Pages

Sunday 5 February 2012

Generator Synchronizing, Parallel Operation နဲ့ Load Sharing (၂)


မြန်မာအင်ဂျင်နီယာဖိုရမ်မှာ၊ အင်ဂျင်နီယာနဲ့ နည်းပညာဘာသာရပ်ဆိုင်ရာ၊ အကြောင်းအရာတွေနဲ့ ပက်သက်ပြီး၊ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်မှာ လေ့လာထားသူ၊ အကို၊ အမတွေ အမြဲဆွေးနွေးလေ့ ရှိပါတယ်။ အကို၊ အမတွေဟာ ကမ္ဘာအရပ်ရပ်မှာနေထိုင်ကျသူတွေဖြစ်ပြီး၊ on line ကိုအသုံးပြုကာ၊ မြန်မာ အင်ဂျင်နီယာဖိုရမ် ရဲ့ စာမျက်နှာတွေမှာ၊ ဆွေးနွေးကျတာဖြစ်ပါတယ်။ အဲဒီထဲမှ Generator တွေကို၊ အတူ ပူးတွဲကာ၊ အပြိုင်မောင်းနှင်ခြင်းကို ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။ ပါဝင်ဆွေးနွေးသူတွေကတော့ ကိုအောင်ဇော်ဦး၊ ကိုထွန်း၊ ကို blessing၊ ကိုလင်း၊ ကို thurein 27ကို Htet Soe Paing၊ ကို Deep Blue နဲ့ မအေရာမေ တို့ဖြစ်ပါတယ်။  

ကိုအောင်ဇော်ဦး။ ကျွန်တော့်ရဲ့ problem ကိုရေးလိုက်မိတာတော်တော် အဆင်ပြေသွားတယ်ဗျာ။
သိမှတ်သားစရာတွေ အများကြီးရလိုက်ပါတယ်။ ကျေးဇူပါ။

ကို Deepblue ။ Generator တွေ Single Run မှာ အဆင်ပြေပြီးတော့ Parallel Run တဲ့အခါ မှ၊ ပြဿနာ ရှိလာတာ အားလုံးလိုလိုက Generator ရဲ့ AVR မှာပါရှိတဲ့ Droop Setting မညီလို့ပါ။ Setting က နေရာလွဲနေတာဖြစ်နိုင်သလို Droop CT Open circuit ဖြစ်နေလျှင်လည်း မုချ ပြဿနာ ကြုံတွေ့ရမှာပါ။ တချို့စနစ်တွေက Single Run နေစဉ်မှာ Droop CT ကို Magnetic Contactor တခု သုံးပြီး Turn Short လုပ်ပေးထားလေ့ရှိပါတယ်။



Fig. Typical reactive capability curve of an actual generator

အပြိုင်ယှဉ်တွဲ မောင်းထားတဲ့ Generator တွေမှာ Droop မညီလျှင် အသိသာဆုံးဖြစ်ရပ်က Balance Load အချိန်မှာတောင် Current က အလွန်အမင်းကွာဟနေခြင်းပါပဲ။ Load ကို Equal ဖြစ်အောင် ပြောင်းရွှေ့ မထားရသေးဘူး ဆိုလျှင်လည်း KW တန်ဖိုးနှင့် Current ရဲ့ ရှိသင့်တဲ့ Ampere ကိုတွက်ကြည့်လျှင် Generator တစ်လုံးက ပိုများနေတာတွေ့ရပါမယ်။ အဲဒါ တွေဟာ အထက်မှာ ကိုထွန်း ဆွေးနွေးခဲ့သလိုပါပဲ Power Factor ကွာခြားကုန်လို့ ပေါ်ပေါက်ရတာဖြစ်ပါတယ်။ နှိုက်နှိုက်ချွတ်ချွတ်သိအောင်လေ့လာမယ် ဆိုလျှင်တော့၊ Active Power, Reactive Power, Power Factor, Cross Current, Generator Droop ဆိုတာတွေ KVA, KVAr နှင့် KW ဆက်သွယ်ချက်တွေ ကိုပြန်လည်လေ့လာရမှာပါ။ လွယ်လွယ်ကူကူပဲဖြေရှင်းချင်တာဆိုလျှင်တော့ AVR မှာရှိနေတဲ့ Droop Potentiometer လေးကို နည်းနည်းလေး လှည့်ကစားကာ ချိန်ညှိပေးယုံပါပဲ။ Droop ကို ချိန်မယ်ဆိုလျှင် အတွေ့အကြုံများပြီး ကျွမ်းကျင်မှုရှိဖို့တော့လိုအပ်ပါတယ်။

နောက်တစ်နည်းက Parallel လုပ်မည့် Generator တွေရဲ့ No Load Output Voltage ကို Rated Frequency နှင့် Single Run အခြေအနေမှာတူညီနေအောင် Voltage Trim မှ ကြိုတင်ညှိပေးသင့် ပါတယ်။ Parallel ဖြစ်ပြီးနောက်မှာလည်း Cross Current တွေရှိနေခဲ့လျှင် အဲဒီ Voltage Trim ကပဲ အနည်းငယ်ထပ်ချိန်ညှိပေးလို့ရပါသေးတယ်။ အများကြီးကွာ သွားအောင် မလှည့်မိဖို့ အထူးဆင်ခြင် သတိထားရပါမယ်။ ဒုတိယနည်းက မူလ Droop setting ကိုပြောင်းလဲစေမှာ မဟုတ်လို့ အခုမှ စမ်းသပ်ဆောင်ရွက်မည့် သူများအတွက် မိမိကြောင့် Droop Setting ပိုမို လွဲမှားသွားမည့် ပြဿနာ ကင်းရှင်းစေနိုင်ပါတယ်။

ကိုအောင်ဇော်ဦး ရဲ့ Generators တွေကို Parallel ဖြစ်ပြီးပြီးချင်း KW Meter နှင့် Ampere Meter များကို အမြန်စစ်ဆေးစောင့်ကြည့်လျှင် Cross Current ပြဿနာ ဟုတ်မဟုတ် အဖြေပေါ်ပါလိမ့်မယ်လို့ အကြံပြုလိုပါတယ်။ ဟုတ်ခဲ့လျှင် အထက်ကအနေအထားများ စစ်ဆေး ချိန်ညှိပေးလျှင် ပြေလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့ Trip ဖြစ်သွားတဲ့ ACB ရဲ့ Over current Setting တွေအနက် Instantaneous current Setting နှင့် Short Time delay setting တို့ကို ပုံမှန်ရှိမရှိ စစ်ဆေးသင့်ပါတယ်။ လိုအပ်လျှင် Secondary Current Injector အသုံးပြုရမှာဖြစ်ပါတယ်။

ကိုထွန်း။ ကျေးဇူးတင်ပါတယ် အကို Deep Blue ခင်ဗျား။ အကို အခုလိုရှင်းပြမှ ကျွန်တော်လည်း၊ သဘောပေါက်ပါတော့တယ်။ ညီမ မအေရာ က Droop ကြောင့်ဖြစ်နိုင်တယ်လို့  ဖိုရမ် Chat Room မှာပြောခဲ့ပေမယ့်၊ ကျွန်တော်က Engine ရဲ့ Governor က Droop သို့မဟုတ် Offset ကိုသာပြေးမြင်ပြီး၊ AVR ရဲ့ Droop ကိုမမြင်ခဲ့မိပါဘူးခင်ဗျာ။ အကိုရေ အချိန်ရရင်၊ Active & Reactive Power, Power Factor, Cross Current, Generator Droop တို့နဲ့ ACB Protection System အကြောင်းတွေ ကို၊ ဆွေးနွေးပေးပါဦး။ ( ကျောင်းမှာတုန်းက၊ အကိုဒိ အတန်းချိန်တွေမှာ၊ လိုက်မတက်ခဲ့ပဲ အခုမှ၊ ဆရာ့ကို ဟိုဟာရေးပေးပါဦး၊ ဒီဟာရေးပေးပါဦးဆိုပြီး၊ တောင်းဆိုနေလို့ စိတ်မဆိုးနဲ့နော်... )

ကိုအောင်ဇော်ဦး။ ကူညီဖြေရှင်းပေးတဲ့ brothers and sisters အားလုံးကိုကျေးဇူးတင်ပါတယ်။ result ရတာက generator (၁) လုံး power ကျနေတာကိုသေချာအမျိုးမျိုးစမ်းစစ်ပြီးမှရပါတယ်။ ဒီမှာသုံးထားတဲ့ AVR  က transformer type ရှေးဟောင်းကျတဲ့အမျိုးအစားဖြစ်နေတာကိုတွေ့ရပါတယ်။

ကို thurein 27 ။ ဆွေးနွေးပေးသွားတဲ့ အကို၊အမတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
အထူးသဖြင့် အချက်ကျကျနဲ့ ထောင့်ပေါင်းစုံကနေ အသေးစိတ်ဆွေးနွေးသွားတဲ့ ကိုထွန်း ကို ကျေးဇူး အများကြီး တင်ပါတယ်။ ကျွန်တော်လည်း Paralleling, Synchronizing & Load Sharing အပိုင်းနဲ့ ပတ်သက်ပြီး မေး စရာ၊ ဆွေးနွေးချင်တာလေးတွေ ရှိပါသေးတယ်။

မအေရာမေ။ အစက (၁) လုံးစီမောင်းတော့ ငြိမ်နေတာပဲဆိုပြီးတော့၊ ဘယ်လိုဖြစ်ပြီး (၁) လုံးက Power ကျနေတာ ဖြစ်သွားရတာလဲ။ Power ကျနေတယ်ဆိုတာကိုလည်း သိပ်မရှင်းလို့ ရှင်းပြပေးစေလိုပါတယ် ရှင့်။ Load တင်ကြည့်လေလေ၊ ဗို့အားက တော်တော်ကြီးကျဆင်းလိုက်လာလေလို့ ဆိုလိုတာများလား လို့လည်းတွေးမိပါတယ်။ အမျိုးမျိုးစမ်းမှ Power ကျနေတာက သိရတာလား၊ အမျိုးမျိုးလျှောက်စမ်းနေ မိပြီး နောက်ဆုံးကျတော့မှ အဲဒီလို result ထုတ်ဖြစ်ခဲ့တာလားဆိုတာကိုလည်း သေသေခြာခြာ ရှင်းပြ ပါဦးနော်။

ကိုအောင်ဇော်ဦး။ အမျိုးမျိုးစမ်းပြီးမှသိရတယ်ဆိုတာက ကောင်းနိုးရာရာ၊ လိုအပ်တဲ့ voltage ကို၊ AVR ကတင်မပေးနိုင်တာလား၊ safety အတွက် setting တွေရောမှန်မှန်ကန်ကန်အလုပ်လုပ်ရဲ့လား
ဆိုပြီး စစ်ဆေးနေရလို့ပါ။ (၁) လုံးစီမောင်းတာ ကတော့၊ ငြိမ်တယ်ဆိုတာ (၁) လုံးချင်းမောင်းတဲ့ အခါမှာ frequency နဲ့ voltage အနည်းငယ် အတက်အကျဟာ problem မဖြစ်ပေမယ့် (၂) လုံးတွဲမောင်းတာတို့၊ auto synchron တို့၊ auto load sharing system တွေမှာအရမ်းဒုက္ခတွေ့ပါတယ် ACB က manual တင်တာဆိုတော၊့ တင်တဲ့အခါတော့ ရသွားတာပေါ့။ 

Load sharing လည်းလုပ်ရော ပြုတ်ကျပါပါတော့။ incoming generator ဖြစ်တဲ့၊ No. 1 Generator ဟာ လိုအပ်တဲ့ rating ကိုရဖို့အတွက် speed ပိုတင်ပေးရတာတွေ့ရပြီး၊ rpm  တက်လာတဲ့အခါ၊ frequency ပါတက်လာပါတယ်။ rpm ဆိုတဲ့ engine speed ကို Running generator ဖြစ်တဲ့၊ No. 2 နဲ့ ညှိထား ရင်လည်း manual တောင်တင်လို့မရတော့ပါဘူး။ rpm gauge လည်းမှားတာမဟုတ်ဘူးနော်။ ဘာတွေများ လိုသေးလည်းမသိပါဘူး။ မှားတာရှိရင်ပြင်ပေးစေချင်ပါတယ်။ အရေးကြီးတဲ့ အချက်တစ်ချက်ကျန်ခဲ့လို့ပါ။ ဒီ generators  တွေမှာသုံးတဲ့၊ transformer type AVR ဟာ၊ အခြား AVR type တွေနဲ့မတူပါဘူး။ voltage ကို adjust လုပ်တဲ့ rheostat တို့ variable resistor တို့ လည်းမပါဘူး ။ ဘယ်လောက် rpm မှာ၊ ဘယ်လောက် voltage ထွက်ရမယ်ဆိုတဲ့  old type ဖြစ်နေပါတယ် transformer type AVR ကိုရော၊ ကိုင်ဘူးလားမသိဘူး။ သိသလောက် နဲနဲပြောကြည့်မယ်နော်။ 

physically တွေရတာကတော့ coil ထုပ် (၃) ထုပ်ပါ။ အပြင်ဘက် coil မှာ voltage sensing ပါ ပါတယ်။ အခြားအပြင်ဘက် coil မှာတော့ current sensing  ပါ ပါတယ်။ current  နဲ့ voltage တို့ရဲ့ ပြောင်းလဲမှု အရ၊ အလည် coil မှ AC voltage ထုတ်ပေးပြီး rectifier ကို excitation voltage ပေးပါတယ်။ အချို့  generator တွေမှာ၊ rectifier ရဲ့  diode (၁) လုံးမှတဆင့်၊ rheostat သို့မဟုတ် variable resistor ကို၊ parallel join ပြီး၊ voltage ကို adjust လုပ်ဖို့၊ စီစဉ်ထားတာတွေ့ဖူးပါတယ်။  transformer type AVR နဲ့ ပတ်သတ်လို့ ဒီတစ်ခါနဲ့မှ၊ (၃) ခါပဲတွေ့ ဖူးပါသေးတယ်။ အခြား AVR တွေမှာ Voltage, Frequency နဲ့ Power Factor အစရှိတာတွေကိုလိုအပ်သလို၊ ချိန်ခဲ့ဖူးပါတယ်။

ကို Deepblue ။ မှားတာတွေတော့အများကြီးရှိနေပါတယ်။ ဒါပေမယ့်၊ အခုလောက်အထိတင်ပြပေးနိုင်တဲ့ အတွေ့အကြုံတွေ ရှိထားတော့၊ လိုအပ်နေတာလေးတွေ တည့်မတ်ပေးလိုက်လျှင်၊ လျှင်လျှင်မြန်မြန် သဘောပေါက် လွယ်မယ်လို့ ထင်ပါတယ်။ အခုလို Generator ကြီးတွေမှာ Output Voltage ကို Adjust လုပ်တဲ့ Variable resistor မပါရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ External အနေနှင့်မသုံးထားလျှင်တောင် Internal မှာ ရှိနေရပါမယ်။ ပြီးတော့ Generator တွေမှာ Excitation ပေးနိုင်ဖို့ အတွက် Transformer တွေမှ ရယူထားတယ်ဆိုလျှင် သတ်မှတ်ထားတဲ့ rpm လည်နှုန်းကျော်လာတာနဲ့ AVR မပါရှိပဲ၊ Output ထုတ်ပေးနိုင်တာမှန်ပါတယ်။

Old type စက်ဟောင်းတွေထဲက NISHISHIBA နဲ့ AEG အမျိုးအစား တွေ အများကြီး ပြင်ဆင်ပေးဖူး ပါတယ်။ TAIYO Generator တွေမှာတော့ အဟောင်းရောအသစ်ရောဖြစ်ပါတယ်။ အလုပ်သဘာဝ အရ အရှေ့ အနောက် Maker မျိုးစုံရဲ့ စက်သစ်စက်ဟောင်း တွေ အမျိုးမျိုးအဖုံဖုံသော ဒီဇိုင်းကွဲတွေကို ကြုံတွေ့ ကိုင်တွယ်ဖြေရှင်းပေးခဲ့ရဖူးပါတယ်။ AVR မှာ Output Voltage အပြင် Stability နှင့် Droop တို့ ချိန်နိုင်ပါတယ်။ Frequency နှင့်ပတ်သက်ပြီး ချိန်ရတယ်ဆိုလျှင် သတ်မှတ်ထားတဲ့ Speed အောက်မှာ Generator ကို Output Voltage မထွက်တော့အောင် တားဆီး ကာကွယ်ဖို့ ဖြစ် ပါတယ်။ Power factor အတွက်ချိန်ညှိလို့မရနိုင်ပါဘူး။ AVR ရဲ့ဆောင်ရွက်မှုမပါရှိပဲ ရနိုင်တဲ့ Output Voltage ဟာ RPM ပြောင်းလဲခြင်းနှင့် သိပ်ပြီးမသက်ဆိုင်လှပဲ Rectifier အတွက် Power ပင်ရင်းဖြစ်တဲ့ Transformer နှင့် Reactor တို့အပေါ် မှီခိုနေတာများပါတယ်။ အတိုးအလျော့ ကြီးကြီးမားမား လိုအပ်လျှင် Transformer ရဲ့ Tapping ကိုပြောင်းလဲခြင်း Reactor ရဲ့ Air Gap ကိုချိန်ညှိခြင်း စသည်တို့ဖြင့် ဆောင်ရွက်နိုင်ပါတယ်။

ကိုထွန်း ကိုအောင်ဇော်ဦးရေ၊ တစ်ခါကတွေ့ဘူးတာလေး တစ်ခုက၊ generator ရဲ့ prime-mover ဖြစ်တဲ့ engine ဟာ၊ efficiency ကျနေပါတယ်။  သာမန် Load (50) % လောက်နဲ့ဆို efficiency ကျနေတာ မသိသာသလို၊ Voltage နဲ့ Frequency ဟာ တည်ငြိမ်နေပါတယ်။ efficiency ကျနေမယ်လို့၊ ခန့်မှန်းမိတာ ကတော့၊ engine ရဲ့ maintenance record တွေကို၊ ကြည့်မိလို့  ဖြစ်ပါတယ်။ cylinder unit တလုံးချင်းရဲ့ peak pressure တိုင်းကြည့်ဖို့ကလည်း၊ indicator cock တွေမပါတဲ့၊ engine ဖြစ်နေတဲ့အတွက်၊ တိုင်းယူလို့ မရနိုင်တာတွေ့ယူရပါတယ်။ 120KW လောက်သာ Capacity ရှိတဲ့ Generator Engine ပါ။ LO Pressure ကတော့ မှန်ပါတယ်။ (3.6 ~ 4.2) Bar လောက်မှာ၊ pressure maintain လုပ်ထား နိုင်ပြီး၊  စက်မောင်းချိန် နာရီ (၅၀၀) တိုင်း lubricating oil ကိုအသစ်လဲလှယ်တယ်လို့ engine maintenance record သိရပါတယ်။ jacket cooling water temperature ကလည်း 79 ~ 82 Deg. C လောက်မှာရှိနေပါတယ်။ (30) KW လောက်ရှိတဲ့ Load ကို၊ ရုတ်တရက် တင်လိုက်တာနဲ့ engine RPM သိသိသာသာ ကျဆင်းသွားပြီး၊ Turbocharger ကပါ အသံတွေ ထွက်လာပါတယ်။

Engine ရဲ့ governor response အရမ်းနှေးနေသလို၊ fuel injector တွေလည်းရဲ့ efficiency ကျနေတဲ့ အတွက်၊ load တင်ပြီးတဲ့အခါ၊ rpm ကို governor မှတဆင့် engine RPM ကို ချက်ခြင်းပြန်မတင်နိုင်ခြင်း ဖြစ်ပါတယ်။Generator ပိုင်းကကြည့်ရင်လည်း၊ Load တင်လိုက်တာနဲ့ engine RPM ရုတ်တရက် ကျသွားစဉ်၊ AVR မှ excitation voltage ပိုပေးသွင်းကာ Generator ရဲ့ output voltage ကို၊ maintain လုပ်ပေးရပါတယ်။ AVR ရဲ့ droop response က အကြာကြီးတော့ မထိန်းထားနိုင်ပါဘူး။ engine RPM က ပြန်ပြီးတက် မလာနိုင်တော့ AVR မှ components တွေလောင် ပါတော့တယ်။ Surge ဝင်တယ်ပဲပြောရမှာပါ။ rotating rectifier တွေလည်း လောင်တတ်ပါတယ်။ parallel မောင်းရင် လည်း Load တင်လိုက်တာနဲ့ ပြုတ်ကျတာတွေ့ရပါတယ်။ engine maintenance record အရ၊ နောက်ဆုံး governor ကို completed overhauling လုပ်ခဲ့တာ၊ လွန်ခဲ့တဲ့ running hour (18, 000) နာရီတုန်းကလို့၊ သိရသလို၊ fuel injectors တွေကို၊  နောက်ဆုံး servicing လုပ်ခဲ့တာ၊ လွန်ခဲ့တဲ့ running hour (5, 500) နာရီတုန်းကလို့၊ သိရပါတယ်။

ယေဘုယျအားဖြင့် 4 stroke medium နဲ့ high speed diesel engine တွေ မှာ၊ governor နဲ့ Turbocharger အပါအဝင်၊ engine တလုံးလုံးကို၊ running hour (12, 000) နာရီခန့် သုံးပြီးလျှင်၊ completed overhauling လုပ်ရပါတယ်။ Load တင်လိုက်တာနဲ့ engine RPM ကျသွားတတ်တာ သဘာဝပါ။ governor ရဲ့ Droop သို့မဟုတ် Offset မှ၊ engine RPM ကိုပြန်ဆွဲတင် ပေးပါတယ်။ Droop ဆိုတာက Actual Value နဲ့ Desired Value ရဲ့ proportional response ratio ဖြစ်ပြီး၊ Linear Motion ဖြစ်ပါတယ်။ Off set အရမ်းကွာနေတဲ့အခါ၊ engine RPM ကိုချက်ခြင်းပြန် မတင်ပေးနိုင်ပါဘူး။ governor oil ကိုအသစ်လဲပြီး၊ fuel injectors တွေကို service လုပ်ကာ ပြန်မောင်းတော့ parallel operation ပါ ရသွားတာတွေ့ရပါတယ်။


အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖော်ပြခြင်း။ မြန်မာအင်ဂျင်နီယာဖိုရမ်၊  ကိုအောင်ဇော်ဦးကိုထွန်းကို blessing ကိုလင်းကို Htet Soe Paingကို Deep Blue ကို thurein 27 နဲ့ မအေရာမေ။

Image credit to :  http://www.jcmiras.net/,

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment