Pages

Friday 28 June 2013

"International shore connection and Fire control plan"

သဘော်တွေမှာ၊ fire fighting မီးငြိမ်းသတ်ခြင်းဆိုတဲ့ fire fighting အား ဆောင်ရွက်ရာမှာ၊ မီးလောင်မှု အမျိုးအစားပေါါမူတည်ပြီး၊ portable fire fighting equipments တွေနဲ့ fixed fire fighting equipment တွေကို၊ ရွေးချယ်သုံးစွဲရန် လိုအပ်ပါတယ်။ fixed fire fighting installation ဟာ၊ နေရာတိုင်းမှာ အသုံးပြုလို့ မရတာကိုလည်း တွေ့ရပါတယ်။ ယေဘုယျအားဖြင့် သဘော်တွေမှာ တတ်ဆင် အသုံးပြုလေ့ရှိတဲ့ fixed fire fighting installation အမျိုးအစားတွေကတော့၊ fire main system, automatic fire sprinkler system, foam installation system တွေနဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို အသုံးပြုထားတဲ့ CO2 installation system တို့ဖြစ်ပါတယ်။ 

ဟိုးအရင်က halon installation system ကို၊ fixed fire fighting installation အနေနဲ့၊ တတ်ဆင်အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် IMO ရဲ့ resolution MSC.27(61) air pollution prevention convention အရ၊ (၁၉၉၄) ခုနှစ်မှ စတင်ပြီး၊ halon installation system ထည့်သွင်းတတ်ဆင်ခြင်းအား တားမြစ်ခဲ့သလို၊ အကယ်၍ မူလကတည်းက halon system တတ်ဆင်ပြီးသား သဘော်တွေကိုတော့၊ CFC free ဖြစ်တဲ့၊ အခြားသော halon alternative နည်းလမ်းတွေဖြင့်၊ ပြောင်းလဲတတ်ဆင်ရန်၊ ပြဌာန်းခဲ့ပါတယ်။

SOLAS Chapter II-2, Regulation 7 အရ၊ output power (၃၇၅) ကီလိုဝပ် တနည်းအားဖြင့် မြင်းကောင်ရေ (၅၁၀) ထက်ကျော်တဲ့၊ စက်ပစ္စည်းတွေ တတ်ဆင်ထားမယ့် machinery spaces တွေနဲ့ oil-fired boiler rooms, purifier rooms တွေမှာ၊ fixed fire fighting installation အား၊ ထည့်သွင်းတတ်ဆင်ရန် လိုအပ်ပါတယ်။ တနည်းအားဖြင့် fixed fire fighting installation အဖြစ် water spray systems လို့ခေါါတဲ့ fire sprinkler system, CO2 installation system နဲ့ high expansion foam installation systems အစရှိတဲ့၊ installation system (၃) မျိုးထဲမှ တမျိုးအား၊ ထည့်သွင်းတတ်ဆင်ထားရန် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ SOLAS Chapter II-2, Regulation 10 (equivalent standard: IMO - MSC/Circ. 668/728) အရ၊ water mist systems, inside air high expansion foam systems နဲ့ equivalent standard: IMO Circ. 776 အရ၊ alternative gas extinguishing systems တို့ကိုပါ၊ fixed fire fighting installation အဖြစ်ထည့်သွင်းတတ်ဆင်နိုင်တယ်လို့၊ သတ်မှတ်ခဲ့ပါတယ်။

fixed fire fighting installation အမျိုးအစား အများစုဟာဟာ၊ ရေကိုအသုံးပြုပြီး၊ မီးငြိမ်းသတ်ရန် ရည်ရွယ်ပြီး၊ တတ်ဆင်ထားခြင်းဖြစ်ပါတယ်။ အကယ်၍ သဘော်မှ pump တွေဟာ အကြောင်းတစုံတခုကြောင့် failure ဖြစ်ပြီး၊ အသုံးမပြုနိုင်ခဲ့လျှင် အခြားသဘော် ဒါမှမဟုတ် သဘော်ဆိုက်ကပ်ထားရာ၊ ဆိပ်ကမ်းမှ pump တွေကို၊ အသုံးပြုကာ၊ international shore connection flange မှ တဆင့်၊ ဆက်သွယ်ကာ မီးငြိမ်းသတ်နိုင်ပါတယ်။ international shore connection  flange အား ဆိပ်ကမ်းရှိ fire line မှ၊ မည်သည့် flange အမျိုးအစားမျိုးမှာမဆို၊ အလွယ်တကူ တတ်ဆင်နိုင်စေရန်၊ SLOAS regulation ဖြင့် သတ်မှတ်ထားပါတယ်။


Fig. International shore connection flange

သဘော်တစီးမှာ ရှိရမယ့် shore connection flange (၃) မျိုးရှိပါတယ်။ အလွယ်တကူပြောရလျှင် SOLAS Regulation အရ shore connection flange (၁) ခုနဲ့ MARPOL Regulation အရ၊ shore connection flange (၂) ခုဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။ SOLAS Regulation အရ FSS Code Chapter (2) International shore connections, paragraph 2.1 အရ တတ်ဆင်ထားရမယ့် shore connection flange ဟာ၊  ရေကိုအသုံးပြုပြီး၊ မီးငြိမ်းသတ်ရန်ခြင်းမှာ အသုံးပြုရန်ဖြစ်ပါတယ်။

MARPOL Regulation အရ၊ တတ်ဆင်ထားရမယ့် shore connection flanges တွေကို၊ MARPOL Annex I - Regulations for the Prevention of Pollution by Oil from Ships အရ၊ တတ်ဆင်ထားရမယ့် shore connection flange နဲ့ MARPOL Annex IV - Regulations for Prevention of Pollution by Sewage from Ships အရ၊ တတ်ဆင်ထားရမယ့် shore connection flange ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။


Fig. Standard discharge flange for residues from machinery bilges from sludge tanks

MARPOL Annex I - Regulations for the Prevention of Pollution by Oil from Ships အရ၊ တတ်ဆင်ထားရမယ့် shore connection flange ရဲ့ အရွယ်အစားကို၊ MARPOL Annex I - Regulations for the Prevention of Pollution by Oil from Ships ရဲ့ Chapter (3) - Requirements for machinery spaces of all ships, Part (A) - Construction မှာ Regulation (13) - Standard discharge connection ဆိုပြီး၊ ပြဌာန်းထားပါတယ်။ အလွယ်တကူ ပြောရလျှင် အပေါက် (၆) ပေါက်ပါရှိတယ်လို့ ဆိုနိုင်ပါတယ်။


Fig. Standard discharge flange for sewage

MARPOL Annex IV - Regulations for Prevention of Pollution by Sewage from Ships အရ၊ တတ်ဆင်ထားရမယ့် shore connection flange ရဲ့ အရွယ်အစားကိုလည်း၊ Chapter (3) - Equipment and control of discharge, Regulation (10) - Standard discharge connections ဆိုပြီး၊ ပြဌာန်းထားပါတယ်။ အလွယ်တကူ ပြောရလျှင် အပေါက် (၄) ပေါက် ပါရှိတယ်လို့ ဆိုနိုင်ပါတယ်။ 


Fig. Fire Control Plan

international shore connection တွေကဲ့သို့ mandatory requirement ပြဌာန်းချက်ကြောင့်၊ မရှိမဖြစ်ပါဝင်ရမယ့် အရာတခုကတာ့၊ SOLAS Chapter II-2, Regulation 15 အရ၊ သတ်မှတ်ထားတဲ့ Fire Control Plan ဖြစ်ပါတယ်။ fire control plan မှာ၊ deck အထပ်တိုင်းရဲ့ fire station အပါအဝင်၊ သဘော်တည်ဆောက်ပုံအရ၊ သတ်မှတ်ထားတဲ့ “A” class division enclosed space, “B” class division enclosed space နဲ့ bulkheads တွေမှစပြီး၊ သဘော်မှာတတ်ဆင်ထားတဲ့၊ fire detection system နဲ့ fire fighting systems တွေနဲ့ ပက်သက်တဲ့၊ အချက်အလက်တွေ အားလုံးကို၊ ထည့်သွင်းဖော်ပြထားပါတယ်။ fire control plan ကိုကြည့်လိုက်တာနဲ့၊ fire alarm systems, sprinkler installation, extinguishing appliances, compartments နဲ့ decks တွေရဲ့ ထွက်ပေါက် escape တွေ၊ ventilation system dampers တွေနဲ့ fans တွေရဲ့ remote operation အပါအဝင်၊ system တွေ အားလုံးကို၊ အလွယ်တကူသိရှိနိုင်ပါတယ်။ 

fire control plan ကို၊ သဘော်ရဲ့ main structure accommodation မှ၊ ဝင်ဝင်ခြင်း၊ poop deck ဒါမှမဟုတ် main deck ရဲ့ ဝဲ၊ ယာ တနည်းအားဖြင့် port side နဲ့ star board side မှာ ထားရှိတဲ့ fire control plan safety container အတွင်း ထည့်သွင်းထားရှိပါတယ်။ ဒါ့အပြင် main structure accommodation ရဲ့၊ သိသာထင်ရှားပြီး အလွယ်တကူ မြင်တွေ့နိုင်မယ့် passage way ဒါမှမဟုတ် corridor ကဲ့သို့နေရာမျိုး နဲ့ bridge/ wheel hose အပါအဝင်၊ engine control room/ engine room မှာပါ ချိတ်ဆွဲဖော်ပြထားပါတယ်။

fire control plan ကို ထားရှိရတဲ့ရည်ရွယ်ချက်ကတော့၊ မီးငြိမ်းသတ်ခြင်း fire prevention and protection သို့မဟုတ် fire fighting အား၊ ဆောင်ရွက်ရာမှာ အလွယ်တကူ ကိုးကားနိုင်စေရန်၊ တနည်းအားဖြင့် လမ်းညွှန်ပြသမှုအနေနဲ့ ထားရှိခြင်းဖြစ်သလို၊ fire control plan မှာဖော်ပြထားတဲ့ အချက်အလက် information တွေအရ၊ အချိန်တိုအတွင်း အလွယ်တကူ မီးငြိမ်းသတ်နိုင်စေရန်၊ ရည်ရွယ်ခြင်းလည်းဖြစ်ပါတယ်။


Reference and image credit to : Marine Auxiliary Machinery By Mc George 7th edition, 1995, http://www.seacurity.nl/., SOLAS Regulation, MARPOL Regulation.

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.    

No comments:

Post a Comment