Pages

Friday, 17 June 2011

HFO လို့ခေါါတဲ့ Heavy Fuel Oil နဲ့ Vanadium ပါဝင်မှု

မြန်မာအင်ဂျင်နီယာဖိုရမ် http://myanmarengineer.org/ မှ၊ ကူးယူဖော်ပြပါတယ်။


Crude oil ဆိုတဲ့၊ ရေနံစိမ်းကို de-watering, filtration အစရှိတဲ့၊ နည်းလမ်းတွေကိုအသုံးပြုကာ vertical atmospheric distilling column သို့ပို့ဆောင်ပြီး၊ ထုတ်လုပ်မှုနည်းလမ်း အဆင့်ဆင့် Refinery process တွေနဲ့၊ ထုတ်ယူပါတယ်။ HFO Heavy Fuel Oil ဆိုတဲ့၊ မီးထိုးဆီချက်လုပ်ရာမှာ ဖြတ်သန်းရတဲ့၊ process တွေကတော့ Desalter, Crude oil Heaters, ADU Atmospheric Distillation Unit , Reflux Drum, Isomerisation Plant, Catalytic Reforming, Merox Treater Unit, CHU Catalytic Hydrotreating Units , FCC Fluid Catalytic Cracker, VDU Vacuum Distillation Unit, Hydro-cracking နဲ့ Delayed Coking အစရှိတဲ့၊ process တွေဖြစ်ပါတယ်။ 

HFO ကို၊ သဘော်က Main Engine, Generator Engine တွေနဲ့ Boiler တွေမှာ၊ primary fuel အဖြစ် အသုံးပြုကြပါတယ်။ ယေဘုယျအားဖြင့် HFO ကို၊ သဘော် engine room ရဲ့ရှေ့ဘက်၊ ဝဲ၊ ယာ port side နဲ့ star board side တို့မှာရှိတဲ့၊ bunker tank တွေမှာ၊ သိုလှောင်ထားကြတာဖြစ်ပြီး၊ HFO ကထွက်လာတဲ့ gas တွေ ကိုတော့၊ bunker tank ရဲ့ vent line ကနေ၊ main deck ကိုပေးပို့ပြီး၊ goose-neck vent တွေက တဆင့်၊ အပြင်လေထုအတွင်းသို့ စွန့်ထုတ်ပြစ်ပါတယ်။

HFO ကို၊ လက်ခံရယူ ကတည်းက၊ ရေပါဝင်နေလေ့ ရှိပြီး၊ သိုလှောင်ထားတဲ့အခါ၊ bunker tank အောက်ခြေပိုင်း bottom မှာ၊ ရှိနေပါတယ်။ အဲဒီရေတွေကို၊ bunker tank အောက်ခြေပိုင်းမှာ တတ် ဆင်ထားတဲ့၊ spring loaded foot valve ကနေတဆင့်၊ ပုံမှန် drain လုပ်ပေးဖို့လိုအပ်ပြီး၊ draining water ဟာ၊ engine room ရဲ့ bilge ထဲကိုစီးဆင်းသွားပါတယ်။

Fig. Pre-combustion treatment for heavy fuel oil

မူလက ပျစ်ခဲနေတဲ့ HFO တွေကို bunker tank ထဲမှာ၊ storage temperature အနေနဲ့၊ ၄၀ ဒီဂရီ စင်တီ ဂရိတ် သို့မဟုတ် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ခန့်၊ ရှိနေအောင် အပူပေးထားရပါတယ်။ အပူပေး ဖို့အတွက် bunker tank ထဲမှာ heating coil တွေတတ်ဆင်ထားပြီး၊ steam boiler သို့မဟုတ် thermal oil heater ကိုအသုံးပြုကာ၊ heating coil တွေကတဆင့် အပူပေးပါတယ်။

အပူပေးထားတဲ့ HFO ရဲ့ viscosity ဟာကျဆင်းသွားတာမို့၊ positive displacement pump ကို အသုံးပြု ကာ၊ ဆက်လက် ပို့ဆောင်ပေးနိုင် ပါတယ်။ bunker tank ရဲ့ outlet မှာ၊ isolating valve နဲ့ mesh screens ကို တတ်ဆင်ထားပြီး၊ HFO မှာပါရှိနေတတ်တဲ့ solid particles တွေကို၊ mesh screens က၊ စစ်ယူပေးပါတယ်။

အပူပေးထားတဲ့၊ bunker tank ထဲက၊ HFO ကို positive displacement pump ကစုတ်ယူပြီး၊ Oil heater မှာ၊ ၆၆ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၁၅၀ ဒီဂရီ ဖာရင်ဟိုက်ခန့်၊ အပူချိန်ရှိလာစေဖို့ ထပ်မံ အပူပေးရ ပြန်ပါတယ်။ ၆၆ ဒီဂရီ စင်တီဂရိတ်ခန့် အပူချိန်ရှိနေတဲ့ HFO ကို၊ duplex filters တွေမှာဖြတ်သန်းစေပြီး၊ ferrous particles တွေကိုစစ်ထုတ်ယူရပါတယ်။ သံအစအန ferrous particles တွေ မပါတော့တဲ့၊ HFO ကို settling tank ထဲကို၊ HFO transfer pump မှတဆင့်ထပ်မံပို့ပေးပြီး၊ storage temperature ၆၆ ~ ၉၃ ဒီဂရီ စင်တီဂရိတ်အတွင်း သို့မဟုတ် ၁၅၀ ~ ၂၀၀ ဒီဂရီ ဖာရင်ဟိုက် အတွင်း၊ အပူချိန်ရှိနေစေဖို့၊ ထပ်မံ အပူပေးရပြန်ပါတယ်။

အပူပေးထားတဲ့၊ settling tank ထဲက၊ HFO တွေကို purifier နဲ့ clarifies တွေထံ ထပ်မံပို့ဆောင်ပေးရ ပါတယ်။ HFO purifier ဟာ၊ ရေ၊ solid particles တွေနဲ့ sludge တွေကိုခွဲခြားပေးပြီး၊ နောက်ထပ်
heater တခုထံသို့ ထပ်မံပေးပို့ကာ၊ အပူပေးပြီးမှ clarifies ကိုဖြတ်သန်းစေပါတယ်။ clarifies ဟာ၊ ကျန်ရှိနေဦးမယ့် solid particles တွေကိုထပ်မံဖယ်ရှားပေးပြီး၊ HFO transfer pump မှတဆင့်၊ daily service tank အတွင်းကို၊ ပို့ပေးပါတယ်။

daily service tank မှာလည်း၊ storage temperature အနေနဲ့ ၆၆ ~ ၉၃ ဒီဂရီ စင်တီဂရိတ်အတွင်း သို့မဟုတ် ၁၅၀ ~ ၂၀၀ ဒီဂရီ ဖာရင်ဟိုက် အတွင်း၊ အပူချိန်ရှိနေစေဖို့၊ အပူပေးထားရပါတယ်။ ၁၂၁ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၂၅၀ ဒီဂရီ ဖာရင်ဟိုက်ခန့်၊ အပူချိန်ရှိနေတဲ့ HFO ဟာ၊ main engine, generator engine တွေနဲ့ Boiler တွေမှာ၊ primary fuel အဖြစ်အသုံးပြုလို့ ရပြီဖြစ်ပါတယ်။

Crude oil ဆိုတဲ့၊ ရေနံစိမ်းမှတဆင့်၊ ထုတ်လုပ်ရယူတဲ့ Heavy Fuel Oil မှာ၊ ပါဝင်လေ့ရှိတဲ့ အရာတွေ ကတော့ ၁။ Asphaltenes, ၂။ Sulfur, ၃။ Nitrogen, ၄။ Carbon, ၅။ Nickel နဲ့ ၆။ Vanadium တို့ ဖြစ် ပါတယ်။

Asphaltenes ဆိုတာကတော့ nitrogen နဲ့ sulfur တွေပျော်ဝင်ရောစပ်နေတဲ့၊ ဒြပ်နှောတခုပါ။ Sulfur ရဲ့ acidity ကြောင့်၊ အင်ဂျင်တွေမှာ rapid wear ပွန်းစားမှုဖြစ်ပေါါရပြီး၊ combustion မှာလည်း sulfur oxides ဓါတ်ငွေ့တွေကို၊ ထုတ်လွှင့်ပါတယ်။ sulfur ကြောင့်ဖြစ်ပေါါလာရတဲ့၊ rapid wear ကိုလျှော့ချဖို့ တနည်း အားဖြင့် acidity ကိုလျှာ့ချဖို့ အတွက်၊ organic compound additives တွေကို ထည့်သွင်းရော စပ်ပြီး၊ HFO ကိုအသုံးပြုနိုင်ပါတယ်။

sulfur oxides ဓါတ်ငွေ့ထုတ်လွှင့်မှု emission ကိုတော့၊ post-combustion treatment သို့မဟုတ် exhaust gas တွေကို၊ scrubber မှာဖြတ်သန်းစေပြီးမှ၊ အပြင်ကိုထုတ်ခြင်းနဲ့ လျှော့ချနိုင်ပါတယ်။

HFO မှာပါဝင်နေတဲ့ Nitrogen တွေဟာ၊ Sulfur လိုပဲ၊ combustion မှာ Nitrogen oxides ဓါတ်ငွေ့တွေ ကိုလေထုအတွင်းကို၊ ထုတ်လွှင့်ပါတယ်။ fuel injectors တွေထံသို့ ပေးပို့တဲ့ HFO ရဲ့ temperature, pressure နဲ့ viscosity အစရှိတာတွေကို၊ controlled လုပ်ခြင်းဖြင့် Nitrogen oxides ဓါတ်ငွေ့ထုတ်လွှင့်မှု emission ကို၊ လျှော့ချနိုင်ပါတယ်။


sulfur oxides SOx နဲ့ Nitrogen oxides NOx ဓါတ်ငွေ့ထုတ်လွှင့်မှု emission နဲ့ ပက်သက်ပြီး၊ လျှော့ချဖို့ IMO မှ regulations တွေထုတ်ပြန်ကာ ထိန်းချုပ်ကန့်သတ် ထားပေမယ့်၊ လောလောဆယ်မှာတော့ Carbon နဲ့ ပက်သက်ပြီး၊ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ combustion မှတဆင့်ထွက်လာမယ့်၊ ကာဘွန် ဒိုင်အောက်ဆိုဒ် နဲ့ ကာဘွန်မိုနောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှင့်မှု emission ကို၊ turbo charger က ပေးပို့တဲ့၊ combustion air ရဲ့ အပူချိန် temperature ကို၊ controlled လုပ်ခြင်းဖြင့်လျှော့ချနိုင်ပါတယ်။ HFO မှာ Nickel နဲ့ Vanadium တို့ပါဝင်မှုကိုလည်း၊ additives တွေကို ထည့်သွင်းရောစပ်ပြီး၊ ဖယ်ရှားစေနိုင်တာ ကိုတွေ့ရပါတယ်။

Vanadium ပါဝင်မှု ဆိုတာကတော့ မူလကတည်းက Crude Oil ရေနံစိမ်းထဲမှာ Soluble Form အဖြစ်ပျော်ဝင်ပါရှိနေတဲ့ သတ္တုဓါတ် Metal ဖြစ်ပြီး၊ ရေနံစိမ်းကနေ HFO Heavy Fuel Oil မီးထိုးဆီ၊ အဖြစ် အဆင့်ဆင့်ချက်လုပ်ရာမှာ၊ အနည်းနဲ့ အများတော့ ကျန်ရှိပျော်ဝင်နေပါသေးတယ်။ Vanadium လိုပဲ Sulphur ဆာလ်ဖာဟာ မူလကတည်းက Crude Oil ရေနံစိမ်းထဲမှာ Soluble Form အဖြစ် လည်းပျော်ဝင် ပါရှိနေပါသေးတယ်။ Vanadium ပါဝင်မှုများတဲ့ HFO Heavy Fuel Oil ဆိုတဲ့ Marine Fuel Oil C တွေကို သုံးတဲ့အခါ၊ Vanadium ကိုကုန်စင်အောင် မလောင်ကျွမ်းနိုင်တာမို့ Exhaust Valve တွေ၊ Valve Seat တွေ၊ Valve Spindle တွေမှာ Slug Deposits ဆိုတဲ့ ဆီချိုးတွေကပ်ခြင်း၊ Economizer မှာလည်း Slug Deposits တွေကပ်ကာ ပိတ်ဆို့စေခြင်း နဲ့ 550 Degree C အထက်မှာဖြစ်ပေါါတဲ့၊ High Temperature Corrosion တွေဖြစ်တတ်ပါတယ်။

အဲဒါတွေကိုကာကွယ်ဖို့ Chemical Additives တွေကို၊ ဆီထဲ ထပ်ရော တာတွေကို လုပ်တဲ့အပြင်၊ Design ပိုင်းအရလည်း Ceramic Coating Water-cooled Exhaust Valve တွေကိုပြောင်းလဲတတ်ဆင် အသုံးပြု လာကြပါတယ်။ မက္ကဆီကိုတို့ ဗင်နီဇွဲလားတို့က ထွက်တဲ့ ရေနံစိမ်းတွေက၊ အခြားဒေသက ထွက်တဲ့ ရေနံစိမ်းတွေနဲ့ စာရင် ဗနေဒီယံဓါတ် ပိုများပါတယ်။Vanadium က နောက်မှ ဒုက္ခပေးမယ့် ကိစ္စမို့ ပေါ့ပေါ့တန်တန်နေကြပြီး၊ မီးခိုးမဲတွေထွက်မယ့် Sulphur ဆာလ်ဖာပါဝင်မှုကိစ္စကိုသာ မဲ နေကြ ပါတယ်။

Post credit to : ဦးရီးထွန်း http://myanmarengineer.org/
Image Credit to : Wille Scott

Thursday, 16 June 2011

ရေဒီယိုဓါတ်ရောင်ခြည် - Radiation

ရေဒီယိုဓါတ်ရောင်ခြည်ဆိုတာ ionizition လို့ခေါါတဲ့၊ atom ကနေ positive ion နဲ့ electron တို့ ကွဲထွက် ခြင်းက တဆင့် ဖြစ်ပေါါလာတဲ့၊ စွမ်းအင်ကြီးမားတဲ့ လျပ်စစ် သံလိုက်လှိုင်းတွေနဲ့ ဒြပ်တွေကိုခေါါတာ လို့ ကြားဖူးပါတယ်။ တနည်းအားဖြင့် ionizition radiation လို့ခေါါဆိုနိုင်ပါတယ်။ ရေဒီယိုဓါတ်ရောင်ခြည် ထုတ်လွှတ်နိုင်စွမ်းရှိတာကို ရေဒီယိုဓါတ်သတ္တိကြွမှုလို့ ခေါါ ပြီး၊ ရေဒီယို ဓါတ်ရောင်ခြည် ထုတ်လွှတ် နိုင်တဲ့ ပစ္စည်းကိုတော့ ရေဒီယိုသတ္တိကြွဒြပ်လို့ ခေါါပါသတဲ့။

ရေဒီယိုဓါတ်ရောင်ခြည်တွေကကတော့ alpha (α) ဓါတ်ရောင်ခြည်၊ beta (β) ဓါတ်ရောင်ခြည်၊ gamma (γ) ဓါတ်ရောင်ခြည်၊ X ray ဓါတ်ရောင်ခြည် နဲ့ neutron ဓါတ်ရောင်ခြည် အစရှိတဲ့ ဓါတ်ရောင်ခြည်တွေဖြစ်ကြ ပါသတဲ့။
alpha ဓါတ်ရောင်ခြည်ဆိုတာကတော့ proton (၂) ခု၊ neutron (၂) ခုတို့နဲ့ ဖွဲ့စည်းထားတဲ့ အမှုန်လေးတွေ နဲ့ ဓါတ်ရောင်ခြည် ဖြစ်ပြီး၊ beta ဓါတ်ရောင်ခြည်ကတော့ အရှိန် အရမ်းမြန်တဲ့ electron အမှုန်လေးတွေ ဖြစ်တယ်လို့ဆိုကြပါတယ်။ gamma ဓါတ်ရောင်ခြည်ဟာ၊ လျပ်စစ်သံလိုက်လှိုင်းတမျိုးဖြစ်ပြီး၊ X ray ဓါတ်ရောင်ခြည်ဟာလည်း လျပ်စစ်သံလိုက်လှိုင်း တမျိုးဖြစ် ပါသတဲ့။

အရှိန်အရမ်းမြန်တဲ့ electron တွေ၊ သတ္တုပစ္စည်းနဲ့တိုက်မိပြီး၊ ဖြစ်ပေါါလာတဲ့ X ray ဓါတ်ရောင်ခြည်ရဲ့ ထူးခြား ချက်ကြောင့်၊ ဆေးဝါးကုသရေး နဲ့ စစ်ဆေးရေးကိစ္စတွေမှာ၊ အသုံးပြုကြပါသတဲ့။

neutron ဓါတ်ရောင်ခြည်ကတော့ uranium နဲ့ plutonium စတဲ့ဒြပ်တွေထဲက nucleus ပြိုကွဲမှုကြောင့် ဖြစ်ပေါါလာပြီး၊ အရာ ဝထ္တုအမျိုးမျိုးကို ဖောက်ထွင်းသွားလာနိုင် တယ်လို့ ကြားဖူးပါ တယ်။ ရေဒီယို ဓါတ်ရောင်ခြည်နဲ့ထိတွေ့တာကို ဓါတ်ရောင်ခြည် သင့်တယ်လို့ခေါါကြပါသတဲ့။ alpha ဓါတ်ရောင်ခြည်နဲ့ beta ဓါတ်ရောင်ခြည်တို့၊ ရောက်ရှိ နိုင်တဲ့ အကွာအဝေးကလည်း တိုတောင်း တဲ့အပြင်၊ တားဆီးလို့ပါရနိုင်တာမို့ ခန္တာကိုယ်ထဲရောက်သွားတဲ့အခါမျိုး တနည်းအာားဖြင့် ကိုယ်ခန္တာတွင်း ဓါတ်ရောင်ခြည်သင့်မှု ဖြစ်ပေါါမှ သာ လူကို၊ ဒုက္ခပေးတယ်လို့ကြားဖူးပါတယ်။

gamma ဓါတ်ရောင်ခြည်ကတော့ မျက်စိနဲ့မြင်နိုင်တဲ့၊ ဓါတ်ရောင်ခြည်ဖြစ်ပြီး၊ X ray ဓါတ်ရောင်ခြည်ထက် လှိုင်းအလျှားတိုကာ၊ စွမ်းအင်မြင့််မားတဲ့ လျပ်စစ် သံလိုက်လှိုင်း တမျိုးပဲဖြစ်ပါတယ်။ ကိုယ်ခန္တာပြင်ပ ဓါတ်ရောင်ခြည် သင့်မှု အများစုဟာ gamma ဓါတ်ရောင်ခြည်သင့်မှုကြောင့်လို့ဆိုကြပါတယ်။ neutron ဓါတ်ရောင်ခြည် ထုတ်လွှင့်မှုကတော့ အနုမြူပေါက်ကွဲမှုတွေနဲ့ neuclear ဓါတ်ပေါင်းဖိုမှ၊ ထူးခြားတဲ့ အခြအနေ နဲ့ ပါတ်ဝန်းကျင်မှာသာဖြစ်ပေါါတတ်ပါသတဲ့။

ရေဒီယိုဓါတ်ရောင်ခြည်တိုင်းတဲ့အခါ Sv sievert နဲ့ Gy gray ဆိုတဲ့ ယူနစ်တွေကိုအသုံးပြုပါသတဲ့။ Sv ဆိုတာကတော့ လူရဲ့ ခန္တာကိုယ်နဲ့ ထိတွေ့တဲ့ ရေဒီယိုဓါတ်ရောင်ခြည် ပမာဏကိုတိုင်းတာတဲ့ ယူနစ်ဖြစ်ပြီး၊ Gy ကတော့ ကိုယ်ခန္တာတွင်း အဂ်ါအစိတ် အပိုင်းတွေက၊ စုတ်ယူထားတဲ့ ရေဒီယိုဓါတ်ရောင်ခြည် ပမာဏကို တိုင်းတာတဲ့ ယူနစ်ဖြစ်ပါ တယ်။ ဒါ့အပြင် Bq becquerel ဆိုတဲ့၊ တစက္ကန့်မှာပြိုကွဲတဲ့၊ nucleus အရည် အတွက်ကို တိုင်းတာတဲ့ ယူနစ်ဆိုတာလည်း၊ ရှိပါသေးတယ်။

ရေဒီယိုဓါတ်ရောင်ခြည်နဲ့ ထိတွေ့မှုကတဆင့်၊ အစောပိုင်းမှာ ဆံပင်ကျွတ်တာတွေ၊ သွေးအသစ်ထုတ်လုပ် မှုလျှော့လာ တာတွေနဲ့ ကိုယ်ဝန်မရနိုင်တာတွေက စပြီး၊ နောက် ပိုင်းမှာတော့ သွေးကင်ဆာနဲ့ ဒီပြင့် ကင်ဆာရောဂါတွေ ဖြစ်ပေါါတတ်တယ်လို့ ကြားဖူး ပါတယ်။ ဒါပေမယ့် အဲဒီရောဂါတွေက ရေဒီယို ဓါတ်ရောင်ခြည် ပမာဏ အများကြီး သင့်ပြီးမှ၊ ပေါါပေါက်မှာလို့ ဆိုကြ ပါတယ်။

ဆေးကကုသရာမှာ ပုံမှန်ရင်ဘတ်ပိုင်းကိုတခါ ဓါတ်မှန်ရိုက်ရင် 0.1 mSv, CT scan တခါရိုက်ရင် 10 mSv ကနေ 20 mSv ဓါတ်ရောင်ခြည် ပမာဏသက်ရောက်ပါသတဲ့။

လူကြီးတွေမှာ 100 mSv ထက်နိမ့်တဲ့၊ ရေဒီယိုဓါတ်ရောင်ခြည်ပမာဏသင့်ခဲ့ရင် အန္တာရယ်သိပ်မရှိပေမယ့်၊ ကလေးတွေ မှာတော့ အန္တရယ်ရှိနိုင်ပါတယ်။ 500 mSv အထက် ဆိုရင်တော့ သွေးသစ် မထုတ်နိုင်
တဲ့ ရောဂါ ရနိုင် ပါတယ်။ အမျိုးသားတွေမှာ 150 mSV အထက်၊ အမျိုးသမီးတွေမှာ 650 mSv အထက် ဆိုရင်တော့၊ အခိုက်အတန့် ကိုယ်ဝန် မရ နိုင်တာဖြစ်နိုင်ပါတယ်။ အမျိုးသား 3500 mSv နဲ့ အမျိုးသမီး 2500 mSv ဆိုရင်တော့ ထာဝရကိုယ်ဝန်မရနိုင်တာ ဖြစ်နိုင်ပါသတဲ့။

သွေးကင်ဆာနဲ့ ဒီပြင့် ကင်ဆာရောဂါတွေကတော့ (၅) နှစ်ကနေ (၁၀) နှစ်ကြာမှပေါါပါသတဲ့။ ဒါပေမယ့် 200 mSv အောက် မှာ ဆိုရင်၊ ရောဂါဖြစ်ပေါါမှုမြင့်တက် မလာနိုင် ဘူးလို့လည်း ဆိုကြပါသေးတယ်။

လူတွေဟာ အာာကာသကရောင်ခြည်တွေ၊ မြေ နဲ့ လေထုထဲက radon လို့ခေါါတဲ့   ရေဒီယမ် ပြိုကွဲမှုကနေ ထွက်လာတဲ့ ဓါတ်ငွေ့တွေနဲ့ အစားအစာတွေမှာပါလာတဲ့ သဘာဝရေ ဒီယိုဓါတ်ရောင်ခြည်တွေနဲ့လည်း၊ အမြဲထိတွေ့နေရပေမယ့် ပမာဏကနည်းပါသတဲ့။

အနုမြူပေါက်ကွဲမှုတွေနဲ့ neuclear ဓါတ်ပေါင်းဖိုမှ၊ ထူးခြားတဲ့အခြအနေတွေကြောင့် မြေပေါါကိုကျလာတဲ့ iodine 131 နဲ့ cesium 137 တို့လို ရေဒီယိုဓါတ်သတ္တိကြွ ဒြပ်တွေလည်းရှိပါသေးတယ်။

iodine 131 ရဲ့ ရေဒီယိုဓါတ်သတ္တိကြွမှုဟာ (၈) ရက်လောက်နေရင်၊ တဝက်လောက်ကိုလျှော့ကျ သွားပေ မယ့် cesium 137 ရဲ့ ရေဒီယိုဓါတ်သတ္တိကြွမှုတဝက်လောက်လျှာ့ကျသွားကတော့၊ နှစ်(၃၀) ခန့် ကြာပါ သတဲ့။ မိုးရွာတဲ့အခါမှာ cesium 137 ဟာ၊ မြေကြီးထဲကိုစိမ့်ဝင်သွားတတ်ပါသတဲ့။

ရေဒီယိုဓါတ်သတ္တိကြွမှုရှိနေပြီလို့ သတိပေးရင်၊ ရေစွတ်ပြီးညှစ်ထားတဲ့ မျက်နှာသုတ်ပဝါ၊ ဒါမှမဟုတ် လက်ကိုင် ပဝါနဲ့ ပါးစပ်တို့ နှာခေါင်းတို့ကိုအုပ်ပြီး၊ ကိုယ်နေထိုင် တဲ့နေရာကနေရှောင်တိမ်း ရမှာဖြစ်ပါသတဲ့။ ဒါ့အပြင် ဦးထုတ်ဆောင်းတာလို တတ်နိုင်သမျှ အရေပြားမပေါါအောင်စီမံရမယ်လို့ဆိုပါတယ်။ အိမ်ထဲမှာ ဆိုရင်တော့ ပြတွင်းပေါက်တွေ၊ တံခါးပေါက်တွေအလုံပိတ်ကာ ပြင်ပလေ ဝင်မလာအောင်ဆောင်ရွက် ရမှာဖြစ်ပါတယ်။

ရေဒီယိုဓါတ်သတ္တိကြွဓါတ် iodine တွေ ကိုယ်ထဲဝင်သွားရင်၊ potassium iodide ပိုတက်စီယမ် အိုင်အိုဒိုက် လိုဆေးတွေ သာက်ပြီး၊ thyroid gland သိုင်းရွိုက်ဂလင်းမှာ ကပ်နေမယ့် ရေဒီယိုဓါတ်သတ္တိကြွဓါတ် ကို၊ လျှော့ချရပါတယ်။ ဒါပေမယ့် potassium iodide နဲ့  မတည့်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိသလို၊ ခန္ဓာ ကိုယ်တွင်း ဓါတ်ရောင်ခြည် သင့်မှု တခုတည်းကိုသာ အနည်းငယ်တားဆီးနိုင်ပါသတဲ့။

ပိုတက်စီယမ်အိုင်အိုဒိုက်ဆိုတာက အိုင်အိုဒင်းဆားပါပဲ။ အိုင်အိုဒင်းဆားဆိုလို့ အိုင်အိုဒင်းပါတဲ့ ပါးလုပ် ကျင်းဆေး သွားသောက်ရင်လည်း အကျိုးမရှိပဲ၊ အန္တရာယ် သေခြာပေါက်ဖြစ်မှာလို့ဆိုပါတယ်။ တကယ်တော့ ရေဒီယိုဓါတ်ရောင်ခြည်သင့်မှုကို တားဆီး ကာကွယ်တဲ့ ဆေး ဆိုတာမရှိသေးပါဘူးတဲ့။

Reference : Hideki Wainai, Chief Medical Officer, Toshihiko Ezaki, Senior Medical Officer, Human Resources Devision, General Affairs Department, NHK, Japan.

Wednesday, 15 June 2011

Incinerator လို့ခေါါတဲ့ မီးရှို့စက်

မြန်မာအင်ဂျင်နီယာဖိုရမ် http://myanmarengineer.org/ မှ၊ ကူးယူဖော်ပြပါတယ်။

ပင်လယ်ပြင်ညစ်ညမ်းမှုလို့ခေါါတဲ့ Pollution at Sea ဟာ သဘာဝပါတ်ဝန်းကျင်ညစ်ညမ်းမှုရဲ့ အစိတ် အပိုင်းတခုဖြစ်ပြီး၊ အခုအခါအလေးအနက်ပြောဆိုဆွေးနွေးလာတဲ့ အကြောင်းအရာတစ်ခုလဲဖြစ်ပါတယ်။
sewage၊ food waste စတဲ့ waste အမျိုးမျိုး၊ ဆီအညစ်အကျေး sludge၊ နဲ့ အမှိုက်သရိုက်တွေ အပါ အဝင်၊ ဘေးထွက်ပစ္စည်းတွေနဲ့ စွန့်ပြစ်ပစ္စည်းတွေကို သဘော်မောင်းနှင်ခုတ်မောင်းစဉ်မှာ ပင်လယ်ပြင် အတွင်းသို့၊ စွန့်ပြစ်ခြင်းကြောင့် ပင်လယ်ပြင်ညစ်ညမ်းမှုကိုဖြစ်စေနိုင်ပါတယ်။

ဘေးထွက်ပစ္စည်းတွေနဲ့ စွန့်ပြစ်ပစ္စည်းတွေကို အမျိုးအစားခွဲခြားပြီး၊ သဘော်ပေါါမှာတင်သိမ်းဆည်းကာ Next Call Port လို့ခေါါတဲ့၊ နောက်ထပ်ဆိုက်ကပ်မယ့် ဆိပ်ကမ်းရောက်မှ၊ ကမ်းခြေရှိအဖွဲ့အစည်းများသို့ လွဲပြောင်းပေးခြင်းဖြင့်၊ စွန့်ပစ်ခြင်းကိုဆောင်ရွက်နိုင်ပေမယ့်၊ သဘော်ဟာ ပင်လယ်ထဲမှာ ရက် အတော်ကြာ သွားလာခုတ်မောင်းနေရပြီး၊ နောက်ထပ်ဆိုက်ကပ်မယ့် ဆိပ်ကမ်းဟာ ခရီးဝေးလွန်းတဲ့အခါ၊ သိမ်းဆည်းထားရခြင်းဟာ မီးဘေးအန္တရာယ်၊ အနံ့အသက်ဆိုး၊ ပါတ်ဝန်းကျင်သန့်ရှင်းရေး၊ အဆိတ် အတောက်ဖြစ်မှု စတဲ့ အချက်အလက်များအပြင်၊ LO purifier, FO purifier နဲ့ DO purifier စတဲ့ ဆီသန့်စင်စက်တွေက သန့်စင်ရင်းစွန့်ထုတ်ပစ်တဲ့ sludge တွေကို သိုလှောင်သိမ်းဆည်းတဲ့ tank တွေရဲ့ capacity စတဲ့ အခက်အခဲတွေရှိလာမှာဖြစ်ပါတယ်။

အဲဒီအခါ ဘေးထွက်ပစ္စည်းတွေနဲ့ စွန့်ပြစ်ပစ္စည်းတွေကို အခြားနည်းလမ်းတခုအနေနဲ့၊ သဘော်ပေါါမှာတင် မီးရှို့ဖျက်ဆီးပြစ်ဖို့အတွက် incinerator လို့ခေါါတဲ့ မီးရှို့စက်ကို တတ်ဆင်အသုံးပြုကြရပါတော့တယ်။

                                              Fig. Incinerator                                             

တတ်ဆင်အသုံးပြုတဲ့ Incinerator တွေဟာ၊ IMO ကပြဌာန်းထားသော၊ MARPOL 73/78 – ANNEX VI, Standards/Certification Related to Shipboard Incineration of Waste ဆိုတဲ့ Regulation နဲ့ ကိုက်ညီရမှာဖြစ်ပြီး၊ Under Article 6 of the 1997 Protocol အရ၊ Regulation 16(4) အနေနဲ့ သဘော်ပေါါမှာ incinerator ကိုအသုံးပြုပြီး မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ရတဲ့ ဘေးထွက်ပစ္စည်းတွေ နဲ့ စွန့်ပြစ်ပစ္စည်းတွေကိုသတ်မှတ်ထားပါတယ်။

ကုန်သွယ်ရေကြောင်းလောကအတွက်၊ မူလပြဌာန်းထားတဲ့ Regulations ဆိုတဲ့ နည်းဥပဒေတွေမှာ၊ Annex ဆိုတဲ့ဖြည့်စွက်ချက်တွေထပ်မံပေါင်းစပ်ရင်း၊ အမှန်တကယ်လိုက်နာခြင်းရှိမရှိကို၊ ပုံမှန်စစ်ဆေး ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း အစရှိတာတွေနဲ့၊ ပိုမိုတင်းကျပ်စွာဆောင်ရွက်လာတာကိုလည်း သတိထားမိ ပါတယ်။

မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ရတဲ့ ဘေးထွက်ပစ္စည်းတွေ နဲ့ စွန့်ပြစ်ပစ္စည်းတွေကတော့ ၁။ MARPOL 73/78 Annex I, II and III မှာပြဌာန်းထားတဲ့ cargo residues including related contaminated packaging များ
၂။ Poly-chlorinated Biphenyls (PCB’s) ဆိုတဲ့ organic ပလတ်စတစ်ပစ္စည်းများ
၃။ MARPOL 73/78 Annex V, အရပြဌာန်းထားတဲ့ containing more than traces of heavy metals ဆိုတဲ့ garbage အမှိုက်သရိုက်များနဲ့
၎။ halogen compounds တွေပါဝင်တဲ့ refined petroleum products များဖြစ်ပါတယ်။

Construction
incinerator တွေရဲ့ကိုယ်ထည်မှာ waste တွေကိုထည့်သွင်းဖို့၊ vertical cylindrical chamber ပါပြီး၊ chamber ရဲ့အပေါါဖက်မှာတော့ funnel shape ပုံစံတည်ဆောက်ထားတဲ့၊ chimney လို့ခေါါတဲ့၊ မီးခိုးခေါင်းတိုင်ပါဝင်ပါတယ်။

အဆောက်အဦတွေမှာ chimney ဆိုတဲ့မီးခိုးခေါင်းတိုင်တတ်ဆင်အသုံးပြုခြင်းကို၊ ဥရောပမြောက်ပိုင်းဒေ သတွေမှာ ၁၂ ရာစု လောက်ကတည်းက စတင်အသုံးပြုခဲ့တာဖြစ်ပြီး၊ သမိုင်းအထောက်အထားအရ အေဒီ ၁၁၈၅ ခုနှစ်မှာအသုံးပြုခဲ့တဲ့ chimney ကို အဂ်လန်ကျွန်း Yorkshire ယောက်ခ့်ရှိုင်းရားနယ်က Conisborough ဆိုတဲ့မြို့လေးမှာ တွေ့နိုင်ပါသေးတယ်။ Renascence ပြန်လည် ဆန်းသစ် ခြင်းခေါတ် အလွန်မှာ၊ James Watt ရဲ့ ရေနွေးငွေ့ အင်ဂျင်ကစလို့စက်မှုတော်လှန်ရေးပေါါပေါက်လာပြီး၊ ၁၈ ရာစုနှောင်းပိုင်းမှ စတင်ကာ၊ စက်ရုံ အလုပ်ရုံတွေမှာ industrial chimney တွေကို တတ်ဆင်အသုံးပြု လာကြပါတယ်။

မီးလောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါါလာတဲ့ flue gas တွေကို၊ အပြင်ဘက် လေထုအတွင်းသို့၊ စွန့်ထုတ် တဲ့အခါ၊ gas flow ကောင်းစေဖို့ vertical ဆိုတဲ့ ထောင်လျှက်ပုံစံ သို့မဟုတ် near as possible to vertical အနီးစပ်ဆုံး ထောင်လျှက်ပုံစံရရှိအောင်တည် ဆောက်ရပါတယ်။

cylindrical chamber ဟာ oil fired boiler မှ furnace တွေလို၊ refractory materials တွေကို အသုံးပြု ကာ တည်ဆောက်ထားတာဖြစ်ပြီး၊ မီးလောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါါလာမယ့် temperature ဟာ oil fired boiler တွေရဲ့ furnace မှာမီးထိုးတဲ့အခါ၊ ဖြစ်ပေါါလာမယ့် temperature ထက်ပိုများ ပါတယ်။

oil fired steam boiler တွေမှာ မီးထိုးတဲ့အခါ၊ steam pressure ပေါါမူတည်လို့၊ control လုပ်ခြင်း နဲ့ thermal oil heater တွေမှာ thermal oil temperature ကို control လုပ်ခြင်းများကဲ့သို့၊ incinerator မှာတော့ furnace ရဲ့ thermostat ကိုအသုံးပြုကာ control လုပ်ပါတယ်။ oil fired boiler တွေကဲ့သို့ FD forced draft fan ကိုလည်း တတ်ဆင်ထားပါတယ်။

FD fan တတ်ဆင်ထားပြီး၊ rotating shaft ကိုအသုံးပြုကာ blade တွေကိုလှည့်ပတ်ပေးခြင်း ဖြင့်၊ မီးလောင်ကျွမ်းမှုကို ပိုမိုလျှင်မြန်စေပြီး၊ incomplete combustion ဆိုတဲ့ waste တွေတဝက် တပျက်လောင်ကျွမ်း ခြင်းကိုလည်း တားဆီးပေးပါတယ်။

မီးလောင်ကျွမ်းရာမှ ရရှိလာတဲ့ ပြာ ssh တွေဟာ chamber ရဲ့အောက်ခြေက hopper ထဲကို ကျဆင်း သွားပြီး၊ လောင်ကျွမ်းမှုပြီးဆုံးတဲ့အခါ၊ hopper တံခါးကိုဖွင့်ကာထုတ်ယူနိုင်ပါတယ်။ solid waste တွေကို ထည့်တဲ့ တံခါးကိုတော့ pneumatically or electrically limit switch တတ်ဆင်ထားပြီး၊ တံခါးဖွင့် လိုက်တာနဲ့ FD fan နဲ့ burner ကိုအလိုအလျှောက်ရပ်တန့်သွားစေဖို့စီမံထားပါတယ်။

ဒါပေမယ့် ပြာတွေ အကုန်လုံး ကို၊ collect လုပ်နိုင်တာတော့မဟုတ်ပါဘူး။ ပြာ တချို့တလေဟာ forced air နဲ့အတူ၊ chimney ထဲကို smoke မီးခိုးတွေနဲ့ အတူ ရောနှောပါဝင်သွားပါတယ်။ ရောနှော ပါဝင်သွားတဲ့ ash တွေကို၊ char eliminator ကိုအသုံးပြုပြီး filtering စစ်ယူပါတယ်။ အတွင်းဘက်က burning process ကိုကြည့်နိုင်အောင် sight glass တစ်ခုကိုလည်း၊ တတ်ဆင်ထားပါတယ်။

Working and Disposing
solid waste တွေကို chamber ထဲကို၊ တံခါးကတဆင့်တိုက်ရိုက်ထည့်ပြီး၊ combustion ကောင်းစေဖို့ အလွှာလိုက်ဖွကာထည့်ရပါတယ်။ engine room မှာ ဆီသုတ်တဲ့ ဂျွတ်စလို့ခေါါတဲ့ အဝတ်စုတ် rags တွေ တနည်းအားဖြင့် oily rags တွေကိုလည်း၊ solid Waste အဖြစ်သတ်မှတ်ပါတယ်။

sludge တွေနဲ့ waste oil တွေကိုတော့၊ သီးသန့်အပူပေးပြီးမှသာ combustion chamber ထဲကိုပေး
ပို့ပြီးလောင်ကျွမ်းစေပါတယ်။ purifier တွေက Sludge တွေအပါအဝင်၊ အကြောင်းအမျိုးမျိုးကြောင့်၊ ဖြစ်ပေါါလာတဲ့ waste oil တွေကို၊ sludge tank ဒါမှမဟုတ် waste oil tank သို့ပေးပို့ပြီး၊ စုဆောင်း ထားပါတယ်။ sludge နဲ့ waste oil တွေထဲမှာရေတွေလဲ ရောနှောပါဝင်နေတတ်ပြီး၊ အပူပေးတဲ့အခါ၊ condensate ဖြစ်လို့ ရေတွေထွက်လာလေ့ရှိပါတယ်။

waste oil tank ထဲကရေတွေကို ပုံမှန် ဖောက်ချခြင်း drain လုပ်ပေးရပြီး၊ အဲဒီရေတွေကို bilge holding tank ထဲမှာစုဆောင်းထားရပါတယ်။ bilge holding tank ထဲက ရေတွေဟာ oily water တွေဖြစ်တာမို့ oily water separator နဲ့ စစ်ထုတ်ကာ ဆီပါဝင်မှု 15 ppm (pulse per million) ထက်လျှော့နည်းမှသာ ပင်လယ်ပြင်ထဲကို စွန့်ပြစ်ရပါတယ်။

sludge နဲ့ waste oil တနည်းအားဖြင့် oily waste တွေကို သတ်မှတ်ထားတဲ့ temperature ရောက်သည် အထိ အပူပေးကာ၊ solid waste တွေလောင်ကျွမ်းနေစဉ်၊ chamber ထဲသို့ပေးပို့ကာ လောင်ကျွမ်းစေ ပါတယ်။ incinerator မှာ၊ oil fired boiler တွေလို မီးစတင်လောင်ကျွမ်းစေဖို့၊ burner မှတဆင့် မီးမွှေးပေးတဲ့ ignition system နဲ့ fuel supply system တို့ပါဝင်ပေမယ့်၊ solid waste တွေ မီး စတင်လောင် ကျွမ်းတာနဲ့ burner ဟာ သတ်မှတ်ထားတဲ့ မီးမထိုးပေးတော့ပဲ၊ သူ့ဘာသာ ဆက်လက်လောင်ကျွမ်းစေပါတယ်။

steam boiler တွေမှာ safety valve တတ်ဆင်ထားသလို၊ incinerator မှာတော့ flue gas high temperature sensor တတ်ဆင်ထားကာ၊ temperature setting ကိုရောက်တာနဲ့ force draft fan ကို ရပ်ပစ်ခြင်းဖြင့် combustion ကိုရပ်ကာ၊ incinerator over heating ဖြစ်ခြင်းမှ ကာကွယ်ထား တဲ့ အကြောင်းနဲ့၊ flue gas high temperature setting ကိုယေဘုယျအားဖြင့် ၃၅၀ ဒီဂရီ စင်တီဂရိတ် ကနေ ၃၈၀ ဒီဂရီ စင်တီဂရိတ် ခန့်ထားရှိကြောင်း မှတ်သား မိသလောက်ရေးခဲ့ပါတယ်ခင်ဗျား။

ပုံကို Google ကနေရှာဖွေကူးယူပါတယ်။
Post credit to : ဦးရီးထွန်း http://myanmarengineer.org/

Tuesday, 14 June 2011

AVR ဆိုတဲ့ Automatic Voltage Regulator

generator စတင်လည်ပတ်တာနဲ့ rated RPM ရဲ့ ၈၀ ~ ၈၅ % လောက်မှာ residual magnetism ကြောင့်ထွက်လာတဲ့ output voltage တန်ဘိုးတခုကို AVR ကတဆင့် သတ်မှတ်ထားတဲ့ ratio အချိုးအဆအတိုင်း ပြင်ဆင်ပေးကာ exciter stator သို့ ပေးပို့ပါတယ်။ အဲဒီအခါ exciter stator ကနေ flux တွေထွက်လာပြီး၊ ထွက်လာတဲ့ flux တွေကို လည်ပတ် နေတဲ့ exciter rotor Coil က လက်ခံရရှိပြီး၊ excitation voltage အဖြစ် rotating rectifier diodes တွေဆီကို ပို့ပြီး DC excitation အဖြစ်ပြောင်းလဲ ပြီးမှ၊ main rotor သို့ ပေးပို့ပါတယ်။




Fig. negative feedback control loop system

AVR ဆိုတဲ့ Automatic Voltage Regulator ဆိုတာကတော့ constant voltage level ဆိုတဲ့ volt အားတန်ဘိုးတခုမှာ၊ ရှိနေစေဖို့ အလိုအလျှောက်ထိမ်းကျောင်းပေးတဲ့ အရာပဲဖြစ်ပါတယ်။ တနည်း အားဖြင့် negative feedback control loop system ကိုအသုံးပြုကာ၊ voltage တန်ဘိုးတခုကို၊ ထိမ်းကျောင်းပေးပါသတဲ့။ AVR ဟာ generator စတင်လည်ပတ်ချိန်မှာ၊ နဂိုကတည်းက ရှိနေပြီးသား residual magnetism ကြောင့်ထွက်ပေါါလာတဲ့ out put voltage ကိုရယူပြီး၊ သတ်မှတ် ထားတဲ့ ratio အတိုင်း၊ regulated လုပ်ကာ excitation voltage အဖြစ်၊ generator ကိုစတင် ပေးသွင်းပါတယ်။

brush type generator တွေမှာ carbon brushes တွေကိုအသုံးပြုပြီး၊ slip rings တွေကတဆင့် rotor ကိုပေးသွင်းသလို၊ brush-less type generator တွေမှာတော့ exciter stator ကိုပေးသွင်းပါတယ်။



Fig.
solid state AVR


ဒီလိုနဲ့ generator ဟာ rated RPM ကိုရောက်သွားပြီး၊ rated output voltage ထွက်လာတဲ့အခါ၊ out put voltage ကို ရယူကာ၊ သတ်မှတ် ထားတဲ့ ratio အချိုးအဆအတိုင်း၊ excitation voltage ကိုပေးသွင်းနေ ပါတယ်။ တဖန် generator ကို load တင်ကာအသုံးပြုနေစဉ် ကာလတလျှောက်လုံးမှာလည်း၊ AVR ဟာ excitation voltage ကိုပေးသွင်းနေရင်း အကြောင်းတစုံတခုကြောင့် load increasing တနည်းအားဖြင့် load ဆွဲလိုက်လို့၊ generator ရဲ့ output volatge ရုတ်တရက်ကျသွားတဲ့အခါ၊ excitation voltage ကို သတ်မှတ် ထားတဲ့ ratio အချိုးအဆအတိုင်း၊ ပိုမိုပေးသွင်းခြင်းဖြင့်၊ constant voltage level ဆိုတဲ့ ဗို့အား တန်ဘိုးတခုမှာ တည်ရှိနေစေအောင်၊ အလိုအလျှောက်ထိမ်းကျောင်းပေးပါတယ်။

အလားတူ generator ရဲ့ output volatge ရုတ်တရက်မြင့်တက်လာရင်လည်း AVR ဟာ excitation voltage ကို သတ်မှတ် ထားတဲ့ ratio အချိုးအဆ အတိုင်း၊ လျှော့ချကာ ပေးသွင်းခြင်းဖြင့်၊ constant voltage level ဆိုတဲ့ ဗို့အား တန်ဘိုးတခုမှာ တည်ရှိနေအောင်၊ အလိုအလျှောက်ထိမ်းကျောင်းပေးပါတယ်။

တကယ်တော့ load တင်ထားတဲ့ generator ရဲ့ output voltage အနိမ့်အမြင့် ဟာ၊ သိသိ သာသာ  ပြောင်းလဲတာမဟုတ်ပဲ၊ load current က သာ သိသိသာသာ ပြောင်းလဲတာပါ။ ဒါပေမယ့် ဝေါဟာရ အသုံး အနှုံးအရ မြင်လွယ်အောင် output voltage ရယ်လို့သာ သုံးနှုံးလိုက်ပါတယ်။



AVR ဟာ generator ရဲ့ output က ရရှိလာတဲ့ voltage ကို sensing voltage တခုအဖြစ်လက်ခံကာ၊ internal reference voltage တန်ဘိုးတခုနဲ့ compared နှိုင်းယှဉ်ပြီး၊ သတ်မှတ် ထားတဲ့ ratio အချိုးအဆ အတိုင်း regulated လုပ်ကာ AVR ရဲ့ output voltage အနေနဲ့ generator သို့ပြန်ပေးပါတယ်။

initial voltage နဲ့ reference voltage တို့ရဲ့ ကွာခြားချက်တွေကို၊ negative feedback control loop system ကို အသုံးပြုကာ regulated လုပ်တဲ့အခါ၊ open loop gain အနေနဲ့ regulating accuracy က၊ ကောင်းပေမယ့် stability ကတော့ သိပ်မကောင်းပါဘူး။


Stability ဆိုတာကတော့ AVR ကနေ Excitation Voltage အနေနဲ့ Generator ကိုပေးသွင်းမယ့် ညှို့ Volatge မှာပါဝင်နေတတ်တဲ့ Oscillation တို့ Ringing တို့ပါဝင်မှုအနည်းအများကို ဆိုလိုတာဖြစ်ပြီး၊ Stability ကို လိုအပ်သလို ချိန်ညှိလို့ ရစေဖို့ AVR တွေမှာ စီစဉ်ထားပါသတဲ့။ Stability အကြောင်းပြော တဲ့အခါ Droop ဆိုတဲ့ Offest အကြောင်းကိုပြောဖို့ လိုအပ်လာပါတယ်။

Droop ဆိုတာကို လွယ်လွယ်ပြောရရင် desired value လိုချင်တာနဲ့ actual value ရ လာတာ ကြားက ကွာခြားမှုကို ချိန်ညှိပေးခြင်းရယ်လို့ သဘောပေါက်မိပါတယ်။ generator ဟာ အကြောင်းတစုံတခုကြောင့် load increasing သို့မဟုတ် load တက်သွားတဲ့အခါ၊ ဒါမှမဟုတ် load decreasing ဆိုတဲ့ load ကျသွား တဲ့အခါ AVR ဟာ အချိန်အတိုင်းအတာ တခု အတွင်းမှာ open loop gain အနေနဲ့ regulated လုပ်ပြီး၊ excitation voltage ကို ပိုထုတ်ကာ generator ကို constant voltage level တခုသို့ ပြန်လည် ရောက်ရှိ လာအောင် ထိမ်းကျောင်း ပေးရပါတယ်။ အဲဒီလို ထိမ်းကျောင်းပေးဖို့ အတိုင်းအတာ တခုကို droop ရယ် လို့ ခေါါကြပြီး၊ လိုအပ်သလို ချိန်ညှိလို့ ရစေဖို့ AVR တွေမှာ စီစဉ်ထားတာကို သိခဲ့ရပါတယ်။

ပုံတွေကို google ကနေရှာဖွေကူးယူပါတယ်။

Thursday, 9 June 2011

Brush type နဲ့ brush-less type generator

မြန်မာအင်ဂျင်နီယာဖိုရမ် မှာ http://myanmarengineer.org/ ရေးသားခဲ့ဖူးတဲ့ generator တွေ အကြောင်း ကို၊ တည်းဖြတ်ကာ၊ ပြန်လည်ဖော်ပြလိုက်ပါတယ်။

သဘော်တွေမှာတတ်ဆင်အသုံးပြုတဲ့ generator သို့မဟုတ် alternator လို့ခေါါတဲ့၊ မီးစက်တွေကို brush type နဲ့ brush-less type ဆိုပြီး (၂) မျိုးတွေ့နိုင်ပါတယ်။

Brush Type Generator

Generator စတင်လည်တာနဲ့ RPM တခုမှာ AC volatge စထွက်လာပါတယ်။ အဲဒီ AC volatge ကို rectifier diodes ဒိုင်အုတ်တွေနဲ့ DC voltage အဖြစ်ပြောင်းလဲပြီး၊ ရရှိလာတဲ့ DC voltage ကို excitation voltage "ညှို့voltage" အနေနဲ့ rotor ကို feed ပြန်ကျွေးပါတယ်။ လည်ပတ်နေတဲ့ rotor ကို feed ပြန်ကျွေးတဲ့အခါ၊ magnetic flux တွေ ပိုထွက်လာပြီး၊ အဲဒီ ပိုထွက်တဲ့ magnetic flux တွေကို၊ stator winding ကရယူ ကာ rated output voltage အဖြစ်ထုတ်ပေးပါတယ်။

excitation voltage ကို၊ rotor ကိုပေးသွင်းတဲ့အခါ၊ rotor shaft ကလည်ပတ်နေတာမို့၊ ဝိုင်ယာကြိုးတွေနဲ့ ဆက်သွယ်ပေးပို့လို့ မဖြစ်ပါဘူး။ အဲဒီအခါ carbon brushes တွေ ထံကို၊ ပေးပို့ပြီး လည်ပတ်နေတဲ့ rotor shaft ပေါါမှာ sleeve fitting စွတ်ကာ ထိုင်ထားတဲ့၊ slip rings ဆိုတဲ့ကြေးကွင်းတွေက တဆင့် လက်ခံ ရရှိအောင် စီမံထားပါတယ်။

လည်ပတ်နေတဲ့ slip rings တွေရဲ့ မျက်နှာပြင်နဲ့ carbon brushes တွေရဲ့မျက်နှာပြင်က ထိတွေ့နေတာ မို့ excitation voltage ဟာ၊ slip rings တွေကတဆင့် rotor ကိုရောက်ရှိသွားပါတော့တယ်။ rotor မှ တဆင့် stator မှာ magnetic flux တွေပိုမိုရရှိလာပြီး၊ rated output voltage ကိုရရှိလာပါတယ်။

ဟိုးအရင်ကတော့ အဲဒီ excitation voltage ကိုပြင်ပကနေ DC supply အနေနဲ့ ပေးသွင်းကြသလို၊ excitation voltage အနည်းအများပေါါမူတည်လို့ output voltage အနည်းအများကို ချိန်ညှိတဲ့ အခါ၊ rheostat တွေနဲ့ချိန်ညှိခဲ့ကြပါသတဲ့။

နောက်ပိုင်းမှာတော့ winding အတွင်းမှာရှိနေတဲ့ residual magnetism ကျွင်းကျန် သံလိုက်အားကို အသုံးပြုလာပြီ၊ အဲဒီ့ residual magnetism ကြောင့် generator စတင်လည်တာနဲ့ စတင်ထွက်ရှိလာတဲ့ AC voltage အနည်းငယ်ကို AVR ဆိုတဲ့ Automatic Voltage Regulator ကိုအသုံးပြုကာ လိုအပ်သလို ထိန်းညှိပြီး DC voltage အဖြစ်ပြောင်းလဲကာ၊ excitation voltage အဖြစ်ပြန်လည်အသုံးချသလို အခေါါ အဝေါါအားဖြင့်လည်း Self Excited AC Generator တွေရယ်လို့၊ ခေါါဆိုကြပါတယ်။

Brush-less Type Generator

ညှို့voltage ဆိုတဲ့ excitation voltage ကို၊ carbon brushes တွေ၊ slip Rings တွေကိုအသုံးမပြုပဲ rotor ကို feed ပြန်ကျွေးတဲ့ AC generator တွေကိုတော့ brush-less generator တွေရယ်လို့ခေါါပါတယ်။ generator စတင်လည်တာနဲ့ ထွက်လာတဲ့ AC voltage တန်ဘိုးတခုကို၊ လိုအပ်သလိုထိန်းညှိပြီး၊ DC voltage အနေနဲ့ exciter field winding သို့ ပေးပို့ပါတယ်။

exciter field winding မှ ထွက်လာတဲ့ magnetic flux တွေကို၊ main rotor နဲ့အတူ၊ shaft တခုတည်း အပေါါမှာ sleeve fitting စွတ်ကာ ထိုင်ထားတဲ့၊ exciter rotor winding ကလက်ခံရယူပြီး AC voltage အဖြစ်ပြောင်းလဲလိုက်ပါတယ်။ ရရှိလာတဲ့ AC excitation voltage ကို၊ rotor shaft တခုတည်းအပေါါမှာ ထိုင်ထားတဲ့၊ rotating rectifier diodes တွေက DC excitation voltage အဖြစ်ပြောင်းလဲကာ၊ ညှို့voltage အနေ နဲ့main rotor ကို feed ပြန်ကျွေးပါတယ်။

ဒီလိုနဲ့ main rotor မှတဆင့် main stator မှာ flux တွေပိုမိုရရှိလာပြီး၊ rated output voltage ကိုရရှိ လာပါတော့တယ်။ brush-less generator တွေကို၊ လေ့လာကြည့်တဲ့အခါ stator အပိုင်းမှာ exciter stator winding နဲ့ main stator field winding ရယ်လို့ winding ၂ မျိုးကိုတွေ့ရမှာ ဖြစ်သလို၊ rotor အပိုင်းမှာလည်း exciter rotor winding နဲ့ main rotor winding ရယ်လို့ winding ၂ မျိုး ကိုတွေ့ရမှာ ဖြစ်ပါတယ်။