Pages

Thursday 27 October 2011

သဘော်က စက် 'မ' ကြီး ဆိုတဲ့ Main Engine ရွေးချယ်ခြင်း

Main Engine ရွေးချယ်တဲ့အခါမှာ၊ Hull Design ပေါါမူတည်လို့၊ Horse power, Weight, Space, Capital cost, Running costs, Requirement for electrical power and heat, Reliability and Maintainability, Maneuvering ability, Ease of installation , Vibration , Noise and Availability ဆိုတဲ့အချက်တွေကို၊ ထည့်သွင်းတွက်ချက်ရပါသတဲ့။

ဒီနေရာမှာ၊ သဘော်ရဲ့Hull Design နဲ့ပက်သက်လို့၊ အခြေခံလေးတွေကို၊ ပြောပါရစေ။ Hull အကြောင်း ပြောမယ်ဆိုရင် Frame, Floor Plate, Flanged Bracket, Side Girders နဲ့ Keel plate ဆိုတဲ့ အသုံးအနှုံးတွေပါဝင် လာမှာဖြစ်ပါတယ်။


သဘော်ရဲ့ ကိုယ်ထည်ဆိုတဲ့ Hull ကိုတည်ဆောက်တဲ့အခါ၊ တနည်းအားဖြင့် Hull Construction Method မှာ Transverse framing Method နဲ့ Longitudinal framing Method ရယ်လို့၊ (၂) မျိုးရှိ ပါသတဲ့။


Fig. Transverse framing Method or Transversely Stiffened Method

ဟိုးအရင်ကတော့ Transverse framing Method တနည်းအားဖြင့် Transversely Stiffened Method ကိုအသုံးပြုကာ၊ တည်ဆောက်ခဲ့ပါတယ်။ ဒီနေ့ခေါါတ်ကာလမှာလည်း LOA Length Over All အလျား (၁၂၀) မီတာ အောက်သဘော်တွေကို၊ တည်ဆောက်တဲ့အခါ Transversely Stiffened Method နဲ့ တည်ဆောက်နေဆဲဖြစ်ပါတယ်။

Floor Plate တွေဟာ၊ (၃. ၀၅) မီတာ အလျားရှိပြီး၊ (၁) မီတာ အကွာအဝေးတိုင်းမှာ၊ Frame တွေကို၊ Hull Plate နဲ့အတူ ဒေါင်လိုက် Transversely တွဲဆက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် Plate တချပ်မှာ Frame (၃) ချောင်း စီပါဝင်တွဲဆက်ထားမှာဖြစ်ပြီး၊ Frame နဲ့ Margin Plate ကိုတော့၊ Flanged Bracket လို့ခေါါတဲ့၊ Stiffener တွေနဲ့အတူ၊ တွဲဆက်ထားပါတယ်။ Plate တချပ်နဲ့ တချပ် တွဲဆက်တဲ့အခါ၊ Additional Support ရရှိဖို့နဲ့ Structural Strength ပိုကောင်းလာစေဖို့၊ အပေါါကနေ Frame က ချုပ်ပေး ထားပါသတဲ့။


Fig. Longitudinal framing Method

 Longitudinal framing Method မှာတော့၊ Frame တွေကို Plate နဲ့၊ အလျှားလိုက် Longitudinally တွဲဆက်ထားတာဖြစ်ပြီး၊ Longitudinal Framing Method ဟာ၊ Bucking Force ကိုခံနိုင်ရည်၊ အရှိဆုံး ဖြစ်ပါတယ်။ ဒီနေ့ခေါါတ်မှာ အသုံးများတဲ့ Longitudinal framing Method ကို လေ့လာ ကြည့်ရင်၊ Tankers ရေနံတင်သဘော်တွေနဲ့ Bulk Carrier တို့၊ Container တို့လို Dry Cargo တင်တဲ့ သဘော်တွေ ရဲ့၊ Framing Method ဆိုပြီး (၂) မျိုးတွေ့ရမှာဖြစ်ပါတယ်။


Tanker တွေမှာ Plate တချပ်နဲ့ တချပ်တွဲဆက်တဲ့အခါ၊ ရေလုံစေဖို့၊ အပေါါကနေ Sealing Plate နဲ့ အရင် တွဲဆက်ပြီးမှ၊ Frame က ချုပ်ပေးထားပါသတဲ့။


Dry Cargo သဘော်တွေမှာတော့၊ Frame တွေရဲ့ Strength ပိုကောင်းလာစေဖို့၊ Bracket တွေကို၊ Support အနေနဲ့ တွဲဆက်ထားတာ၊ တွေ့ရပါတယ်။

Main Engine ဆိုတဲ့ စက် 'မ' ကြီး ရွေးချယ်မှု အကြောင်း၊ ဆက်ပါဦးမယ်။ ယေဘုယျအနေနဲ့ Low Speed Engine တွေကို၊ ပင်လယ်ကူး သဘော်ကြီးတွေမှာတတ်ဆင်အသုံးပြုကြပြီး၊ Medium Speed Engine တွေ ကို၊ Local Coastal Ferry, Tugs တွေနဲ့ Supply Vessels တွေမှာ တတ်ဆင်အသုံးပြုကြပါတယ်။

Horse power ဆိုတဲ့ မြင်းကောင်ရေအား ဘယ်လောက်ရှိတဲ့၊ Main Engine ကိုရွေးချယ် မလည်းလို့၊ စဉ်းစားတဲ့အခါ၊ တတ်ဆင် အသုံးပြုမယ့် ရေယက်ပန်ကာ Propeller အရည်အတွက် Number၊ အရွယ်အစား Size နဲ့ အမျိုးအစား Type တို့ အပေါါမှာ၊ အခြေခံကာ စဉ်းစားလေ့ ရှိကြပါတယ်။ ဒါ့အပြင် သဘော်အရွယ်အစား နဲ့ Fuel Weight Capacity တို့ကိုလည်း၊ ထည့်သွင်း စဉ်းစားရမှာဖြစ်သလို၊ သဘော် မှာ တတ်ဆင်အသုံးပြုမယ့် Auxiliary Machinery တွေရဲ့၊ အချက်အလက်တွေကိုပါ ထည့်သွင်းစဉ်းစား ရပါသတဲ့။

Weight ဆိုတဲ့၊ အင်ဂျင်ရဲ့ အလေးချိန်နဲ့ပက်သက်ပြီး၊ သဘော်ကြီးတွေမှာ အထူးတလည် ထည့်သွင်း စဉ်းစားမှု၊ မရှိပေမယ့် Speed များများလိုအပ်တဲ့၊ Ferry သဘော်တွေ နဲ့ စစ်ရေယာဉ် War Ship တွေ မှာတော့၊ Power နဲ့ Weight ရဲ့၊ အချိုးအဆ Ratio ဟာ အရေးကြီးတာမို့၊ အထူးတလည်ထည့်သွင်း စဉ်းစား ဖို့၊ လိုအပ်ပါသတဲ့။

Space ဆိုတဲ့ နေရာယူမှုဟာလည်း၊ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ Cost ဆိုတဲ့ ကုန်ကျ စားရိတ်မှာ၊ တတ်ဆင်ခ ကုန်ကျစားရိတ် Installation Costs နဲ့ မောင်းနှင်အသုံးပြုတဲ့အခါ၊ ကုန်ကျမယ့် စားရိတ် Running Costs ရယ်လို့ (၂) မျိုးရှိပါတယ်။ 

Installation Costs ဆိုတာကတော့၊ အင်ဂျင်နဲ့ တွဲဖက်တတ်ဆင်အသုံးပြုရမယ့် Pumps တွေ၊ Gears တွေ၊ Coolers တွေ အစရှိတဲ့ စက်ပစ္စည်းတွေကို သီးခြား တတ်ဆင်ဝယ်ယူတဲ့အခါ၊ ကုန်ကျမယ့် စားရိတ်ဖြစ်ပါတယ်။ Running Costs ဆိုတာကတော့၊ မောင်းနှင်တဲ့အခါ အသုံးပြုမယ့် လောင်စာဆီ Fuel အတွက်၊ ကုန်ကျစားရိတ်၊ ချောဆီ Lubricating Oil အတွက်၊ ကုန်ကျစားရိတ်၊ အပိုပစ္စည်း Spare Parts အတွက်၊ ကုန်ကျစားရိတ်နဲ့ Repairing & Maintenance ဆိုတဲ့ ပြင်ဆင်မှုနဲ့ မွန်းမံထိမ်းသိမ်းမှု တွေ အတွက်၊ ကုန်ကျစားရိတ် တွေပါဝင်ပါတယ်။

Running Costs မှာ အဓိကထားကာ၊ အထူးတလည် ထည့်သွင်းစဉ်းစားတာကတော့ လောင်စာဆီ Fuel အတွက်၊ ကုန်ကျစား ရိတ် တနည်းအားဖြင့် ဆီစားနှုံး Fuel Consumption ဖြစ်ပါတယ်။ လောင်စာဆီ Fuel အတွက်၊ ကုန်ကျ စားရိတ်ကို၊ လျှော့ချဖို့ စဉ်းစားတဲ့အခါ အမျိုးအစား Grade ကောင်းတဲ့ လောင်စာဆီကို၊ ပမာဏ အနည်းငယ်သာသုံးတဲ့ အင်ဂျင်အမျိုးအစားကို သုံးမလား၊ ဒါမှမဟုတ် အမျိုးအစား Grade မကောင်းတဲ့ လောင်စာဆီကို၊ ပမာဏများများ သုံးတဲ့ အင်ဂျင်အမျိုးအစားကို သုံးမလား၊ ဆိုပြီး စဉ်းစားကြ ပါသတဲ့။

အခုနောက်ပိုင်းမှာ MARPOL 73/ 78 Annex VI - International Air Pollution Prevention Convention မှ၊ Amendments ဖြည့်စွက်ပြင်ဆင်တဲ့ MEPC. 176 (58) ကိုလည်းထည့်သွင်း၊ စဉ်းစားရမှာ ဖြစ်ပါတယ်။ MEPC. 176(58) နဲ့ပက်သက်ပြီး၊ ဒီနေရာမှာ၊ ဖတ်နိုင်ပါတယ်။

တတ်ဆင်အသုံးပြုမယ့် Engine ဟာ၊ အခြား Engine တွေနဲ့ ဈေးနှုံးအရ၊ နှိုင်းယှဉ်ကြည့်တဲ့အခါ၊ လက်တလောမှာ ပိုသက်သာပေမယ့်၊ အသုံးပြုတဲ့အခါမှာ၊ အရေးကြီးတဲ့ အစိတ်အပိုင်းတွေရဲ့ အရည် အသွေး Quality မကောင်းတာကြောင့်၊ မကြာခဏပျက်ခြင်း Brake Down, မကြာခဏ အသေးစား ပြင်ဆင်မှုတွေကို၊ ဆောင်ရွက်ပေးရခြင်းနဲ့ ပြုပြင် ထိမ်းသိမ်းမှုကို၊ အဆက်မပြတ် ဆောင်ရွက်ပေးရန် လိုခြင်း၊ အစရှိတဲ့ ကိစ္စတွေနဲ့ ကြုံတွေ့နေရမယ်ဆိုရင်၊ Brake Down Costs, Repairing Costs နဲ့ Maintenance Costs တွေဟာ၊ ရေရှည်မှာ သိသိသာသာမြင့်တက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Reliability and Maintainability ကို၊ အထူး တလည် ထည့်သွင်းစဉ်းစားဖို့၊ လိုအပ်ပါသတဲ့။

Reliability and Maintainability လိုပဲ၊ Maneuvering Ability ဟာ၊ အရေးကြီးပါတယ်။ အသုံးပြုမယ့် Engine နဲ့ အတူ Maneuvering Ability ကောင်းစေဖို့၊ တွဲဖက်တတ်ဆင်ရမယ့် CPP Controllable Propeller Pitch, CPP Gear Box, Reduction Gear, Aft Thruster, Bow Thruster, Steering Gear အမျိုးအစား အစရှိတဲ့ Auxiliary Machinery တွေကိုပါ၊ ထည့်သွင်းစဉ်းစားဖို့၊ လိုအပ်ပါသတဲ့။


Ease of Installation ကို၊ Space ဆိုတဲ့ နေရာယူမှုလိုပဲ၊ ထည့်သွင်းစဉ်းစားရပါတယ်။ သဘော်စက်ခန်း Engine Room အရွယ် ပမာဏ ကျဉ်းကျဉ်းလေးထဲမှာ၊ Main Engine မောင်းနှင်ဖို့ လိုအပ်တဲ့ Pumps တွေ၊ Gears တွေ၊ Coolers တွေ၊ စတဲ့ အထောက်အကူပြု စက်ပစ္စည်းတွေ၊ အများအပြား တတ်ဆင် အသုံးပြုဖို့ဆိုတာ၊ မလွယ်ကူပါဘူးတဲ့။

ဒါ့အပြင် Vibration နဲ့ Noise ကိုလည်း၊ ထည့်သွင်းစဉ်းစားရပါတယ်။ Engine တိုင်းဟာ Vibration နဲ့ Noise ရှိပေမယ့် လက်ခံနိုင် လောက်တဲ့ အတိုင်း အတာ ပမာဏ၊ အတွင်းမှာရှိဖို့လိုအပ်သလို၊ ခရီး သည်တင် သဘော်တွေမှာ  Vibration ဆိုတဲ့ တုန်ခါမှုအနည်းဆုံးနဲ့ Noise ဆိုတဲ့ ဆူညံမှုအနည်းဆုံး Engine အမျိုးအစား ကို၊ တတ်ဆင်ကြပါတယ်။

Availability ဆိုတဲ့၊ ရေရှည်အသုံးပြုတဲ့အခါ လိုအပ်တဲ့ အပိုပစ္စည်း Spare Parts တွေကို၊ အလွယ်တကူ ဝယ်ယူရရှိနိုင်ဖို့နဲ့ ဈေးသက်သာဖို့ကိုလည်း၊ ထည့်သွင်း စဉ်းစားရပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေကို၊ ထည့်သွင်းစဉ်းစားပြီးတဲ့အခါ၊ Layouts and Configurations အပိုင်းကိုလည်း ထည့်သွင်းစဉ်းစား ရပါသေးတယ်။ Layouts and Configurations အပိုင်းမှာ

၁။ ဘယ်လည်၊ ညာလည် လားရာ Direction of Rotation (၂) ဖက် လည်ပတ်နိုင်တဲ့၊ Low speed Engine ကို၊ Fixed Pitch Propeller နဲ့ တိုက်ရိုက်ချိတ်ဆက်အသုံးပြုခြင်း - Direct coupled low speed reversible engines with fixed pitch propeller.

၂။ ဘယ်လည်၊ ညာလည် လားရာ Direction of Rotation (၂) ဖက် လည်ပတ်နိုင်တဲ့၊ Low speed Engine ကို၊ Controllable Pitch Propeller နဲ့ ချိတ်ဆက်အသုံးပြုခြင်း - Direct coupled low speed reversible engines with controllable pitch propeller.

၃။ ဘယ်လည် သို့မဟုတ် ညာလည်လားရာတဖက်တည်း Direction of Rotation သာလည်ပတ်နိုင်တဲ့၊ Medium Speed Engine ကို၊ Reduction Gear အသုံးပြုကာ၊ Fixed Pitch Propeller နဲ့ ချိတ်ဆက် အသုံးပြုခြင်း - Medium speed engine coupled through reduction gears.

၎။ ဘယ်လည် သို့မဟုတ် ညာလည်လားရာတဖက်တည်း Direction of Rotation သာလည်ပတ်နိုင်တဲ့၊ Medium Speed Engine ကို၊ Reduction Gear အသုံးပြုကာ၊ Controllable Pitch Propeller နဲ့ ချိတ်ဆက် အသုံးပြုခြင်း - Medium speed engine coupled through reduction gears with controllable pitch propeller နဲ့

၅။ Propulsion အတွက်သာမက၊ Electrical Power Generation အတွက်၊ Shaft Generator နဲ့ ချိတ်ဆက်အသုံးပြုခြင်း - Installations with a shaft generator ဆိုပြီး၊ ထည့်သွင်းစဉ်းစားရပါတယ်။ 


Reference : Practical ship design by D.G.M Watson, Ship Design for Efficiency and Economy (2nd ed.) by SCHNEEKLUTH, Herbert, and Volker BERTRAM

Image Credits : Pounder's Marine Diesel Engines, Marine Engineering Knowledge Website,

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

No comments:

Post a Comment