3 blade propellers တွေရဲ့ ထုတ်လုပ်မှုကုန်ကျစားရိတ် manufacturing cost ဟာ၊ 4 blade နဲ့ 5 blade propellers တွေထက်စာလျှင်၊ လျှော့နည်းသက်သာပါတယ်။ 3 blade propellers တွေကိုထုတ်လုပ်ရာမှာ၊ aluminum alloy ကိုအသုံးပြုသလို၊ NAB alloy ကိုလည်း၊ အသုံးပြုပါတယ်။ aluminum alloy ကို အသုံးပြုတဲ့အခါ မြင့်မားတဲ့ high speed performance နဲ့ ပိုမိုကောင်းမွန်တဲ့ acceleration တို့ကို ရရှိပေမယ့်၊ low speed handling မှာတော့ efficiency အပြည့်မရနိုင်တာ၊ တွေ့ရပါတယ်။
4 blade propellers တွေကတော့ stainless steel alloy နဲ့ NAB alloy တို့ကိုသုံးထားတဲ့အတွက်၊ strength and durability ဆိုတဲ့ မာကျောအကြမ်းခံခြင်း၊ low speed performance သာလွန်ကောင်းမွန်ခြင်းတို့ အပြင်၊ လှိုင်းကြမ်းလေကြမ်း rough sea မှာ၊ သဘော်သွားလာမောင်းနှင်တဲ့ အခါ၊ handling power လည်းကောင်းမွန်သလို၊ fuel economy ဆိုတဲ့ လောင်စာသုံးစွဲမှု ကုန်ကျစားရိတ် သက်သာတာကိုလည်း၊ တွေ့ရပါတယ်။ 5 blade propellers တွေဟာ၊ ထုတ်လုပ်မှုကုန်ကျစားရိတ် မြင့်မားပေမယ့် vibration ဖြစ်ပေါါမှုအနည်းဆုံးနဲ့ handling power အကောင်းဆုံး၊ propeller တွေ ဖြစ်ပါတယ်။ blade ရဲ့ pitch အပေါါမူတည်ပြီး၊ ခွဲခြားတဲ့အခါ FPP ဆိုတဲ့ fixed pitch propeller နဲ့ CPP ဆိုတဲ့ controllable pitch propeller ဆိုပြီး၊ တွေ့ရပါတယ်။
propellers တွေမှာ အဓိကအစိတ်အပိုင်း major component အဖြစ် propeller cap, cover plate နဲ့ rope guard တို့ပါဝင်ပါတယ်။ propeller cap ကို fair water cap လို့ခေါါသလို၊ dunce cap လို့လည်းခေါါပါတယ်။ propeller cap ဟာ၊ boss nut လို့ခေါါတဲ့ propeller shaft အဆုံးမှာ တတ်ဆင်ထားတဲ့ nut ရဲ့ အပေါါမှ၊ ဖုံးအုပ်ထားတဲ့ အဖုံး ဖြစ်ပါတယ်။ cap ရဲ့ အတွင်းမှာ female threads တွေပါဝင်ပြီး၊ propeller shaft အဆုံးမှ male threads တွေနဲ့ ရစ်ကာ၊ ဖမ်းထားပါတယ်။ cap အတွင်း liquid preservative လို့ခေါါတဲ့၊ corrosion ဖြစ်ပေါါမှုကိုတားဆီးမယ့် အရည်တမျိုးကိုထည့်ပြီးမှ၊ တတ်ဆင်တဲ့အတွက် ferrous shaft နဲ့ propeller nut တို့ကို၊ ပင်လယ်ရေ sea water နဲ့ တိုက်ရိုက် ထိတွေ့ခြင်းမှ၊ ကာကွယ်ပေးပါတယ်။
cap ရဲ့ ပုံသဏ္ဍန်ဟာ conical shape ဆိုတဲ့ အခုံးပုံသဏ္ဍန်ဖြစ်နေတဲ့အတွက်၊ hub မှတဆင့် သက်ရောက်လာမယ့် hydro-dynamics သက်ရောက်မှုတွေကို၊ contour အနေနဲ့ အလိုက်သင့်လျှော့ချပေးနိုင်ပါတယ်။ propeller ရဲ့ design အရ၊ cap (၁) ခု သို့မဟုတ် (၂) ခု တတ်ဆင်အသုံးပြုကြပါတယ်။ propeller မှာ 'prairie air system' ကို တတ်ဆင် အသုံးပြုခဲ့လျှင်၊ air system component house ရဲ့ အရှေ့ဖက်၊ forward section မှာ cap (၂) ခုကို၊ တတ်ဆင် အသုံးပြုပါတယ်။
Fig. Prairie air system
'Prairie air system' ဟာ သဘော်မောင်းနှင်ခုတ်မောင်းရာမှ၊ ပေါါထွက်လာမယ့် ဆူညံသံ noise တွေကို၊ လျှော့ချပေးတဲ့ 'radiated noise reduction system' ဖြစ်ပါတယ်။ propeller blades တွေရဲ့ leading edges တွေမှ၊ compressed air ကိုထုတ်ပေးပြီး၊ propeller လည်ပတ်ရာမှ ပေါါပေါက်လာတဲ့၊ hydro-dynamics noise တွေကို၊ လျှော့ချပေးခြင်း လည်းဖြစ်ပါတယ်။ propeller လည်ပတ်တဲ့အခါ၊ blades တွေရဲ့ နောက်ဖက်မှာ၊ ဖိအားနိမ့် low pressure area ဖြစ်ပေါါလာပါတယ်။ ရေအောက်မှ low pressure area မှ pressure ဟာ၊ vapor pressure ထက် နိမ့်တဲ့အတွက်၊ vapor bubbles တွေဖြစ်ပေါါလာပြီး၊ bubbles တွေဟာ low pressure area မှကျော်လွန်သွားတာနဲ့ ပေါက်ကွဲထွက်ကာ၊ 'cavitation' ကိုဖြစ်ပေါါစေသလို၊ noise ကိုလည်း ဖြစ်ပေါါစေပါတယ်။
prairie air system ကိုအရပ်ဖက်သုံး commercial ships တွေမှာထက် စစ်ဖက်သုံး warships တွေမှာသာ၊ အသုံးပြုကြပါတယ်။ hydro-dynamics noise တွေကို၊ လျှော့ချတဲ့ prairie air system ဟာ၊ anti-submarine warfare solution လို့ခေါါတဲ့၊ passive sonar system တမျိုးဖြစ်ပါတယ်။ passive sonar system ဖြစ်ပေမယ့် cavitation ကိုပါ၊ လျှော့ချနိုင်တဲ့အတွက် အရပ်ဖက်သုံး commercial ships တွေမှာလည်း၊ တတ်ဆင်အသုံးပြုလာကြပါတယ်။ blades တွေရဲ့ trailing edges တွေမှတဆင့်၊ compressed air ကိုမှုတ်ထုတ်တဲ့အခါ၊ propeller လည်ပတ်မှုကြောင့်၊ ပေါါပေါက်လာတဲ့ low pressure area မှာ၊ ဖိအား pressure တက်လာသလို၊ bubbles တွေအတွင်းမှာလည်း၊ compressed air ရောပါဝင် သွားတဲ့အတွက်၊ bubbles တွေရဲ့ပေါက်ကွဲမှုအရှိန်လည်း၊ လျှော့ကျသွားပါတယ်။
prairie air system ကိုအရပ်ဖက်သုံး commercial ships တွေမှာထက် စစ်ဖက်သုံး warships တွေမှာသာ၊ အသုံးပြုကြပါတယ်။ hydro-dynamics noise တွေကို၊ လျှော့ချတဲ့ prairie air system ဟာ၊ anti-submarine warfare solution လို့ခေါါတဲ့၊ passive sonar system တမျိုးဖြစ်ပါတယ်။ passive sonar system ဖြစ်ပေမယ့် cavitation ကိုပါ၊ လျှော့ချနိုင်တဲ့အတွက် အရပ်ဖက်သုံး commercial ships တွေမှာလည်း၊ တတ်ဆင်အသုံးပြုလာကြပါတယ်။ blades တွေရဲ့ trailing edges တွေမှတဆင့်၊ compressed air ကိုမှုတ်ထုတ်တဲ့အခါ၊ propeller လည်ပတ်မှုကြောင့်၊ ပေါါပေါက်လာတဲ့ low pressure area မှာ၊ ဖိအား pressure တက်လာသလို၊ bubbles တွေအတွင်းမှာလည်း၊ compressed air ရောပါဝင် သွားတဲ့အတွက်၊ bubbles တွေရဲ့ပေါက်ကွဲမှုအရှိန်လည်း၊ လျှော့ကျသွားပါတယ်။
Fig. Prairie air system
prairie air ကို၊ bleed air header tank မှရယူပါတယ်။ sea water ကို အသုံးပြုတဲ့ cooler မှာ ဖြတ်သန်းစေပြီး၊ propeller shaft အတွင်းမှတဆင့် propeller hub သို့ပေးပို့ပါတယ်။ cooler အထွက်မှာ compressed air ဟာ၊ flow meter နဲ့ oil distribution box တို့ကိုဖြတ်သန်းပြီးမှ၊ rotor seal မှတဆင့် shaft အတွင်းသို့၊ ရောက်ရှိပါတယ်။ hub မှ blade အတွင်းသို့ပေးပို့ရာမှာ၊ hub body နဲ့ blade base ကြားမှာတတ်ဆင်ထားတဲ့ bushing connection တွေမှတဆင့်၊ ပေးပို့ပါတယ်။
Fig. Prairie air system testing
blade ရဲ့ leading edges လို့ခေါါတဲ့ trailing edges တွေမှာ၊ orifices တွေကို တတ်ဆင်ထားပြီး၊ ပြင်ပမှ sea water တွေ back flow အနေနဲ့ စီးဝင်မလာစေဖို့၊ compressed air ဖြတ်သန်းသွားမယ့် propeller shaft အတွင်းမှာတော့ check valves တွေကိုတတ်ဆင်ထားပါတယ်။ prairie air system ကို၊ သဘော်ကျင်းမှာ 'လွန်း' တင်တဲ့အခါ၊ compressed air အစား၊ rotor seal မှတဆင့် fresh water ပေးသွင်းကာ၊ စမ်းသတ်ဖို့ လိုအပ်ပါတယ်။
Fig. Masker system
anti-submarine warfare solution လို့ခေါါတဲ့၊ passive sonar system နောက်တမျိုးကတော့၊ 'Masker System' ဖြစ်ပါတယ်။ acoustic impedance အနေနဲ့ ခြေဖျက်အသံလှိုင်း တခုကို၊ passive sonar system အဖြစ်ထုတ်လွှင့်ပေးပါတယ်။ သဘော်ရဲ့ 'ဧရာ' လို့ခေါါတဲ့ hull မှာ compressed air ထုတ်ပေးမယ့်၊ emitter belts တွေတတ်ဆင်ထားပြီး၊ သဘော်မောင်းနှင် ခုတ်မောင်းရာမှ၊ ပေါါပေါက်လာမယ့် machinery noise တွေကို၊ bubble blank အလွှာတခုအဖြစ်၊ ဖုံးအုပ်ထားခြင်းဖြစ်ပါတယ်။ ထုတ်ပေးတဲ့ compressed air ရဲ့ pressure ပမာဏဟာ၊ 1.8 bar ခန့်နဲ့ flow rate ပမာဏကတော့ 12 Cu. meter/ minutes ခန့်ရှိပါတယ်။
Reference : Lamb's questions and answers on the Marine Diesel Engine, Stanley G. Christensen, John Lamb, 1990., Reed's Naval Architecture Volume IV for marine Engineers Class 1 and Class 2, E.A. Stokoe, 2010 Edition.
Image credit to : http://www.shipsol.com/, http://www.fas.org/ United State Navy Official Website
Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.
No comments:
Post a Comment