တတ်ဆင်ကာ၊ propeller blades တွေရဲ့ pitch angle ကို၊ ပြောင်းလဲပြီး၊ သဘော်ကိုရွှေ့လျား သွားလာစေပါတယ်။

old design မို့၊ shaft Generator ကို transmission gear box သို့မဟုတ် PTO  လို့ခေါါတဲ့ power take-off unit တို့ကို မသုံးပဲ၊ main engine fly wheel မှတဆင့် ဗျက် (၁) မီတာ လောက်ကျယ်ပြီး၊ အတော်လေးရှည်တဲ့ belt ကြီးနဲ့မောင်းသလို၊ တခါတလေ belt ရဲ့ Tension လျှော့တာတို့၊ belt slip တို့ဖြစ်တတ်ပါတယ်။ belt slip မဖြစ်စေဖို့၊ Main Switch Board မှ၊ shaft Generator ရဲ့ frequency meter လေးလှုပ်လာပြီဆို၊ belt dressing spray နဲ့ဖြန်းရသလို၊ main engine ရပ်ထားတဲ့ အချိန်မှာ main Engine ကို turning gear ထည့်ကာလည်စေပြီး၊ လူက belt ကြီးထဲဝင်ထိုင်ကာ ပုံးတစ်ပုံး ထဲမှာရေ နဲ့ ဆပ်ပြာရောပြီး belt အတွင်းဘက်မျက်နှာပြင်ကို၊ mop တိုက်ကာဆေး၊ ပြီးရင် ရေနဲ့တစ်ခါ ပြန်ဆေး ရပါတယ်။

Main Switch Board မှာ အပိုင်း (၂) ပိုင်း ပါဝင်ကာ၊ No. (1) Feeder နဲ့ No. (2) Feeder အပိုင်းတို့ကို၊ bus coupler ACB နဲ့ ဆက်ပေးထားပါတယ်။ No. (1) Feeder အပိုင်းမှာ၊ Cranes, Refer-containers Power Supply စတဲ့၊ Essential & Non-essential Load တွေနဲ့အတူ၊ No. (1) နဲ့ No. (2) generator ACB တွေကိုတတ်ဆင်ထားပါတယ်။ No. (2) Feeder အပိုင်းမှာတော့ Non-essential Load ဖြစ်တဲ့ bow thruster နဲ့ accommodation air conditioning unit ကို shaft Generator ACB နဲ့အတူ တတ်ဆင်ထားပါတယ်။

ကို thurein27 ။ အကို ကိုထွန်း ရေ... ဆက်ရေးပေးပါအုံးခင်ဗျာ။

ကိုထွန်း ။ အထက်မှာ ရေးခဲ့တဲ့ belt driven shaft Generator မှ၊ main Generator ကိုပြောင်းမယ် ဆိုရင်၊ ပထမဆုံး၊ No. (1) နဲ့ No. (2) generator (၂) လုံး အနက် (၁) လုံးကို incoming Generator အဖြစ်မောင်းထား ရပါတယ်။  shaft Generator နဲ့  incoming Generator ကို၊ Synchronizing လုပ်ကာ၊ incoming Generator ရဲ့ ACB ကို 'ON' ပါတယ်။ 

synchronizing အတွက်၊ 2 - dark method သုံးထားပါတယ်။ power distribution system ဟာ၊ 3 - phase, 4 - wire system ဖြစ်တဲ့အတွက်၊ synchronizing မှာ 2 - dark method ကိုသုံးထားပါတယ်။ shaft Generator နဲ့ incoming Generator ကို Bus ပေါါမှာ အများဆုံး (၂၀) စက္ကန့်သာ parallel operation လုပ်ခွင့်ပေးထားပြီး၊ အကယ်၍  (၂၀) စက္ကန့်ထက်၊ ပိုကာ parallel operation အနေနဲ့ မောင်းနေခဲ့မယ် ဆိုလျှင်၊ out going Generator ဖြစ်တဲ့ shaft Generator ကို အလိုအလျှောက် ပြုတ်ကျသွားစေဖို့၊ Design အရစီမံထားပါတယ်။

ဒါပေမယ့် ကျွန်တော်ဟာ၊ parallel မောင်းနေစဉ်၊ (၂၀) စက္ကန့် အတွင်းမှာ၊ shaft Generator ကို outgoing Generator အဖြစ် မသတ်မှတ်ပဲ၊ bus coupler ACB ကို "OFF" လုပ်ကာ၊ feeder ကို (၂) ပိုင်း ခွဲထုတ်လိုက်ပါတယ်။ အဲဒီအခါ ပထမဆုံးဝင်လာတဲ့  incoming Generator ပေါါကို၊ essential load တွေရောက်သွားပြီး၊ shaft Generator ပေါါကိုတော့၊ Non- essential load တွေဖြစ်တဲ့ bow thruster motor နဲ့ accommodation air conditioning plant & refrigeration system တွေရောက်သွားပါတယ်။

feeder ကို ခွဲထုတ်ပြီးမှ၊ နောက်ထပ် generator တလုံးကို၊ incoming Generator အနေနဲ့၊ essential load တွေထမ်းထားတဲ့ running generator နဲ့အတူ၊ synchronizing လုပ်ပြီး၊ parallel မောင်းစေပါတယ်။
essential load တွေအားလုံးဟာ၊ main Generators တွေပေါါမှာရှိနေမှာဖြစပြီး၊ Non-essential load တွေ ကတော့ shaft Generator အပေါါမှာသာ၊ ရှိနေမှာဖြစ်ပါတယ်။

မအေရာမေ ။ ကိုအောင်ဇော်ဦး ရေ...၊ ဒီပြဿနာကို လူစုံတက်စုံ၊ အတော်လေး ၀ိုင်းဆွေးနွေးခဲ့ကြ ပါပြီ။ အေ၇ာ တို့ထည့် မစဉ်းစားပဲ ကျန်နေခဲ့တဲ့ ၊အချက်လေးတစ်ခု သတိရလာလို့ ပြန်ဖွလိုက်ပါတယ်ရှင်။ အဲ လုံးလုံးလျားလျား ထည့်မစဉ်းစား တာတော့လည်း၊ မဟုတ်သေးဘူးနော်၊ အနားနီးလာပြီးမှ ဆုံးခန်းတိုင်အောင် ဆက်မတွေးမိတော့ပဲ၊ လမ်းကြောင်းပြောင်းပြောင်း သွားတာလို့ဆိုရပါမယ်။

ကိုအောင်ဇော်ဦးရဲ့ Load (20) % ဆိုတာဟာ အတော်နည်းနေလို့၊ ကိုကြီး ကလည်း parallel လုပ်ဖို့ အန္တရယ်များတယ်၊ အချိန်မရွေး Reverse Power ၀င်သွားနိုင်တယ်လို့ပြောခဲ့သေးတယ်နော်။ ကိုလင်း ကလည်း သူဆိုလျှင်၊ (၅၀) % လောက် ရှိမှ Parallel လုပ်တယ်လို့ ဆွေးနွေးတာ သတိရမိ ပါတယ်။

အေ၇ာပြောချင်တာက PMS စနစ်ဆိုတဲ့၊ Power Management System ကလည်း မလိုအပ်ပဲမောင်းထား တဲ့၊ ဂျင်နရေတာကို အပြိုင်တွဲထားရာက၊ ဖြုတ်ချလိုက်ပြီး အချိန်ဆိုင်းကာ Engine Shut down အထိ ဆက်ပေးနိုင်တဲ့အကြောင်းပါ။ (အစ်ကိုတို့ PMS သုံးမသုံးနဲ့ Select လုပ်ထားလား၊ မထားလား ဆိုတဲ့၊ အချက်အလက်တွေ အေ၇ာတို့ ဆွေးနွေးဖို့ကျန်နေခဲ့သလို၊ အခုကာမှ ပြန် သတိရ လာလို့ပါ။ အခု အကိုတို့ကြုံတဲ့ ပြဿနာကို သူ့ကြောင့်ပဲလို့ တပ်အပ်စွတ်စွဲတာမဟုတ်ရပါဘူးရှင်။ )

Generator နှစ်လုံးပဲ၊ အပြိုင်မောင်းထားတာဆိုလျှင်၊ Load Share ဖြစ်နေပြီးအချိန်မှာ၊ စက်တလုံးလုံးဟာ (35) % ဒါမှမဟုတ် (30) % ထက် Load % လျော့နည်းနေလျှင်၊ PMS က၊ (၅) မိနစ်အတွင်း Auto Load Shift လုပ်လိုက်ပြီး၊ အပိုဖြစ်နေတဲ့တစ်လုံးကိုဖြုတ်ချလိုက်နိုင်ပါတယ်ရှင်။ (ဒီလိုဆိုတော့ (၆၀) % ကျော်၊ (၇၀) %လောက်အထိ Load ရှိနေမှ၊ နှစ်လုံးအပြိုင်တွဲလေ့ရှိကြတဲ့ သဘောဖြစ်နေမလား၊ ဆက်စပ် စဉ်းစားမိခဲ့ ပါတယ်ရှင်။) ဘယ်အလုံးကိုဖြုတ်မယ်ဆိုတာ၊ ဘယ်လို ဆုံးဖြတ်လဲလို့၊ ပြန်မေးကြည့်တော့ Standby Generator အဖြစ်ရွေးခြယ်ထားတဲ့၊ ဂျင်နရေတာက ပြုတ် ထွက်ပြီး၊ 1st Standby အဖြစ်ပြန်စောင့်နေမယ်လို့သိရပါတယ်။


အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖော်ပြခြင်း။ မြန်မာအင်ဂျင်နီယာဖိုရမ်၊  ကိုအောင်ဇော်ဦးကိုထွန်းကို blessing ကိုလင်းကို Htet Soe Paingကို Deep Blue ကိုသက်ထက်သူ ကို thurein 27 နဲ့ မအေရာမေ။

Image credit to : http://www.rolls-royce.com/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment