Pages

Wednesday 29 February 2012

Control Valves (၉) - Control Valve Actuators and Positioners

control valves တွေမှာ movable parts တွေဖြစ်တဲ့၊ plug, ball သို့မဟုတ် vane နဲ့ stationary part ဖြစ်တဲ့ seat တို့ပါဝင်ပါတယ်။ actuator ဟာ control signal ကိုလက်ခံပြီး၊ movable part ဖြစ်တဲ့ plug ရဲ့ position ကိုပြောင်းလဲစေခြင်းဖြင့်၊ control valve ကို၊ operate လုပ်ပါတယ်။ actuator မှ၊ control valve ကို fully-open, fully-closed, more open နဲ့ more closed အစရှိတဲ့ အနေအထား position အမျိုးမျိုး၊ ပြောင်းလဲဆောင်ရွက်စေ ပါတယ်။ actuators တွေကို၊ Pneumatic, Electric, hydraulic နဲ့ direct acting type ဆိုပြီး ခွဲခြားနိုင်ပါတယ်။


Fig. Pneumatic piston actuators  

Pneumatic actuators တွေကို၊ piston actuator နဲ့ diaphragm actuator ဆိုပြီးထပ်မံခွဲခြားပါတယ်။ piston actuator ရဲ့ stroke နဲ့ thrust ဟာ၊ diaphragm actuator ရဲ့ stroke နဲ့ thrust ထက်ပိုကြီးပြီး၊ single acting နဲ့ double acting actuators တွေအဖြစ်တွေ့နိုင် ပါတယ်။ cylinder အတွင်းမှ၊ solid piston ပေါါသို့၊ compressed air ပေးသွင်းပြီး၊ actuator stem ကိုရွှေ့လျားစေပါတယ်။ cylinder volume သေးငယ်တဲ့ အတွက်၊ မြင့်မားတဲ့ higher input pressure ကိုပေးသွင်းလိုက်တဲ့အခါ၊ piston ဟာ လျှင်မြန်စွာရွှေ့လျှားသွားပါတယ်။


Fig. Pneumatic diaphragm actuator

diaphragm actuators တွေမှာ၊ flexible membrane လို့ခေါါတဲ့ diaphragm သို့၊ compressed air ပေးသွင်းပြီး၊ spring မှတဆင့် actuator stem ကိုရွှေ့လျားစေပါတယ်။ diaphragm သို့၊ compressed air ပေးသွင်းကာ၊ stem ကိုရွှေ့လျှားစေခြင်းကို၊ reverse acting (spring-to-extend) နဲ့ direct acting (spring-to-retract) ဆိုပြီး၊ ခွဲခြားသတ်မှတ်ထားပါတယ်။

Reverse acting (spring-to-extend) - diaphragm အပေါါမှာ၊ spring တတ်ထားတဲ့၊ actuators တွေကို၊ reverse acting actuators တွေအဖြစ်သတ်မှတ်ပါတယ်။ spring မှ valve spindle ကိုတွန်းချထားတဲ့အတွက်၊ plug ဟာ seat အပေါါမှာ ထိုင်နေပါတယ်။ compressed air ကို၊ flexible diaphragm အောက်မှ၊ operating force ဖြင့် သက်ရောက်စေတဲ့အခါ၊ spring ဟာ exerted အနေနဲ့ မူလရှိနေတဲ့နေရာရဲ့ အပေါါဖက်သို့၊ ဆန့်ကျင်ဖက် opposite direction နဲ့ ရွှေ့သွားပါတယ်။ control valve မှာ "direct acting plug" တတ်ဆင် ထားတဲ့အတွက်၊ diaphragm ကိုအပေါါသို့၊ တွန်းတင် လိုက်တဲ့အခါ၊ spindle နဲ့အတူ plug ပါအပေါါသို့ ကြွတက်သွားပြီး၊ normally closed အဖြစ် ပိတ်နေတဲ့ valve ဟာ၊ open အနေနဲ့ ပွင့်သွားပါတယ်။ 


Fig. Valve and actuator configurations - Reverse acting (spring-to-extend) 

diaphragm အပေါါသက်ရောက်မယ့်၊ air pressure ပမာဏ အနည်းအများ၊ အပြောင်းအလဲပေါါ၊ မူတည်ပြီး၊ spindle movement အနည်းနဲ့ အများ ဖြစ်ပေါါပါတယ်။ fully-closed အပိတ် အနေအထားမှ၊ fully-open အပွင့်အနေအထားသို့၊ complete stroke အဖြစ်၊ spindle ရွှေ့လျှား သွားစေဖို့၊ လုံလောက်တဲ့ compressed air pressure ပမာဏတခုကို၊ ပေးသွင်းရပါတယ်။ air pressure ပမာဏအနည်းအများ range ဟာ၊ actuator spring ရွှေ့လျှားနိုင်မယ့် rating နှုံးပမာဏနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ air pressure ကျသွားတဲ့အခါ၊ spring ဟာ၊ extend အနေနဲ့ ပြန်ဆန့်ထွက်လာပြီး၊ spindle ကို opposite direction အနေနဲ့၊ ပြန်လည်ရွှေ့လျှားစေ ပါတယ်။ အရွယ်အစားကြီးမားတဲ့ control valves တွေနဲ့ differential pressure မြင့်မားတဲ့ control valves တွေမှာ၊ full valve movement အတွက်၊ compressed air pressure ပမာဏ ပိုမိုလိုအပ်ပါတယ်။ တနည်းအားဖြင့် spindle ရွှေ့လျှားသွားစေဖို့၊ diaphragm အပေါါ သက်ရောက်မယ့်၊ air pressure ပမာဏပိုမို၊ လိုအပ်လာမှာ ဖြစ်ပါတယ်။

Direct acting actuator (spring-to-retract) - diaphragm ရဲ့ အောက်မှာ၊ spring တတ်ထားတဲ့၊ actuators တွေကို၊ direct acting actuators တွေအဖြစ်သတ်မှတ်ပါတယ်။ spring မှ valve spindle ကို 'မ' တင်ထားတဲ့အတွက်၊ plug ဟာ seat အပေါါမှ 'ကြွ' တက်နေ ပါတယ်။ compressed air ကို၊ flexible diaphragm အပေါါမှ၊ operating force ဖြင့် သက်ရောက်စေတဲ့ အခါ၊ spring ဟာ retract အနေနဲ့ မူလရှိနေတဲ့နေရာရဲ့ အောက်ဖက်သို့၊ ရွှေ့သွားပါတယ်။  


Fig. Valve and actuator configurations - Direct acting actuator (spring-to-retract)

control valve မှာ "direct acting plug" တတ်ဆင်ထားတဲ့အတွက်၊ diaphragm ကိုအောက်သို့၊ တွန်းချ လိုက်တဲ့အခါ၊ spindle နဲ့အတူ plug ပါအောက်ဖက်သို့၊ ဆင်းသွားပြီး၊ normally open အဖြစ် ပွင့်နေတဲ့ valve ဟာ၊ close အနေနဲ့ ပိတ်သွားပါတယ်။ 


Fig. Direct acting actuator and reverse acting control valve

ယေဘုယျအားဖြင့် direct acting actuators တွေကို၊ direct acting plugs တွေတတ်ဆင်ထားတဲ့၊ direct acting control valves တွေနဲ့၊ တွဲဖက်အသုံးပြုကြသလို၊ တခါတရံ reverse acting plugs တွေတတ်ဆင် ထားတဲ့၊ reverse acting control vales တွေနဲ့လည်း၊ တွဲဖက် အသုံးပြုကြပါတယ်။ 


Fig. Net effect of various combinations for two-port valves


Fig. Net effect of the two combinations for three-port valves

direct acting သို့မဟုတ် reverse acting plugs တွေတတ်ဆင်ထားတဲ့၊ control valves တွေကို၊ direct acting သို့မဟုတ် reverse acting actuators တွေနဲ့၊ တွဲဖက်အသုံးပြုတဲ့အခါ compressed air supply ပြတ်တောက်သွားစဉ်၊ valve မူလရှိခဲ့တဲ့ close သို့မဟုတ် open position သို့ပြန်လည်ရောက်ရှိသွားရမယ့် အချက်ကိုအခြေခံကာ ရွေးချယ်ရပါတယ်။ တနည်းအားဖြင့် process applications တွေရဲ့ nature နဲ့ safety requirements တို့ကို၊ အခြေခံကာရွေးချယ်ခြင်းဖြစ်သလို၊ process အပေါါသက်ရောက်မယ့် "net effect" တခုလုံးကို၊ ထည့်သွင်းစဉ်းစားကာ၊ ရွေးချယ်ခြင်းလည်းဖြစ်ပါတယ်။ cooling applications တွေ မှာ၊ compressed air supply ပြတ်တောက်သွားတဲ့အခါ၊ valve 'ပွင့်' သွားစေမယ့်၊ actuators တွေနဲ့၊ တွဲဖက် အသုံးပြုပြီး၊ steam systems တွေမှာတော့၊ valve 'ပိတ်' သွားမယ့်၊ actuators တွေနဲ့၊ တွဲဖက် အသုံးပြုပါတယ်။

Effect of differential pressure on the valve lift - pneumatic controller မှ၊ diaphragm သို့၊ feed air အနေနဲ့ ပေးသွင်းတဲ့၊ compressed air ပမာဏဟာ၊ (0.2 ~ 1.0 bar) range အတွင်း မှာသာ ရှိ ပြီး၊ spring ဟာ (0.2 ~ 1.0 bar) rating အတွင်း ရွှေ့လျှားပါတယ်။ spring-to extend အနေနဲ့၊ plug အပေါါသို့ 'ကြွ' တက်သွားမယ့်၊ reverse acting actuator တလုံးကို၊ direct acting control valve နဲ့ တွဲဖက်အသုံးပြုတဲ့ အခါ၊ ပေါါပေါက်လာမယ့် "differential pressure effect" ကို၊ ဖော်ပြပါ ဦးမယ်။

actuator နဲ့ valve ကို၊ 'bench set' အဖြစ်၊ calibrated အနေနဲ့ ချိန်ညှိထားတဲ့အခါ၊ feed air ကို (0. 2 bar) ထက်ပိုပေးသွင်းလိုက်တာနဲ့ seat မှာထိုင်နေတဲ့ valve plug ဟာ၊ စတင် 'ကြွ' တက် ပါတယ်။ အောက်မှ diaphragm ကို တွန်းတဲ့ အားဟာ၊ valve plug ကို အပေါါမှတွန်းဖိထားတဲ့၊ spring ရဲ့ ဖိအားထက်၊ ပိုလာတဲ့အတွက်၊ plug ဟာ 'ကြွ' တက်သွားခြင်း ဖြစ်ပါတယ်။ feed air pressure တိုးလာတာနဲ့အမျှ၊ valve plug ဟာ၊ အပေါါသို့ ဆက်တက်သွားမှာဖြစ်ပြီး၊ air pressure  (1. 0 bar) ပမာဏသို့၊ ရောက်သွားတဲ့ အခါ၊ ရာနှုံးပြည့် (100 %) fully open အဖြစ် control valve 'ပွင့်' သွား ပါတယ်။ actuator နဲ့ control valve assembly ကို၊ pipeline အတွင်းမှာ၊ pressure reduction application အနေနဲ့ တတ်ဆင်အသုံးပြုတဲ့ အခါမှာတော့၊ valve 'ပွင့်' တဲ့ percentage ဟာ၊ differential pressure effect ကြောင့်၊ 'bench set' အနေနဲ့ရှိစဉ်၊ valve 'ပွင့်' တဲ့ percentage နဲ့ အနည်းငယ် ခြားနားသွားတာ၊ တွေ့ရပါတယ်။


Fig. Reverse acting actuator, air-to-open, direct acting valve - normally closed

upstream အဝင်မှာ၊ pressure (10 bar) ပမာဏရှိတဲ့ flow ကို၊ downstream အထွက်မှာ (4 bar) အဖြစ်၊ control လုပ်တဲ့အခါ၊ control valve မှာဖြစ်ပေါါမယ့်၊ differential pressure ပမာဏဟာ (6 bar) ရှိပါတယ်။ differential pressure ဟာ၊ control valve အတွင်းမှ၊ plug ရဲ့ အောက်ဖက် underside မှာရှိနေပြီး၊ valve ကို 'ပွင့်' စေဖို့ force tending အနေနဲ့၊ အောက်မှ တွန်းနေပါတယ်။ differential pressure ဟာ၊ control valve အတွင်းမှ၊ plug ရဲ့ အောက်ဖက် underside မှာရှိနေပြီး၊ valve ကို 'ပွင့်' စေဖို့ force tending အနေနဲ့၊ အပေါါသို့ တွန်းနေ ပါတယ်။ အောက်မှတွန်းနေတဲ့ differential pressure ရဲ့ tending force ဟာ၊ actuator အတွင်းမှ feed air pressure ကိုလည်း၊ additional force အနေနဲ့ ထပ်ပေါင်းပေးနေပါတယ်။ pneumatic controller မှ ပေးသွင်းတဲ့ feed air pressure ပမာဏ (0. 6 bar) သို့ရောက်ရှိစဉ်မှာ၊ control valve ဟာ၊ တဝက် (50 %) ခန့်သာ 'ပွင့်' ရမှာဖြစ်ပေမယ့်၊ additional force ကြောင့် တဝက်ထက် ပို 'ပွင့်' တာ၊ တွေ့ရပါတယ်။ အလားတူ controller မှ ပေးသွင်းတဲ့ feed air pressure ပမာဏကို၊ (0. 2 bar) အထိပြန်လျှော့တဲ့အခါ၊ ရာနှုံးပြည့် (100 %) 'ပိတ်' ရမှာဖြစ်ပေမယ့်၊ မပိတ်သေးပဲ (0. 1 bar) ပမာဏအထိ လျှော့မှသာ၊ fully close အနေနဲ့ 'ပိတ်' မှာ ဖြစ်ပါတယ်။

steam applications တွေမှာတော့၊ process ရဲ့ load demand အပေါါမူတည်ပြီး၊ differential pressure effect ဖြစ်ပေါါပါတယ်။ load demand မြင့်တက်လာတဲ့အခါ၊ heat exchanger မှ steam pressure ဟာလည်း၊ မြင့်တက်လာမှာ ဖြစ်ပါတယ်။ valve အဝင်၊ upstream pressure ဟာ၊ constant အနေနဲ့ ရှိနေပြီး၊ heat exchanger မှာ steam pressure မြင့်စေဖို့၊ control valve ရဲ့ differential pressure ကိုလျှော့ချရပါတယ်။ heat exchanger ရဲ့ load demand အပေါါမူတည်ပြီး၊ control valve ရဲ့ differential pressure ဟာ၊ အနည်းဆုံး minimum နဲ့ အများဆုံး maximum ပမာဏ အတွင်းမှာ၊ ပြောင်းလဲပါတယ်။ process ရဲ့ load demand မြင့်တက်လာတဲ့အခါ ရာနှုံးပြည့် (100 %) 'ပွင့်' ရမှာဖြစ်ပြီး၊ control valve ရဲ့ differential pressure ဟာ၊ အနည်းဆုံး minimum အနေနဲ့ ရှိနေမှာဖြစ်ပြီး၊ process မှာ temperature လုံးဝမလိုအပ်တော့တဲ့အခါမှာတော့၊ control valve ဟာ 'ပိတ်' သွားမှာဖြစ်ပြီး၊ differential pressure ကတော့ maximum အနေနဲ့ အများဆုံး ပမာဏအတွင်းမှာ၊ ရှိနေပါတယ်။


Fig. Direct acting actuator, air-to-close, direct acting valve - normally open

direct acting actuator တလုံးကို၊ direct acting control valve နဲ့ တွဲဖက်အသုံးပြုတဲ့ အခါ၊ plug ရဲ့ အောက်ဖက် underside မှာ ရှိနေတဲ့ differential pressure ဟာ၊ against force အနေနဲ့၊ အပေါါသို့ တွန်းနေမှာဖြစ်ပါတယ်။ pneumatic controller မှတဆင့် diaphragm ရဲ့ အပေါါဖက်သို့ feed air pressure ပေးသွင်းပြီး၊ valve plug ကို အောက်ဖက်သို့ရွှေ့လျှားစေတဲ့အခါ၊ အပေါါသို့ တွန်းနေတဲ့ against force ကြောင့်၊ (0. 6 bar) သို့ရောက်ရှိစဉ်၊ control valve တဝက် (50 %) ခန့် 'ပွင့်' ရမှာဖြစ်ပေမယ့်၊ တဝက်အထိ မ 'ပွင့်' တာ၊ တွေ့ရ ပါတယ်။ အလားတူ controller မှ ပေးသွင်းတဲ့ feed air pressure ပမာဏကို၊ (1.0 bar) အထိ တိုးတဲ့အခါ၊ ရာနှုံးပြည့် (100 %) 'ပိတ်' ရမှာ ဖြစ်ပေမယ့်၊ မပိတ်သေးပဲ (1. 1 bar) ပမာဏအထိ တိုးမှသာ၊ fully close အနေနဲ့ 'ပိတ်' မှာဖြစ်ပါတယ်။

actuator နဲ့ control valve assembly ကို၊ pipeline အတွင်းမှာ၊ တတ်ဆင်အသုံးပြုတဲ့ အခါ၊ differential pressure effect ရှိနေတဲ့ အတွက်၊ recalibrate အနေနဲ့ ပြန်လည်ချိန်ညှိဖို့ လိုတာတွေ့ရပါတယ်။ အရွယ်အစားသေးငယ်တဲ့ small control valves တွေနဲ့၊ အသေးစိတ် တိကျဖို့ မလိုတဲ့ "imprecise control applications" တွေမှာတော့၊ actuator combination မှ spring အရွယ်အစားကို၊ ပြောင်းလဲတတ်ဆင်ပြီး၊ အသုံးပြုကြပါတယ်။ တနည်းအားဖြင့် spring ရဲ့ range နဲ့ rating တန်ဖိုး အရ ပြောင်းလဲတတ်ဆင်ခြင်း ဖြစ်ပါတယ်။


Fig. Two and three-port control valve ""thrust available" formula 


Fig. Typical manufacturer’s valve/ actuator selection chart

valves နဲ့ actuators တွေမှာ၊ frictions တွေဖြစ်ပေါါလေ့ရှိပြီး၊ friction ကြောင့် valve position မှာလည်း 'hysteresis' တွေပေါါပေါက် လာရ ပါတယ်။ အရွယ်အစားသေးငယ်တဲ့ control valves တွေနဲ့ actuator combinations တွေမှာ၊ friction ပိုများပါတယ်။ recalibrate အနေနဲ့ ပြန်လည်မချိန်ညှိပဲ၊ spring အရွယ်အစားကို၊ ပြောင်းလဲ ထားတဲ့ control valves တွေကို တတ်ဆင်တဲ့အခါ၊ "thrust available" တန်ဖိုးမှတဆင့်၊ spring ရဲ့ range နဲ့ rating တန်ဖိုးကို၊ အခြေခံကာ ရွေးချယ်ကြပါတယ်။ အရွယ်အစား ကြီးမားတဲ့ control valves တွေမှာတော့၊ differential pressure effect ဟာ၊ ပိုများမှာ ဖြစ်သလို၊ valve position မှာလည်း effect ဖြစ်ပေါါမှုပိုများလာမှာဖြစ်ပါတယ်။ vlave ရွှေ့လျှားတဲ့အခါ၊ valve position ကို၊ အတိအကျသိစေဖို့ positioner ကို၊ တတ်ဆင်အသုံးပြုကြပါတယ်။


Reference and image credit to : Control Valve Actuators and Positioners - ကိုထွန်း, Steam Engineering Tutorials,

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment