Pages

Wednesday 18 January 2012

Hull/ Surface preparation and Painting

Hull/ Surface preparation နဲ့ပက်သက်တဲ့၊ Grit Blasting အကြောင်းကို ဒီနေရာမှာ ရေးခဲ့ဖူးပါတယ်။ မြန်မာအင်ဂျင်နီယာဖိုရမ် ရဲ့ ရေကြောင်းအင်ဂျင်နီယာဘာသာရပ်ခေါင်းစဉ်အောက်မှာ၊ "လွန်းကျင်းနှုန်းထားခလေးများ သိချင်လို့ပါ" ဆိုပြီးမေးလာတဲ့အခါ၊ သဘော်ကျင်းတွေရဲ့ quotation တွေနဲ့ ပက်သက်ပြီး၊ ရေးဖြစ်ခဲ့ပါတယ်။ အဲဒီအထဲမှ Hull/ Surface preparation and painting ဆိုတဲ့ post ကိုပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။

Hull preparation ခေါင်းစဉ်အောက်မှာ၊ Hand scraping normal, Hand scraping hard, De-greasing before preparation works, High pressure jetwash (up to 3000 p.s.i.), Water blast, Vacuum dry blast, Dry blast, Grit sweep, Grit blast to Sa 2, Grit blast to Sa 2.5, Spot blast to Sa 2.5, Hose down with fresh water after dry blast နဲ့ Disc preparation to St 2 ဆိုပြီး ခွဲခြားထားပါတယ်။ hull preparation works တွေအားလုံးကို၊ စတုရန်း မီတာနှုံးနဲ့ တွက်ယူကြပါတယ်။ သဘော်ရဲ့ Technical Superintendent လို့ခေါါတဲ့ စက်မှုအရာရှိချုပ်ဟာ Hull preparation နဲ့ပက်သက်တဲ့ full work scope တခုလုံးကို၊ ဈေးနှုံးအရ အသေအခြာတွက်ထားရမှာဖြစ်ပါတယ်။


သဘော်ကျင်းဖက်မှ၊ quotation နဲ့ final invoice မှာ၊ fully inclusive rates တွေနဲ့တွက်ကာ၊ ကောက် ခံလေ့ ရှိပါတယ်။ fully inclusive rates ဆိုတာကတော့ Hull preparation ခေါင်း စဉ်အောက်မှ၊ work scopes တွေအားလုံး အတွက်၊ အသုံးပြုရမယ့် လုပ်သားအင်အား၊ စက်ပစ္စည်း၊ ကရိယာတန်ဆာပလာတို့ အပြင်၊ final cleaning-up operations လို့ခေါါတဲ့၊ သဘော် လွန်းကျင်းပေါါမှ ပြန်ဆင်းသွားတဲ့အခါ၊ လွန်းကျင်းကို ပြန်လည်သန့်ရှင်းရမယ့် အချိန်အပါအဝင် ကုန်ကျစားရိတ်တွေ အားလုံးကို၊ ထည့်သွင်းကောက်ခံ ထားခြင်းဖြစ်ပါတယ်။ final cleaning-up operations မှာ blasting လုပ်ခဲ့စဉ်က အသုံးပြုခဲ့တဲ့ grits တွေနဲ့ သဘော်ရဲ့ hull မှ ခွာချခဲ့တဲ့ sea growths တွေကို၊ ဖယ်ရှားရှင်းလင်းခြင်း၊ block တွေကို ပြန်လည်ပြုပြင်ခြင်းတွေ ပါဝင်ပါတယ်။


Fig. Conventional abrasive blasting

blasting နည်းစဉ်တွေထဲမှ၊ grit ကိုအသုံးပြုတဲ့ dry blasting နည်းဟာ၊ environmentally unfriendly ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ နည်းစဉ်တခုဖြစ်တဲ့အတွက်၊ အချို့ တိုင်းပြည်တွေမှာ ခွင့်မပြုတော့ပေမယ့်၊ စက်ာပူမှ သဘော်ကျင်းတွေမှာတော့ အသုံးပြုနေကြပါသေးတယ်။ sand ကို အသုံးပြုတဲ့ dry blasting နည်း ကတော့၊ environmentally unfriendly မဖြစ်တဲ့အပြင်၊ health hazard ဆိုတဲ့ ကျမ်းမာရေးကိုပါ၊ ထိခိုက်စေတဲ့ အတွက်၊ တိုင်းပြည်တော်တော်များများမှာ အသုံးမပြုတော့သလို၊ စက်ာပူ သဘော်ကျင်းတွေမှာလည်း၊ အသုံးမပြုတော့တာ တွေ့ရပါတယ်။ sand နဲ့ grit ကိုသုံးတဲ့ blasting နည်းစဉ်တွေကို၊ abrasive blasting အဖြစ် သတ်မှတ်နိုင်ပါတယ်။


Fig. High pressure vacuum dry blasting


Fig. high pressure water blasting

dry blasting နည်းကိုအသုံးပြုခွင့်ပေးတဲ့၊ တိုင်းပြည်တွေမှ သဘော်ကျင်းတွေမှာတော့ high pressure ကို အသုံးပြုတဲ့ vacuum dry blasting နည်းစဉ်နဲ့ water blasting နည်းစဉ်တွေနဲ့ blasting လုပ်ကြပါတယ်။ water blasting မှာ ရေချိုဆိုတဲ့ fresh water ဒါမှမဟုတ် ရေငံဆိုတဲ့ sea water ကိုအသုံးပြုပြီး၊ blasting လုပ်နိုင်ပါတယ်။ sea water ကိုအသုံးပြုတဲ့အခါ၊ blasting လုပ်ပြီးပြီးခြင်း fresh water နဲ့ high-pressure jet-washing ကိုဆောင်ရွက်ပေးဖို့ လိုပါတယ်။


Hull painting ခေါင်းစဉ်အောက်မှာတော့၊ Flat bottom, Vertical sides, Top sides, Touch up after spot blast နဲ့ Names, home port, load lines, draft marks ဆိုပြီး ခွဲခြားထား ပါတယ်။ Hull ရဲ့ vertical sides, top sides နဲ့ flat bottom area တို့ရဲ့ ဈေးနှုံးကို၊ စတုရန်းမီတာနှုံးနဲ့ တွက်ယူကြပြီး၊ Names, home port, load lines, draft marks အစရှိတဲ့၊ အမှတ် အသားတွေ ပြန်လည်ရေးခကိုတော့၊ fixed price ဆိုတဲ့ ပုံသေနှုံးထားတခုနဲ့ တွက်ယူပါတယ်။ 

painting အတွက်သတ်မှတ်ထားတဲ့ဈေနှုံးဟာ၊ dft လို့ခေါါတဲ့ dry film thickness အနေနဲ့ အများဆုံး 100 microns (μ) ရှိပြီး၊ ဆေခြောက်ဖို့ drying time အနေနဲ့ အများဆုံး (၄) နာရီကြာမယ့်၊ paint ကို airless spray method သုံးပြီး ဆေးသုတ်ခြင်းကို၊ အခြေခံထား တာဖြစ် ပါတယ်။ တနည်းအားဖြင့် ‘normal painting' လို့ဆိုနိုင်ပြီး၊ အကယ်၍ အသုံးပြုမယ့် paint ဟာ၊ painting compositions အရ၊ non-conventional ဆိုတဲ့၊ အခြားနည်းလမ်းတွေ ကို အသုံးပြု ရမယ့် paint ဖြစ်ခဲ့လျှင်၊ သီးခြားနှုံးထား တခုနဲ့ ပေးခြေရမှာဖြစ်ပါတယ်။

အသုံးပြုမယ့် paint ကို သဘော်ပိုင်ရှင်မှ၊ သဘော်ကျင်းကိုပေးရမှာဖြစ်ပါတယ်။ paint ကို စတင်ဝယ်ယူစဉ် ကတည်းက၊ သဘော်သုတ်ဆေးထုတ်လုပ်ရောင်းချသူတွေဟာ၊ technical back-up, technical specification နဲ့ preparation works and paint application ဆိုတဲ့၊ အသုံးပြုမယ့်သုတ်ဆေးနဲ့ ပက်သက်တဲ့ အချက်အလက်တွေ အပါအဝင်၊ အသုံးပြုနည်းနဲ့ ပက်သက်တဲ့ အချက် အလက်တွေကိုပါ၊ တပါတည်း ပြည့်ပြည့်စုံစုံပေးပါတယ်။ တနည်းအားဖြင့် paint specification လို့ခေါါပြီး၊ သဘော်ရဲ့ Technical Superintendent နဲ့ သဘော်ကျင်းကို ပါပေးလေ့ရှိပါတယ်။


 Fig. Hull Painting

ဒါ့အပြင် သဘော်သုတ်ဆေးထုတ်လုပ်ရောင်းချသူမှ၊ သဘော်ကိုဆေးမသုတ်ခင်ကတည်းက သဘော်ကျင်း သို့ paint နဲ့ပက်သက်တဲ့ technical supervisor တွေကိုစေလွှတ်ပြီး၊ သဘော်ကိုဆေးသုတ်စဉ် တလျှောက်လုံး ကြီးကြပ်စေပါတယ်။ သဘော်ကျင်းဖက်မှ paint technical supervisor ရဲ့ လမ်းညွှန်ချက် အတိုင်း၊ ဆောင်ရွက်ပေးရပါတယ်။ paint technical supervisor ဟာ၊ သဘော်ပိုင်ရှင်ဖက်မှ Hull/ Surface preparation and painting process အတွက်၊ technical representative လည်းဖြစ်ပါတယ်။ Hull/ Surface preparation နဲ့ ပက်သက် လို့၊ technical representative အနေနဲ့ အကြံဥာဏ်ပေးသလို၊ painting process တလျှောက်လုံးမှာလည်း၊ သဘော်ကျင်းကို ကြီးကြပ်ပေးပါတယ်။ သဘော်ကျင်းဖက်မှ paint technical supervisor အလိုရှိတဲ့ အတိုင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။



Hull/ Surface preparation and painting process အတွက်၊ Hull နဲ့ ပက်သက်တဲ့ ဧရိယာတွက်နည်းတွေ ကို အသုံးပြုရပါတယ်။ LOA ဆိုတဲ့ Length Over All, LBP ဆိုတဲ့ Length Between Perpendiculars, BM ဆိုတဲ့ Breadth Module နဲ့ Maximum Draft တို့အပေါါမှာအခြေခံကာ၊ တွက်ယူတာဖြစ်ပြီး unit ကတော့၊ မီတာ ဖြစ်ပါတယ်။ under water ဧရိယာကိုတွက်ယူတဲ့အခါ၊ သဘော်ရဲ့ Hull အမျိုးအစားပေါါ မူတည်ပြီး၊ "P" ဆိုတဲ့ under water constant ကိန်းသေတန်ဘိုးတခုကို၊ ထည့်သွင်းအသုံးပြုရပါတယ်။ Tanker တွေရဲ့ Hull တည်ဆောက်ပုံ အရ၊ "P" တန်ဘိုး ကို (0.9) အနေနဲ့ယူဆပြီး၊ fine hulls ဆိုတဲ့ အခြားသဘ်ာတွေမှာတော့၊ "P" တန်ဘိုးကို (0.7) အနေနဲ့ယူဆပါတယ်။


Underwater area including bottom top Area ဆိုတဲ့ Flat bottom area တနည်းအားဖြင့် သဘော်ရဲ့ ဗိုက်အောက် မှ၊ ဧရိယာကို၊ အထက်ပါပုံသေနည်းနဲ့တွက်ယူပြီး၊ flat bottom area ကို၊ bottom top ဆိုတဲ့၊ ship side အောက်ခြေအထိသတ်မှတ်ပါတယ်။

Bottom top area Area ကို၊ bottom top ဆိုတဲ့၊ ship side အောက်ခြေမှ Load Line အထိသတ်မှတ် ထားပြီး၊ ကုန်အပြည့်တင်ထားတဲ့အခါ၊ ရေထဲမှာမြုတ်နေမယ့်၊ ဧရိယာဖြစ်ပါတယ်။ တနည်းအားဖြင့် under water ship side area ဖြစ်ပြီး၊ ဘယ်နဲ့ညာ (၂) ဖက်ဖြစ်တဲ့အတွက် (၂) နဲ့မြှောက်ထားသလို၊ height of bottom top ဆိုတာ ကတော့ သဘော်ရဲ့ maximum draft ဖြစ်ပါတယ်။

Top sides Area ဆိုတာကတော့ Load Line ရဲ့အထက်၊ ရေပေါါပေါါနေမယ့် ဧရိယာဖြစ်ပြီး၊ ဘယ်နဲ့ညာ (၂) ဖက် ဖြစ်တဲ့အတွက် (၂) နဲ့မြှောက်ထားပါတယ်။ သဘော်တည်ဆောက်ပုံနဲ့ သဘော်အမျိုးအစား အလိုက်၊ အချို့သဘော်တွေရဲ့ external Bulwarks area ဟာကြီးမားကျယ်ပြန့်လေ့ရှိတဲ့အတွက်၊ ထည့်သွင်း တွက်ချက်လေ့ရှိပါတယ်။


Reference : GUIDE TO SHIP REPAIR ESTIMATES, Don Butler, Butterworth-Heinemann, Linacre House, Jordan Hill, Oxford OX2 8DP, 225 Wildwood Avenue, Woburn, MA 01801-2041, A division of Reed Educational and Professional Publishing Ltd.

Image credit to : http://theconstructor.org/, http://www.enviroset.com/, http://www.corbisimages.com/, http://mmwaterjet.com/, 

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent, criminal trust of breach or other intellectual property rights of any third party.  

No comments:

Post a Comment