Pages

Friday 13 January 2012

IP Code

Motor, generator, transformer တွေကအစ lighting fixture တွေအဆုံး၊ လျှပ်စစ်ဓါတ်အားကို အသုံးပြုတဲ့ စက်ပစ္စည်း၊ ကရိယာတွေမှာ IP Code သို့မဟုတ် IP Rating ကိုရေးသားဖော်ပြထားလေ့ ရှိပါတယ်။ IP Code ဆိုတာကတော့ ingress protection code ပဲဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အားကို အသုံးပြုတဲ့ စက်ပစ္စည်း၊ ကရိယာတွေအတွင်း အကြောင်း အမျိုးမျိုးကြောင့်ပြင်ပမှsolid သို့မဟုတ် liquid particles တွေ ဝင်ရောက်ခဲ့ လျှင်၊ စက်ပစ္စည်း၊ ကရိယာတွေ ပျက်စီးတတ်သလို၊ ဓါတ်လိုက်ခြင်းဆိုတဲ့ electrical shock လည်းဖြစ်ပေါါနိုင် ပါတယ်။ ဒီ့အတွက် ingress protection အမျိုးအစားကို ခွဲခြားဖော်ပြထားခြင်းဖြစ်ပြီး၊ IP Code ဟာ level of seal ဖြစ်ပါတယ်။ European IP standards အနေနဲ့ BS EN 60529 - Specification of Degrees of Protection Provided by Enclosures နဲ့ IEC 529 - Specification of Degrees of Protection Provided by Enclosures ဆိုတဲ့ IP Standard တွေကို သတ်မှတ်ထားပါတယ်။


Fig. Example an IP Code

IP Code ကို Degrees of Protection (Foreign Bodies) နဲ့ Degrees of Protection (Moisture) ဆိုပြီးခွဲခြားနိုင် ပါတယ်။ IP Code ရဲ့ ရှေ့ဂဏန်းဆိုတဲ့ 1st Digit ဟာ၊ ပြင်ပမှဝင်ရောက်လာမယ့်၊ foreign bodies နဲ့ solid particles တွေ ရဲ့အရွယ်အစားပေါါမူတည်ပြီး ကာကွယ်နိုင်မှုကို၊ ကိုယ်စားပြုပါတယ်။ IP Code ရဲ့ နောက် ဂဏန်းဆိုတဲ့ 2nd Digit ကတော့၊ ပြင်ပမှ drip, spray နဲ့ submersion အစရှိတဲ့အခြေအနေ အမျိုးမျိုးနဲ့၊ ဝင်ရောက်လာမယ့်၊ liquid particles နဲ့ moisture အမျိုးအစားပေါါမူတည်ပြီး၊ ကာကွယ်နိုင်မှုကို၊ ကိုယ်စားပြု ပါတယ်။


Fig. Degrees of Protection (Foreign Bodies)

ရှေ့ဂဏန်းဖြစ်တဲ့ Degrees of Protection (Foreign Bodies) မှာ၊ "0" စ ဖြင့်ခဲ့လျှင်၊ အကာအကွယ်မဲ့  no protective အဖြစ်သတ်မှတ်နိုင်ပြီး၊ "1" ဖြင့် စခဲ့လျှင်တော့၊ diameter 50 mm အရွယ်အစားနဲ့အထက်၊ solid foreign objects ဆိုတဲ့ပြင်ပမှဝင်ရောက်လာမယ့်၊ အစိုင်အခဲတွေကို၊ တားဆီး ကာကွယ်ပေးထားတယ်လို့၊ သတ်မှတ်နိုင်ပါတယ်။ "2" ဖြင့်စခဲ့လျှင်တော့၊ diameter 12.5 mm အရွယ်အစားနဲ့ အထက်၊ "3" ဖြင့် စခဲ့ လျှင်တော့၊ diameter 2.5 mm အရွယ် အစားအထက်နဲ့ "4" ဖြင့် စခဲ့လျှင်တော့၊ diameter 1.0 mm အရွယ် အစားနဲ့အထက်၊ solid foreign objects တွေကို၊ တားဆီး ကာကွယ်ပေးထားတယ်လို့၊ သတ်မှတ်ပါတယ်။

IP Code ရဲ့ 1st digit ဆိုတဲ့ ရှေ့ဂဏန်းတန်ဘိုးငယ်သွားတိုင်း၊ ပြင်ပမှဝင်ရောက်လာနိုင်မယ့်၊ အစိုင် အခဲတွေရဲ့ အရွယ်အစား ပိုမိုသေးငယ် သွားတာကို၊ တွေ့ရမှာဖြစ်ပါတယ်။ "5" ဖြင့် စခဲ့လျှင် လျှပ်စစ် ဓါတ်အား အသုံးပြုတဲ့ စက်ပစ္စည်း၊ ကရိယာတွေကို ပုံမှန်အသုံးပြုနေစဉ်၊ အနီး ပါတ်ဝန်းကျင်မှာရှိနေတဲ့၊ အမှုန်အမွှားဆိုတဲ့ dust တွေ ဝင်ရောက်မှုကို၊ အတိုင်းအတာ ပမာဏတခုအထိ တားဆီးကာကွယ်ပေးထား တယ်လို့၊ သတ်မှတ်နိုင်ပြီး၊ "6" ဖြင့် စခဲ့လျှင်တော့၊ dust တွေလုံးဝမဝင်ရောက် နိုင်အောင်၊ dust tight အနေနဲ့ တည်ဆောက်ထားတယ်လို့၊ သတ်မှတ်နိုင်ပါတယ်။


Fig. Degrees of Protection (Moisture)

နောက်ဂဏန်းဖြစ်တဲ့ Degrees of Protection (Moisture) မှာ၊ "0" ဖြင့်ခဲ့လျှင်၊ အကာအကွယ်မဲ့ no protective အဖြစ်သတ်မှတ်နိုင်ပြီး၊ "1" ဖြင့် စခဲ့လျှင်တော့၊ အပေါါ တည့်တည့်မှ၊ ကျလာမယ့်ရေစက်တွေကို၊ တားဆီးကာကွယ်ပေးထားတယ်လို့၊ သတ်မှတ်နိုင်ပါတယ်။ "2" ဖြင့်စခဲ့လျှင်၊ လျှပ်စစ်ဓါတ်အား အသုံးပြုတဲ့ စက်ပစ္စည်း၊ ကရိယာရဲ့အနောက်ဖက် အစိတ်အပိုင်းဟာ (၁၅) ဒီဂရီ ခန့်ထောင်ထားပေမယ့်၊ အပေါါမှ ကျလာမယ့် ရေစက်တွေကို၊ တားဆီးကာကွယ်ပေးနိုင်တယ်လို့၊ သတ်မှတ်ပါတယ်။ "3" ဖြင့်စခဲ့လျှင်၊ (၆၀) ဒီဂရီခန့်စောင်းပြီး၊ အပေါါမှ "စင်" လာနိုင်တဲ့ water spray တနည်းအား ဖြင့် ရေမှုန်ရေမွှားတွေကို၊ တားဆီး ကာကွယ်ပေးထားတယ်လို့၊ သတ်မှတ်နိုင်ပါတယ်။ "4" နဲ့ စခဲ့လျှင်၊ အရပ်မျက်နှာပေါင်းစုံမှ "စင်" လာနိုင်မယ့်၊ ရေစက်တွေကို ကာကွယ်ပေးနိုင်တယ်လို့၊ သတ်မှတ်ပါတယ်။

"5"
ဖြင့်စခဲ့လျှင်၊ အရပ်မျက်နှာပေါင်းစုံမှ အရှိန်နဲ့ထိုးဝင်လာမယ့် ရေတွေကို၊ ကာကွယ်ပေးနိုင်တယ်လို့၊ သတ်မှတ်ပြီး၊ "6" ဖြင့်စခဲ့လျှင်တော့ အရပ်မျက်နှာပေါင်းစုံမှ၊ ပြင်းထန်တဲ့ အရှိန်နဲ့ ထိုးဝင်လာမယ့် ရေတွေ ကို၊ ကာကွယ်ပေးနိုင်တယ်လို့၊ သတ်မှတ်နိုင်ပါတယ်။ "7" နဲ့ စခဲ့လျှင်၊ ရေထဲမှာခဏတဖြုတ်၊ အချိန် အနည်းငယ်မြှုတ်ကာအသုံးပြုနိုင်တယ်လို့၊ သတ်မှတ်နိုင်ပြီး၊ "8" ဖြင့် စခဲ့လျှင်တော့ ရေထဲမြှုတ်ကာ အသုံးပြုနိုင်တယ်လို့၊ သတ်မှတ်နိုင်ပါတယ်။ IP Code ရဲ့ 2nd digit ဆိုတဲ့ နောက်ဂဏန်းတန်ဘိုးကြီးသွား တိုင်း၊ ပြင်ပမှ drip, spray နဲ့ submersion အစရှိတဲ့ အခြေအနေ အမျိုးမျိုးနဲ့၊ ဝင်ရောက်လာမယ့်၊ liquid particles နဲ့ moisture အမျိုးအစားတွေကို၊ ပိုမိုတားဆီးနိုင်တာ တွေ့ရမှာဖြစ်ပါတယ်။


Reference : IP Classification Codes, COPYRIGHT© 2004 • BOURNS, INC. 10/04 IP 1M/SC0442

Image credit to : http://www.saunakeskus.fi/



Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

No comments:

Post a Comment