Pages

Monday 3 October 2011

Pipeline Ancillaries - Linear movement valves

pipeline system တခုမှာ၊ ယေဘုယျအားဖြင့် ပါဝင်လေ့ရှိတဲ့ isolating valve, check valves, strainers, separators, gauges, sight glasses တွေနဲ့ vacuum brakers တို့နဲ့ပက်သက်ပြီး၊ မှတ်သားမိ သလောက်ဖော် ပြပါ့မယ်။

isolating valve တွေဟာ pipeline system သို့မဟုတ် fluid system အတွက်၊ key components တွေ ဖြစ်ပြီး၊ system မှ fluid flow ကို၊ particular area မှာလိုအပ်သလို၊ ရပ်တန့် ထိမ်းချုပ်ဖို့ တတ်ဆင်တာ ဖြစ်ပါတယ်။ European standard EN 736-1:1995 အရ၊ valves တွေကို isolating valves, regulating valves နဲ့ control valves ဆိုပြီးခွဲခြား သတ်မှတ်ကြ ပါတယ်။ isolating valves တွေကို၊ closed သို့မဟုတ် fully open position အနေနဲ့သာအသုံးပြုပြီး၊ regulating valves တွေကိုတော့ closed နဲ့ open position ကြားမှ၊ မည်သည့် position မှာမဆိုအသုံးပြုပါတယ်။ fluid flow-rate ကိုပြောင်းလဲဖို့ လိုအပ်တဲ့အခါ မှာတော့ control valves တွေကိုအသုံးပြုပါတယ်။

isolating valves တွေဟာ on/ off type control ကိုဆောင်ရွက်ပေးတယ် လို့ပြောနိုင်ပြီး၊ process media diverting နဲ့ maintenance, process equipment removal နဲ့ plant ကို shut down လုပ်တဲ့အခါ fluid flow ကို၊ isolate လုပ်ဖို့ တတ်ဆင်ကြတာဖြစ်ပါတယ်။ type နဲ့ design ပေါါမူတည်ပြီး၊ isolating valves တွေကွဲပြားကြပေမယ့်၊ 'obturator' လို့ခေါါ တဲ့ closure device ပေါါမူတည်ပြီး၊ Linear movement valves အုပ်စုနဲ့ Rotary movement valves အုပ်စုဆိုပြီး၊ အုပ်စု (၂) ခု အဖြစ်၊ တွေ့ရမှာဖြစ်ပါတယ်။





Fig. Obturator motion in the basic valve types

Linear movement valves - obturator ဟာ straight line အနေ နဲ့ရွေ့လျားပြီး၊ gate valves, globe valves, diaphragm valves နဲ့ pinch valves တွေကို၊ Linear movement valves အဖြစ်သတ်မှတ် ပါတယ်။

Rotary movement valves - obturator ဟာ direction of flow ရဲ့ right angle အနေနဲ့ axis အပေါါမှာ rotates လည်ပတ်ပြီး၊ ball valves နဲ့ butterfly valves တွေကို၊ Rotary movement valves အဖြစ် သတ်မှတ်ပါတယ်။ 

Linear movement valves

Linear movement valves တွေမှာ 'obturator' ဟာ၊ threaded stem အတိုင်းအောက်ဖက်ကိုရွှေ့လျားတဲ့ အတွက်၊ tight shut-off ကိုရရှိပါတယ်။

Gate valves
Gate valves မှ minimum pressure drop ကိုရနိုင်တဲ့အတွက်၊ uninterrupted flow လိုအပ်တဲ့ isolation application တွေမှာ အသုံးပြုကြပါတယ်။



Fig. Typical wedge gate valve

gate valve မှာ body, cover သို့မဟုတ် bonnet, gate နဲ့ steam ဆိုတဲ့ အဓိကအစိတ်အပိုင်း (၄) မျိုး ပါဝင် ပါတယ်။ gate ဟာ seats ကြားမှာ slide အနေနဲ့ရွှေ့လျှားပြီး၊ gate နဲ့ seating faces ပေါါမှာ မူတည်လို့၊ gate valve အမျိုးအစားတွေ ကွဲပြားခြားနားတာကိုတွေ့ရပါတယ်။

Solid wadge gate valve - gate ဟာ wadge shaped ပုံစံဖြစ်ပြီး၊ valve body မှ seating surface ပေါါ မှာ၊ corresponding အလိုက်သင့်အံဝင်ခွင်ကျထိုင်မှာဖြစ်ပါတယ်။ gate ဟာ seat ပေါါမှာ အံဝင်ခွင်ကျ ထိုင် တဲ့အတွက်၊ လုံလောက်တဲ့ adequate seating forces ကိုရစေသလို၊ hand wheel thread မှာ၊ excessive effort အားများများပြီးလှည့်ဖို့မလိုပဲ၊ fluid pressure ကို တားဆီးနိုင်ပါတယ်။ high integrity shut-off တင်းတင်းကျပ်ကျပ် ပိတ်နေစေဖို့၊ seats မှာ PTFE coating လုပ်ထားလေ့ရှိပါတယ်။

Flexible wedge gate valve - flexible two-part disc ကိုသုံးထားတဲ့၊ flexible wedge gate valves အမျိုးအစား အများအပြားရှိပါတယ်။ flexible two-part disc ရဲ့ shaped ပုံသဏ္တွန်ဟာ very short axle တိုတောင်းတဲ့ ဝင်ရိုးတခုအပေါါမှာတတ်ထားတဲ့၊ wheels သို့မဟုတ် plate (၂) ခု ပုံစံမျိုးဖြစ်ပါတယ်။ flexible wedge gate valves တွေ ကို၊ parallel slide valves တွေ အဖြစ်၊ steam application တွေမှာ အသုံးပြုကြပါတယ်။ plate (၂) ကို gate အနေနဲ့ သုံးထားတာဖြစ်ပြီး၊ plate (၂) ကြားမှာ spring ကို တတ်ဆင်ထားပါတယ်။



Fig. Flexible wedge gate

spring ရဲ့တွန်းအားကြောင့် gate ဟာ seat ပေါါမှာ အံဝင်ခွင်ကျထိုင်မှာဖြစ်ပြီး၊ fluid pressure ဟာ seat ရဲ့ upstream disc ကိုတွန်းပြီး၊ force အနေနဲ့ downstream disc ကိုပြန်တွန်းတဲ့အတွက်၊ tight shut-off ဖြစ်စေပါတယ်။ temperature variations ကြောင့် contraction နဲ့ expansion ဖြစ်ပေါါတဲ့အခါ၊ gate ဟာ flexibility အလိုက်သင့်တုန့်ပြန်ပါတယ်။

Globe valve
globe valve ရဲ့ inlet နဲ့ outlet တို့ရဲ့အနေအထားဟာ၊ horizontally opposed ဖြစ်နေပြီး၊ fluid ကို valve seat မှတဆင့်၊ longitudinally ဖြတ်သန်းသွားစေဖို့တည်ဆောက်ထားတဲ့အတွက်၊ ဝင်လာတဲ့ fluid ဟာ change course ဦးတည်ဖက်ပြောင်းသွားပါတယ်။ fluid ဟာ longitudinally ဖြတ်သန်းသွားတဲ့ အတွက် disc ကို seat အပေါါမှ small distance အနည်းငယ် 'ကြွ' ရုံနဲ့တင်၊ full flow အနေနဲ့စီးသွားတဲ့ အတွက်၊ globe valve ဟာ gate valve ထက်ပိုပြီး၊ rapidly open မြန်မြန်ဖွင့်နိုင်တာကိုတွေ့ရပါတယ်။




Fig. Conventional globe valve

fluid ရဲ့ ဦးတည်ဖက်ပြောင်းသွားအခါ၊ flow resistance နဲ့အတူ turbulence ပါဖြစ်ပေါါလာပြီး၊ high pressure drop ဟာ gate valve ထက်ပိုပြီးပေါါပေါက်လာပါတယ်။ globe valves တွေဟာ gate valve တွေလောက် leak မဖြစ်လွယ်တဲ့အတွက်၊ higher pressure နဲ့ higher volume applications တွေ မှာအသုံးပြုသလို၊ fluid loos ကြောင့် hazardous ဒါမှ မဟုတ် costly ဖြစ်နိုင်တဲ့ application တွေမှာ လည်းအသုံးပြုကြပါတယ်။

fluid pressure ဟာ disc area ပေါါမှာ ပိုပြီးသက်ရောက်တဲ့အခါ၊ valve stem ကို axial load သက်ရောက်စေပြီး၊ valve ပိတ်ရာမှာခက်ခဲတာကိုတွေ့ရသလို၊၊ over come effect လို့ခေါါပါတယ်။ high differential pressure closed systems မှ၊ 500 mm အထက် globe valve တွေမှာ၊ over come effect ကိုလျှော့ချဖို့ balancing plugs တွေကိုထည့်သွင်းတတ်ဆင်ကြပါတယ်။


balancing plug မှာ pre-lifting plug ပါဝင်ပြီး၊ pilot valve အနေနဲ့ဆောင်ရွက်ပေးပါတယ်။ valve ကို ဖွင့် လိုက်တဲ့ အခါ၊ pre-lifting အရင်ပွင့်ပြီး၊ flow medium ကို controlled rate အနေနဲ့ စီးဆင်းစေပါတယ်။




valve အဝင်အထွက်မှာရှိတဲ့ differential pressure ဟာလျှော့ကျသွားတဲ့အတွက်၊ disc ဟာ seats အပေါါ မှ၊ easily lifted အ လွယ်တကူ 'ကြွ' နိုင်ပါတယ်။ valve ကိုပြန်ပိတ်တဲ့အခါ၊ balancing plug အရင်ပိတ်ပြီး၊ plug ရဲ့အပေါါမှာ upstream pressure အနေနဲ့သာသက်ရောက်ပါတယ်။

linear movement valves တွေမှာ dirt နဲ့ 'wiredrawing' တွေကြောင့် seats တွေပျက်စီးတတ်ပါတယ်။ application ပေါါ မူတည်ပြီး၊ regular maintenance ဆောင်ရွက်ပေးဖို့လိုသလို၊ seats တွေကို လဲလှယ် တဲ့အခါ၊ valve တခုလုံးကိုဖြုတ်ရတဲ့အတွက်၊ plant သို့မဟုတ် process အပေါါမှာသက်ရောက်မယ့် time နဲ့ cost ကိုထည့်တွက်ရပါတော့တယ်။ ဒီ့အတွက် အရေးကြီးတဲ့ application တွေမှာ၊ piston valves တွေကို သုံးစွဲလာကြပါတယ်။

Piston valve
piston valves တွေမှာ၊ piston နဲ့ lantern bush တွေပါဝင်ပါတယ်။ valve stem နဲ့ hand-wheel တို့နဲ့ တဆက်တည်းဖြစ် တဲ့၊ piston မှာ upper နဲ့ lower sealing rings တွေကိုတတ်ဆင်ထားပါတယ်။ upper sealing ring ဟာ gland packing လိုဆောင်ရွက်ပေးပြီး၊ lower sealing ring ကတော့ seat အနေ
နဲ့ ဆောင် ရွက်ပေးပါတယ်။

piston နဲ့ rings အကြားမှ area ဟာ large sealing area ဖြစ်တဲ့အတွက်၊ မြင့်မားတဲ့ high level shut-off tightness ကိုရရှိပါတယ်။ piston valves တွေကို၊ pipeline မှာ throttling duties အနေနဲ့ ဆောင်ရွက် ဖို့၊ တတ်ဆင်ထားတာမဟုတ်ပဲ၊ fully open သို့မဟုတ် closed positions အနေနဲ့သာအသုံးပြုဖို့ တတ်ဆင် ထားတာဖြစ်ပါတယ်။ valve ဟာ fully opened ပွင့်တဲ့အခါ၊ piston ရဲ့အောက်ပိုင်း bottom face သာ fluid နဲ့ ထိတွေ့မှာဖြစ်ပြီး၊ upper sealing ring မှ၊ valve body နဲ့ fluid တို့ မထိတွေ့အောင်တားဆီးပေး ပါတယ်။ တနည်းအားဖြင့် valve body ရဲ့ sealing surface တွေကို fluid flow နဲ့ ထိတွေ့ပြီး၊ corrosion ဖြစ်ပေါါမှုမှ၊ တားဆီးပေးထားခြင်းဖြစ်ပါတယ်။




Fig. Piston valve

maintenance လို့ဖို့လိုအပ်တဲ့အခါ၊ valve တလုံးလုံးကိုဖြုတ်ဖို့မလိုပဲ၊ cover nut ကိုဖြုတ်ပြီး၊ piston ကို ဆွဲထုတ်ယူနိုင်သလို၊ extractor tool သုံးပြီး၊ piston နဲ့အတူပါရှိလာမယ့် rings နဲ့ lantern bush တို့ကို၊ ဖြုတ်ယူနိုင်ပါတယ်။

Diaphragm valve
valve stem ဟာ flexible diaphragm ကို push down တွန်းကာအောက်သို့ရွှေ့လျှားစေပြီး၊ fluid flow ကို isolation တားဆီးပေးတဲ့အတွက် linear movement valve အဖြစ်သတ်မှတ်နိုင်ပါတယ်။ diaphragm နဲ့ valve body design အပေါါမူတည်ပြီး၊ diaphragm valve အမျိုးအစားတွေကို၊ ခွဲခြားသတ်မှတ်ကြ ပါတယ်။



Fig. Diaphragm valves

diaphragm valves တွေကို၊ 'Weir type' နဲ့ 'Straight-through type' ဆိုပြီးတွေ့နိုင်ပါတယ်။ 'Weir type' မှာ၊ valve body မှ၊ bore ကို၊ weir ပုံစံမျိုး cast သွန်းလောင်းတည်ဆောက်ထားပါတယ်။ valve ကိုပိတ် လိုက်တဲ့အခါ၊ diaphragm ဟာ၊ weir အပေါါမှာ rest သွားထိုင်ပြီး၊ flow ကို restricting တားဆီးပေး ပါတယ်။ 'Straight-through type' တွေမှာတော့ bore ကို၊ laterally through ပုံစံမျိုး သွန်းလောင်း တည်ဆောက်ထားပြီး၊ wedge shaped diaphragm နဲ့ valve ကိုပိတ်ပါတယ်။

fluid flow ဟာ၊ valve ရဲ့ moving parts တွေနဲ့ မထိတွေ့ပဲ၊ diaphragm နဲ့သာထိတွေ့တဲ့အတွက်၊ suspended solids တွေရောနှောပါဝင်နေတဲ့ aggressive fluid flow process application တွေမှာ အသုံးပြုနိုင်သလို၊ fluid နဲ့ ထိတွေ့ခြင်း မရှိတဲ့အတွက်၊ bonnet assembly အနေနဲ့၊ inexpensive materials ဖြစ်တဲ့ဈေးသက်သာတဲ့ cast iron bonnet မျိုးအသုံးပြုနိုင်ပါတယ်။ diaphragm valves တွေကို 175° C အောက် process applications တွေမှာအသုံးပြုပါတယ်။


Linear movement valve stem options

Linear movement valves တွေမှာ valve steam arrangement တွေကို၊ Rising/ non-rising stems arrangement နဲ့ Inside/ outside stem screws arrangements ဆိုပြီးတွေ့ရပါတယ်။

Rising/ Non-rising stems
valve ကို opened ဖွင့်တဲ့အခါ၊ valve stem ဟာ rising သို့မဟုတ် vertically upwards အပေါါသို့ တက်လာတဲ့ arrangement ကို rising stem arrangement လို့ခေါါပါတယ်။ bonnet ထဲကနေ၊ stem ဟာ အပြင်ဖက်ကို ထွက်လာတာမို့၊ stem ဟာ၊ အပြင်မှာရှိနေပါတယ်။ အရွယ်အစားကြီးမားတဲ့ Linear movement valve တွေဟာ၊ rising stem valves တွေဖြစ်ကြပါတယ်။ rising stem arrangement မှာ၊ valve opening position ကို indicates ဖော်ပြပါတယ်။ valve stem ဟာအပြင်ထွက်လာတဲ့ အတွက်၊ more space နေရာပိုယူတာကို၊ တွေ့ရပါတယ်။



Fig. (a) Rising stem valve, (b) Non-rising stem valve

valve ကို ဖွင့်တဲ့အခါ၊ valve stem ဟာ body ထဲမှာရှိနေမယ့်၊ arrangement မျိုးကိုတော့ non-stem arrangement လို့ ခေါါပြီး၊ valve အတွင်း ဖြတ်သန်းစီးဆင်းသွားတဲ့၊ liquids တွေနဲ့၊ အမြဲထိတွေ့နေ ရတာမို့၊ corrosion ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

Inside/ Outside stem screws
valve ကို ဖွင့်တဲ့အခါ၊ valve steam မှ actuating threads တွေဟာ bonnet သို့မဟုတ် valve body ရဲ့အတွင်းမှာသာ ရှိနေမယ့်၊ Linear movement valves တွေကို၊ Inside stem screw valves တွေ
လို့ ခေါါ ပါတယ်။



Fig. (a) Outside stem screw valve, (b) Inside stem screw valve

valve ကို ဖွင့်တဲ့အခါ၊ threads ဟာ bonnet သို့မဟုတ် valve body ရဲ့ အပြင်မှာရှိနေမယ့်၊ valves တွေကို၊ outside stem screws valve တွေလို့ခေါါပြီး၊ corrosive နဲ့ erosive properties တွေ ပါဝင်တဲ့ fluid application တွေမှာ အသုံးပြုကြပါတယ်။ ဒါ့အပြင် expansion နဲ့ contraction တွေဟာ stem thread ကိုထိခိုက်နိုင်တဲ့အတွက်၊ large temperature variations ဖြစ်ပေါါတတ်တဲ့ fluid applications တွေ မှာလည်းအသုံးပြုပါတယ်။


Stem sealing
process media လို့ခေါါတဲ့ fluid တွေ၊ valve stem မှတဆင့် အပြင်ဖက်ကို၊ စိမ့်ထွက်မသွားစေဖို့ barrier အတားဆီးအနေနဲ့ gland packed sealing နဲ့ bellow sealing တို့ကိုအသုံးပြုပါတယ်။ glad packing အဖြစ်၊ polymeric material တမျိုးဖြစ်တဲ့ PTFE packing တွေကို၊ stem နဲ့ bonnet ကြားမှာ၊ tightly packed အနေနဲ့ ထည့်သွင်းပြီး၊ process media escaping ကို၊ တားဆီးပါတယ်။ gland packed sealing ဟာ bellow sealing လို၊ 'zero emission' sealing တော့မဟုတ်ပါဘူး။ plant မှာတတ်ဆင်ထားတဲ့ galnd packed valve တွေကို၊ မသုံးပဲကြာကြာထားတဲ့အခါ၊ packing seal ဟာ stiffen မာကျွတ်သွားပြီး၊ valve ကိုပြန်သုံးတဲ့အခါ laek ဖြစ်တတ်ပါတယ်။ ဒါ့အပြင် galnd packed valves တွေမှာ၊ regular maintenance အနေနဲ့ re-packing ဆိုတဲ့ gland packing seal ကိုမကြာခဏလဲလှယ်ပေးဖို့၊ လိုအပ်ပါတယ်။




Fig. Bellows sealed valve

bellow sealed valves တွေမှာ၊ flexible metallic bellows တွေကို၊ sealing အဖြစ်အသုံးပြုပါတယ်။ metallic bellow ရဲ့တဖက်ဟာ၊ valve stem နဲ့ဆက်ထားပြီး၊ အခြားတဖက်ကိုတော့ bonnet နဲ့ဆက် ထားကာ၊ fluid နဲ့ environment ကြားမှာ၊ barrier အနေနဲ့ ဆောင်ရွက်ပေးပါတယ်။ bellow sealing ဟာ 'zero emission' sealing ဖြစ်ပါတယ်။ stem ရဲ့ up and down movement အတက်အဆင်းတွေမှာ၊ extends and contracts ကျယ်ခြင်းနဲ့ ကျုံ့ခြင်းကို လိုက်ပါဆောင်ရွက်ပါတယ်။ stem မှ below ဟာ rotating and repeated twisting လည်ပြီးကျွတ်မထွက်သွားစေဖို့၊ anti-torsion device ကိုထည့်သွင်း တတ်ဆင်ထားပါတယ်။ flexible metallic bellows တွေဟာ၊ maintenance less bellow တွေဖြစ်ပြီး၊ 10, 000 cycles အကြိမ် (၁) သောင်းကျော်၊ extends and contracts ကျယ်ခြင်းနဲ့ ကျုံ့ခြင်း ကိုဆောင်ရွက် နိုင်ပြီး၊ သတ်မှတ်ထားတဲ့ life cycle ကျော်ရင်တော့၊ အသစ်လဲလှယ်ရမှာဖြစ်ပါတယ်။




Reference and image credit to : http://www.valvesinternational.co.za, http://www.spiraxsarco.com, Steam Engineering Tutorial,

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment