ဟိုးအရင်က သဘော်ဟာ၊ အကြောင်းတစ်စုံတစ်ခုကြောင့်၊ ဘေးအန္တရာယ် ကျရောက်ခဲ့ပြီး ကယ်ဆယ်ရေး အကူအညီအတွက် distress signal ပေးပို့တောင်းခံတဲ့အခါ၊ morse code သုံး ကြေးနန်းတွေကို အခြား သဘော်တွေနဲ့ ကမ်းခြေအဖွဲ့အစည်းတွေမှ၊ လက်ခံရရှိမှုခြင်း မရှိတာတွေလည်း၊ ပေါါပေါက်လေ့ ရှိခဲ့ပါတယ်။ GMDSS system မှာ၊ morse code တွေသုံးလို့၊ အကြာကြီးထိုင်ကာ ပေးပို့ အကူအညီတောင်းခံရန် မလိုအပ်တော့ပဲ၊ ခလုပ်ကလေး တချက်နှိပ်ရုံနဲ့ သတင်းပေးပို့ချက်မှာ၊ သဘော်ရဲ့ တည်နေရာအတိအကျ အပါအဝင်၊ အခြားအချက်အလက်များနဲ့အတူ၊ အနီးဆုံးကမ်းခြေအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ အနီးပါတ်ဝန်းကျင်မှ သဘော်များထံ၊ ချက်ခြင်း ရောက်သွားနိုင်ခြင်း၊ တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး search & rescue ကိစ္စကို အချိန်နဲ့ တပြေးညီ၊ ဆောင်ရွက်ပေးနိုင်ခြင်း၊ အစရှိတဲ့ အားသာချက်တွေရှိပါတယ်။
GMDSS system တတ်ဆင်အသုံးပြုတဲ့ အခြေခံရည်ရွယ်ချက်ကို၊ search & rescue ဆိုတဲ့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အတွက်လို့ပြောလို့ရပေမယ့်၊ ရေကြောင်းသွားလာရေး navigational နဲ့ မိုးလေဝသ meteorological ဆိုင်ရာ အရေးကြီးထုတ်ပြန်ကြေငြာချက်များနဲ့ ခန့်မှန်းချက်များကိုလည်း၊ ရယူနိုင် ပါတယ်။ GMDSS ဟာ EPIRB ဆိုတဲ့ emergency position indicating radio beacon, DSC ဆိုတဲ့ digital selective calling, NAVTEX နဲ့ INMARSAT ဆိုတဲ့၊ ဆက်သွယ်ရေးစနစ် (၄) မျိုးကိုပေါင်းစပ် အသုံးပြုထားတာဖြစ်ပါတယ်။
(၁၉) ရာစုမှာ ရေဒီယိုဆက်သွယ်မှု စတင်ပေါါပေါက်လာပြီး၊ ဆင်မြူရယ်မော့စ် တီထွင်ခဲ့တဲ့ morse code တွေကိုသုံးကာ (၁၈၄၄) ခုနှစ် မှစပြီး၊ distress နဲ့ safety telecommunications ကိစ္စများအတွက်၊ ကုန်သွယ်ရေကြောင်းလောကမှာ အသုံးပြုခဲ့ပါတယ်။ morse code တွေကို သုံးကာ ဆက်သွယ်နေရာမှ၊ (၁၉၁၂) ခုနှစ် Titanic တိုက်တန်းနစ်သဘော် နစ်မြုတ်ရာကစပြီး၊ ကယ်ဆယ်ရေး distress signal အတွက် 500 KHz ရှိတဲ့ MF band ကိုသုံးရန်၊ ITU ဆိုတဲ့ International Telecommunications Union မှ စတင်ပြဌာန်းခဲ့ပါတယ်။
သဘော်တစီးစီးမှ morse code သုံးကာပေးပို့တဲ့ distress signal ကို၊ အနီးဆုံးကမ်းခြေ radio station မှ radio operatorဟာ စောင့်ဆိုင်းဖမ်းယူမှသာ၊ သိရှိနိုင်မှာဖြစ်သလို၊ အနီးဆုံးကမ်းခြေ station မှပေးပို့တဲ့ အချက်အလက်တွေကိုလည်း၊ သဘော်ပေါါမှ ရေဒီယိုအရာရှိ/ ရေဒီယိုအော်ပရေတာဟာ ရေဒီယိုခန်းမှာ၊ အချိန်ပြည့် စောင့်ဆိုင်းဖမ်းယူမှသာ၊ ရနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သဘော်နဲ့ အနီးဆုံးကမ်းခြေ ship to shore radio communication ဆက်သွယ်မှုအတွက်၊ short range radio frequency ကို အသုံးပြုတဲ့အခါ၊ 500 KHz MF band ဟာ၊ အတိုင်းအတာ အကန့်အသတ်ရှိတဲ့အတွက်၊ long range radio frequency band တွေကို အသုံးပြုဆက်သွယ်ခဲ့ပါတယ်။ ဥပမာ (၁၉၇၄) ခုနှစ်လောက်မှာ Portishead Radio ပေါ့တေးရှပ်ရေဒီယို ဆိုပြီး၊ ကမ္ဘာ့အကြီးဆုံး radio station အဖြစ်၊ long range radio frequency ဖြစ်တဲ့ (3 ~ 30) MHz HF band ကိုအသုံးပြုကာ၊ ကုန်သွယ်ရေကြောင်းလောကအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့၊ radio-telephony system ဆိုတဲ့၊ radio telegrams နဲ့ radio telex calls တွေကို၊ အခကြေးငွေယူကာ ဆောင်ရွက်ပေးတာမျိုးတွေ ရှိလာခဲ့ပါတယ်။
Radio-telephony System ကိုအသုံးပြုတဲ့အခါမှာ သဘော်ပါါက ရေဒီယိုအရာရှိ/ ရေဒီယိုအော်ပရေတာ မှတစ်ဆင့်၊ ဆက်သွယ်ခြင်း၊ လက်ခံခြင်းတွေကို ဆောင်ရွက်ရသလို၊ Radio Station မှာလည်း၊ Radio Operator ရေဒီယိုအော်ပရေတာ အများအပြား ခန့်ထားဆောင်ရွက်ရတဲ့၊ စနစ်မို့၊ ကုန်ကျစားရိတ် မသေးလှ ပါဘူး။ (၁၉၈၀) ခုနှစ်လောက်မှာ Ship to Shore Radio Communication အတွက်၊ ဂြိုလ်တု ကနေတစ်ဆင့်ဆက်သွယ်တဲ့ Satellite Services တွေစတင်ပေါါပေါက်လာခဲ့ ပြီး၊ ကုန်သွယ်ရေကြောင်းလောကမှာ ဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်စေဖို့၊ အစားထိုးကာဝင်ရောက် လာပါတော့တယ်။
IMO ကလည်း၊ (၁၉၇၉)မှာ ကုန်သွယ်ရေကြောင်းလောကအတွက်၊ Search & Rescue ဆိုတဲ့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးနဲ့ ပက်သက်လို့၊ အပြည်ပြည်ဆိုင်ရာသဘောတူညီမှု International Convention on Maritime Search and Rescue ကိုစတင်ရေးဆွဲပြဌာန်းလာပါတယ်။ အဲဒါကို Global Search and Rescue Plan လို့ခေါါပြီး၊ GMDSS - Global Maritime Distress Safety System ရဲ့ အစလည်းဖြစ်ပါတယ်။
GMDSS ကို ကုန်သွယ်ရေကြောင်းသဘော်တွေမှာ (၁၉၉၉) ဖေဖော်ဝါရီလ (၁) ရက်နေ့မှစပြီး တတ်ဆင် အသုံးပြုဖို့ SOLAS Safety Of Life At Sea Regulation Chapter IV အရ IMO ကပြဌာန်းလိုက်တဲ့အခါ၊ ပါဝင်ရမယ့် ဆက်စပ်ပစ္စည်းတွေအဖြစ်
၁။ Satellite EPIRB (၁) ခု၊
၂ ။ NAVTEX အသုံးပြုနိုင်မယ့် ဒေသတွေမှာ သွားလာခဲ့ရင် NEVTEX Receiver (၁) လုံး၊
၃။ အကယ်၍ NAVTEX အသုံးပြုနိုင်မယ့် ဒေသမဟုတ်ခဲ့ရင် Inmarsat-C အမျိုးအစား SafetyNET Receiver (၁) လုံး၊
၎။ VHF radiotelephone အဖြစ်အသုံးပြုနိုင်ဖို့ DSC - Digital Selective Calling System၊
၅။ GRT တန် (၃၀၀) အထက်၊ တန် (၅၀၀) အောက်သဘော်တွေမှာ VHF Handhelds စကားပြောဆက်သွယ်ရေးစက် (၂) လုံး၊
၆။ အကယ်၍ သဘော်ဟာ GRT တန် ၅၀၀ အထက်ဖြစ်ခဲ့ရင်၊ VHF Handhelds စကားပြောဆက်သွယ်ရေးစက် (၃) လုံးနဲ့ SART ဆိုတဲ့ 9 GHz Search & Rescue Radar Transponder (၂) လုံးတို့ကိုသယ်ဆောင်တတ်ဆင်ဖို့ သတ်မှတ်ထားပါတယ်။
Fig. EPIRB - Emergency Position Indicating Radio Beacon
EPIRB ဟာ GMDSS ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ 406 MHz Frequency Range ကိုသုံးကာ၊ Hexadecimal Registration Number တစ်နည်းအားဖြင့် ဂဏန်း (၉) လုံးနဲ့ ဖွဲ့စည်းထားတဲ့၊ MMSI Number Maritime Mobile Service Identity ကိုထုတ်လွှင်ပေးပါတယ်။ အဲဒီမှာသဘော်နဲ့ ပက်သက်တဲ့ Data Base တွေအကုန်ပါဝင်ပါတယ်။
Fig. EPIRB Rescue Anatomy
ကနေဒါ၊ ပြင်သစ်၊ အမေရိကန်နဲ့ ရုရှား (၄) နိုင်ငံပေါင်းပြီး လွှင့်တင်ထားတဲ့ Cospas-Sarsat လို့ခါါတဲ၊့ အပြည်ပြည်ဆိုင်ရာဂြိုတ်တုစနစ်သုံး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစနစ် International Satellite-based Search and Rescue System ကလက်ခံရယူပြီး၊ ထပ်ဆင့်ထုတ်လွှင့်ပေးပါတယ်။ အရင်ကတော့ Cospas-Sarsat ကို၊ Polar orbiting satellites ဂြိုဟ်တုတွေကနေဆောင်ရွက်ပေးခဲ့ပေမယ့်၊ အခုနာက်ပိုင်းမှာ Geostationary Satellites (၄) လုံးကပါ အားဖြည့်ပြီး၊ လက်ခံထုတ်လွှင့်ပေးနေပါတယ်။ သဘော်မှာ တတ်ဆင်ထားတဲ့ EPIRB တွေမှာ သက်တမ်း (၁) နှစ်ကနေ (၅) နှစ်အထိခံတဲ့ Lithium Battery ကို အသုံးပြုထားပြီး၊ နှစ်စဉ် Safety Radio Survey လုပ်တိုင်း၊ Radio Surveyor မှစစ်ဆေးပါတယ်။
Credit to : ကိုထွန်း
ပုံတွေကို Google ကနေရှာဖွေကူးယူပါတယ်။
Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.
No comments:
Post a Comment