Pages

Wednesday 5 October 2011

Pipeline Ancillaries - Check valves


Check valves

check valves တွေကို non-return valves လို့လဲခေါါပြီး၊ pipeline systems မှာ flow direction အနေနဲ့ တဖက်တည်းစီးစေဖို့ တတ်ဆင် တာဖြစ်ပါတယ်။ check valve ဟာ line fluid direction တနည်း အားဖြင့် desired direction လို့ခေါါတဲ့ 'forward flow' ကိုပြန်အသုံးချ ကာ၊ opposite direction သို့မဟုတ် 'reverse flow' ကိုတားဆီးပေးပါတယ်။ process သို့မဟုတ် pipeline system မှာတတ်ဆင်ထားတဲ့ flow-meters, strainers နဲ့ control valves မှာ၊ fluid flow ဟာ 'reverse flow' အနေနဲ့ပြန်စီးဝင်ရင်၊ equipments တွေ ပျက်စီးနိုင်တဲ့  အတွက်၊ check valves တွေတတ်ဆင်ထား ဖို့လိုပါတယ်။

ဒါ့အပြင် 'reverse flow' ကြောင့် pressure surges တွေဖြစ်ပေါါရပါတယ်။ တခါ pressure surges ကြောင့်၊ hydraulic forces ဖြစ်ပေါါ လာပြီး၊ hydraulic forces နဲ့အတူ water hammer ပါဖြစ်ပေါါတတ်ပါတယ်။ hydraulic forces ဟာ pipework အတွင်း pressure wave အနေနဲ့ up and down လှုပ်ခတ်နေမှာဖြစ် ပါတယ်။ check valves တွေဟာ flooding မဖြစ်ပေါါစေဖို့တားဆီးပေးသလို၊ system shutdown လုပ်တဲ့ အခါ၊ reverse flow မဖြစ်ပေါါစေဖို့ကိုလည်း၊ တားဆီးပေးပါတယ်။ under gravity flow အနေနဲ့ မဖြစ်အောင် တားဆီးပေးသလို၊ vacuum conditions ကိုလည်း relief လုပ်ပေး တာကိုတွေ့ရပါတယ်။

check valves တွေဟာ life stream isolation valves တွေဖြစ်ပါတယ်။ check valves တွေကို၊ Lift check valve, Swing check valve, Wafer check valve, Disc check valve နဲ့ Swing type wafer check valve ဆိုပြီး၊ တွေ့ရသလို application အလိုက်ရွေးချယ် တတ်ဆင်ကြပါတယ်။

Lift check valve
Lift check valves တွေမှာ၊ disc သို့မဟုတ် plug ဟာ automatically operated လုပ်တာကလွဲပြီး၊ တည်ဆောက်ပုံကတော့ globe valves တွေနဲ့ဆင်တူတာကိုတွေ့ရပါတယ်။ metal cone shaped plug မှတဆင့် valve ရဲ့ inlet နဲ့ outlet ports ဝင်ပေါက်ထွက်ပေါက်တွေ ကို separated ခြားပေးထားပြီး၊ plug ကို seat ပေါါမှာ rest ထိုင်ထားသလို၊ တချို့ Lift check valves တွေမှာတော့၊ seat နဲ့ plug အကြားမှာ spring တတ်ဆင်ထားတာတွေ့ရပါတယ်။




Fig. Cone shaped type lift check valve

fluid flow ဟာ forward direction နဲ့ valve ထဲကိုဝင်လာတဲ့အခါ၊ fluid pressure နဲ့ valve cone ကို 'မ' တင်လိုက်တဲ့အတွက်၊ valve ပွင့်သွားပါတယ်။ fluid ဟာ reverse flow အနေနဲ့ valve ထဲကို ဝင်လာတဲ့ အခါမှာတော့၊ fluid pressure နဲ့ cone သို့မဟုတ် plug လို့ခေါါတဲ့ valve disc ကိုဖိချလိုက်တဲ့အတွက်၊ cone ဟာ seat အပေါါပြန်ထိုင်သွားပါတယ်။ metal seat သုံးထားတဲ့ lift check valve တွေ မှာ၊ reverse flow မှ ဖြစ်ပေါါလာတဲ့ fluid pressure ကြောင့် 'zero leak' condition မရနိုင်တာတွေ့ရသလို၊ water applications တွေ အတွက်သာ အသုံးပြုတာတွေ့ရပါတယ်။ ဒါ့အပြင် steam applications တွေမှာ steam traps မှ condensate ကြောင့်ပေါါပေါက်လာတဲ့ reverse flow ကိုတားဆီးဖို့အသုံးပြုသလို၊ cyclic condensate pumps တွေရဲ့ outlets မှာလည်း တတ်ဆင်တာ တွေ့ရပါတယ်။

Lift check valves တွေကို၊ pipeline မှာ horizontal အနေအထားနဲ့သာတတ်ဆင်ရမှာဖြစ်သလို၊ size အနေနဲ့ အကြီးဆုံး DN80 လို့ခေါါတဲ့ 80A သို့မဟုတ် 3 inch အထိသာ ထုတ်လုပ်ထားတာ ကိုလည်းတွေ့ ရပါတယ်။ အလုပ်လုပ်ပုံအနေနဲ့ကြည့်ရင် simplicity ရိုးရှင်းသလို၊ cone တခုတည်းကိုသာ moving part အနေနဲ့တွေ့ရပြီး၊ metal seat ကိုသုံးထားတဲ့အတွက်၊ seat area မှာသာ wear down ဖြစ်ပါတယ်။ Lift check valves တွေကို maintenance အနေနဲ့ဆောင်ရွက်ဖို့သိပ်မလိုတဲ့အပြင်၊ robust အကြမ်းခံပါတယ်။



Fig. Piston type lift check valve

cone shaped ပုံသဏ္တွန် plug သို့မဟုတ် valve disc အစား piston shaped ပုံသဏ္တွန် plug ကိုသုံးထားတဲ့ Lift check valves တွေလည်း၊ ရှိပါတယ်။ piston-type lift check valve တွေမှာ dash-pot အတွင်းမှာ plug mechanism ကိုထည့်သွင်းတည်ဆောက်ထားပါတယ်။ pipeline မှာ pressure surge တနည်းအား ဖြင့် damping effect ရှိလာတဲ့အခါ၊ cushioning effect နဲ့ dash-pot ဟာ၊ အလုပ်လုပ် ပြီး၊ reverse flow ကို တားဆီးပေးပါတယ်။

Swing check valve
flap shaped ပုံသဏ္တွန် disc ကိုအသုံးပြုပြီး၊ disc ရဲ့ diameter ဟာ၊ pipeline ရဲ့ bore လို့ခေါါတဲ့၊ pipe ID internal diameter နဲ့ အတူတူပဲဖြစ်ပါတယ်။ valve ရဲ့အဝင် flow path မှာ flap shaped disc ကို hangs down ချိတ်ဆွဲထားပြီး၊ swing action နဲ့ လှုပ်ရှား ပါတယ်။ fluid flow ဟာ forward direction နဲ့ ဝင်လာ တဲ့အခါ၊ fluid force မှ၊ disc ကို hinge upwards အပေါါကိုတွန်းတင်ပြီး၊ flow ဟာ valve အတွင်းမှ ဖြတ် သန်းသွားမှာဖြစ်ပါတယ်။ reverse flow ဝင်လာတဲ့အခါမှာတော့ disc ကို နောက်ပြန် ပြန်တွန်းလိုက်တဲ့ အတွက်၊ seat အပေါါမှာပြန်ထိုင်သွားပြီး၊ back flow ကို တားဆီးပေးပါတယ်။




Fig. Full-bodied, swing check valve

disc ရဲ့ closure mechanism မှာ၊ weighted lever ကိုထည့်သွင်းတတ်ဆင်ထားတဲ့ Swing check valve တွေလည်းရှိပါတယ်။ swing check valve ဟာ life stream isolation valve ဖြစ်တဲ့အတွက်၊ flow ရှိမှသာ disc ဟာ swing action နဲ့ လှုပ်ရှားပြီး၊ flow မရှိတဲ့ အခါမှာတော့ disc ရဲ့အလေးချိန်ကြောင့် hangs down အနေနဲ့ flow path ကိုပိတ်ထားမှာဖြစ်ပါတယ်။ Swing check valve တွေမှာ ဖြစ်ပေါါတဲ့ pressure drop ဟာ အခြား check valves တွေနဲ့နှိုင်းယှဉ်ကြည့်ရင်ပိုများတာကိုတွေ့ရပါတယ်။ disc ရဲ့ weight ဟာ fluid flow ကို high resistance အနေနဲ့တားဆီးတဲ့အပြင်၊ disc ဟာ flat shaped ပုံသဏ္တွန် ဖြစ်တဲ့အတွက်၊ fluid stream မှာ 'floats' ဖြစ်ကာ၊ flow ကို turbulence လှုပ်ခပ်စေတတ်ပါတယ်။ turbulence ကြောင့် valve seat ဟာ wear down ဖြစ်လွယ်တာကိုတွေ့ရပါတယ်။

Wafer check valve
lift check valve နဲ့ swing check valve တွေဟာ၊ အရွယ်အစားအရ၊ အကန့်အသတ်ရှိတဲ့အတွက်၊ အရွယ် အစားကြီးမားတဲ့ process pipeline တွေမှာ၊ Wafer check valves တွေကိုတတ်ဆင် အသုံးပြုကြ ပါတယ်။ Wafer check valves တွေကို process pipeline မှာ horizontally position နဲ့သာမက vertically position နဲ့ပါတတ်ဆင်အသုံးပြုနိုင်ပါတယ်။ wafer check valves တွေဟာ flanges တွေ မပါတဲ့ life stream isolation valve တွေဖြစ်ပြီး၊ disc check valve မှာ၊ closure mechanism တွေတတ်ဆင်ထားတဲ့ valve ဖြစ်ပါတယ်။

Disc check valve
body, disc, spring နဲ့ spring retainer တို့ဟာ disc check valve တလုံးရဲ့အရေးကြီးတဲ့ အစိတ် အပိုင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် 'zero leakage' seal အနေနဲ့ soft seat ကိုထည့်သွင်းထားပါတယ်။ body ဟာ integral centering collar ပုံစံ ဖြစ်ပြီး၊ collar မှ disc ကိုအပြင်သို့ ကျွံထွက်မသွားအောင် ထိန်းပေး ထားပါတယ်။ valve ထဲကိုဝင်လာမယ့် fluid ရဲ့ upstream pressure ဟာ disc retainer ထဲမှ၊ spring ရဲ့ force ထက်ပိုများတဲ့အခါ၊ disc ရွှေ့သွားပြီး valve ပွင့်သွားမှာဖြစ်ပါတယ်။ downstream pressure ဝင်လာ တဲ့အခါ၊ disc ဟာ seat အပေါါ ပြန်ထိုင်မှာဖြစ်ပါတယ်။







Fig. Operation of a disc check valve

spring force နဲ့ fluid force တို့မှဖြစ်ပေါါလာတဲ့ differential pressure ကြောင့် disc ဟာ၊ valve body ရဲ့ဟိုဖက်ထိပ်နဲ့ ဒီဖက်ထိပ် collar (၂) ခုကြားမှာ ရွှေ့လျှားပါတယ်။ retainer အတွင်းတတ်ဆင်ထားတဲ့ spring ကြောင့် valve ဟာ differential pressure နဲ့ ပွင့်တာဖြစ်ပြီး၊ high temperature applications တွေမှာ၊ 'Nimonic' spring ကိုအသုံးပြုကာ၊ high pressure applications တွေမှာတော့ Heavy-duty spring တွေကို၊ အသုံးပြုပါတယ်။

valve မှာ flanges တွေမပါတဲ့အတွက် disc check valve ရဲ့ အရွယ်အစားရွေးချယ်မှုမှန်ကန်ဖို့လိုပါတယ်။ flat shaped disc check valve ရဲ့ အရွယ်အစားဟာ အကြီးဆုံး DN 125 သို့မဟုတ် 125A လို့ခေါါတဲ့ 5 inch valve အထိသာထုတ်လုပ်ပြီး၊ 5 inch အထက် process piping တွေမှာတော့ cone shaped disc check valves တွေကိုအသုံးပြုကာ၊ DN 250 သို့မဟုတ် 250A လို့ ခေါါ တဲ့ 10 inch valve တွေ အထိ၊ ထုတ်လုပ်တာတွေ့ရပါတယ်။

valve outlet မှ pressure ဟာ repeated impact အနေနဲ့ disc ကို ထပ်ကာထပ်ကာပြန်တွန်းတဲ့အခါ၊ spring retainer ဟာ premature failure နဲ့ အချိန်မတိုင်မှီပျက်စီးတတ်သလို၊ spring မှာလည်း high level မြင့်မားတဲ့ stress ရရှိနိုင်တဲ့အတွက်၊ heavily pulsating flow ဖြစ်ပေါါတတ်တဲ့နေရာတွေမှာ၊ disc check valves တွေကို၊ အသုံးမပြုတာတွေ့ရပါတယ်။

Swing type wafer check valve
swing type wafer check valves တွေဟာ flanges တွေမပါတာကလွဲလို့၊ တည်ဆောက်ပုံနဲ့အလုပ်လုပ်ပုံ မှာ၊ swing check valve နဲ့ ခပ်ဆင်ဆင်တူပါတယ်။ valve disc သို့မဟုတ် flap diameter ဟာ pipeline ရဲ့ ID ထက်ငယ်တဲ့အတွက် valve ပွင့်တဲ့အခါ၊ flap ဟာ pipeline အပေါါအထိလွပ်လွပ်လပ်လပ် တက်သွားမှာဖြစ်ပါတယ်။ flap diameter ဟာ pipeline ရဲ့ ID ထက်ငယ်တဲ့အတွက် valve မှာ ဖြစ်ပေါါတဲ့ pressure drop ဟာ အခြား check valves တွေနဲ့နှိုင်းယှဉ် ကြည့်ရင်၊ ပိုများတာကိုတွ့ရပါတယ်။



Fig. Swing type wafer check valve

pressure drop များတဲ့အတွက်၊ အရွယ်အစားသေးငယ်တဲ့ process piping applications တွေမှာ အသုံးပြု တဲ့အခါ၊ fluid stream ကြောင့် disc မှာ 'floating' action ဖြစ်ပေါါတတ်ပါတယ်။ ဒီ့အတွက် DN125 သို့မဟုတ် 125A လို့ခေါါတဲ့ 5 inch valve အထက်၊ process piping applications တွေမှာသာ အသုံးပြု ပါတယ်။

Wafer check valve applications

feed pump ရပ်ထားစဉ်၊ storage tank ထဲကို၊ boiler water ပြန်မဝင်စေရန်၊ အတားအဆီးအနေနဲ့ wafer check valve တွေကိုအသုံးပြု ကြပါတယ်။




Fig. Boiler feed-line applications

process piping မှာ horizontally position နဲ့သာမက vertically position နဲ့ပါတတ်ဆင်အသုံးပြုနိုင် တဲ့အပြင်၊ wafer check valve ဖြစ်တဲ့ disc check valves တွေမှာ heavy-duty spring နဲ့ soft seat ကို ထည့်သွင်းထားတဲ့အတွက်၊ tight shunt-off ဖြစ်နေပြီး၊ feed pump ရပ် ထားစဉ်၊ gravity နဲ့၊ ပြန်ဆင်းလာ မယ့် flow ကိုလည်းတားဆီးပေးနိုင်ပါတယ်။

steam system မှာ water hammer effect ကိုဖြစ်ပေါါစေတဲ့ condensate ကိုဖယ်ထုတ်တဲ့အခါ၊ atmosphere ထဲကိုစွန့်ထုတ်ကြပါ တယ်။ condensate တွေကိုဖယ်ထုတ်တဲ့၊ steam trap ရဲ့ရှေ့မှာ wafer check valves တွေကိုတတ်ဆင်ကြပါတယ်။




Fig. Steam trap applications

condensate line မှာဖြစ်ပေါါတတ်တဲ့ water hammer လို့ခေါါတဲ့ hydraulic shock ဟာ steam traps တွေကိုပျက်စီးစေတတ်တဲ့အတွက်၊ wafer check valve ဟာ back flow အနေနဲ့ပြန်စီးလာမယ့် condensate ကိုတားဆီးပေးခြင်းဖြစ်ပါတယ်။ wafer check valves တွေကို၊ steam trap ရဲ့ downstream အထွက်မှ (၁) မီတာ အကွာမှာတတ်ဆင်ထားလေ့ရှိပါတယ်။



Fig. Duplex pump set

pumps တွေကို parallel တတ်ဆင်အသုံးပြုတဲ့အခါ၊ reverse flow ကိုတားဆီးဖို့ pump ရဲ့အထွက်မှာ wafer check valves တွေကို၊ တတ်ဆင်ကြပါတယ်။



Fig. Vacuum breaker application

wafer valves တွေကို၊ ပြောင်းပြန်တတ်ပြီး၊ vacuum breakers တွေအဖြစ်အသုံးပြုပါတယ်။ process မှာ အကြောင်းတခုခုကြောင့် vacuum ဖြစ်သွားတဲ့အခါ၊ valve ပွင့်သွားပြီး၊ atmosphere ပြင်ပလေဟာ system ထဲကိုဝင်လာမှာဖြစ်ပါတယ်။



Fig. Blending application

Blending process တွေမှာ၊ pipeline တခုမှ fluid တွေဟာ၊ reverse flow အနေနဲ့ အခြား pipeline တခုထဲကိုစီးဝင်ပြီး၊ contamination ဖြစ်ပေါါမှုကိုတားဆီးဖို့၊ wafer valves တွေကို၊ တတ်ဆင် အသုံးပြု ကြပါတယ်။ ဒါ့အပြင် strainer အတွင်းမှ deposit တွေဟာ၊ back flow ကြောင့် upstream pipework အတွင်းပြန်ဝင်မသွားစေဖို့တားဆီးပေးသလို၊ flow-meters တွေနဲ့ control valves တွေ အတွင်းကို၊ back flow အနေနဲ့ ပြန်ဝင်မသွားစေဖို့ တားဆီးပေးတဲ့အတွက်၊ Pipeline fitting protection အနေနဲ့ အသုံးပြုတာ ကိုလည်းတွေ့ရပါတယ်။




Fig. Multiple boiler applications

boilers တွေကို multiple application အနေနဲ့သုံးတဲ့အခါ၊ stand-by boiler ဆီကို၊ back flow အနေနဲ့ မဝင်ရောက်စေဖို့၊ boiler တိုင်းရဲ့ outlet မှာ wafer check valves တွေကိုတတ်ဆင်တားဆီးပါတယ်။ အလားတူ multiple blow down lines တွေတတ်ဆင်ထားတဲ့၊ blow down vessels တွေမှာလည်း၊ line တခုမှ blow down လုပ်တဲ့အခါ၊ အခြား line တခုသို့ back flow အနေနဲ့ ပြန်စီးမသွားစေဖို့၊ wafer check valves တွေတတ်ဆင်ရပါတယ်။



Fig. Flash vessel applications

products တွေထဲမှ၊ condensate ကို ဖယ်ထုတ်တဲ့ flush vessels မှာ၊ make-up valve မှတဆင့်၊ back flow အနေနဲ့ vessel ထဲကို ပြန်မဝင်လာစေဖို့၊ vessel outlet မှာ wafer check valves တွေကို တတ်ဆင် တားဆီးပါတယ်။

Split disc check valve
wafer check valve တမျိုးဖြစ်တဲ့၊ "Split disc check valve' တွေကို၊ 'Dual plate check valve' လို့ လည်းခေါါပါတယ်။ spilt disc check valves တွေရဲ့အရွယ်အစားဟာ၊ swing နဲ့ disc type wafer check valves တွေထက်ပိုကြီးပြီး၊ pressure drop ဖြစ်ပေါါမှုပိုနည်းပါတယ်။



Fig. Dual wafer check valve

spilt disc check valves တွေရဲ့ valve body center မှာ၊ torsion spring တတ်ဆင်ထားတဲ့ hinge pin ပါရှိပြီး၊ hinge ပေါါမှာ disc plate (၂) ခုပါရှိပါတယ်။ torsion spring ကြောင့် disc plates တွေဟာ၊ split action နဲ့ direction တဖက်တည်းကို၊ swing လုပ်မှာဖြစ်ပါတယ်။ hinge pin ကို flow path ရဲ့ centre မှာရှိနေစေဖို့၊ externally mounted retainer နဲ့ valve body အပြင်ဖက်မှထိမ်းပေးထားပါတယ်။



Fig. Retainer less split disc check valve

retainer မှ တဆင့် atmosphere ထဲကို၊ leakage ဖြစ်တတ်တဲ့အတွက်၊ နောက်ပိုင်းမှာ hinge mechanism တခုလုံးကို၊ valve body အတွင်းမှာ sealed လုပ်ထားတဲ့ internally mounted hinge တွေကို အစားထိုး အသုံးပြုလာပြီး၊ retainer-less split disc check valve လို့ ခေါါပါတယ်။




Fig. Operation of a split disc check valve

torsion spring ကြောင့် valve ဟာ၊ normally closed position အနေနဲ့ပိတ်နေစဉ်၊ fluid flow ဟာ 'forward direction' နဲ့ valve ထဲကို ဝင်လာတဲ့အခါ၊ fluid ရဲ့တွန်းအားကြောင့် valve ပွင့်သွားပြီး၊ flow ဟာ ceases အဆုံးသတ်ရပ်တန့်သွားတဲ့အချိန်မှာတော့ valve ပြန်ပိတ် ပါတယ်။ valve အဖွင့်အပိတ် ဖြစ်ပေါါတိုင်း၊ disc plate ရဲ့ hells တွေဟာ scuff အနေနဲ့ seat ပေါါမှာ ပွတ်တိုက်နေရာမှ၊ အကြိမ်ပေါင်း များစွာ ကြာလာတဲ့အခါ၊ seat မှာ wear down ဖြစ်ပေါါစေပါတယ်။

ဒီ့အတွက် initial opening period ဆိုတဲ့ valve စတင် ပွင့်တဲ့အချိန်မှာ၊ hells ကို seat surface ကနေ hinge mechanism မှ အနည်းငယ် 'lift' မတင်ပြီး plates တွေကိုလည်ကာ၊ ပွင့်စေပါတယ်။ process piping ရဲ့ လိုအပ်ချက်အရ Dual wafer check valve တွေကို၊ DN 5400 သို့မဟုတ် 5400A လို့ခေါါတဲ့ 215 inch valve အရွယ်အစားအထိ၊ ထုတ်လုပ်ကြသလို၊ valve ဟာ opening pressure အနည်းငယ် ရရုံနဲ့၊ ပွင့်နိုင်ပါတယ်။


Other check valve types
lift check valve, swing check valve နဲ့ wafer check valve တွေကို၊ gas, liquid, steam နဲ့ condensate အစရှိတဲ့၊ process piping applications တွေအတွက်အသုံးပြုပါတယ်။ ဒါ့အပြင် liquid application တမျိုးတည်းအတွက်သီးသန့်ထုတ်လုပ်တဲ့ ball check valve, diaphragm check valve နဲ့ tilting disc check valves တွေကိုလည်းတွေ့ရပါတယ်။




Fig. Rubber coated ball check valve

'Ball check valve' မှာ၊ rubber coated ball သို့မဟုတ် plastic coated ball ကိုအသုံးပြုထားပြီး၊ valve အဝင်၊ guide rail ပေါါမှာ ball ကို seat ထိုင်ထားပါတယ်။ pressure မှ ball ကိုတွန်းလိုက်တဲ့အခါ၊ ball ရွှေ့လျှားသွားပြီး၊ valve ပွင့်သွားပါတယ်။



Fig. Diaphragm check valve

'Diaphragm check valve' မှာ၊ mesh သို့မဟုတ် perforated cone ပုံသဏ္တွန် flexible rubber diaphragm ကို၊ flow path မှာ တတ်ဆင်ထားပါတယ်။ forward direction flow နဲ့ တွန်းတဲ့အခါ၊ diaphragm ဟာ inward အရှေ့မှာသွားစုပြီး၊ valve ကိုဖွင့်ပေးပါတယ်။ flow မရှိတဲ့ အခါနဲ့ valve အတွင်း ကို back flow ပြန်ဝင်လာတဲ့အခါ၊ diaphragm ဟာ backward အနေနဲ့ original position ကိုပြန်ရောက် သွားပြီး၊ valve ကိုပိတ်ပါတယ်။ diaphragm materials တွေရဲ့ temperature နဲ့ pressure limit ကြောင့်၊ 180°C နဲ့ 16 bar အောက် applications တွေမှာသာ၊ diaphragm check valves တွေကိုအသုံးပြု ပါတယ်။




Fig. Tilting disc check valve

'Tilting disc check valve' ဟာ swing type check valve နဲ့ခပ်ဆင်ဆင်တူပါတယ်။ flap ရဲ့ centre မှာ pivot ကိုတတ်ဆင်ထားပြီး၊ valve ကို counter weighted သို့မဟုတ် spring loaded action နဲ့ normally closed position မှာရှိနေစေ ပါတယ်။ flow ဟာ forward direction နဲ့ ဝင်လာတဲ့အခါ valve ပွင့်သွားပြီး၊ flap ဟာ 'float' position မှာ minimum resistance အနေနဲ့ ရှိနေပြီး၊ flow ကိုဖြတ်သန်းစေပါတယ်။ counter weighted သို့မဟုတ် spring loaded action ရဲ့ disc balanced ကြောင့် flow လျှော့ကျသွား တာ နဲ့ flap ဟာ pivot မှတဆင့် closed position သို့ပြန်လည်သွားမှာဖြစ်ပါတယ်။ အလားတူ back flow ဝင်လာတဲ့အခါမှာလည်း၊ flap ပိတ်နေမှာဖြစ်ပါတယ်။

Pressure loss charts
check valves အမျိုးအစားအတော်များများကို liquid နဲ့ gas systems တွေမှာအသုံးပြုနိုင်ပါတယ်။ valve မှာဖြစ်ပေါါမယ့် pressure drop ကို၊ water ရေပေါါမှာအခြေခံထားတဲ့ 'Pressure loss chart' မှတဆင့် တွက်ယူပါတယ်။



Fig. Typical pressure loss chart

pressure loss chart မှာ valve size နဲ့ water flow rate တို့ကိုဖော်ပြထားပါတယ်။ water flow rate ဟာ water volume flow rate ဖြစ်ပြီး၊ liquid volume flow rate အဖြစ်ပြောင်းလဲတွက်ယူရပါတယ်။




water ကိုအခြေခံပြီးဖော်ပြထားတဲ့ Pressure loss chart မှ liquid volume flow rate အဖြစ်ပြောင်းလဲ တွက်ယူတဲ့အခါ၊ အပေါါမှာဖော်ပြထား တဲ့ ပုံသေနည်းမှတဆင့်၊ တွက်ယူနိုင်ပါတယ်။




အပေါါမှ volumetric flow rate တွက်ချက်နည်းဟာ၊ liquid applications တွေအတွက်သာဖြစ်ပြီး၊ steam လို Compressible gas system မှာတော့ mass flow rate နဲ့ specific volume တို့မှတဆင့်၊ volume flow rate ကိုအရင်ရှာယူရပါတယ်။

ရရှိလာတဲ့ volume flow rate () တန်ဘိုးကို၊ ပုံသေနည်းမှာ ပြန်လည် အစားသွင်းပြီး၊ (ပုံမပေါ်ဘူး..။ editထဲမှာလည်း မပေါ်ဘူး..။) တန်ဘိုးကို ရှာယူရပါတယ်။ ရရှိလာတဲ့ (ပုံမပေါ်ဘူး..။ editထဲမှာလည်း မပေါ်ဘူး..။) တန်ဘိုးဟာ၊ steam လို Compressible gas တွေရဲ့ volume flow rate ဖြစ်ပြီး၊ pressure loos chart ဇယားမှာ၊ နှိုင်းယှဉ်ကြည့်ခြင်းဖြင့်၊ check valve မှာဖြစ်ပေါါမယ့် pressure drop ကိုရရှိနိုင်ပါတယ်။






Reference and image credit to : http://www.spiraxsarco.com, Steam Engineering Tutorial, http://www.tpub.com, http://www.acevalve.com, http://www.thepipefittings.com

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

1 comment:

  1. 5 oct 2011 ကအပုဒ်မှာ အောက်ကနှစ်ပုံစာ ဖားဖြစ်နေတယ်..။ ကျန်တာတွေ ပေါ်တယ်..။

    ReplyDelete