Pages

Wednesday, 27 June 2012

Classification Societies & Their Role (၃)

Classification Society မှထုတ်ပေးတဲ့ သက်သေခံ statutory certificates တွေထဲမှ၊ Anti-fouling certificate ကလွဲလို့ကျန်၊ certificates တွေဟာလည်း၊ validity period အနေနဲ့ (၅) နှစ် သက်တမ်း ရှိပါတယ်။ statutory certificates တွေကိုစတင်ထုတ်ပေးစဉ်မှာ၊ (၃) လ သက်တမ်းရှိတဲ့ ယာယီ 'interim certificates' တွေအဖြစ်ထုတ်ပေးပြီး၊ သက်တမ်း (၃) လအတွင်း၊ အပြောင်းအလဲ တစုံတရာမရှိမှသာ၊ (၅) နှစ် သက်တမ်းရှိတဲ့ အမြဲတမ်း 'full certificates' တွေအဖြစ်၊ အတည်ပြုပေးပါတယ်။

 Classification society မှ ပြန်လည်ပြင်ဆင်ရန်လိုတဲ့စစ်ဆေးတွေ့ရှိချက် observations တွေကို၊ 'deficiencies' များအဖြစ်သတ်မှတ်ပြီး၊ rectification အနေနဲ့ အရေးယူပြင်ဆင်ပေးရပါတယ်။ classification services အနေနဲ့ စစ်ဆေးစဉ်၊ Safety Equipments Certificate နဲ့ International Oil Pollution Prevention Certificate တို့ဟာ၊ သဘော်မှာ လိုက်ပါစီးနင်းသူတွေရဲ့ human lives ဆိုတဲ့၊ လူ့အသက်တွေသာမက၊ environment ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ပါ၊ ထိခိုက်ဆုံးရှုံးမှုတွေ မှကာကွယ်နိုင်ဖို့၊ ပြဌာန်းထားတဲ့၊ Regulations တွေနဲ့ ကိုက်ညီမှုမရှိကြောင်း၊ စစ်ဆေးတွေ့ရှိခဲ့လျှင် သက်သေခံ statutory certificate ထုတ်ပေးခြင်းကို၊ ရပ်ဆိုင်းထားနိုင်ပြီး၊ သဘော်ပိုင်ရှင်မှ ချက်ခြင်း အရေးယူ ပြင်ဆင်ပေးဖို့လိုအပ်ပါတယ်။

အလားတူ Class certificate မှ hull and machinery ဆိုင်ရာ၊ အချက်အလက်အလက်များ၊ Safety Management Certificate, DOC Document Of Compliance, International Ship Security Certificate, Cargo Ship Safety Construction Certificate, Cargo Ship Safety Radio Certificate, International Load Line Certificate, International Air Pollution Prevention Certificate နဲ့ International Sewage Pollution Prevention Certificate တို့မှ အချက်အလက်အလက်များဟာ၊ regulations တွေနဲ့ ကိုက်ညီမှုမရှိကြောင်း၊ စစ်ဆေးတွေ့ရှိခဲ့လျှင်လည်း၊ 'deficiencies' အဖြစ် သတ်မှတ်ပြီး၊သဘော်ပိုင်ရှင်မှ အနည်းဆုံး (၁၄) ရက်မှ အများဆုံး ရက်ပေါင်း (၆၀) အတွင်း၊ အရေးယူ ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။

'classification services' အဖြစ်၊ တည်ဆောက်ရာမှာ အသုံးပြုမယ့် materials အမျိုးအစားတွေဟာ၊ သတ်မှတ်ထားတဲ့အချက်အလက်တွေနဲ့ ကိုက်ညီမှရှိမရှိ၊ စစ်ဆေးကာ အတည်ပြုပေးခြင်း ကို၊ ဒီနေရာမှာ နမူနာတခုဖြင့်ဖော်ပြပါဦးမယ်။ သဘော်တည်ဆောက်ရာမှာအသုံးပြုတဲ့၊ materials တွေဟာ၊ ခိုင်မာပြီး ခံနိုင်ရည်ရှိတဲ့ 'strong mechanical properties' ဂုဏ်သတ္တိတွေ ရှိဖို့လိုအပ်ပါတယ်။ materials တွေရဲ့ ဂုဏ်သတ္တိကို toughness, ductility နဲ့ malleability ဆိုပြီး ခွဲခြားသတ်မှတ်လေ့ရှိပါတယ်။

material အမျိုးအစားတခုကို၊ bending အဖြစ် 'ကွေး' လိုက်တဲ့အခါ၊ fracture ဆိုတဲ့ အက်ကွဲကျိုးပဲ့မှု မဖြစ်ပေါါပဲ၊ ကွေးကောက်နိုင်ခြင်းကို 'toughness' လို့ခေါါပါတယ်။ tough material ဟာ material actually fail ဆိုတဲ့၊ အမှန်တကယ်အက်ကွဲကျိုးပဲ့တဲ့အခြေအနေအထိ၊ အကြိမ်ပေါင်းများစွာ cycles of bending အနေနဲ့၊ bending stress အကွေးဒါက်ကို၊ ခံနိုင်ရည်ရှိဖို့လိုပါတယ်။ 'toughness' ဟာ material အပေါါ bending force သက်ရောက်တာနဲ့၊ အလွယ်တကူ အက်ကွဲကျိုးပဲ့သွားခြင်းဆိုတဲ့ 'brittleness' ရဲ့ ဆန့်ကျင်ဖက်၊ ဂုဏ်သတ္တိဖြစ်ပါတယ်။

material actually fail ဆိုတဲ့၊ အမှန်တကယ်အက်ကွဲကျိုးပဲ့သွားခြင်း၊ မဖြစ်ပေါါပဲ အပူရှိန်ပြောင်းလဲ မြင့်တက်သွားမှု 'temperature increase' ကြောင့်၊ deformed အနေနဲ့ ဖွဲ့စည်းပုံ၊ ပုံသဏ္ဍန် ပျက်ယွင်း သွားခြင်းကို 'ductility' လို့ခေါါပါတယ်။ သဘော်တည်ဆောက်တဲ့အခါ၊ tin, zinc, lead နဲ့ copper အစရှိတဲ့ ductility materials တွေကိုလည်း၊ ထည့်သွင်းအသုံးပြုရပါတယ်။ ductility ရဲ့ဆန့်ကျင်ဖက်၊ ဂုဏ်သတ္တိ ကတော့ 'malleability' ဖြစ်ပါတယ်။ compression ကြောင့် crack အဖြစ် အက်ကွဲခြင်း သို့မဟုတ် extraction နဲ့ forging တို့ကြောင့်၊ shape ဆိုတဲ့ ပုံသဏ္ဍန် ပျက်ယွင်းသွားခြင်းကိုတော့၊ 'malleability' လို့ခေါါပါတယ်။ အပူရှိန်ပြောင်းလဲမြင့်တက်သွားပေမယ့်၊ ဆိုတဲ့ ပုံသဏ္ဍန် ပျက်ယွင်းသွားခြင်း မရှိတဲ့၊ malleability materials တွေကိုလည်း၊ သဘော်တည်ဆောက်ရာမှာ အသုံးပြုကြပါတယ်။


(၁၉၇၀) ခုနှစ်မှ (၁၉၇၅) ခုနှစ်အတွင်း၊ ကုန်သွယ်ရေကြောင်းလောကမှ၊ သဘော်တွေရဲ့ ပျက်စီးဆုံးရှုံးမှု damages တွေကို၊ Classification societies တွေမှ၊ survey အဖြစ် စစ်တမ်းကောက်ယူပြီး၊ လေ့လာ ကြည့်တဲ့အခါ၊ သဘော်တည်ဆောက်ရာမှာအသုံးပြုခဲ့တဲ့ materials တွေရဲ့ mechanical properties ဆိုင်ရာ၊ အားနည်းချက် weakness တွေကို တွေ့ရှိခဲ့ကြပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေရဲ့ အကြောင်းရင်း root causes တွေအမျိုးမျိုးရှိပေမယ့်၊ အများဆုံး maximum root cause ကတော့၊ 'brittle failure' နဲ့ 'fatigue failure' တို့သာ၊ ဖြစ်ပါတယ်။ Classification societies တွေဟာ၊ သဘော်တည်ဆောက်ရာမှာအသုံးပြုမယ့် material properties တွေနဲ့ပက်သက်ပြီး၊ တင်းကျပ်တိကျတဲ့ regulations တွေကို ထပ်မံပြဌာန်းခဲ့ပါတယ်။


ဥပမာအဖြစ်၊ သဘော်တည်ဆောက်ရာမှာအသုံးပြုမယ့် steel material နဲ့ပက်သက်ပြီး၊ Classification societies တွေမှ၊ သတ်မှတ်ထားတဲ့ 'grades' တွေကို၊ ဖော်ပြထားပါတယ်။ အရွယ်အစား ကြီးမားတဲ့ larger sized သဘော်ကြီးတွေကို၊ တည်ဆောက်တဲ့အခါ၊ သဘော်ရဲ့ 'light displacement' ကိုလျှောချ့နိုင်ဖို့၊ steel plates တွေရဲ့ thickness အထူ ကိုလည်း၊ လျှော့ချဖို့ လိုအပ်လာပါတယ်။ အဲဒီအခါ မြင့်မားတဲ့ 'higher tensile strength' ဂုဏ်သတ္တိရှိတဲ့၊ steel plates တွေကို၊ အစားထိုးအသုံးပြုစေဖို့ Classification societies တွေမှ၊ ပြောင်းလဲ သတ်မှတ်ပေးခဲ့ပါတယ်။ မူလအသုံးပြုခဲ့တဲ့ grade A, B, D နဲ့ E ဆိုတဲ့ steel plates တွေအစား၊ grade AH, AB, AD နဲ့ AE ဆိုတဲ့၊ steel plates တွေကို၊ အစားထိုးအသုံးပြုနိုင်ပါတယ်။ normal grade A, B, D နဲ့ E ဆိုတဲ့ steel plates တွေရဲ့ 'tensile strength' ဟာ၊ 400 ~ 490 MN per Sq. m ခန့်သာရှိပြီး၊ အစားထိုးအသုံးပြုဖို့သတ်မှတ်ခဲ့တဲ့ steel plates တွေရဲ့၊ 'high tensile strength' ကတော့ 490 ~ 620 MN per Sq. m အထိရှိတာ၊ တွေ့ရပါတယ်။

Reference : AMSA - Australian Maritime Safety Agency 

No comments:

Post a Comment