Pages

Friday 13 January 2012

Rudder & Steering Gear


တကယ်တော့ Rudder ဆိုတာ သိပ်ထူးထူးခြားခြားမဟုတ်ပါဘူး။ casting ပုံလောင်းထားတဲ့ frame ဒါမှမဟုတ် fabricated လုပ်ထားတဲ့ frame ပေါါမှာ၊ plate သံပြားကို welded ဂဟေဆော်ထားတဲ့ blade သာဖြစ်ပါတယ်။ frame အပြင် ဘက်ကနေ၊ သံပြားနဲ့ပါတ်လည်အုပ်ထားတဲ့အတွက်၊ အတွင်းဘက်မှာ hollow ဆိုတဲ့ ခေါင်းပွ ပုံသဏ္တွန်ဖြစ်နေပြီး၊ buoyancy တနည်းအားဖြင့် ရေရဲ့ ပင့်အားကြောင့်၊ ရေပေါါမှာပေါါနေနိုင်ပါတယ်။ တချို့ rudder တွေမှာတော့၊ foam တွေကို အတွင်းဘက်မှာ ထည့်ထားတတ်ပါတယ်။ corrosion မဖြစ်စေဖို့ internal surface အတွင်းပိုင်းမျက်နှာပြင်ကို၊ protective coating လုပ်ထားပြီး၊ အပြင်ဘက်မှာတော့ zinc anodes တွေကို တတ်ထားလေ့ရှိသလို၊ အကြောင်းတစုံ တခုကြောင့် hollow housing ထဲရေဝင် ခဲ့လျှင်၊ ဖောက်ထုတ်လို့ရစေဇို့ drain plug ကိုလည်း တတ်ထားလေ့ရှိပါတယ်။

Fig. Type of rudder blade arrangements    

rudder blade arrangements တွေရဲ့အပေါါမူကာ၊ Ordinary Type, Hanging Type, Balanced Type , Semi-balance Type နဲ့ Non-balanced Type ဆိုပြီးတွေ့နိုင်ပါတယ်။ အသုံးအများဆုံး Rudder Type ကတော့၊ Semi-Balanced Type ဖြစ်ပါတယ်။ Semi-Balanced Type ရဲ့အဓိကအားသာချက်က၊ Rudder Blade ရဲ့ နောက်ဘက် (၄)ပုံ ပုံ (၃) ပုံဧရိယာဟာ၊ ပြားနေတဲ့အတွက် Propeller မှယက်ထုတ်လိုက်တဲ့ ရေရဲ့ counter acting ဟာ Rudder မှာ သက်ရောက်မှု နည်းသွားပါတယ်။ အဲဒီအခါ၊ Rudder ရွှေ့လျားမှု၊ ပိုမြန်လာပြီး၊ ပေါ့ပါးသေးငယ်တဲ့ Steering Gear Unit တွေကို၊ တတ်ဆင်အသုံးပြုနိုင်ပါတယ်။

 

Fig. Spade rudder


Fig. Half-speed rudder


Fig. Flap rudder

တခါ Rudder neck arrangement ပေါါမူတည်ပြီး၊ Spade rudder, Half speed rudder နဲ့ Flap rudder ဆိုပြီး တွေ့နိုင်ပါတယ်။ Spade rudder, Half speed rudder နဲ့ Flap rudder တို့ဟာ၊ Semi-Balanced Type Rudder တွေဖြစ်ကြပါတယ်။


Fig. Semi-balanced rudder's construction

Spade rudder ကို Ferries သဘော်တွေနဲ့၊ သဘော်အသေးစားတွေမှာ တတ်ဆင်အသုံးပြုပြီး maneuverability ဆိုတဲ့ ရွှေ့လျားချဉ်းကပ်နှိုင်စွမ်းကောင်းမွန်တာတွေ့နိုင်ပါတယ်။ Half speed rudder တွေကိုတော့ သဘော်ကြီးတွေမှာ တတ်ဆင်အသုံးပြုကြပါတယ်။ Flap rudder မှာ နောက်ဖက်ဧရိယာကို rear fin အပြား ပုံစံတည်ဆောက်ထားတဲ့အတွက်၊ maneuverability အကောင်းဆုံးဖြစ်ပါတယ်။



      

Fig. Current force, Side force နဲ့ Gravity force

Rudder အပေါါမှာ၊ Propeller ယက်ထုတ်ရာမှပေါါပေါက်လာတဲ့ current forces, Rudder ဘယ်၊ ညာရွေ့လျှား ရာမှဖြစ်ပေါါလာတဲ့ side force နဲ့ gravity force တို့သက်ရောက်ပြီး၊ Rudder အရွယ်အစား၊ blade နဲ့ neck arrangement တို့အပေါါ မူတည်ပြီး၊ current forces, side force နဲ့ gravity force တို့ အနည်းနဲ့ အများကွာခြား ပါတယ်။

Rudder ကို၊ Steering gear မှ torque တခုနဲ့ ဘယ်နဲ့ ညာရွှေ့လျားစေပါတယ်။ Torque requirement နဲ့ ပက်သက်ပြီး၊ သဘော်ရဲ့ အရွယ်အစား၊ သဘော်ရဲ့ speed နဲ့ rudder အရွယ်အစားတို့ပေါါမူတည်ပြီး၊ သက်ဆိုင်ရာ Classification Societies တွေမှ သတ်မှတ်ပေးထားပါတယ်။ Rudder ရွှေ့လျားစေဖို့ဆောင် ရွက်ပေးတဲ့ Steering gear တွေကို၊ Fully hydraulic, Electro-hydraulic နဲ့ Fully electric Type ဆိုပြီးတွေ့ရသလို၊ Electro-hydraulic type steering gear ကိုအသုံးအများဆုံးဖြစ်ပါတယ်။

တတ်ဆင်အသုံးပြုမယ့် Steering gear system ဟာ၊ SOLAS Regulation, Chapter II-1 : Construction- structure, stability, installations အပိုင်းမှ၊ Part C - Machinery installations, Regulation 29 အရ၊ သတ်မှတ် ထားတဲ့ အချက်အလက်တွေနဲ့ကိုက်ညီရမှာဖြစ်ပါတယ်။


 Fig. Minimum rudder angle velocity

steering gear system မှာ၊ blade ဟာ port side ဆိုတဲ့ ဘယ်ဖက် (၃၅) ဒီဂရီနဲ့ star board side ဆိုတဲ့  ညာဖက် (၃၅) ဒီဂရီ ဒါမှမဟုတ် ညာဖက် (၃၅) ဒီဂရီမှ ဘယ်ဖက် (၃၅) ဒီဂရီ၊ အတွင်းမှာသာရွှေ့လျှားပါတယ်။ SOLAS Regulation အရ၊ (၂၈) စက္ကန့်အတွင်း port side  (၃၅) ဒီဂရီမှ star board side (၃၀) ဒီဂရီ ဒါမှမဟုတ် star board port (၃၅) ဒီဂရီမှ port (၃၀) ဒီဂရီ သို့ရွှေ့လျားနိုင်ရမှာဖြစ်ပြီး၊ minimum rudder angle velocity လို့ခေါါပါတယ်။


 Fig. Torque capacity

ဒါ့အပြင် သဘော်ဟာ full speed ဖြင့်သွားလာနေစဉ်၊ torque capacity အနေနဲ့ port side (၂၅) ဒီဂရီမှ star board side (၂၅) ဒီဂရီ ဒါမှမဟုတ် star board side (၂၅) ဒီဂရီမှ port side  (၂၅) ဒီဂရီ သို့ရွှေ့လျားနိုင်ရမှာ ဖြစ်ပြီး၊ လုံလောက်တဲ့ hydraulic oil pressure ရှိရမှာဖြစ်ပါတယ်။ Torque requirement နဲ့ ပက်သက်ပြီး၊ သဘော်ရဲ့ အရွယ်အစား၊ သဘော်ရဲ့ speed နဲ့ rudder အရွယ်အစားတို့ပေါါမူတည်ပြီး၊ သက်ဆိုင်ရာ Classification Societies တွေမှ သတ်မှတ်ပေးထားပါတယ်။

Rudder ကို၊ Steering gear မှ torque တခုနဲ့ ဘယ်နဲ့ ညာရွှေ့လျားစပါတယ်။ Steering gear တွေကို၊ Fully hydraulic, Electro-hydraulic နဲ့ Fully electric Type ဆိုပြီးတွေ့ရသလို၊ Electro-hydraulic type steering gear ကိုအသုံးအများဆုံးဖြစ်ပါတယ်။ 

Electro-hydraulic Steering Gear system မှာ၊ Tele-motor Unit, Control Unit နဲ့ Power Unit ဆိုပြီး အဓိက အစိတ်အပိုင်း (၃) ခုရှိပါတယ်။ Tele-motor Unit မှာ၊ Transmitter နဲ့ Receiver ဆိုတဲ့ အစိတ် အပိုင်း (၂) ခု ပါဝင်ပါတယ်။ Transmitter ကို၊ Navigation bridge မှာတတ်ဆင်ထားပြီး၊ Wheel ကို လှည့်ရာမှရလာတဲ့ signal ကို၊ Steering Gear Compartment မှာရှိတဲ့၊ Receiver ဆီသို့ ပို့ပေးပါတယ်။


Fig. Basic electro-hydraulic steering gear system

Receiver ဟာ၊ signal ကို linear motion အနေနဲ့ convert လုပ်ပြီး၊ Control Unit ကို အလုပ်လုပ်စေပါတယ်။ Steering Gear Compartment မှာရှိတဲ့ Control Unit ဟာ၊ signal ကိုလက်ခံပြီး၊ နောက်ထပ် signal တစ်ခု မလာမှီ အထိ၊ Rudder ကို Position တစ်ခုမှာ ထိန်းထားပါတယ်။ Tiler ကို Power Unit မှ Rudder Stock နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပြီး၊ Rudder ကို ဘယ်နဲ့ ညာရွှေ့လျားစေမယ့်အဓိက အစိတ်အပိုင်း ဖြစ်ပါတယ်။ Hydraulic fluid power ရစေဖို့၊ electric motor နဲ့မောင်းနှင်တဲ့ variable displacement pumps တွေကို အသုံးပြု ပါတယ်။ electric motor နဲ့ pump တွေဟာ အဆက်မပြတ်မောင်းနှင်နိုင်တဲ့ continuous rating ရှိဖို့လိုအပ် ပါတယ်။

Power Unit ကို၊ Ram သို့မဟုတ် Cylinder type နဲ့ Rotary vane type ဆိုပြီး (၂) မျိုးတွေ့ရပါတယ်။ Ram သို့မဟုတ် Cylinder ဟာ tiller ကို hydraulic fluid pressure နဲ့တွန်းပေးတာပြီး၊ tiller ကို rudder stock နဲ့ စွပ် ထားတဲ့အတွက်၊ tiller ရွေ့တာနဲ့ rudder stock ဟာ rotating movement နဲ့ ဘယ်နဲ့ ညာလည်ပတ်ပါတယ်။


 
Fig. Ram type steering gear system

ram type ဟာ၊ vane type ထက် hydraulic fluid pressure ကိုပိုမိုလိုအပ်ပါတယ်။ ဒါ့အပြင် rudder stock မှာ external bearing တတ်ဆင်ဖို့လိုအပ်သလို၊ rudder blade ဟာ working angle နေနဲ့  limited degree တခု အတွင်းမှာသာရွှေ့လျှားနိုင်ပါတယ်။

vane type မှာတော့ rotary vane ကို၊ rudder stock အပေါါမှ rudder hub လို့ခေါါတဲ့ boss နဲ့ စွပ်ထားပါတယ်။ hydraulic fluid pressure အနေနဲ့ ram type steering gear တွေလောက်မလို အပ်သလို၊ working angle အနေနဲ့ (၃၆၀) ဒီဂရီတပါတ်လည်ရနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ Tankers ဆိုတဲ့ ရေနံတင်သဘော်တွေကလွဲလို့၊ single rudder arrangement  သဘော်တွေမှာ၊ အသုံးပြုကြပါတယ်။



Fig. Vane type steering gear system

vane type steering gear ရဲ့ rudder actuator တခုမှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့၊ housing, rotor, stopper, cover, radial bearing နဲ့ rudder carrier တို့ဖြစ်ပါတယ်။



actuator ရဲ့အပေါါ၊ rudder stock ရဲ့ထိပ်မှာ rudder angle indicator ရှိပါတယ်။ expansion tank ကို၊ သီးခြား အပြင်မှာမတတ်ဆင်ပဲ၊ rudder stock ရဲ့အပေါါပိုင်းမှာတတ်ဆင်ထားပါတယ်။ rudder stock nut ဟာ၊ rudder stock နဲ့ rotor တို့အတွက် securing nut ဖြစ်ပြီး၊ stopper ဟာ pressure chamber ရဲ့ boundary အဖြစ်ဆောင် ရွက်ပေးပါတယ်။ stopper bolt nuts တွေကတော့ pressure chamber အဖြစ်ဆောင်ရွက်ပေးသလို၊ port နဲ့ star board side ကိုရွှေ့လျှားမယ့် rudder blade အတွက် rudder angle set limit အနေနဲ့ လည်းဆောင်ရွက်ပေး ပါတယ်။

upper နဲ့ lower radial bearings တွေဟာ၊ bronze bearings တွေဖြစ်ပြီး၊ steering gear ရဲ့ system hydraulic oil ကို၊ lubricating အနေနဲ့ပြန်လည်အသုံးပြုထားပါတယ်။ အထက်နဲ့အောက်တတ်ဆင်ထာတဲ့ bearing တွေရဲ့ conjunction မှတဆင့်၊ radial force ကိုရရှိပါတယ်။

 
Fig. Rotor hub

rotor hub မှာ spring loaded cast iron bars တွေကို၊ dynamic seal အဖြစ်အသုံးပြုထားပါတယ်။ rotor hub ရဲ့ တဖက်တချက်စီမှာရှိတဲ့ vane တခုခုကို၊ hydraulic pressure နဲ့ တွန်းလိုက်တဲ့အခါ၊ hub ဟာ rotating movement နဲ့ လည်သွားပြီး၊ hub ကို rudder stock မှာစွပ်ထားတဲ့အတွက်၊ rudder မှာလည်း rotating movement ကိုရရှိမှာ ဖြစ်ပါတယ်။ actuator housing ဟာ outer boundary ဖြစ်သလို၊ pressure chamber လည်းဖြစ်ပါတယ်။ brass material ကို အုံးပြုထားတဲ့၊ rudder carrier bearing ဟာ၊ rudder အပါအဝင်၊ steering gear မှ moving parts တွေအားလုံးရဲ့ အလေးချိန်ကိုထမ်းထားရသလို၊ wave နဲ့ propeller လည်ပတ်မှုကြောင့်ပေါါပေါက် လာတဲ့ axial force ဟာလည်း၊ rudder carrier bearing ပေါါသက်ရောက်ပါတယ်။ system oil တွေ၊ rudder stock မှတဆင့်အောက်ဖက်မှာရှိတဲ့၊ rudder carrier လို့ခေါါတဲ့ rudder post ကိုစီးဆင်းမသွားစေဖို့၊ lower packing မှ တားဆီးပေးပါတယ်။


Fig. Wheel house system components

steering gear ရဲ့ system components တွေကို၊ wheel house, engine control room နဲ့ steering gear compartment တို့မှာခွဲခြားတတ်ဆင်ထားပါတယ်။ steering gear main control panel ကို၊ wheel house မှာတတ်ဆင်ထားပြီး၊ start/ stop နဲ့ alarm system တွေပါဝင်ပါတယ်။ rudder ရွှေ့လျှားမှုကိုသိစေဖို့၊ wheel house မျက်နှာကျက်မှာ panorama 3 way rudder angle indicator ဆိုတဲ့ (၃) ဖက်မြင် indicator ကိုတတ်ဆင်ထားသလို၊ port နဲ့ star board side bridge wing တဖက်တချက်စီမှာလည်း၊ rudder angle indicator တခုစီတတ်ဆင်ထားပါတယ်။


 Fig. Engine control room arrangement

engine control room မှာတော့၊ rudder angle indicator နဲ့ alarm panel တို့ကိုသာ၊ တတ်ဆင်လေ့ရှိကြပါတယ်။ steering gear compartment မှာ၊ rudder angle indicator နဲ့ signal transmitter တို့ကို၊ actuator အပေါါမှာ တတ်ဆင်ထားပြီး၊ signal transmitter ဟာ၊ remote rudder indicating နဲ့ steering gear control system တို့ အတွက်၊ feed back signal ပေးပို့ပါတယ်။ ဒါ့အပြင် power unit (၂) စုံတတ်ဆင်ထားတဲ့အတွက်၊ တခုနဲ့ တခုဟာ back up အနေနဲ့ဆောင်ရွက်ပေးနိုင်ပြီး၊ automatic isolating arrangement လို့ခေါါပါတယ်။


 Fig. Steering gear compartment arrangement

steering gear starter panel လို့ခေါါတဲ့ power unit panel တွေထဲမှ၊ တခုကို colour plate for MCB အရ၊ Essential Load အဖြစ်သတ်မှတ်ထားပြီး၊ Mian Switch Board မှာ၊ power မရှိတဲ့အခါ၊ Emergency Switch Bord မှတဆင့် power ရယူနိုင်စေဖို့ စီစဉ်ထားပါတယ်။

steering gear ကို၊ manual လို့ခေါါတဲ့ non-follow up တနည်းအားဖြင့် "NFU", variant manual လို့ခေါါတဲ့ follow up တနည်းအားဖြင့် "FU" နဲ့ "Autopilot" mode တို့နဲ့၊ ရွေးချယ်အသုံးပြုပါတယ်။ non-follow up တနည်း အားဖြင့် "NFU" mode ဟာ၊ rudder movement ကို wheel house မှ manually control အနေနဲ့မောင်းနှင်ခြင်း ဖြစ်ပြီး၊ emergency situation ဆိုတဲ့ အရေးပေါါအခြေအနေမှာ၊ steering gear compartment မှလည်း၊ မောင်းနှင် နိုင်ပါတယ်။  follow up တနည်းအားဖြင့် "FU" mode ဟာ၊ rudder ကို၊ fixed angle position တခုမှာ၊ locked လုပ်ပြီး၊ မောင်းနှင်တဲ့ variant manual control ဖြစ်ပါတယ်။

မောင်းနှင်သွားလာမယ့်ဦးတည်ရာဆိုတဲ့ course ကို၊ pre set route အနေနဲ့ရွေးချယ်ပြီး၊ gyro-compass ကဲ့သို့၊ navigational equipment တခုခုနဲ့ချိတ်ဆက်ကာ၊ pre set position အဖြစ်သတ်မှတ်မောင်းနှင်ခြင်းကို၊ "Autopilot" mode လို့ခေါါပါတယ်။ အကယ်၍သဘော်ဟာ မူလသတ်မှတ်ထားတဲ့လမ်းကြောင်းပြောင်းမှ ဦးတည်ရာ course ပြောင်းသွားခဲ့လျှင်၊ Autopilot ဟာ၊ rudder ကို၊ မူလရွေးချယ်ထားတဲ့ pre set position သို့၊ အလိုအလျှောက်ပြန်လည်ပို့ဆောင်ပေးပါတယ်။




Reference :  Marine Auxiliary Machinery, H.D McGeroge C. Eng, F.I.Mar.E, M.R.I.N.A, M. Phil .
Image credit to : http://marineengineersblog.blogspot.com, http://www.indiamart.com, http://www.japanham.co.jp/, http://www.globmaritime.com,

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment