Pages

Tuesday 4 October 2011

Pipeline Ancillaries - Rotary movement valves


Rotary movement valves

ball valves နဲ့ butterfly valves တွေကို Rotary movement valves တွေလို့ခေါါကြပြီး၊ တခါတရံ quarter-turn valves တွေလို့လည်းခေါါတာတွ့ရပါတယ်။ obturator ဟာ axis ဝင်ရိုးအပေါါမှာလည်ပတ်ပြီး၊ fluid flow ဟာ ball valve မှာ obturator အတွင်းမှဖြတ်သွားပြီး၊ butterfly valve မှာတော့ obturator ဘေးမှ၊ ဖြတ်သွားပါတယ်။

Ball valve
ball valve တွေကို၊ ဒုတိယကမ္ဘာစစ်အတွင်း aircraft fuel system တွေမှာစတင်အသုံးပြုခဲ့ပါတယ်။ valve body အတွင်း မှာ၊ obturator အနေနဲ့အသုံးပြုမယ့် ball block လည်ပတ်နိုင်စေရန်၊ တည်ဆောက်ထားပြီး၊ ball block ကို directly through ဟိုဖက်ဒီဖက် ဒိုးယိုပေါက်၊ orifice သို့မဟုတ် bore အဖြစ်၊ machined ခုတ်စားထားပါတယ်။





Fig. Ball valve (shown in its open position)

ball block မှာ sealing rings (၂) ခုပါရှိ ပါတယ်။ ball block ကို 90° လည်ခိုင်းပြီး၊ အဖွင့်နဲ့ အပိတ် ကိုဆောင်ရွက်တဲ့အခါ၊ open position မှာ၊ fluid flow ဟာ orific ကို၊ directly through အနေနဲ့ ဖြတ်သန်းသွားပြီး၊ closed position မှာတော့ flow inlet နဲ့ outlet ကို ball block ရဲ့ blank side အပိတ် ဖက်မှ၊ တားဆီးပေးမှာဖြစ်ပါတယ်။




Fig. Floating type ball valve



Fig. Trunnion mounted type ball valve

ball valves တွေကို၊ floating ball type နဲ့ trunnion mounted ball type ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။ floating ball type မှာ ball block ကို seat အပေါါမှာထိုင်ထားတာဖြစ်ပြီး၊ seat ဟာ ball block ရဲ့ support ဖြစ်ပါတယ်။ trunnion mounted ball type မှာတော့၊ trunnion ဟာ ball block ရဲ့ support ဖြစ်ပါတယ်။ trunnion mounted type ball valves တွေဟာ အရွယ်အစား ကြီးမားတဲ့ ball valves တွေ ဖြစ်ကြပြီး၊ valve အဖွင့်နဲ့ အပိတ်မှာ၊ operating torque အနေနဲ့ floating type ball valve တွေထက် two-thirds (2/3) သုံးပုံပုံ နှစ်ပုံလောက်သာလိုအပ်ပါတယ်။



Fig. trunnion mounted type reduce bore ball valve



Fig. trunnion mounted type full bore ball valve

trunnion mounted type ball valve တွေကို၊ reduce bore နဲ့ full bore ဆိုပြီးတွေ့နိုင်ပါတယ်။ orifice diameter ဟာ pipe diameter ထက်ငယ် ရင်၊ reduce bore လို့ခေါါပြီး၊ orifice diameter နဲ့ pipe diameter အရွယ်တူရင်၊ full bore လို့ခေါါပါတယ်။ full bore ball valves တွေဟာ reduce bore ball valves တွေထက်၊ costly ဈေးပိုကြီးပါတယ်။ fluid turbulence ကို minimise လျှော့ချနိုင်တဲ့အတွက်၊ valve အဝင်အထွက်မှာဖြစ်ပေါါတဲ့ pressure drop ကို critical အရေးတကြီးထည့်သွင်း စဉ်းစားရမယ့်၊ process application တွေမှာ full bore ကိုအသုံးပြုသလို၊ valve ရဲ့ upstream မှာ flow meter ကို၊ measuring device အနေနဲ့ တတ်ဆင်အသုံးပြုဖို့ လိုအပ်တဲ့ process applications တွေမှာလည်း အသုံးပြုပါတယ်။

Floating type ball valve တွေမှာ၊ valves တွေရဲ့ assembly ကို၊ Single piece valve assembly, Top entry valve assembly နဲ့ Two and three piece valve assembly, ဆိုပြီးတွေ့နိုင်ပါသေးတယ်။


'Single piece valves assembly' မှာ ball block ကို valve axis အတိုင်း၊ valve body အတွင်းကို ထည့်သွင်းထားတာဖြစ် ပြီး၊ valve ကို maintenance လုပ်တဲ့အခါ၊ valve တလုံးလုံးကို pipeline မှ ဖြုတ်ထုတ်ရပါတယ်။ 'Top entry valve assembly' မှာတော့ valve block ကို၊ bonnet မှတဆင့် valve body အတွင်းကို၊ ထည့်သွင်းထားတာဖြစ်တဲ့အတွက်၊ maintenance လုပ်တဲ့အခါ၊ valve တလုံးလုံးကို pipeline မှဖြုတ်ထုတ်ဖို့ မလိုပဲ၊ in-line maintenance အနေနဲ့ ဆောင် ရွက်နိုင်တာတွေ့ရပါတယ်။




Two and three piece valve assembly မှာတော့၊ ball block ကို flanges တွေခံပြီး၊ နဲ့ seals သို့မဟုတ် gaskets တွေ ခံပြီး၊ valve body အတွင်း ထည့်သွင်းထားတာဖြစ်တဲ့ အတွက်၊ in-line maintenance အနေနဲ့ ဆောင်ရွက်နိုင်ပါတယ်။



Fig. Common ball valve seat materials

ball valve တွေမှာ အသုံးပြုတဲ့ seat materials တွေဟာ၊ process ရဲ့ temperature အပေါါမူတည်ပြီး၊ ကွဲပြားမှုရှိ ပါတယ်။ အသုံးများတဲ့ common seat materials တွေကတော့ PTFE, carbon reinforced PTFE နဲ့ polyetheretherkeone တို့ဖြစ်ပြီး၊ 250° C. အထက် procces applications တွေမှာတော့၊ metal seats တွေကိုသာ အသုံးပြုတာ၊ တွေ့ရပါတယ်။

actuators အဖြစ်ဆောင်ရွက်ပေးနိုင်ခြင်း၊ firesafe ဖြစ်ခြင်း၊ Clean steam valve အဖြစ်အသုံးပြုနိုင်ခြင်းနဲ့ throttling applications တွေ အတွက်ပါ၊ အသုံးပြုနိုင်ခြင်းစတဲ့ အချက်တွေကြောင့်၊ ball တွေကို၊ process applications တွေနဲ့ oil and gas pipeline တွေမှာ၊ အသုံးပြုကြပါတယ်။

ball valves အပါအဝင်၊ rotary valve တွေကို electrically သို့မဟုတ် pneumatically operated actuator တွေနဲ့ linkage kit မှတဆင့် ချိတ်ဆက်ကာအသုံးပြုကြပါတယ်။ fire-safety code အဖြစ် သတ်မှတ်ထားတဲ့ BS 6755 နဲ့ API RP 6FA တို့အရ ball valves တွေကို ထုတ်လုပ်ထားတာတာဖြစ်သလို seat နဲ့ stem မှ၊ ယိုစိမ့်မှုဟာ၊ အခြား valves တွေနဲ့နှိုင်းယှဉ်ကြည့်ရင် minimal leakag ယိုစိမ့်မှုနည်းတာ ကိုတွေ့ရပြီး၊ exposed to fire conditions မီးလောင်တဲ့အခါနဲ့ excessive temperatures အပူချိန် မြင့်တက်သွားတဲ့ အခါတွေမှာ၊ effective shut-off အလွယ်တကူပိတ်နိုင်တဲ့အတွက်၊ 'Firesafe' ဖြစ်တယ်
လို့ ဆိုနိုင်ပါတယ်။




Fig. Operation of a firesafe ball valve

burning temperatures ဟာ soft seats နဲ့ seals တွေကိုပျက်စီးစေပါတယ်။ ball valves တွေမှာ၊ secondary sealing အနေနဲ့ metal seal ကိုပါထည့်သွင်းတတ်ဆင်ထာ့လေ့ရှိပါတယ်။ polymeric seats ရဲ့အောက်မှာ၊ valve body ရဲ့ metal sealing surface ရှိနေပြီး၊ burning temperatures ကြောင့် polymeric seat ပျော်သွားတဲ့အခါ၊ ball block ဟာ၊ valve body မှ metal seat အပေါါမှာ metal to metal contact အနေနဲ့ tight shut-off ကိုဖြစ်ပေါါစေပါတယ်။



Fig. Bellow sealed ball valve

ဒါ့အပြင် stem seal ဟာလည်း၊ 'fire' conditions မှာ valve မှ atmosphere အတွင်းသို့၊ leakage မဖြစ်အောင်တားဆီးပေးဖို့ လိုအပ်တဲ့ အတွက် high temperature seals ဖြစ်တဲ့ flexible graphite သို့မဟုတ် 'Grafoil' sealsေ တွကိုသုံးကြသလို၊ bellow sealed arrangements တွေကိုလည်းသုံးကြ ပါတယ်။

process fluid ဖြတ်သန်းသွားတဲ့အခါ၊ body နဲ့ ball block ကြား space မှာ contamination နဲ့ corrosion ဖြစ်ပေါါတတ်ပါတယ်။ ball valve တွေရဲ့ design အရ cavity fillers တွေကို၊ ထည့်သွင်းအသုံးပြုနိုင် တဲ့အတွက် contamination နဲ့ corrosion ကို တားဆီးပေးနိုင် ပါတယ်။ biotechnology , food နဲ့ electronics industries တွေမှာ၊ steam ကို၊ product သို့မဟုတ် process fluid lines အတွင်းသို့၊ direct injection အနေနဲ့ပေးသွင်းတဲ့အခါ stainless steel ကိုအသုံးပြုပြီး၊ good surface finish အနေနဲ့ ထုတ်လုပ် ထားတဲ့ ball valve တွေ ကို၊ clean steam application အနေနဲ့အသုံးပြုနိုင်ပါတယ်။

valves တွေကို၊ throttling applications အနေနဲ့ အသုံးပြုတဲ့အခါ၊ high velocity flow ကြောင့် seating material တွေ၊ premature deterioration ဖြစ်ပြီးပျက်စီးတတ်ပါတယ်။ ball valve တွေဟာ flow ကို control လုပ်နိုင်တာကြောင့်၊ ball block ကို modification ပြုလုပ်ခြင်း၊ metal seats တွေကိုထည့်သွင်း တတ်ဆင်ခြင်းနဲ့ hard coating ပြလုပ်ခြင်းတို့ကို၊ flow pattern ရဲ့ characteristics အရ ပြုပြင်ပြောင်းလဲ ပြီး၊ throttling applications တွေမှာအသုံးပြုနိုင်ပါတယ်။


Butterfly valve
butterfly valve တွေမှာ fluid flow ဟာ၊ disc ရဲ့ edge တွေမှဖြတ်သန်းစီးဆင်းသွားတဲ့အခါ flow resistance ဟာ limited resistance အနေနဲ့ resistance အနည်းငယ်သာဖြစ်ပေါါပါတယ်။ butterfly valve မှာ flanges မပါဝင်ပဲ၊ pipe flange (၂) ခုကြားမှာ valve ကို insertion အနေနဲ့ တတ်ဆင်နိုင်ပါတယ်။ butterfly valve တွေဟာ flow ကို throttling action နဲ့ control လုပ်နိုင်တာကြောင့်၊ space နေရာ အကျယ်အဝန်း အရ၊ ball valve တတ်ဆင်ဖို့မလွယ်တဲ့ process application တွေမှာအသုံးပြုကြပါတယ်။



Fig. Eccentric-type butterfly valve

မူလက butterfly valves တွေဟာ shut-off အနေနဲ့ အခြား valve တွေလောက် မကောင်းတဲ့ အတွက်၊ pressure assisted seats တွေကို ထည့်သွင်းတတ်ဆင်လာကြပါတယ်။ ဒါ့အပြင် disc rotation နဲ့ axis ကို offsetting အနေနဲ့ extent လုပ်တဲ့အခါ၊ 'camming' action ကို ရရှိလာပြီး၊ shut-off ပိုကောင်းလာပါတယ်။ 'camming' ဟာ disc အနေနဲ့ axis ပေါါမှာ last few degrees အနည်းငယ်လည်ရုံနဲ့တင်၊ disc ဟာ tight seal အနေနဲ့ seat အပေါါထိုင်စေဖို့ဆောင်ရွက်ပေးတာဖြစ်ပြီး၊ 'camming' action နဲ့ အလုပ်လုပ်တဲ့ butter fly valve တွေကို၊ eccentric-type butterfly valves တွေလို့ခေါါပါတယ်။



Fig. Application for isolating valves

isolation valves တွေဖြစ်တဲ့ Linear movement valves အုပ်စုမှ၊ gate valve, globe valve, piston valve နဲ့ Rotary movement အုပ်စုမှ ball valve, butterfly valve တို့အတွက်၊ ယေဘုယျအသုံးပြုပုံ ကိုဖော်ပြထားပါတယ်။


ဒါ့အပြင် isolation valves တွေကိုရွေးချယ်တဲ့အခါ၊ process medium, functional requirements, method of operation, pipeline နဲ့ special requirements ဆိုတဲ့ factors အချက်တွေ အပေါါ မူတည်ပြီးရွေးချယ် တတ်ဆင်ဖို့လိုအပ်ပါတယ်။


အသုံးများတဲ့ isolation valves တွေရဲ့ အရွယ်အစား၊ pressure range, temperature range နဲ့ pressure drop တွေနဲ့ပက်သက်ပြီး၊ operation range တွေအနေနဲ့ မှတ်သားမိသလောက်ဖော်ပြလိုက်ပါတယ်။


Reference and image credit to : http://www.spiraxsarco.com, Steam Engineering Tutorial, http://www.ball-valve-china.com, http://instrumentation.web.id, http://www.arm-tex.com

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

1 comment:

  1. အိုကီ..။ ဒီပုံတွေပေါ်တယ်..။

    ReplyDelete