Pages

Friday 24 February 2012

Control Valves (၇) - Control Valve Sizing for Steam Systems

control valve ကို၊ convergent-divergent principle အရတည်ဆောက်ထားတဲ့အတွက်၊ throat အလွန်၊ valve plug နဲ့ seat အကြား diverging area ထဲကို၊ steam ရောက်ရှိတာနဲ့ ချက်ခြင်း expand ဖြစ်ပေါါပါတယ်။ valve အပြင်ဖက်၊ အဝင်အထွက်မှာ ပေါါပေါက်တဲ့ pressure drop ပမာဏဟာ၊ valve အတွင်း throat မှာ ပေါါပေါက်တဲ့ pressure drop ပမာဏ ထက် များပါတယ်။ steam flow ဟာ diverging area ထဲကို အသံထက်မြန်တဲ့ supersonic အလျှင်နဲ့ စီးဝင်သွားသလို၊ diverging area မှာဖြစ်ပေါါလာတဲ့ pressure ဟာ၊ throat မှာ ဖြစ်ပေါါခဲ့တဲ့ pressure ထက်၊ အနည်းငယ်လျှော့နည်းတာတွေ့ရပါတယ်။

diverging area ကိုကျော်လွန်သွားတဲ့အခါ၊ steam ဟာ low pressure region ဖြစ်တဲ့၊ valve body အတွင်းမှ large chamber area အတွင်းသို့၊ ရောက်ရှိသွားပါတယ်။ valve ရဲ့ downstream side မှာ တတ်ဆင်ထားတဲ့၊ pipework မှ higher pressure ဟာ၊ large chamber area အတွင်းသို့ back-pressure imposed အဖြစ်သက်ရောက်ပြီး၊ steam ရဲ့ velocity နဲ့ kinetic energy ကို၊ rapidly အနေနဲ့ပြိုကွဲစေနိုင် ပါတယ်။ diverging area ကိုကျော်လွန်သွားတဲ့အခါ၊ steam ဟာ low pressure region ဖြစ်တဲ့၊ valve body အတွင်းမှ large chamber area အတွင်းသို့၊ ရောက်ရှိသွားပါတယ်။

valve ရဲ့ downstream side မှာတတ်ဆင်ထားတဲ့၊ pipework မှ higher pressure ဟာ၊ large chamber area အတွင်းသို့ back-pressure imposed အဖြစ်သက်ရောက်ပြီး၊ steam ရဲ့ velocity နဲ့ kinetic energy ကို၊ rapidly အနေနဲ့ ပြိုကွဲစေနိုင်ပါတယ်။ "SFEE - Steady Flow Energy Equation" အရ၊ valve အဝင် entrance port မှာ steam "enthalpy" ဆိုတဲ့ steam system ရဲ့ total energy ကိုမြှင့်တင်ပေးခြင်းဖြင့်၊ back-pressure imposed ကိုကာကွယ်နိုင်ပါတယ်။ steam ဟာ valve အတွင်းကို၊ enthalpy အနေနဲ့ ဝင်ရောက်ပြီး၊ ဖြတ်သန်းရာမှာ fraction ကြောင့် energy lost အနည်းငယ်ပေါါပေါက်လာပါါတယ်။


Fig. Convergent-divergent-convergent valve body

valve body ရဲ့ port ကို converges အနေနဲ့ steam flow ကိုစုစည်းပြီး၊ enthalpy ရ စေရန် တည်ဆောက်ထားတဲ့အတွက်၊ valve outlet မှ pressure နဲ့ density တန်ဖိုးဟာ၊ downstream pipe မှ pressure နဲ့ density တန်ဖိုးနီးပါးခန့်ဖြစ်ပေါါလာပါတယ်။ velocity နဲ့ valve outlet port ရဲ့ cross sectional area တို့မှတဆင့် stability pressure ကိုဖြစ်ပေါါစေပါတယ်။ valve အပြင်ဖက်၊ အဝင် အထွက်မှာ ပေါါပေါက်တဲ့ pressure drop ပမာဏဟာ၊ valve အတွင်း throat မှာ ပေါါပေါက်တဲ့ pressure drop ပမာဏထက် အလွန်အကျွံမြင့်မားးခဲ့လျှင်၊ noise တွေ ဖြစ်ပေါါနိုင်ပါတယ်။ 

noise ဟာ kinetic energy မှ instantaneous exchange အနေနဲ့ အဆက်မပြတ်ဆက်တိုက် heat energy သို့ ပြောင်းလဲမှုတွေကို control valve ရဲ့ low pressure region မှာ ဖြစ်စေပါတယ်။ တခါတရံမှာတော့ supersonic steam ကြောင့် exacerbated အနေနဲ့ noise တွေ ဆိုးဆိုးရွားရွား၊ ပေါါပေါက်တတ်ပါတယ်။ 

Control valve outlet noise, velocity and erosion - တတ်ဆင်အသုံးပြုမယ့် control valve ရဲ့ အရွယ်အစားကို၊ ရွေးချယ်ရာမှာ "noise" ကိုလည်းထည့်သွင်း စဉ်းစားရပါတယ်။ noise ဟာ sound level အနေနဲ့ ဆူညံမှုကိုဖြစ်ပေါါစေရုံမက၊ valve ရဲ့ အတွင်း အစိတ်အပိုင်းတွေဖြစ်တဲ့၊ internal parts တွေကိုပါ၊ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ special noise-reducing valve trims တွေကို၊ တတ်ဆင် အသုံးပြုနိုင်ပေမယ့် control valve အရွယ်အစား ကြီးမားတဲ့အခါ၊ ကုန်ကျစားရိတ် ပိုမိုလာမှာဖြစ်ပါတယ်။

"control valve noise emission" နဲ့ပက်သက်ပြီး၊ calculation အနေနဲ့ တွက်ချက်နိုင်ပေမယ့်၊ လက်တွေ့ အသုံးပြုရာမှာ အနည်းငယ်ရှုပ်ထွေး ခက်ခဲတာကိုလည်းတွေ့ရပါတယ်။ noise ကို တိုင်းတာတဲ့အခါ "Mach" ဆိုတဲ့ ယူနစ်အသုံးအနှုံးနဲ့ တိုင်းတာပြီး၊ "Mach 1 = speed of sound" လို့သတ်မှတ်ပါတယ်။ control valve ရဲ့ outlet မှ dry saturated steam ရဲ့ velocity ဟာ (0.3) Mach ထက် ပိုမယ်ဆိုလျှင်၊ လက်မခံနိုင်တဲ့ unacceptable noise အဖြစ်၊ သတ်မှတ်ပါတယ်။ 


noise ဆိုတဲ့ ဆူညံသံ speed of sound ဟာ၊ steam temperature နဲ့ quality အပေါါါမူတည်တဲ့အတွက်၊ speed of sound in steam ဆိုတဲ့ "C" တန်ဖိုးကိုတွက်ယူသလို၊ တိကျမှု သိပ်မရှိပေမယ့် အနီးစပ်ဆုံး တန်ဖိုးတခုကို ရနိုင်တဲ့အတွက်၊ control valve ရဲ့ outlet မှာ ဖြစ်ပေါါတဲ့ velocity မှတဆင့်၊ တွက်ယူတာလည်း ရှိပါတယ်။ အရွယ်အစားသေးငယ်တဲ့ control valve ကို dry saturated steam application အတွက် အသုံးပြုလျှင်၊ valve trim ရဲ့ အရွယ်အစားဟာ၊ required capacity နဲ့ ကိုက်ညီပေမယ့်၊ down stream side မှ steam velocity ကိုတော့ 150 m/ s ထက်ပိုထားသင့်ပါတယ်။ wet steam application မှာတော့ အများဆုံး maximum exit steam velocity အနေနဲ့ 40 m/ s ခန့်ရှိသင့်ပါတယ်။ valve ရဲ့ အထွက်၊ down stream side မှ wet steam ရဲ့ velocity ဟာ၊ သိပ်မြင့်မားလွန်းရင်လည်း၊ control valve မှာ erosion ဖြစ်ပေါါတတ်ပါတယ်။ superheated steam application နဲ့ dry gas application တွေမှာတော့ 250 m/ s သို့မဟုတ် 0.5 Mach ခန့်အထိ ခွင့်ပြု ထားသလို၊ liquid application တွေ မှာတော့ အများဆုံး maximum exit velocity အနေနဲ့ 10 m/ s ခန့်သာရှိရမယ်လို့၊ သတ်မှတ်ထားပါတယ်။

wet steam application အတွက်၊ အသုံးပြုတဲ့ control valve တွေမှာ မြင့်မားတဲ့ excessive velocity ကြောင့် erosion ဖြစ်ပေါါတတ်ပါတယ်။ saturated steam ဟာ၊ valve အတွင်းမှ ဖြတ်စီးစဉ် drying နဲ့ super-heating effect ကြောင့်၊ pressure drop ဖြစ်ပေါါပြီး၊ excessive velocity အနေနဲ့ မြင့်တက်လာနိုင်ပါတယ်။ ဒါပေမယ့် moisture လုံးဝမပါဝင်တော့ပဲ၊ dry gaseous state အဖြစ် ခြောက်သွေ့နေတဲ့အတွက်၊ control valve မှာ erosion မဖြစ်ပေါါတာ၊ တွေ့ရပါတယ်။ တခါတရံ saturated steam ဟာ၊ (97 %) dry steam သို့မဟုတ် (98 %) dry steam အနေနဲ့ "ရေ" အနည်းငယ်ရောနှော ပါဝင်နေတတ်ပါတယ်။ control valve မှာ erosion မဖြစ်ပေါါစေဖို့၊ separator ကို ဖြတ်သန်းပြီး၊ ရာနှုံးပြည့်နီးပါး close to (100 %) dry steam အဖြစ်၊ အခြောက်ခံပြီးမှသာ ဖြတ်သန်းသင့်ပါတယ်။

control valves တွေဟာ၊ nozzles တွေလို heat energy မှ kinetic energy သို့ efficient အနေနဲ့ စွမ်းရည်ပြည့်စွာ၊ ပြောင်းလဲပေးနိုင်တဲ့ devices တွေမဟုတ်သလို၊ nozzles တွေထက်၊ friction ပိုများတဲ့ အတွက်၊ energy lost ပိုများတာတွေ့ရမှာဖြစ်ပါတယ်။ valve body နဲ့ outlet area မှ downstream pressure conditions တွေ အကုန်လုံးဟာ၊ အမြဲတမ်း match အနေနဲ့ ကိုက်ညီမှုမရှိခြင်း၊ valve plug နဲ့ seat အကြား position အမြဲပြောင်းလဲနေခြင်းနဲ့ valve outlet မှာ turbulence အနည်းနဲ့ အများပေါါပေါက်လေ့ ရှိခြင်းတို့ကြောင့်၊ "energy lost" ဖြစ်ပေါါပါတယ်။

control valves တွေကိုရွေးချယ်တဲ့အခါ "IEC 60534 standard" အရရွေးချယ်ကြပေမယ့်၊ ပုံသေနည်းပေါင်းမြောက်များစွာကို၊ အသုံးပြုတွက်ချက်ရတဲ့ အတွက်၊ ရှုပ်ထွေးခက်ခဲမှုတွေ ရှိပါတယ်။ "IEC 60534 standard" မှာ control valve ရွေးချယ်ခြင်းဆိုင်ရာ sizing တခုတည်းသာမကပဲ၊ pressure drop ကြောင့်၊ ပေါါပေါက်လာမယ့် noise levels ဖြစ်ပေါါမှုတွေအထိ ပြည့်ပြည့်စုံစုံ၊ ဖော်ပြထား ပါတယ်။ နောက်ပိုင်းမှာတော့ software တွေကို၊ အသုံးပြုပြီး ရွေးချယ်တတ်ဆင်ကြသလို၊ control valves ထုတ်လုပ်သူ manufacturers တွေကလည်း၊ sizing & selection software တွေကို၊ အသုံးပြု ထုတ်လုပ်ကြပါတယ်။

ဥပမာအနေနဲ့ အထက်မှာဖော်ပြထားတဲ့ ပုံသေနည်းဟာ၊ ရိုးရှင်းပေမယ့်၊ saturated steam application တွေအတွက်၊ အသုံးများတဲ့ globe valve ကို၊ control valve အဖြစ်ရွေးချယ်တဲ့အခါ၊ အသုံးပြုတဲ့ ပုံသေနည်းဖြစ်ပါတယ်။ အကယ်၍၊ pressure drop ratio အရ၊ critical pressure ဟာ၊ upstream absolute pressure ရဲ့ (58 %) သို့မဟုတ် (0.58) ခန့်သာရှိတဲ့အခါ၊ တတ်ဆင်မယ့် valve အနေနဲ့ ရွေးချယ်မှု မှန်ကန်တယ်လို့ ဆိုနိုင် ပါတယ်။ control valve ရဲ့ upstream pressure ဟာ (10 bar a) ရှိတဲ့အခါ၊ pressure drop ratio အနေနဲ့ (0.58) ရှိတဲ့ အတွက်၊ valve ကို ဖြတ်သန်းသွားပြီးတဲ့အခါ downstream pressure ဟာ (10 bar a x 0.58 = 5.8 bar a) ရှိမှာဖြစ်ပါတယ်။


Fig. Mass flow-rate and critical pressure

pressure drop ratio ဟာ၊ upstream pressure ရဲ့ (42 %) သို့မဟုတ် (0.42) ခန့်သာရှိတဲ့အခါ၊ downstream pressure ဟာ 4.2 bar a သာရှိမှာဖြစ်ပါတယ်။ control valve အတွင်းမှာဖြစ်ပေါါတဲ့ pressure drop ဟာ၊ critical pressure ratio အတိုင်း၊ downstream pressure နဲ့ ညီသွားတဲ့အခါ၊ mass flow အနေနဲ့ steam စီးဝင်လာပေမယ့်၊ valve အတွင်း pressure ထပ်မံကျဆင်းခြင်း မရှိတော့တာ၊ တွေ့ရပါတယ်။


down stream pressure ဟာ၊ pressure drop ratio တန်ဖိုးထက်နည်းသွားတဲ့အခါ၊ (0. 42 - x ) တန်ဖိုးဟာ၊ negative တန်ဘိုးသို့ပြောင်းလည်းသွားတဲ့အတွက်၊ သုညအနေနဲ့ယူဆပြီး၊ ပုံသေနည်းမှ နှစ်ထိပ်ကိန်းရင်း square root လည်းပျေက်သွားမှာဖြစ်ပါတယ်။ control valves တွေကိုရွေးချယ်တဲ့အခါ၊ အထက်ပါပုံသေနည်းမှတဆင့်ရွေးချယ်နိုင်သလို၊ valve sizing chart ဆိုတဲ့ "Kv" Chart မှလည်း၊ ရွေးချယ်နိုင်ပါတယ်။

Fig. Saturated steam valve sizing chart


 Fig. Superheated steam valve sizing chart

control valve အတွင်းမှာ pressure drop ကျဆင်းခြင်းတဲ့ ပမာဏနည်းပါးတဲ့အခါ၊ heat exchanger ရဲ့ အရွယ်အစားကို၊ လျှော့ချနိုင်ပါတယ်။ pressure drop ကျဆင်းခြင်းတဲ့ ပမာဏ၊ မြင့်မားတဲ့အခါ pressure နဲ့ flow-rate ကို၊ control valve ရွေ့လျှားစဉ်၊ valve travel အတွင်း effective and accurate အနေနဲ့ ထိရောက်တိကျစွာ၊ ထိမ်းကြောင်းနိုင်ပါတယ်။ full load မှာ pressure drop ကျဆင်းခြင်းဟာ၊ (10 %) ထက်နည်းတဲ့အခါ၊ process ကို control လုပ်ရာမှာ၊ အခက်အခဲ (၃) မျိုးဖြစ်ပေါါတာကို တွေ့ရပါတယ်။

controller ရဲ့ setting နဲ့ secondary temperature ပေါါမူတည်ပြီး၊ valve ရွှေ့လျားစဉ် time lag အတွင်း၊ set value ရဲ့အနီးတဝိုက်မှာ၊ hunting တွေဖြစ်ပေါါတတ်ပါတယ်။ valve ဟာ အရွယ်အစားကြီးမားတဲ့ အတွက်၊ valve lift အပြောင်းအလဲမှာ၊ hunting ကြောင့် flow rate အပြောင်းအလဲဖြစ်ပေါါပါတယ်။ တခါတရံ running loads ဟာ၊ full load ထက်လျှော့နည်းတဲ့အခါ၊ valve plug ဟာ seat နီးကပ်ဖို့၊ အချိန်ယူရွှေ့လျှားရပါတယ်။ steam ဟာ narrow orifice အတွင်းမှာ ဖြတ်သန်းချိန် ကြာတဲ့အတွက်၊ high velocity water droplets တွေဖြစ်ပေါါချိန်လည်း၊ ပိုကြာပြီး erosion တွေဖြစ်ပေါါလာနိုင်ပါတယ်။ high velocity water droplets တွေကြောင့် control valve အတွင်းဖြစ်ပေါါလာတဲ့၊ erosion ကို "wiredrawing" လို့သုံးနှုံးခေါါဝေါါတတ်သလို၊ erosion ကြောင့် valve ကို၊ အသုံးပြုနိုင်မယ့် service life သက်တမ်း တိုတောင်းသွားတာ၊ တွေ့ရပါတယ်။


control valve ရဲ့ "turndown" ratio လျှော့နည်းသွားတဲ့အတွက်၊ low heat load မှာ "good control" အနေနဲ့ မရရှိနိုင်တော့တာတွေ့ရပါတယ်။

full lift control valves တွေကို၊ "Kvs" ဆိုတဲ့၊ full lift capacity အသုံးအနှုံးနဲ့ဖော်ပြလေ့ရှိပြီး၊ flow coefficient "Kvr" ကတော့၊ actual value required တန်ဖိုးကို၊ ကိုယ်စားပြုပါတယ်။ control valve ထုတ်လုပ်သူ၊ manufacturers တွေမှ maximum lift Kvs values တန်ဖိုးတွေကို၊ technical specification အချက်အလက်တွေအဖြစ်၊ ထုတ်ပြန်ပေးထားပါတယ်။


"Kv" value တန်ဖိုး ကတော့၊ valve အရွယ်အစား sizing သာမကပဲ၊ valve ရဲ့ capacity ကိုပါဖော်ပြ ပါတယ်။ control valves တွေကိုရွေးချယ်တဲ့အခါ၊ steam ရဲ့ supply pressure, heat exchanger မှာ၊ maximum heat load ကိုရစေဖို့ လိုအပ်မယ့် steam pressure နဲ့ full load condition မှာ valve မှာပေါါပေါက်မယ့်၊ differential pressure တို့ကိုလည်းသိထားဖို့၊ လိုအပ်ပါတယ်။

steam applications တွေမှာ၊ control valves တွေနဲ့တွဲဖက်သုံးတဲ့၊ heat exchangers တွေကို၊ shell and tube heat exchanger နဲ့ plate (and frame) heat exchanger ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။ shell and tube heat exchangers တွေကို၊ steam heating အနေနဲ့ အမြောက်အများ အသုံးပြုရတဲ့၊ process applications တွေမှာအသုံးပြုကြပါတယ်။ shell and tube heat exchangers တွေကို၊ စတင် ထုတ်လုပ်စဉ်မှာ fouling factors ကိုမြင့်မားစွာ ထည့်သွင်းတွက်ချက်ထားရတဲ့အတွက်၊ စတင်တတ်ဆင်တဲ့ initial installation မှာ၊ over sized အနေနဲ့ အရွယ်အစား ကြီးမားနေတတ်ပါတယ်။

heat exchanger ရဲ့ steam tubes တွေအတွင်းမှာ၊ steam ဟာ low velocity နှုံးဖြင့်၊ ဖြတ်သန်းသွားတဲ့ အတွက် turbulence ကိုလျှော့ကျစေနိုင် ပါတယ်။ ဒါ့အပြင် စီးဝင်လာတဲ့ flowing steam နဲ့ heat exchanger ရဲ့ tube wall နံရံအကြားမှ sheer stress လည်းလျှော့ကျသွားသလို၊ အပူ ကူးပြောင်းပေးမယ့် heat transfer နှုံးလည်း၊ ကျဆင်းသွားတာကို တွေ့ရပါတယ်။ ပုံမှန်သန့်ရှင်းရေးမလုပ်နိုင်တဲ့ tube surfaces တွေကြောင့်၊ နိမ့်ပါးတဲ့ low sheer stress တွေဖြစ်ပေါါလာနိုင်တဲ့အတွက်၊ heat exchangers တွေကို ထုတ်လုပ်တဲ့အခါ၊ design stage မှာကတည်းက၊ fouling factors ကို၊ မြင့်မားစွာ ထည့်သွင်းတွက်ချက်ထားရတာဖြစ်သလို၊ အရွယ်အစားအနေနဲ့ oversize အဖြစ် ကြီးမားနေခြင်း ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားနေတဲ့အတွက်၊ စတင်တတ်ဆင်တဲ့ initial installation အပြီး၊ အသုံးပြုတဲ့အခါ တခါတရံ၊ predicted အနေနဲ့ ကြိုတင်ခန့်မှန်းထားသလို၊ လိုအပ်တဲ့ actual steam pressure မရရှိတာကိုလည်း တွေ့ရပါတယ်။


Fig. Control valve on steam supply to a shell and tube heat exchanger

process မှာ actual steam pressure ကိုမရရှိခြင်းဟာ၊ လိုအပ်တဲ့အရွယ်အစားထက်ကြီးမားတဲ့၊ heat exchanger ကို တတ်ဆင် ထားခြင်းကြောင့် ဖြစ်နိုင်သလို၊ တတ်ဆင်ထားတဲ့ steam tarps တွေရဲ့ အရွယ်အစား မမှန်ကန်ခြင်းတို့ကြောင့်၊ heat exchanger ရဲ့ steam tubes တွေမှာ flooded condensate အဖြစ်၊ ငွေ့ရည် အစုအဝေး များပြားစွာစုဖွဲ့နေတဲ့၊ အခြေအနေမျိုးမှလည်း ဖြစ်ပေါါနိုင်ပါတယ်။ process မှာ actual steam pressure ကို မရရှိတဲ့အတွက်၊ control valve မှာလည်း၊ erratic control တွေပေါါပေါက် လာပြီး၊ "good control" အနေနဲ့ မရရှိနိုင်တာတွေ့ရပါတယ်။


Fig. Control valve on steam supply to a plate heat exchanger

plate heat exchanger တွေဟာ small and light အနေနဲ့ပေါ့ပါးပြီး၊ အရွယ်အစားသေးငယ်ပေမယ့်၊ heat load ကို quick response ဖြင့်မြန်မြန်ဆန်ဆန် လွှဲပြောင်းပေးနိုင်ပါတယ်။ designed အရ၊ fouling ကိုထည့်သွင်း စဉ်းစားကာ၊ တည်ဆောက်ထားတာမဟုတ်ပေမယ့် အလွယ်တကူဖြုတ်နိုင်၊ တတ်နိုင်သလို၊ foul cleaning အဖြစ်၊ သန့်ရှင်းပေးရာမှာလည်း လွယ်ကူပါတယ်။ fouling factors ကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိတဲ့အတွက်၊ စတင်တတ်ဆင်တဲ့အခါ၊ over sized အနေနဲ့ အရွယ်အစား ကြီးမားနေခြင်း မရှိတော့တာတွေ့ရပါတယ်။ မြင့်မားတဲ့ high heat transfer characteristics ကိုရရှိနိုင်ပြီး၊ shell-and-tube exchangers တွေထက်၊ ဈေးနှုံးအရလည်း ပိုများပါတယ်။

plate heat exchangers တွေကို တတ်ဆင်အသုံးပြုတဲ့အခါ၊ full load conditions တွေမှာ control valve ရဲ့ critical pressure drop နဲ့အတူ၊ highest possible pressure drop ကိုရရှိနိုင် သလို၊ မြင့်မားတဲ့ high pressure drop ပမာဏကို ရနိုင်တဲ့အတွက်၊ အရွယ်အစားသေးငယ်တဲ့ control valves တွေနဲ့ တွဲဖက် အသုံးပြုနိုင်သလို၊ "good control" ကို လိုအပ်ပြီး၊ တိကျမှု accuracy ရှိရမယ့် process applications တွေမှာ၊ တတ်ဆင်အသုံးပြုကြပါတယ်။


Reference and image credit to : Control Valve Sizing for Steam Systems - ကိုထွန်း, Steam Engineering Tutorials.

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.  

No comments:

Post a Comment