Pages

Thursday 16 June 2011

ရေဒီယိုဓါတ်ရောင်ခြည် - Radiation

ရေဒီယိုဓါတ်ရောင်ခြည်ဆိုတာ ionizition လို့ခေါါတဲ့၊ atom ကနေ positive ion နဲ့ electron တို့ ကွဲထွက် ခြင်းက တဆင့် ဖြစ်ပေါါလာတဲ့၊ စွမ်းအင်ကြီးမားတဲ့ လျပ်စစ် သံလိုက်လှိုင်းတွေနဲ့ ဒြပ်တွေကိုခေါါတာ လို့ ကြားဖူးပါတယ်။ တနည်းအားဖြင့် ionizition radiation လို့ခေါါဆိုနိုင်ပါတယ်။ ရေဒီယိုဓါတ်ရောင်ခြည် ထုတ်လွှတ်နိုင်စွမ်းရှိတာကို ရေဒီယိုဓါတ်သတ္တိကြွမှုလို့ ခေါါ ပြီး၊ ရေဒီယို ဓါတ်ရောင်ခြည် ထုတ်လွှတ် နိုင်တဲ့ ပစ္စည်းကိုတော့ ရေဒီယိုသတ္တိကြွဒြပ်လို့ ခေါါပါသတဲ့။

ရေဒီယိုဓါတ်ရောင်ခြည်တွေကကတော့ alpha (α) ဓါတ်ရောင်ခြည်၊ beta (β) ဓါတ်ရောင်ခြည်၊ gamma (γ) ဓါတ်ရောင်ခြည်၊ X ray ဓါတ်ရောင်ခြည် နဲ့ neutron ဓါတ်ရောင်ခြည် အစရှိတဲ့ ဓါတ်ရောင်ခြည်တွေဖြစ်ကြ ပါသတဲ့။
alpha ဓါတ်ရောင်ခြည်ဆိုတာကတော့ proton (၂) ခု၊ neutron (၂) ခုတို့နဲ့ ဖွဲ့စည်းထားတဲ့ အမှုန်လေးတွေ နဲ့ ဓါတ်ရောင်ခြည် ဖြစ်ပြီး၊ beta ဓါတ်ရောင်ခြည်ကတော့ အရှိန် အရမ်းမြန်တဲ့ electron အမှုန်လေးတွေ ဖြစ်တယ်လို့ဆိုကြပါတယ်။ gamma ဓါတ်ရောင်ခြည်ဟာ၊ လျပ်စစ်သံလိုက်လှိုင်းတမျိုးဖြစ်ပြီး၊ X ray ဓါတ်ရောင်ခြည်ဟာလည်း လျပ်စစ်သံလိုက်လှိုင်း တမျိုးဖြစ် ပါသတဲ့။

အရှိန်အရမ်းမြန်တဲ့ electron တွေ၊ သတ္တုပစ္စည်းနဲ့တိုက်မိပြီး၊ ဖြစ်ပေါါလာတဲ့ X ray ဓါတ်ရောင်ခြည်ရဲ့ ထူးခြား ချက်ကြောင့်၊ ဆေးဝါးကုသရေး နဲ့ စစ်ဆေးရေးကိစ္စတွေမှာ၊ အသုံးပြုကြပါသတဲ့။

neutron ဓါတ်ရောင်ခြည်ကတော့ uranium နဲ့ plutonium စတဲ့ဒြပ်တွေထဲက nucleus ပြိုကွဲမှုကြောင့် ဖြစ်ပေါါလာပြီး၊ အရာ ဝထ္တုအမျိုးမျိုးကို ဖောက်ထွင်းသွားလာနိုင် တယ်လို့ ကြားဖူးပါ တယ်။ ရေဒီယို ဓါတ်ရောင်ခြည်နဲ့ထိတွေ့တာကို ဓါတ်ရောင်ခြည် သင့်တယ်လို့ခေါါကြပါသတဲ့။ alpha ဓါတ်ရောင်ခြည်နဲ့ beta ဓါတ်ရောင်ခြည်တို့၊ ရောက်ရှိ နိုင်တဲ့ အကွာအဝေးကလည်း တိုတောင်း တဲ့အပြင်၊ တားဆီးလို့ပါရနိုင်တာမို့ ခန္တာကိုယ်ထဲရောက်သွားတဲ့အခါမျိုး တနည်းအာားဖြင့် ကိုယ်ခန္တာတွင်း ဓါတ်ရောင်ခြည်သင့်မှု ဖြစ်ပေါါမှ သာ လူကို၊ ဒုက္ခပေးတယ်လို့ကြားဖူးပါတယ်။

gamma ဓါတ်ရောင်ခြည်ကတော့ မျက်စိနဲ့မြင်နိုင်တဲ့၊ ဓါတ်ရောင်ခြည်ဖြစ်ပြီး၊ X ray ဓါတ်ရောင်ခြည်ထက် လှိုင်းအလျှားတိုကာ၊ စွမ်းအင်မြင့််မားတဲ့ လျပ်စစ် သံလိုက်လှိုင်း တမျိုးပဲဖြစ်ပါတယ်။ ကိုယ်ခန္တာပြင်ပ ဓါတ်ရောင်ခြည် သင့်မှု အများစုဟာ gamma ဓါတ်ရောင်ခြည်သင့်မှုကြောင့်လို့ဆိုကြပါတယ်။ neutron ဓါတ်ရောင်ခြည် ထုတ်လွှင့်မှုကတော့ အနုမြူပေါက်ကွဲမှုတွေနဲ့ neuclear ဓါတ်ပေါင်းဖိုမှ၊ ထူးခြားတဲ့ အခြအနေ နဲ့ ပါတ်ဝန်းကျင်မှာသာဖြစ်ပေါါတတ်ပါသတဲ့။

ရေဒီယိုဓါတ်ရောင်ခြည်တိုင်းတဲ့အခါ Sv sievert နဲ့ Gy gray ဆိုတဲ့ ယူနစ်တွေကိုအသုံးပြုပါသတဲ့။ Sv ဆိုတာကတော့ လူရဲ့ ခန္တာကိုယ်နဲ့ ထိတွေ့တဲ့ ရေဒီယိုဓါတ်ရောင်ခြည် ပမာဏကိုတိုင်းတာတဲ့ ယူနစ်ဖြစ်ပြီး၊ Gy ကတော့ ကိုယ်ခန္တာတွင်း အဂ်ါအစိတ် အပိုင်းတွေက၊ စုတ်ယူထားတဲ့ ရေဒီယိုဓါတ်ရောင်ခြည် ပမာဏကို တိုင်းတာတဲ့ ယူနစ်ဖြစ်ပါ တယ်။ ဒါ့အပြင် Bq becquerel ဆိုတဲ့၊ တစက္ကန့်မှာပြိုကွဲတဲ့၊ nucleus အရည် အတွက်ကို တိုင်းတာတဲ့ ယူနစ်ဆိုတာလည်း၊ ရှိပါသေးတယ်။

ရေဒီယိုဓါတ်ရောင်ခြည်နဲ့ ထိတွေ့မှုကတဆင့်၊ အစောပိုင်းမှာ ဆံပင်ကျွတ်တာတွေ၊ သွေးအသစ်ထုတ်လုပ် မှုလျှော့လာ တာတွေနဲ့ ကိုယ်ဝန်မရနိုင်တာတွေက စပြီး၊ နောက် ပိုင်းမှာတော့ သွေးကင်ဆာနဲ့ ဒီပြင့် ကင်ဆာရောဂါတွေ ဖြစ်ပေါါတတ်တယ်လို့ ကြားဖူး ပါတယ်။ ဒါပေမယ့် အဲဒီရောဂါတွေက ရေဒီယို ဓါတ်ရောင်ခြည် ပမာဏ အများကြီး သင့်ပြီးမှ၊ ပေါါပေါက်မှာလို့ ဆိုကြ ပါတယ်။

ဆေးကကုသရာမှာ ပုံမှန်ရင်ဘတ်ပိုင်းကိုတခါ ဓါတ်မှန်ရိုက်ရင် 0.1 mSv, CT scan တခါရိုက်ရင် 10 mSv ကနေ 20 mSv ဓါတ်ရောင်ခြည် ပမာဏသက်ရောက်ပါသတဲ့။

လူကြီးတွေမှာ 100 mSv ထက်နိမ့်တဲ့၊ ရေဒီယိုဓါတ်ရောင်ခြည်ပမာဏသင့်ခဲ့ရင် အန္တာရယ်သိပ်မရှိပေမယ့်၊ ကလေးတွေ မှာတော့ အန္တရယ်ရှိနိုင်ပါတယ်။ 500 mSv အထက် ဆိုရင်တော့ သွေးသစ် မထုတ်နိုင်
တဲ့ ရောဂါ ရနိုင် ပါတယ်။ အမျိုးသားတွေမှာ 150 mSV အထက်၊ အမျိုးသမီးတွေမှာ 650 mSv အထက် ဆိုရင်တော့၊ အခိုက်အတန့် ကိုယ်ဝန် မရ နိုင်တာဖြစ်နိုင်ပါတယ်။ အမျိုးသား 3500 mSv နဲ့ အမျိုးသမီး 2500 mSv ဆိုရင်တော့ ထာဝရကိုယ်ဝန်မရနိုင်တာ ဖြစ်နိုင်ပါသတဲ့။

သွေးကင်ဆာနဲ့ ဒီပြင့် ကင်ဆာရောဂါတွေကတော့ (၅) နှစ်ကနေ (၁၀) နှစ်ကြာမှပေါါပါသတဲ့။ ဒါပေမယ့် 200 mSv အောက် မှာ ဆိုရင်၊ ရောဂါဖြစ်ပေါါမှုမြင့်တက် မလာနိုင် ဘူးလို့လည်း ဆိုကြပါသေးတယ်။

လူတွေဟာ အာာကာသကရောင်ခြည်တွေ၊ မြေ နဲ့ လေထုထဲက radon လို့ခေါါတဲ့   ရေဒီယမ် ပြိုကွဲမှုကနေ ထွက်လာတဲ့ ဓါတ်ငွေ့တွေနဲ့ အစားအစာတွေမှာပါလာတဲ့ သဘာဝရေ ဒီယိုဓါတ်ရောင်ခြည်တွေနဲ့လည်း၊ အမြဲထိတွေ့နေရပေမယ့် ပမာဏကနည်းပါသတဲ့။

အနုမြူပေါက်ကွဲမှုတွေနဲ့ neuclear ဓါတ်ပေါင်းဖိုမှ၊ ထူးခြားတဲ့အခြအနေတွေကြောင့် မြေပေါါကိုကျလာတဲ့ iodine 131 နဲ့ cesium 137 တို့လို ရေဒီယိုဓါတ်သတ္တိကြွ ဒြပ်တွေလည်းရှိပါသေးတယ်။

iodine 131 ရဲ့ ရေဒီယိုဓါတ်သတ္တိကြွမှုဟာ (၈) ရက်လောက်နေရင်၊ တဝက်လောက်ကိုလျှော့ကျ သွားပေ မယ့် cesium 137 ရဲ့ ရေဒီယိုဓါတ်သတ္တိကြွမှုတဝက်လောက်လျှာ့ကျသွားကတော့၊ နှစ်(၃၀) ခန့် ကြာပါ သတဲ့။ မိုးရွာတဲ့အခါမှာ cesium 137 ဟာ၊ မြေကြီးထဲကိုစိမ့်ဝင်သွားတတ်ပါသတဲ့။

ရေဒီယိုဓါတ်သတ္တိကြွမှုရှိနေပြီလို့ သတိပေးရင်၊ ရေစွတ်ပြီးညှစ်ထားတဲ့ မျက်နှာသုတ်ပဝါ၊ ဒါမှမဟုတ် လက်ကိုင် ပဝါနဲ့ ပါးစပ်တို့ နှာခေါင်းတို့ကိုအုပ်ပြီး၊ ကိုယ်နေထိုင် တဲ့နေရာကနေရှောင်တိမ်း ရမှာဖြစ်ပါသတဲ့။ ဒါ့အပြင် ဦးထုတ်ဆောင်းတာလို တတ်နိုင်သမျှ အရေပြားမပေါါအောင်စီမံရမယ်လို့ဆိုပါတယ်။ အိမ်ထဲမှာ ဆိုရင်တော့ ပြတွင်းပေါက်တွေ၊ တံခါးပေါက်တွေအလုံပိတ်ကာ ပြင်ပလေ ဝင်မလာအောင်ဆောင်ရွက် ရမှာဖြစ်ပါတယ်။

ရေဒီယိုဓါတ်သတ္တိကြွဓါတ် iodine တွေ ကိုယ်ထဲဝင်သွားရင်၊ potassium iodide ပိုတက်စီယမ် အိုင်အိုဒိုက် လိုဆေးတွေ သာက်ပြီး၊ thyroid gland သိုင်းရွိုက်ဂလင်းမှာ ကပ်နေမယ့် ရေဒီယိုဓါတ်သတ္တိကြွဓါတ် ကို၊ လျှော့ချရပါတယ်။ ဒါပေမယ့် potassium iodide နဲ့  မတည့်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိသလို၊ ခန္ဓာ ကိုယ်တွင်း ဓါတ်ရောင်ခြည် သင့်မှု တခုတည်းကိုသာ အနည်းငယ်တားဆီးနိုင်ပါသတဲ့။

ပိုတက်စီယမ်အိုင်အိုဒိုက်ဆိုတာက အိုင်အိုဒင်းဆားပါပဲ။ အိုင်အိုဒင်းဆားဆိုလို့ အိုင်အိုဒင်းပါတဲ့ ပါးလုပ် ကျင်းဆေး သွားသောက်ရင်လည်း အကျိုးမရှိပဲ၊ အန္တရာယ် သေခြာပေါက်ဖြစ်မှာလို့ဆိုပါတယ်။ တကယ်တော့ ရေဒီယိုဓါတ်ရောင်ခြည်သင့်မှုကို တားဆီး ကာကွယ်တဲ့ ဆေး ဆိုတာမရှိသေးပါဘူးတဲ့။

Reference : Hideki Wainai, Chief Medical Officer, Toshihiko Ezaki, Senior Medical Officer, Human Resources Devision, General Affairs Department, NHK, Japan.

No comments:

Post a Comment