Pages

Friday 17 February 2012

Control Valves (၄) - Control Valve Sizing for Water Systems

process အတွင်းမှာ၊ control valves တွေကို တတ်ဆင်အသုံးပြုခြင်းရဲ့ ရည်ရွယ်ချက်ကတော့၊ fluid flow ကို control လုပ်ဖို့ပဲဖြစ်ပါတယ်။ flow ကို ထိမ်းကြောင်းပြီး control လုပ်ခြင်းဟာ၊ fluid ရဲ့ flow rate ကို လိုအပ်သလို adjustment အနေနဲ့၊ ချိန်ညှိခြင်းလည်းဖြစ်ပါတယ်။ two - port control valves တွေ မှာ၊ close position သို့ပြောင်းလဲခြင်းဖြင့် flow rate ကိုလျှော့ချ သလို၊ three - port valves တွေမှာတော့ mixing နဲ့ divert service အနေနဲ့ အသုံးပြုကာ၊ flow rate ကို၊ လိုအပ်သလို ချိန်ညှိပါတယ်။ fluid flow ကို၊ valve အတွင်းမှ ဖြတ်သန်းစေပြီး၊ control လုပ်ရာမှာ၊ ဖြစ်ပေါါလာမယ့် differential pressure ကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။ control valve တလုံးရဲ့ capacity ဟာ၊ flow rate နဲ့ differential pressure ပေါါမှာ၊ မူတည်နေတာ၊ တွေ့ရပါတယ်။ flow rate နဲ့ differential pressure တို့ကို၊ flow coefficient သို့မဟုတ် capacity index အနေနဲ့ ဆက်စပ်ဖော်ပြပါတယ်။ control valve တွေရဲ့ ကိုယ်ထည် သို့မဟုတ် အသုံးပြုမယ့် control valve ရဲ့ technical data sheet မှာ၊ Kv, Kvs, Kvr, Cv နဲ့ Av ဆိုတဲ့ အတိုကောက် အက္ခရာတွေကို၊ ရေးသားဖော်ပြ ထားလေ့ ရှိပါတယ်။ အတိုကောက် အက္ခရာတွေရဲ့ နောက်မှာတော့၊ 15, 20, 32, 40, 50, 65, 80 နဲ့ 100 အစရှိတဲ့၊ ဂဏန်းတွေကို ရေးသားထားပါတယ်။ အတိုကောက်အက္ခရာတွေဟာ control valve ရဲ့ capacity ဖြစ်တဲ့ flow coefficient သို့မဟုတ် capacity index ဖြစ်ပြီး၊ ဂဏန်းတွေကတော့ control valve ရဲ့ အရွယ် အစားဖြစ်ပါတယ်။

Fig. "Kvs" values for a typical range of valves

အကယ်၍ valve မှာ "Kv" ဖြင့်ရေးသားဖော်ပြထားလျှင်၊ 5°C နဲ့ 40°C ကြားအပူချိန်မှာ၊ အသုံးပြုတဲ့ control valve ဖြစ်ပြီး၊ flow rate ကို၊ m³/ hour နှုံးနဲ့ တိုင်းတာဖော်ပြကာ၊ differential pressure အနေနဲ့ 1 bar ရှိတယ်လို့၊ သိနိုင် ပါတယ်။ "Kvs" ကတော့ actual သို့မဟုတ် started Kv value ဖြစ်ပြီး၊ control valve ရဲ့ fully open position မှာရှိမယ့် flow coefficient ဖြစ်ပါတယ်။ Kvr ကတော့ required flow coefficient ဖြစ်ပါတယ်။"Cv" နဲ့ "Av" တို့ကတော့၊ imperial ယူနစ်တွေနဲ့ ဖော်ပြတဲ့၊ capacity index ဖြစ်ပါတယ်။ Cv မှာ US နဲ့ imperial ဆိုပြီး၊ အသုံးအနှုံးကွဲပြားတာ ကိုတွေ့ရပါတယ်။ Cv (US) ကို US မှ အသုံးအနှုံးအနေနဲ့ ယူဆတဲ့ အခါ၊ 40°F နဲ့ 100°F ကြားအပူချိန်မှာ၊ တမိနစ်ကို တဂါလံနှုံးနဲ့ တိုင်းတာဖော်ပြကာ၊ differential pressure အနေနဲ့ 1 psi ရှိတယ်လို့ သိနိုင်ပါတယ်။ US ရဲ့ gallons တွက်ပုံနဲ့ imperial ယူနစ်ရဲ့ gallons တွက်ပုံ အနည်းငယ်ကွဲပြားတဲ့အတွက်၊ US မှထုတ်တဲ့ control valves တွေ ရဲ့ Cv တန်ဘိုးနဲ့ ဗြိတိသျှစနစ်ဆိုတဲ့ imperial ယူနစ်နဲ့ ထုတ်လုပ်တဲ့ control valves တွေရဲ့ Cv တန်ဘိုးဟာ၊ အနည်းငယ်ခြားနားသွားပါတယ်။ Av ကတော့ flow rate ကို၊ 'm³ / sec' နှုံးနဲ့ တိုင်းတာကာ၊ differential pressure အနေနဲ့ 'Pascal' ဖြင့်၊ ဖော်ပြထားတဲ့ capacity index ဖြစ်ပါတယ်။

 Fig. Multiplication factors for flow coefficient conversion between 'Kv' and 'Cv'

Kv နဲ့ Cv, Av တို့ရဲ့ ယူနစ်တွေကိုပြောင်းလဲတွက်ချက်တဲ့အခါ၊ conversion အနေနဲ့ တွက်ယူပါတယ်။ တတ်ဆင်အသုံးပြုမယ့် control valve အရွယ်အစားကိုရွေးချယ်တဲ့အခါ၊ valve မှာ ဖြတ်သန်းသွားမယ့် volumetric flow-rate နဲ့ valve မှာပေါါပေါက်လာယ့်၊ differential pressure တို့ကိုအခြေခံရပါတယ်။ တနည်းအားဖြင့်၊ capacity index မှတဆင့် control valve အရွယ်အစားကိုရွေးချယ် သလို၊ Kv chart ကို၊ ကိုးကားပြီး၊ ရွေးချယ်နိုင်ပါတယ်။
Kv တန်ဘိုးကိုတွက်ယူတဲ့အခါ၊ အထက်မှာဖော်ပြထားတဲ့ပုံသေနည်းကိုအသုံးပြုပါတယ်။ အလားတူ Kv chart မှတဆင့်တွက်ယူခြင်း အတွက် water system နဲ့ steam system တို့ရဲ့ Kv chart တွေကို၊ နမူနာ အဖြစ်ဖော်ပြပါ့မယ်။

Fig. water Kv chart
  
 Fig. Centrifugal pump performance curve

ရေလို liquid တွေကို circulation အနေနဲ့ system ထဲမှာလညှ့်ပတ်သွားလာနိုင်စေဖို့၊ pump ကို အသုံးပြု ရပါတယ်။ centrifugal pump ရဲ့ characteristic curve ကို နမူနာအဖြစ်ဖော်ပြထားပြီး၊ flow-rate မြင့်တက်လာတာနဲ့ pump discharge pressure ကျဆင်းသွားတာကို၊ တွေ့ရ မှာ ဖြစ်ပါတယ်။ အဲဒီအခါ control valve ရဲ့ flow coefficient ဆိုတဲ့ capacity index တခုတည်း သာမကပဲ၊ liquid system ရဲ့ circulation characteristics ကိုပါထည့်သွင်း၊ စဉ်းစားပါတော့တယ်။ control valve ရဲ့ အရွယ်အစားသာ မက၊ တတ်ဆင်မယ့်နေရာကိုပါ ရွေးချယ်ခြင်းလည်း ဖြစ်ပါတယ်။

 

Fig. Typical liquid system characteristic curve

fluid ဟာ system အတွင်း၊ circulation လုပ်ရာမှာ၊ frictional losses တွေဖြစ်ပေါါပါတယ်။ frictional losses တွေမှတဆင့် pressure loss ဖြစ်ပေါါပါတယ်။ pressure loss ဟာ fluid velocity ရဲ့ နှစ်ထပ် ကိန်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ flow-rate ကိုတွက်ယူတဲ့အခါ၊ pipe ကို constant bore အရွယ်အစား ရှိတဲ့ pipe အနေနဲ့ယူဆပါတယ်။ square law အရ flow rate တက်လာတာနဲ့ အမျှ၊ square law အရ၊ frictional losses တွေပိုလာပြီး၊ pressure loss လည်း ပိုများလာပါတယ်။ 

Fig. Typical system performance curve

system ထဲမှာ fluid ရဲ့ flow-rate နဲ့ friction တက်လာတဲ့အခါ၊ pump ရဲ့ discharge pressure ဟာလည်းလိုက်ပါကျဆင်းသွားပေမယ့်၊ pump pressure နဲ့ friction pressure တို့ တူသွားတဲ့အခါ flow-rate ဟာမြင့်တက်လာခြင်း၊ မရှိတော့ပါဘူး။ circulating အနေနဲ့ လှည့်ပတ်စေဖို့၊ pump နဲ့တွဲကာ တတ်ဆင်ထားတဲ့ liquid system တွေမှာ၊ pump performance နဲ့ system performance တို့၊ ဖြတ်သွား တဲ့ အမှတ်တခု ရှိပါတယ်။ အဲဒီအမှတ်ဟာ liquid system ရဲ့ circulation characteristics အရ၊ အကောင်းဆုံး performance ကိုရရှိနိုင်မယ့်၊ နေရာလည်း ဖြစ်ပါတယ်။ two-port valves တွေကို၊ water system လို liquid system မှာ control valve အဖြစ် အသုံးပြုတဲ့အခါ၊ valve closed position မှာ၊ flow ဟာကျဆင်းသွားပြီး၊ valve အဝင်မှ upstream pressure မြင့်တက် လာမှာဖြစ်ပါတယ်။ valve ဟာ throttle အနေနဲ့ closed position သို့ နီးကပ် လာတာနဲ့ အမျှ၊ pump head လည်း လိုက်ပါပြောင်းလဲ ပါတယ်။ flow-rate ကျဆင်းခြင်းဟာ၊ pump pressure ကိုတက်စေရုံသာ မက၊ pump ရဲ့ power consumption ကိုတက်စေပါတယ်။ pump pressure ကျဆင်းသွားတဲ့အခါ၊ အခြား pump တွေကို အလိုအလျှောက် ထ ကာ၊ လည်စေပြီး၊ fluid pressure ကို maintain လုပ်သလို၊ variable speed pump တွေကိုတတ်ဆင်ပြီး၊ fluid pressure ကို maintain လုပ်ကြတာလည်း ရှိပါတယ်။


Fig. Effect of two-port valve on pump head and pressure

two-port valve ပိတ်တဲ့အခါ၊ fluid flow ဟာ pipe section အတွင်း 'dead-leg' အနေနဲ့ ရပ်တန့် သွားတတ်ပါတယ်။ dead-leg ဖြစ်နေစဉ်၊ fluid ရဲ့ အပူချိန်ဟာ environment ထဲကို၊ radiation အနေနဲ့ ပြန့်ပြီးကားပြီး၊ အပူစီးကူးသွားလေ့ရှိပါတယ်။ control valve ပြန်ပွင့်စဉ်မှာ အပူချိန်ကျဆင်းသွားတဲ့ fluid ဟာ၊ process temperature ကို၊ disturbance အနေနဲ့၊ အနှောက်အယှက်ပေးပါတော့တယ်။ process ကို၊ အနှောက်အယှက်မဖြစ်စေဖို့၊ arrangement ကိုထည့်သွင်းတတ်ဆင်ရပါတယ်။ minimum flow အနေနဲ့စီးဆင်းနေစေဖို့၊ bore အရွယ်အစားသေးငယ်တဲ့ pipeline နဲ့အတူ adjustable globe valve တို့ကို၊ bypass arrangement အဖြစ်တတ်ဆင်ထားခြင်းဖြစ်ပါတယ်။ two-port valves တွေကို၊ အရွယ်အစား ကြီးမားတဲ့ process circuit တွေမှာ၊ အများအပြားတတ်ဆင် အသုံးပြုလေ့ရှိပါတယ်။ systems ရဲ့ အရွယ်အစားဟာ၊ ကြီးမားတဲ့အတွက်၊ process circuit အတွင်း၊ valve တွေဟာတပြိုင်တည်း၊ အပိတ် အဖွင့်ကို ဆောင်ရွက်တာမဟုတ်သလို၊ inherent 'self-balancing' characteristic အနေနဲ့ နဂိုမူလကတည်းက စီစဉ်ရေးဆွဲထားတဲ့ programmed အရ၊ control လုပ်တာဖြစ်ပါတယ်။

under-sized two-port control valves တွေကို၊ တတ်ဆင်ခဲ့လျှင်၊ fluid ဟာ system အတွင်း sufficient flow အနေနဲ့ လုံလုံလောက်လောက် ဖြတ်သန်းသွားနိုင်စေဖို့၊ pump ရဲ့ power ပိုမိုလိုအပ်ပါတယ်။ ဒါ့အပြင် control valve movement အနည်းငယ်ပြောင်းလဲရုံနဲ့ flow-rate ပါလိုက်ပါပြောင်းလဲ တတ်တဲ့ အတွက်၊ accurate control အနေနဲ့ တိတိကျကျ ထိမ်းကြောင်းပေးနိုင်ဖို့လိုပါတယ်။ over-sized two-port control valves  တွေကို၊ တတ်ဆင်ခဲ့လျှင်၊ pump ရဲ့ power ကိုလျှော့ချနိုင်သလို၊ fluid ဟာ valve ကို ဖြတ်သန်းသွားစဉ်၊ pressure drop အနေနဲ့ အနည်းငယ်သာဖြစ်ပေါါပါတယ်။ valve ဟာ fully opened position မှ၊ closed position သို့ စတင်ကူးပြောင်းမယ့် initial valve travel အတွင်းမှာ process ရဲ့ flow-rate ကို၊ ထိခိုက်စေပါတယ်။ valve orifice အရွယ်အစားကြီးမားတဲ့အတွက်၊ valve travel မှာအချိန် အနည်းငယ် ပိုသွားတာနဲ့အမျှ၊  flow-rate ဟာအကြီးအကျယ်ပြောင်းလည်း သွားနိုင်သလို၊ erratic control အဖြစ် ပုံမှန်မထိမ်းကြောင်းနိုင်တော့ပဲ၊ poor stability နဲ့ accuracy အရ မတိကျမှုတွေ ဖြစ်ပေါါလာနိုင်ပါတယ်။
"good control" ရရှိဖို့၊ control valve ရဲ့ အရွယ်အစားရွေးချယ်မှု၊ မှန်ကန်ဖို့လိုပါတယ်။ control valve အရွယ်အစားရွေးချယ်တဲ့အခါ၊ valve authority (N) ဆိုတဲ့၊ တန်ဖိုးတခုကို၊ ΔP1 ဆိုတဲ့၊ fully open condition pressure drop တန်ဖိုးတွက်ချက်ရာမှာ၊ ထည့်သွင်းအသုံးပြုပြီး၊ capacity index Kv တန်ဘိုး ကို၊ ရွေးချယ်ကြပါတယ်။ N ဆိုတဲ့ valve authority တန်ဖိုဟာ 0.5 ထက်မပိုသင့်သလို၊ 0.2 ထက် မနည်းမှ သာ၊ good control ကို ရရှိမှာဖြစ်ပါတယ်။


Reference and Image credit to : Control Valve Sizing for Water Systems - ကိုထွန်း, Control Hardware : Electric/ Pneumatic Actuation, The Steam and Condensate Loop Book, ISBN 978-0-9550691-5-4, 2011. Copyright © 2012 Spirax-Sarco Limited, and Steam Engineering Tutorials.

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

No comments:

Post a Comment